Author Topic: အမောပြေဟာသမှတ်စု  (Read 426979 times)

0 Members and 4 Guests are viewing this topic.

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #390 on: June 09, 2011, 06:48:23 PM »
ဘယ်သူရှိသေးလို့လဲ

ကျော်ကြားတဲ့ ရုပ်ရှင်မင်းသားတစ်ယောက်ကို စိတ်ပညာရှင်က မေးခွန်းမေးပါတယ်။
“ခင်ဗျားရဲ့ မိန်းမကို သစ္စာဖောက် ဖူးသလား။”
မင်းသားက ဒီလို ပြန်ဖြေပါတယ်။
“သူ့ကို သစ္စာမဖောက်ရင် ဘယ်သူ့ကို သွားပြီး သစ္စာဖောက်ရမှာလဲ။”


မယုံကြဘူး

တရားသူကြီး။ ။ “အရင်တစ်ခေါက် မင်းကိုငါ ဒီနေရာမှာ တွေ့တုန်းက မင်းကို
ဒီနေရာမှာ ငါ ထပ်မမြင်ချင်ဘူးလို့ ပြောခဲ့တယ်။ မင်းမှတ်မိလား။”
တရားခံ။ ။ “မှတ်မိပါတယ် တရားသူကြီးမင်း။ ဒီရဲသားတွေကို ကျွန်တော်
အဲဒီအတိုင်း ပြောပြပါတယ်။ ဒါပေမယ့် သူတို့က ကျွန်တော့်ကို မယုံကြဘူး။”
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #391 on: June 09, 2011, 06:53:06 PM »
မတတ်နိုင်ဘူး

ဆရာဝန်တစ်ယောက်ဟာ ဂွကျတဲ့ လူ့မလိုင် တစ်ယောက်ကို စမ်းသပ်ဖို့ အခြေအနေ ဖြစ်လာပါတယ်။
“ကောင်းပြီ။ ခင်ဗျား ဘာဖြစ်သလဲ ကျွန်တော့်ကို ပြောပါ။” လို့ ဆရာဝန်က
ပြုံးပြုံးရွှင်ရွှင်နဲ့ မေးပါတယ်။
“ကျွန်တော် ဘာဖြစ်သလဲ ဆိုတာကို ရှာဖွေဖို့က ခင်ဗျား အလုပ်ပဲလေ။” လို့
လူ့ဂွစာက ပြန်ပြောပါတယ်။
ဆရာဝန်က ခဏ စဉ်းစားပြီး ပြောပါတယ်။
“ကောင်းပြီ။ ကျွန်တော့်ကို တစ်နာရီလောက် အချိန်ပေးပါ။
ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို သွားခေါ်ချင်လို့ပါ။ သူက တိရိစ္ဆာန်
ဆရာဝန်လေ။ ကျွန်တော် သိသမျှ လူထဲမှာ မေးခွန်းမမေးပဲ ရောဂါရှာနိုင်တဲ့
သူဆိုလို့ သူတစ်ယောက်တည်းပဲ ရှိတယ်။
+4

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #392 on: June 09, 2011, 06:54:17 PM »
စာလုံးပေါင်းမှားရခြင်း

ဝယ်သူ။ ။ “ခင်ဗျားဆိုင် ပြတင်းပေါက်က ကြော်ငြာထားတဲ့ စာတမ်းမှာ ဘာလို့
စာလုံးပေါင်းရော သဒ္ဒါရော အမှားတွေ အများကြီး ဖြစ်နေရတာလဲ။”

ဆိုင်ရှင်။ ။ “ဒါက ဒီလိုပါ။ အဲဒီစာတမ်းကို တွေ့တော့ လူတွေက ကျွန်တော့်ကို
ငတုံးငအ လို့ ထင်ပြီး ကျွန်တော့်ဆီက ဝယ်ရင် ပေါချောင်ကောင်း ရမယ်လို့
ထင်ရတယ်။ အဲဒီ ကြော်ငြာ ချိတ်လိုက်တဲ့အချိန်က စပြီး ကျွန်တော့်ဆိုင်
ရောင်းကောင်းလာတော့ တာပါပဲ။”
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #393 on: June 09, 2011, 06:56:06 PM »
သတိရလို့ဟေ့

လူတစ်ယောက် ထမင်းဆိုင်ထဲ ၀င်လာပြီး ထောင့်ကျကျ စားပွဲတွင် ထိုင်လိုက်တယ်။ ဆိုင်ရှင်မိန်းမက သူ့အနား ရပ်ကာ "ဘာ သုံးဆောင်ချင်ပါသလဲ ရှင်" ဟု ပြောရာ -
"အေးစက်စက် မာတာတာ ထမင်း တစ်ပွဲရယ် ၊ မနူးမနပ် အရသာ မရှိတဲ့ ဟင်းတစ်ခွက်ရယ် ၊ ငန်ကျွတ်ကျွတ် ဟင်းချိုရယ် ပေးပါ။ ပြီးတော့ အနားမှာ လာထိုင်ပြီး စိတ်ညစ်စရာ ကောင်းလောက်အောင် ပွစိ ပွစိ နဲ့  ခို လို ညည်းပြပါ။"
"ရှင်ဟာလေ၊ အထူးအဆန်းတွေ ပါလား "
"မဟုတ်ပါဘူးဗျာ၊ ဒီနေ့  ဟာ ကျုပ် မိန်းမ ဆုံးသွားတာ ငါးနှစ်ပြည့်တဲ့နေ့ ပဲ။ အဲဒါ သူ့ ကို သတိရလွန်းလို့ပါ"
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #394 on: June 10, 2011, 08:04:37 AM »
အသည်းမှာ ခြေထောက်ပါတယ်

မူလတန်းကျောင်းတစ်ကျောင်း အခန်းတစ်ခန်းထဲတွင် ဆရာမက လူ့ ခန္ဓာကိုယ် အတွင်းအစိတ်အပိုင်း များရှင်းပြနေသော အချိန်တွင် အသည်းပုံဆွဲရ်ုရှင်းပြသောအခါတွင် မောင်မောင်ဆိုသော ကျောင်းသားက
မောင်မောင်။ ။ဆရာမ အသည်းမှာ ခြေထောက်ဆွဲဖို့ ကျန်ခဲ့တယ်
ဆရာမ ။ ။ဟဲ့ကလေး အသည်းမှာခြေထောက်ပါတယ်လို့ ဘယ်သူပြောလဲ
မောင်မောင်။ ။ဖေဖေက မေမေကိုပြောတာ ကြားခဲ့တာပါဆရာမ
ဆရာမ ။ ။ဘယ်လိုပြောတာတုန်း
မောင်မောင်။ ။မနေ့ ကညက သားရူးရူးသွားပေါက်ဖို့  ဖေဖေတို့ အခန်းရှေ့ကအဖြတ် ဖေဖေက
မေမေကို (အသည်းလေးခြေထောက်နည်းနည်းကား) လို့  ပြောပါတယ်ဆရာမ
ဆရာမ ။ ။ တိန်။
+5

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #395 on: June 10, 2011, 08:05:35 AM »
အပူကိုယ်စားလှယ်

" အခုတလော ကျုပ်မှာ ပူပင်စရာတွေများလွန်းလို့ ကျုပ်အစား ပူပေးမယ့်သူရှိရှင် ငွေတစ်သိန်း ပေးလိုက်ချင်ပါရဲ့ဗျာ "
" ကိုင်း.......ဒါဆို ကျုပ် ပူပေးပါ့မယ် ၊ ငွေတစ်သိန်းသာ မစပါ "
" အဲဒါ ပထမဆုံး အနေနဲ့ ခင်ဗျားပူရမယ့် အပူပဲ "
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #396 on: June 10, 2011, 08:07:33 AM »
နားလေးသူမို့ပါ

" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျား မဟုတ်လား "
" ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စ အဆိုတော်ပါ "
" ဒါဆို တဆိတ် ကူညီစမ်းပါဗျာ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ် အော်ပေးစမ်းပါ။သူက နားနည်းနည်းလေးတယ် "
+2

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #397 on: June 10, 2011, 08:08:25 AM »
သိနားလည်မှု

" မင်းတို့အထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်း သိတဲ့သူ ပါသလားကွ "
" ပါပါတယ် ဆရာ၊ ကျွန်တော် စန္ဒရား တီးတက်ပါတယ် ။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ်ခင်ဗျာ "
" ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းက ဦးဆောင်ပြီး ဂရုစိုက် တင်ပေးစမ်းပါကွာ
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #398 on: June 10, 2011, 08:09:36 AM »
တတ်စွမ်းသူ

အလယ်တန်းကျောင်းသား ဖိုးတေ သူ့ သူငယ်ချင်းတစ်ယောက်ကိုကြွားပြောနေတယ်

"ဘယ်သူမှမလုပ်နိုင်တဲ့ကိစ္စ ၊ ဆရာမတောင်မလုပ်နိုင်တဲ့ကိစ္စ တစ်ခု ငါလုပ်နိုင်တယ်ကွ"
"ဟုတ်လှချည်လား ဘာကိစ္စလဲ"

"ငါ့လက်ရေး ငါဖတ်တတ်တယ်လေ"။
+3

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +808
Re: အမောပြေဟာသမှတ်စု
« Reply #399 on: June 10, 2011, 08:10:45 AM »
မမြင်ဖူးလို့

တစ်ခါတုန်းက တောရွာတစ်ရွာမှာနေထိုင်တဲ့ လူကြီးတစ်ဦးက မြို့မှာနေတဲ့သူရဲ့သားဆီကိုအလည်အပတ်သွားပါသတဲ့၊
သူသွားရာမှာ ဘဲအရှင်တစ်ကောင်ကိုလည်းယူဆောင်သွားပါတယ်။
မြို့ရောက်တော့ ဘဲတစ်ကောင်ကိုင်ပြီး လျှောက်သွားနေတဲ့သူ့ကို မြို့ကလူတွေ လိုက်ကြည့်တာကိုခံရတော့
စိတ်ညစ်ညစ်နဲ့ ဘဲကိုလူမမြင်အောင် ဘောင်းဘီထဲထည့်တားလိုက်ပါရော၊
ပြီးတော့ ဘဲအသက်ရှုနိုင်ဖို့ ဘောင်းဘီကို ကြယ်သီးသာတတ်ပြီး ဇစ်ကိုဆွဲမတင်ထားတော့ပဲ ဟထားလိုက်ပါသတဲ့ ၊
ကားမှတ်တိုင်မှာ ကားစောင့်နေခိုက်မှာ သူနဲ့သက်တူရွယ်တူ မိန်းမကြီးတစ်ယောက်က သူ့ရဲ့ဘောင်းဘီဇစ်အဟကို
သေသေချာချာ စိုက်ကြည့်နေတာကိုတွေ့တော့ သူတော်တော်စိတ်ဆိုးသွားပြီး မေးလိုက်တယ်
“ခင်ဗျားက ဘာကြည့်နေတာလဲဗျ ကြည့်နေတာ မမြင်ဘူးတာကြနေတာပဲ”
အဲဒီမိန်းမကလည်း ခပ်ဆတ်ဆတ်ပဲ ပြန်ဖြေလိုက်တာကတော့
“မမြင်ဘူးလို့ ကြည့်တာမဟုတ်ဘူး၊ ဒီလိုပေကလပ် ပေကလပ် လုပ်ပြနေတဲ့ဟာကိုတော့ ခုမှမြင်ဘူးလို့ သေသေချာချာကိုကြည့်နေတာ”
+2

Tags: