Author Topic: အမောပြေဟာသမှတ်စု  (Read 489084 times)
0 Members and 1 Guest are viewing this topic.
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #360 on: June 09, 2011, 02:04:16 PM »
မောင်ရွှေအင်းသား
တစ်ခါက အင်းထဲကိုလာလည်တဲ့ပြင်သစ်ခရီးသည်နှစ်ယောက်ကို အင်းသားလေးတစ်ယောက်ကမော်တော်နဲ့လိုက်ပို့ရတယ်...။ အင်းလည်ခေါင်မှာ ဟင်္သာတိုင်ကြီးကိုလည်းတွေ့ရော
နိုင်ငံခြားခရီးသည်နှစ်ယောက် အဲဒါဘာလဲလို့မေးတာပေါ့..။ အဲဒါက ဖောင်တော်ဦးဘုရားကိုပင့်တုန်းဘုရားရေထဲပြုတ်ကျတဲ့နေရာမှန်း အင်းသားလေးကသိတယ်..။ ဒါပေမယ့် သူကအဲဒါကိုအင်္ဂလိပ်လိုမပြောတတ်ဘူး...။ ဒါပေမယ့်ဘယ်ရမလဲ ဥာဏ်ကြီးရှင်ပဲလေ..။
အဲဒီအင်းသားလေးက ပြန်ဖြေလိုက်တယ်-   “water pagoda ပလုံ”    တဲ့....။
+1
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #361 on: June 09, 2011, 02:08:49 PM »
ဥာဏ်ကြီးရှင်
မိသားစုတစ်ခုမှာ ကလေးလေးတစ်ယောက်ရှိတယ်..။ သားဦးလေးဆိုတော့ အဖေကောအမေကကော ဂရုစိုက်တာပေါ့..။
နောက်ထပ်(6)နှစ်လောက်ကြာတော့ ကလေးတစ်ယောက်ထပ်မွေးတယ်..။ အဲဒီအချိန်ကစပြီးကလေးအကြီးတစ်ယောက်ကိုသိပ်ဂရုမစိုက်တော့ အဲဒီကလေးကသူ့ညီကိုသိပ်မကြည်ဘူး...။
တစ်နေ့သူ့ညီနို့စို့နေတာကိုကြည့်ပြီးသူအိုင်ဒီယာရသွားတယ်..။ သူ့အမေအိပ်နေတုန်းသူ့အမေရဲ့နို့မှာ ကြမ်းပိုးသတ်ဆေးသွားလူးထားလိုက်တယ်...။ အဲမနက်ရောက်တော့သူ့အဖေကအိပ်ရာထဲမှာသေသွားပါလေရော..။
ဘာကြောင့်များပါလိမ့်နော်...??????
+1
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #362 on: June 09, 2011, 02:39:04 PM »
ရမ်းဗြဲကျွန်းမှာ
ရမ်းဗြဲကျွန်းရဲ့ ရမ်းဗြဲမြို့မှာ.........
မိန်းမကသူ့ယောက်ျားအလုပ်သွားခါနီးကိုပြောလိုက်တယ်........
မိန်းမ `အကို....ဟိုဘက်အိမ်ကလူကလေ ညနေဆိုမူးပြီပြန်လာတယ်....
ပီးရင်သူ့မိန်းမကို မကြာမကြာရိုက်တတ်တယ်...
အကိုကောဟင်အဲလိုရိုက်မှာလား....´
ယောက်ျား `ငါလည်းမင်းကိုရိုက်သင့်ရင်ရိုက်ရမှာပေါ့´....
မိန်းမ `အကို ဒီဘက်အိမ်ကလူကတော့လေ အလုပ်သွားခါနီးကိုတစ်ခါ
အလုပ်ကပြန်ရောက်တာနှင့်တစ်ခါ သူ့မိန်းမကိုနမ်းတတ်တယ်....
အကိုကောဟင်.....´
ယောက်ျား `ဘာလဲငါကသူ့မိန်းမကိုသူ့လိုသွားနမ်းပေးရမှာလား..?´တဲ့လေ
+2
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #363 on: June 09, 2011, 02:56:02 PM »
သူသဘော
  ဆရာ..အေးလစာကိုတိုးပေးရမလားလို့ငါ့မိန်းမကိုမေးလိုက်ပါအုန်းမယ်
သောက်ဖူးလို့လား
   စားသုံးသူ..မင်းတို့ဆိုင်ကဟင်းချိုရည်ကလဲလက်ဆေးရေအတိုင်းပါလား
   စာပွဲထိုး..ခင်ဗျားဘယ်လိုလုပ်သိတာလဲ
+2
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #364 on: June 09, 2011, 03:10:45 PM »
ကောင်းလိုက်တဲ့အဖြေ
မန်နေဂျာ..မင်းပထမအလုပ်လုပ်နေတဲ့ကုမ္ပဏီကနေဘာလို့ထွက်လိုက်တာလဲ
ဝန်ထမ်း..စာရင်းစစ်တွေဝင်မယ်ဆိုလို့ပါ
အရေးကြီးတဲ့ဆုံးဖြတ်ချက်
 ပထမလူ..ဒီနေ့အစည်းဝေးကဘာဆုံးဖြတ်လိုက်တာလဲ
ဒုတိယလူ..နောက်လာမယ့်အပတ်မှာစည်းဝေးဖို့ဆုံးဖြတ်လိုက်တာလေ
+1
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #365 on: June 09, 2011, 03:18:50 PM »
ငါအိုက်တယ်
တစ်ခုသော နွေရာသီမှာ ငှက်ပျောသီး နှစ်လုံး လမ်းလျှောက်လာတယ်...ရုတ်တရက်ရှေ့ကသွားနေတဲ့ ငှက်ပျောသီးက နောက်ကငှက်ပျောသီးကို “ငါအရမ်းအိုက်တယ်ကွာ”ဆိုပြီး အပေါ်ကငှက်ပျောခွံကို ချွတ်ပြီး လွင့်ပစ်လိုက်တယ်...သူငယ်ချင်းတို့ရေ...နောက်က ငှက်ပျောသီးကော ဘာလိုက်လုပ်မယ်ထင်လဲ...
-----------------------------------------
---------------------------------
---------------------------
---------------------
--------------
---------
----
--
-
မြေကြီးပေါ်က ပြန်ကုန်းပြီးထရတာပေါ့ (ရှေ့ကကောင်ရဲ့ အခွံကိုတက်နင်းမိလို့လေ)
+1
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #366 on: June 09, 2011, 03:32:27 PM »
စက်ဘီးနှင့်နွား
မြို့ပေါ်က စက်ဘီးအရောင်းဆိုင် တစ်ဆိုင်က တောရွာလေးတစ်ရွာကို စက်ဘီးအရောင်းမြှင့်တင်ရေး သွားပါရော၊
အရောင်းစာရေးတစ်ယောက်က ရွာကနွားမွေးထားတဲ့ အဘိုးအိုတစ်ဦးကို စက်ဘီးကောင်းကြောင်း ရှင်းပြပြီး တစ်စီးဝယ်ဖို့ တိုက်တွန်းလိုက်ပါတယ်၊
“ မ၀ယ်တော့ပါဘူးကွာ စက်ဘီးက နွားတွေလောက် ကောင်းမှာမဟုတ်ပါဘူး”
“ ဟာ အဘကလည်း စက်ဘီးက နွားပြေးတာကိုလောက်တော့ အသာလေးပဲ ကျော်တက်သွားနိုင်တာပေါ့၊ မယုံရင်
တစ်စီးလောက် ၀ယ်စီးကြည့်ပါလား အဘရာ၊ စက်ဘီးကောင်းတာ အဘလက်ခံသွားမှပါ။”
“ ဟိတ်ကောင် မင်း စက်ဘီးကို နွားနို့ရအောင် အရင်ညှစ်ပြ ရရင်ငါဝယ်မယ် ဒါပဲ ”
+3
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #367 on: June 09, 2011, 03:38:34 PM »
ဘော့(စ်) ထံပေးစာ
မင်္ဂလာပါ ဘော့(စ်)...
အကြောင်းအရာ။          ။အကြံပေးခြင်း
        အထက်အကြောင်းအရာပါကိစ္စနဲ့စပ်လျင်းပြီး ကျနော်များတွေ့ရှိထားသည်မှာ အောက်ပါအတိုင်းဖြစ်ပေ၏။
ဘော့(စ်) ကုမ္ပဏီမှာ အလုပ်အများကြီးလုပ်တဲ့သူတွေဟာ အမှားတွေ အများကြီး ကျူးလွန်နေတာတွေ့ရပါတယ်။
အလုပ်အနည်းငယ်သာ လုပ်တဲ့သူတွေကတော့ အမှားအနည်းငယ်သာ ကျူးလွန်နေတာတွေ့ရပါတယ်။
အလုပ် လုံးဝမလုပ်တဲ့သူတွေကျတော့ အမှားလုံးဝ မကျုးလွန်တာကိုတွေ့ရပါတယ်။
ထို့အတွက် အမှားလုံးဝ မလုပ် မကျူးလွန်တဲ့ ကျနော့်ကို ရာထူးတိုးပေးသင့်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။
ပုံ/ငပျင်း
+3
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #368 on: June 09, 2011, 03:57:49 PM »
မိုးလေဝသ အထူးသတင်း
မိုးလေ ဝသနှင့် ဇလဗေဒ ဌာနမှပေးပို့သောသတင်းများအရ မိုးရေချိန်တိုင်းကရိ
ယာ ခြံအတွင်း ဖား ၁၀ကောင်အနက် ၆ကောင် အော်နေပါသဖြင့် ရွာရန်ရာနှုန်း
၆၀ ဖြစ်ပါသည်။
ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၁၅၀ အတွင်း အဆင်ပြေသလို
တိုက်မှာဖြစ်ပြီး။ သင်္ဘောကြီးကြီး သွားပါက လှိုင်းကြီးနိုင်ပါသည်။
နောက်နှစ်ရက် အဖို့ မြန်မာပြည်တစ်ပြည်လုံးတွင် ပလူကောင်များပျံ တက်နေ
သည်ကိုကြည့်ခြင်းအားဖြင့် သာယာမည်။
မြစ်ရေကြီးခြင်းသတင်း
ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့ ကမ်းနဘေးတွင်တိုင်းထွာချက်အရ ၁၀စင်တီ
မီတာ နှင့် ၂၂ စင်တီမီတာအတွင်း လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေပြီး၊ မြစ်အလယ်တနေ
ရာတွင် တိုင်းထွာချက်အရ စိုးရိမ် ရေအမှတ်၁၂ မီတာ နှင့် အထက်တွင်ရှိနေသဖြင့်
ကမ္ဘာကြီး ၄၅ ဒီဂရီ တိမ်းဆောင်းနေဖွယ် ရှိသည်ဟု ၄င်းမြို့အတွင်းကွမ်းယာ ဆိုင်
ဝန်ထမ်း တစ်ဦးမှ ခန့်မှန်းပြောဆိုခဲ့သည်။
ထို့အတူ ချင်းတွင်းမြစ်ရေသည် ကျွန်တော့်ဂျီးတော်မြို့တွင် တိုင်းထွာချက်အရ စိုး
ရိမ်ရေအမှတ်သို့ ကောက်ခါ ငင်ခါ တက်လာဖွယ်ရှိခြင်းကြောင့် သက်ဆိုင်ရာ ဆယ်
မြောင်းဝံကြီးဖြစ်သူ သံလွင်ဟီးရိုး မှသတိပေးဆော်သြ မှုများထုတ်ပြန်ထားသည်။
မြစ်ရိုးတလျှောက် မြို့များ ကျေးရွာများအား ကြိုတင်ကာကွယ်သော အနေဖြင့်
တုံကင်ရေ၊ တွင်းရေ၊ ကန်ရေ၊ အစရှိသော အဝီစိ ရေများအား အသုံးမပြုကြရန်နှင
့် မိုးရေများအားရသရွေ့သိုလှောင်ပြီး မြစ်ရေကိုသာ များများခပ်၍ အသုံးပြုကြရန်
… အထူးသတိပေးကြေငြာ ထားသည်။
လေမှုန်တိုင်းသတင်း
တောင်ပစိဖိတ် သမုဒ္ဒရာအတွင်း အင်အားအတန်ငယ်ဖြင့်စတင်နေသော ဆူနာဂစ်
အမည်ရှိ လေမြေရေငလျင် မုန်တိုင်းကြီးသည် ၄င်းသမုဒ္ဒရာအတွင်း ဖျက်သန်းသွား
လာနေသော ပင်လယ်ကူး သင်္ဘောကြီးများထံ၌ မြန်မာပြည်လိပ်စာအား စုံစမ်းနေ
ကြောင်း ရေကြောင်းပို့ဆောင်ရေးတာဝန်ရှိသူ ဒလမြို့သမ္ဘာန်သမားတစ်ဦးမှ
ထုတ်ဖေါ်ပြောကြားခဲ့သည်။
မိုး၊ လေ နှင့် ဝသ သတင်း ဤတွင်ပြီး၏။ ။
+2
Offline u myo
  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
Re: အမောပြေဟာသမှတ်စု
« Reply #369 on: June 09, 2011, 04:22:39 PM »
အရေးပေါ်
ကိုယ်ဝန်အရင့်အမာနှင့် မိန်းမဖြစ်သူ အလွန်အမင်း ဗိုက်နာနေသည့်အတွက်ယောက်ျားဖြစ်သူက ဆရာဝန်ကို အသည်းအသန် ဖုန်းဆက်ခေါ်သည်။
ဆရာဝန်မကြီးရောက်လာပြီးနောက်-
"လူနာရော""အခန်းထဲမှာ"
"ရှင် အပြင်မှာပဲနေနော်၊ အခန်းထဲဝင်မလာနဲ့"
"ဟုတ်ကဲ့"ခဏကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး ယောက်ျားဖြစ်သူကို လှမ်းပြောတယ်။
"၀က်အူလှည့်ရှိရင် အမြန်ပေးပါ"
"ဟုတ်ကဲ့"ယောက်ျားဖြစ်သူက ယူပေးလိုက်တယ်။
ဆရာမကြီးဝင်သွားပြီး ခဏနေတော့ပြန်ထွက်လာတယ်။
"ပလာယာပါ လိုချင်တယ်""ဟုတ်"တစ်မိနစ်လောက်ကြာတော့
"စို့ နဲ့ တူသာ ပေးပါတော့"ဒီတော့ လူနာရှင်ယောက်ျားက စိုးရိမ်တကြီးနဲ့
"ဆရာမရယ်၊ ပွင့်ပွင့်လင်းလင်းပြောပါခင်ဗျာ၊ လူနာရဲ့ အခြေအနေကတော်တော်ဆိုးလို့လား"
"မပြောတတ်သေးဘူးရှင့်၊ ဆေးသေတ္တာကို ဖွင့်လို့မရသေးလို့ လူနာကိုမကြည့်ရသေးဘူး"
+4
Tags: