အချစ်တက္ကသိုလ်
May 19, 2013, 05:05:03 PM *
Welcome, Guest. Please login or register.
Did you miss your activation email?

Login with username, password and session length
News: အချစ်တက္ကသိုလ် မဂ္ဂဇင်း အတွဲ(၁) အမှတ်(၁)ကို ဒီနေ့ စတင်ထုတ်ဝေလိုက်ပါတယ် ။ ဒီနေရာမှာ ဒေါင်းလုဒ် ရယူ နိုင်ပါတယ် ။
 
  Home   Forum   Help Staff List Login Register Chat  
Pages: [1] 2 3 ... 104 |   Go Down
  Print  
Author Topic: အမောပြေဟာသမှတ်စု  (Read 49607 times)
0 Members and 1 Guest are viewing this topic.
ဘကြီးတော်
ပထမနှစ်
*
Offline

Gender: Female
Posts: 12



ဖိုရမ်အကျိုးဆောင်မှုရမှတ်
0%
Respect: +144

« on: February 26, 2011, 09:51:30 PM »
+36

အင်တာနက်တစ်ခွင်မှဖတ်ဖူးသမျှတင်ထားပေးပါကြောင်း။

မိန်းမ နဲ့ ယောက်ျား

လင်မယားနှစ်ယောက် ကားမောင်းလာရင်း အတော်ကြာတဲ့အထိ စကားမပြောကြဘူး။

ဖြစ်ပုံက ဒီလို... ကိစ္စတစ်ခုကို ငြင်းကြရင်း ဘယ်သူ့ဘက်ကမှ မလျှော့ကြတာနဲ့
စကားဆက်မပြောကြတော့ဘဲ တိတ်လာလိုက်တာလေ။

ခဏနေတော့ မြည်းခြံ၊ ဆိတ်ခြံ၊ ၀က်ခြံတွေကို ကားမောင်းရင်း ဖြတ်လာတော့
ယောက်ျားက ရိသဲ့သဲ့လုပ်ပြီး ``မင်း အမျိုးတွေလား`` လို့ တင်စီးပြီး
စကားစလိုက်တယ်။

မိန်းမက တခွန်းပက်ကနဲ ပြန်ပြောတယ်။ ``ဟုတ်တယ်၊ ယောက်ျားဘက်က ဟာတွေလေ`` တဲ့။


မိန်းမတွေရဲ့ ဂလဲ့စား

``ငွေသား၊ ချက်လက်မှတ်၊ အကြွေးကဒ် ဘာနဲ့ ပေးမလဲခင်ဗျ``

သူ(မိန်းမတစ်ယောက်)၀ယ်တဲ့ ပစ္စည်းတွေကို အိတ်ထဲထည့်ပေးရင်း
ကျွန်တော်(အရောင်းသမား)က မေးလိုက်တယ်။

အဲဒီမှာပဲ ပိုက်ဆံအိတ်ဖွင့်လိုက်တဲ့ မိန်းမရဲ့ လက်ကိုင်အိတ်ထဲမှာ
တီဗီရီမုတ်ကို တွေ့လိုက်ရတယ်။

``အပြင်သွားလည်း တီဗီရီမုတ် ယူလာသလားဗျ`` မေးကြည့်တော့

``ဟုတ်ပါဘူးရှင်၊ ယောက်ျားရေ... ဈေးလိုက်ခဲ့ပါလို့ ခေါ်တာ မရတာနဲ့
ခွင်ထဲက လုပ်လို့ရတဲ့ သူအနစ်နာဆုံး သင်ခန်းစာ ပေးရတာပါရှင်`` တဲ့ဗျာ။


စကားလုံးများ

ယောက်ျားက ဆောင်းပါးတစ်စောင် ဖတ်နေရင်း ``မိန်းမတွေက တစ်နေ့ကို
စကားလုံးပေါင်း သုံးသောင်းလောက် သုံးစွဲ ပြောဆိုကြပေမယ့် ယောက်ျားတွေက
တစ်နေ့ကို
စကားလုံးပေါင်း တစ်သောင်းခွဲပဲ သုံးကြတယ်တဲ့ကွ``

မိန်းမလုပ်သူက ``အဲဒါ ဘာဖြစ်လို့လဲ ရှင်သိလား၊ ဘာဖြစ်ဖြစ် ရှင်တို့ကို
နှစ်ကြိမ် ပြောပြောနေရလို့ပဲ``

``ဘာ`` (မိန်းမက နောက်တစ်ကြိမ် ထပ်ပြောရပြန်ရော)။


.ဖန်တီးမှု

ယောက်ျားက သူ့မိန်းမကို မေးပြော ပြောလိုက်တယ်။

``ဘာဖြစ်လို့ မင်းဟာ လှလည်းလှ တုံးလည်းတုံး ရသလဲ မသိပါဘူးကွာ``တဲ့။

မိန်းမက ပြန်ပြောတယ်။

``ရှင်းပြပါရစေ ကိုအ၀ှာ... ဘုရားသခင်က ကျွန်မကို ချောအောင်
ဖန်ဆင်းခဲ့တယ်၊ ဒါမှ ရှင်က
ကြိုက်တော့ မပေါ့။ ဒါပေမဲ့ ဘုရားသခင်နော်၊ အကုန်သိတယ်၊ ကျွန်မကို
ခပ်တုံးတုံး ဖြစ်အောင်လည်း လုပ်လိုက်တယ်၊ ဒါမှ ရှင့်ကို
ပြန်ကြိုက်မပေါ့ရှင်`` တဲ့။

ဒါက သူငယ်ချင်းမေလ်းဆီကရတာပါ။

(ကျေးဇးပြုပြီး အနီရောင်ကို မော့နဲ့အက်ဒမင်တွေ နို့တစ်ပေးရာမှာသုံးဖို့ ချန်ထားပေးပါ ။   ။ဒိသာ)
« Last Edit: March 03, 2011, 11:00:34 PM by deedthar » Logged

မင်္ဂလာပါ.......
ဘကြီးတော်
ပထမနှစ်
*
Offline

Gender: Female
Posts: 12



ဖိုရမ်အကျိုးဆောင်မှုရမှတ်
0%
Respect: +144

« Reply #1 on: February 26, 2011, 09:59:30 PM »
+33

ဒါက ကိုမြတ်ဆီကပါ

ဟက်ကာတို့ ရဲ့ဆရာစူပါဟက်ကာ


ကျွှန်တော်လည်းအခုတလောအလုပ်တွေကများ
နဲ့ ပို့ စ်အသစ်တွေမတင်နိုင်ဘူးဖြစ်နေမိတယ်ဗျာ။လာလည်တဲ့မိတ်ဆွေတွေကို
လည်းအာနာမိပါတယ်။ တူဂျီးရေပြောင်းပေးလိုက်ပြီနော်
အခုတော့ဖိုရမ်တစ်ခုမှာဖတ်မိတဲ့ဟာလေးတစ်ခုပြန်လည်ပြောပြချင်ပါတယ်။


တစ်နေ့ သောအခါကမ္ဘာပေါ်မှာအရမ်းတော်တဲ့။အရမ်းတတ်တဲ့ဟက်ကာဆရာကြီး
လို့ ခံယူတားကြတဲ့သူတွေ
စုပြီး(ဆိုရှယ်နက်ဝပ်ခ်)လို့ခေါ်တဲ့ဟက်ကာဖိုရမ်ကြီးတစ်ခုရှိပါတယ်။
အဲ့ဒီမှာကတော့မိတ်ဆွေတို့ သိတဲ့အတိုင်းဘဲ။
ဘယ်ဟာကိုဘယ်လိုဟက်။ဘယ်ဟာကိုဘယ်လိုပြောင်းနဲ့ 
ဟက်ကင်းပညာတွေကိုဖလှယ်နေကြတာပေါ့။
တစ်နေ့ လည်းကျရောအဲ့ဟက်ကာဖိုရမ်ကြီးမှာလူတစ်ယောက်ကလာရေးသွားပါတယ်
အဲ့ဒါကတော့။

ဟေ့ကောင်တွေအရူးတွေမင်းတို့ ကိုကြည့်မရဘူးဘာတော်တာလည်း။ဘာတတ်တလည်း။

ဘာမှအသုံးမကျကြဘူး။ဘာမှအရည်အချင်းမရှိဘဲနဲ့ ဆရာလုပ်နေကြတယ်။

ငါ့နာမည်=ပီတာကွ။ငါ့ဂျီမေးလ်က peter12345@gmail.com ကွ

မင်းတို့ တော်တယ်ဆိုရင်လာဟက်ချေ။

အဲ့ဒီမှာဟက်ကာဖိုရမ်မော်ဒီရေတာတွေကော။အက်ဒမင်တွေပါတော်တော်တင်းသွားတယ်။

ကဲဒီလောက်တောင်ကွာငါတို့ ပေါင်းဟက်ကြရအောင်ချကြမယ်ဆိုပြီး။
နေ့ မအိပ်ညမအိပ်အဲ့ဂျီမေးလ်အကောင့်ကိုအကုန်ပေါင်းပြီးဟက်ကင်းလုပ်ကြပါတော့တယ်။
ကံအားလျှော်စွာနဲ့ ဘဲအဲ့ဂျီမေးလ်အကောင့်ကိုသူတိုတွေအားလုံးရရှိသွားပါတော့တယ်
လာခဲ့ပီတာဆိုတဲ့ကောင်ငါတို့ ကိုလာစော်ကားသွားတာ။
ဆိုပြီးpeter12345@gmail.com အကောင့်ကိုဖိုရမ်မျက်နှာစာမှာယူရှာနိမ်းကောပါ့စ်ဝပ်ကော
ကိုအောင်မြင်စွာနဲ့ တင်ထားကြပါတယ်။နောက်နေ့ မှာတော့စာတစ်ကြောင်းလာရောက
်ထပ်ရေးသွားတာတွေ့ ရပါတယ်။

ဟီးငါ့နာမည်တကယ်တော့ နေမင်းထွန်း ကွ

ငါအဲ့ပီတာဆိုတဲ့ကောင်ကိုကြည့်မရတာကြာနေပြီ
သူ့ ဂျီမေးလ်ကိုလည်းဟက်ချင်တာကြာနေပြီဒါကြောင့်ငါမဟက်တတ်လို့ 
မင်းတို့ ကိုဟက်ခိုင်းတာ။
မင်းတို့  ဟက်ကာပညာတော်ပါတယ်ကွာ

ဒါပေမဲ့မင်းတို့ အကုန်လုံးကိုခိုင်းနိုင်တဲ့ငါပိုတော်သလိုဘဲဒါကြောင့်

ငါကစူပါဟက်ကာပေါ့နော်အခု

ငါလိုချင်နေတဲ့ဒီကောင့်ပါစ်ဝပ်ယူသွားပြီတဲ့။



(ကဲဆရာလုပ်နေတဲ့။ ကြိုးစားနေတဲမိတ်ဆွေတို့ ရေစူပါဟက်ကာတွေကိုလည်းသတိထားနိုင်ကြပါစေ)


နာဆာ ရဲ့ ဘောပင်ပြသနာ
အာကာသထဲရောက်သွားရင် ဘောပင်တွေက မှင်မထွက်တော့ဘူးတဲ့

လေဖိအားမရှိတော့လို့ တဲ့

အဲဒါနဲ့  နာဆာလည်း လေဟာနယ်မှာ မှင်ထွက်တဲ့ ဘောပင်ကို

ငွေကုန်ကြေးကျခံပြီး သုတေသနပြုသတဲ့

အမေရိကန်တွေဘောပင်တစ်ချောင်းနဲ့ ယောက်ယက်ခက်နေတဲ့အချိုန်မှာ

ရုရှားတွေကတော့အေးဆေးပဲတဲ့

ဒါနဲ့ အမေရိကန်တွေကရုရှားတွေအာကာသမှာဘယ်လိုမျိုး

နဲ့ အဆင်ပြေနေလဲလို့ လူလွှတ်ပြီးစုံစမ်းတော့

ဘောပင်မှင်မထွက်တော့

ခဲတံကိုသုံးပါတယ်တဲ့ဗျာ

တပတ်အတွင်းအထူးသတင်း

  ၁။ မျဉ်းဝါမှတစ်ဆင့်
     လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျှောက်လျှက်ရှိ။
  ၂။ AIDS ရောဂါကို လူတိုင်း ကြောက်ရွှံ့။
  ၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စ ဆွေးနွေး။
  ၄။ နှာခေါင်းတွင် အပေါက်နှစ်ပေါက် မပါရှိပါက လူအများ အသက်ရှူရာတွင် အခက်အခဲများ တွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို။
  ၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ။
  ၆။ ကျောင်းသားတစ်ဦး ကျောင်းကား ပေါ်တွင် ကျောင်းသားများနှင့် စာအကြောင်းများကို ဆွေးနွေး။
  ၇။ နားမကြားသူများ နားကြားကိရိယာ အသုံးမပြုပါက နားကြားရမည် မဟုတ်ဟု ကျွမ်းကျင် သူများ ပြောကြား။
  ၈။ ခရီးသည်တင် ကားများတွင် ထိုင်ခုံမရပါက မတ်တပ်စီး၍ လိုက်ပါနိုင်။
  ၉။ မဆင်မခြင် သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်။
၁၀။ ရထားစီးစဉ် ပြတင်းပေါက်များ ဖွင့်ထားပါက လေကောင်း၊ လေသန့် ရနိုင်။
၁၁။ မိုးရွာသောနေ့များတွင် လူအများစု ထီးများ ဆောင်း၍ သွားလာလှုပ်ရှားလျှက်ရှိ။

Computer ကို Virus မ၀င်အောင် ကာကွယ်နည်း (၅) မျိုး

၁။ မည်သည့် external device ကိုမှမတပ်ဆင်ပါနဲ့(CD-DVD များအပါအ၀င်)

၂။ internet မသုံးပါနဲ့၊ သုံးရင်လည်း မည်သည့် web site ကိုမှဖွင့် မကြည့်ပါနဲ့၊
၃။ Computer ကို မဖွင့်ပါနဲ့(မီးပလပ် မထိုးပါနဲ့)၊

၎။ Computer ကို အစကတည်းက မ၀ယ်ပါနဲ့၊

၅။ Computer ဆိုင်ရှေ့ကို ဖြတ် မလျှောက်ပါနဲ့၊

သင်၏ဘလော့ဂ်နာမည်ကြီးရန် အတွက်


ဆရာမောင်မှသူ၏ဘလော့အရမ်းနာမည်ကြီးချင်တယ်နည်းပေးပါဆိုလို့ 
ပြောပြလိုက်ပါတယ်ခင်ဗျာ
သင်၏ဘလော့ဂ်နာမည်ကြီးရန် google,yahoo စသောwebportaကြီးများမလိုပါဒီလိုလုပ်ရင်နာမည်
ကြီးမှာအမှန်ဟုဆရာကြီးတစ်ယောက်ကမိန့် ပါသည်မှန်မမှန်စမ်းစစ်ကြပါကုန်....

၁ ။ ဘလော့ဂ်ကိုကြော်ညာရန်သူများ ShoutBox များတဲတွင်သိသိမသိသိသွားအော်ပါ “လာလည်သွားပါတယ် တော်တော်ကောင်းတဲ့ဘလော့ဂ်လေးပါ။တို့ ဆီလည်းလာလည်ပါဦး ဟိုဟိုဒီဒီ ဒီဒီဟိုဟိုဘာညာသာရကာနေကြာကွာစေ့ လျှောက်ရေးပါ

၂။များများတက်ပါအိမ်သာတက်ပြီးတိုင်းဘာလုပ်လဲ ။ဘာအစားစာကိုကြိုက်လဲ
နွေ၊မိုး၊ဆောင်းနှင့်ကျွှန်တော်၊ကျွှန်မကိုယ့်ဟာကိုယ်ရေးချင်တာရေးပြီး
သူများကိုအတင်းရေးခိုင်းပါ

၃။ရန်များများဖြစ်ပါရန်များများဖြစ်လေလူများများလာလေဖြစ်သည်

၎။ ဘလော့ဂ်နာမည်ကိုလူများစိတ်ဝင်စားအောင်ပေးပါ ဥပမာ ဟိုဟိုဟာဟာ၊ဒီဒီဒါဒါ၊ဟိုတွင်း၊ဒီတွင်း၊ဟိုဇုန်၊ဒီဇုန်
ဒီမြို့ တော်၊ဟိုလမ်း၊ဟိုရပ်ကွက်

၅ ။ လူတိုင်၏မွေးနေ့ မျာအတွက်မွေးနေ့ 
ဆုတောင်းပေးပါ။ဘလော့ဂ်ဟုတ်သူကော။မဟုတ်သူကော။သိသူကော။မသိသူကောများအတွက်ပါဆုတောင်းပါ
ပြီးတော့မွေးနေ့ ဆုတောင်းပိုစ်တင်ပေးထားတယ်ဆိုပြီးနက်ထဲကတွေ့ သမျှလူတိုင်းကိုလိုက်ပြောပါ

ထိုဘလော့ဂ်ဆရာကြီးကထပ်ပြောသည်မှာ
ကျွှန်တော်ကိုယ်တိုင်ဒီနည်းတွေကိုသုံးပြီးနာမည်ကြီးလာတာပါဟုမိန့် ကြားသွားပါသည်။

မေးသမျှဖြေမယ့်ကွန်ပျူတာပြသနာများ

မေး ။ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာပါလဲဟင်
ဖြေ ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ

မေး။ တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ
ဖြေ ။ ဂစ်လို့ အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ်
ဆက်ဖတ်ကြည့်ရအောင်

မေး ။ email ပို့ နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင်
အကောင်းဆုံးပါလဲ
ဖြေ ။ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါ
ဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ

မေး ။ ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ်
ပြောနိုင်မလား
ဖြေ ။ ဟုတ်ကဲ့ရပါတယ်
၁။ systemပုံးကိုအရင်ဖွင့်ပါ
၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ်
အကုန်ဖြုတ်ပါ။
၃။ ပြီးရင်တော့ဆပ်ပြာမှုန့် များများနဲ့ ဖျော်ထားတဲ့
ဇလုံထဲကိုထည့်ပြီး Decogenနဲ့ တစ်ညစိမ်ပါ
၎ ။ နောက်တစ်နေ့ ကျပြန်ဆေးကြောပြီးနေပူပူမှာ
လှမ်းပါ။
၅ ။ ခြောက်သွေ့ သွားသောအခါပစ္စည်းများကိုနေရာတကျ
ပြန်တတ်ပါ
၆ ။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော်
ရွှင်ဖွယ်တွေ့ ရပါလိမ့် မည်။
၇ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မ၀င်အောင်
နေပူထဲထားကာအသုံးပြုပါဟု

ဆရာကြီး kyawcross ခေါ်မောင်ဇူလူးဟုအမည်ရသောအာဖရိကမှဆရာ့ဆရာကြီးက
မိန့် ကြားသွားပါသည်။

မေးသမျှဖြေမယ့်ကွန်ပျူတာပြသနာများ(၂)

မေး ။ သမီးကွန်ပျူတာအရမ်းလေးနေလို့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး
ဖြေ ။ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။
ဒါမှလေးနေရင်ပါဝါစပလိုင်းထပ်ပါဖြုတ်ထား
လိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ်

မေး ။ကျွှန်တော်တို့ ဘက်ကမီးမှန်ဘူး ။ UPS ကလဲသိပ်မကောင်းတော့
မီးပျက်ချိန်ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ
ဖြေ ။ upsနဲ့ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။
ချက်ချင်းပိတ်သွားရစေမယ်

မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ
ဖြေ ။ဆိုင်ပို့ လိုက်ပါ

မေး။ ကျွှန်တော့်window ကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲ
window မှာပြသနာရှိလို့ လား
ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲ
ထိုးပေးပါ ။ ကဲဆက်ဖြေမယ်နော်

မေး။အင်တာနက်သုံးဖို့ ဘာလိုအပ်ပါသလဲရှင်
ဖြေ။ ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား

မေး။သမီးပို့ လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ
ဖြေ ။ဖုံးဆက်ပြီးမေးကြည့်ပါ။

မေး။အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ
ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို့ ရှိရင်ဗိုင်းရပ်စ်
ပါလို့ ပေါ့ကွယ်။
Logged

မင်္ဂလာပါ.......
zawye
အငြိမ်းစား ကထိက
***
Offline

Gender: Male
Posts: 1033



ဖိုရမ်အကျိုးဆောင်မှုရမှတ်
43.2%

Respect: +6736

« Reply #2 on: March 01, 2011, 02:23:21 PM »
+14

မြန်မာမ
ချိန်းထားတဲ့နေရာကို နေမကောင်းတဲ့အမေကိုပြုစုနေရလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ၂ နာရီလောက်နောက်ကျမှရောက်လာမယ် နောက်ပြီးရုပ်ရှင်ရုံလက်မှတ်ဝယ်တဲ့အခါအသိတွေ့သွားမှာစိုးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ၅ ယောက်လောက်ခုံချားပြီးဝယ်မယ်ရုပ်ရှင်ပြီးလို့အိမ်ကိုသွားတဲ့အခါသင့်ရဲ့အိမ်က Traders Hotel အခန်းလောက်ကောင်းနေရင်တောင်မှစုတ်လှချည်လားလို့ပြောမယ်နောက်ပြီးသင်အကောင်းဆုံးဝိုင်ကိုဝယ်ထားရင်တောင်မှ ညံလိုက်တဲ့ဝိုင်လို့ပြောမယ် ပုစွန်ထုပ်နဲ့ဝိုင်ကို စားပြီးလို့သင်ကအိပ်ရာပေါ်သွားဖို့ပြောတဲ့အခါ ‘ငါကိုဘယ်လိုကောင်မထင်သလဲထပြန်လိုက်ရမလားလို့ပြောမယ်’ နာရီဝက်တစ်ခါလောက်သင်ကအိပ်ရာပေါ်သွားဖို့ပြောတဲ့အခါတိုင်း အထက်ပါစကားကိုပဲပြောနေလိမ့်မယ် ၃ နာရီလောက်ကြာမှ ခေါင်းမထောင်နိုင်တော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ အိပ်ရာပေါ်သွားမယ် အိပ်ရာပေါ်ရောက်လို့သင်ကကြိုးစားတဲ့အခါ နာရီဝက်တစ်နာရီလောက်ညင်းလိမ့်မယ် နောက်ဆုံးသင့်ဆန္ဒကိုဖြည့်စည်းမယ်ဆက်ဆံပြီးသွားတဲ့အခါမှာ တစ်ကယ်ချစ်တာနော် တစ်ကယ်လက်ထပ်မှာနော်ဆိုတာကိုမအိပ်မချင်းမေးနေလိမ့်မယ် မနက်အိပ်ရာကနိုးလာတဲ့အခါ ဒီအိမ်ကိုကြိုက်သွားပြီဒီမှာပဲနေတော့မယ်လို့ပြောလိမ့်မယ် နောက်ဆုံးသင့်က Taxi ငှားပြီးသူကိုတင်ပေးလိုက်ရမယ် ပြန်ဖို့ကို သင့်ကိုလမ်းမှာတွေ့ရင်သူဘေးနားကသူငယ်ချင်းကိုပြောလိမ့်မယ် အဲ့ဒီလူပေါ့ ငါ့ဘ၀ကိုဖျက်ဆီးတာဆိုးပြီးတော့လေ

ထိုင်းမ
ချိန်းထားတဲနေရာကိုသင့်ထက်ငါးမိနစ်လောက်စောပြီးရောက်နေလိမ့်မယ် ရုပ်ရှင်လက်မှတ်ကိုနှစ်ယောက်ခုံကိုဝယ်လိမ့်မယ် ရုပ်ရှင်ရုံထဲမှာစကားလေးဘာလေးပြော လက်ကလေးကိုင်ရင်းရုပ်ရှင်ပြီးလို့ပြီးမှန်းမသိအောင်နေလိမ့်မယ် နောက်ပြီးအိမ်ကိုသွားတဲ့အခါ သင့်အိမ်ကစုတ်နေအုန်တော့ ကောင်းတယ်လို့ပြောမယ် အညံစားဝိုင်းဝယ်ထားရင်တောင်ဒီဝိုင်ကိုအကြိုက်ဆုံးလို့ပြောမယ့်စားပြီးသောက်ပြီးတာနဲ့ သင်ကအိမ်ရာပေါ်တက်ဖို့ပြောရင်အလိုက်တသိပဲလာပြီး သင်တို့ချစ်စခန်းဖွင့်ကြမယ့် တစ်ညလုံးနီးပါးပင်ပင်ပန်းပန်းနဲ့ချစ်စခန်းဖွင့်ကြတာ မနက်လင်းခါနီးမှအိမ်ပျော်သွားလိမ့်မယ် သင့်မနက်အိမ်ရာနိုးလာတော့ စားချင်စဖွယ်ပြင်ဆင်ထားတဲ့မနက်စာကိုတွေ့လိမ့်မယ် မနက်စာရဲ့ဘေးမှာ စာလေးတစ်စောင်တွေ့မယ့် သင့်စာကိုဖတ်ရင် ‘ ဒါလင်နဲ့နေခဲ့ရတာသိပ်ကြည်နှုးဖို့ကောင်းပါတယ်ရှင်’ လို့တွေ့ရမယ့် တစ်ကယ်လို့သင်ကသူကိုလမ်းမှာတွေ့လို့ ဟေးကိုယ့်ကိုမှတ်မိလားဟိုတစ်နေ့ကမင်နဲ့ချစ်စခန်းဖွင့်ခဲ့တယ်လေလို့ပြောရင် ဒီအကြောင်းပြချက်လေးကမိတ်ဖွဲ့ဖို့လုံလောက်တဲ့အကြောင်းမဟုတ်ပါဘူးရှင်လို့ပြန်ပြောလိမ့်မယ်။

ဟာသတစ်ခုအနေနဲ့ပဲတင်တာပါ ဖတ်ဘူးတာက တစ်ချားလူမျိုးနှစ်ယောက်ပါ ဒါပေ့မယ့်ကိုယ့်လူမျိုးနဲ့တင်လိုက်တာပါ မည်သူကိုမှစော်ကားလိုစိတ်မရှိပါ ရယ်ရယုံလေးပါပဲ ဟာသအနေနဲ့ပဲဖတ်ပါခင်ဗျာ
 
Logged

sex is something we do but love is main thing we live
jayjay
အငြိမ်းစား ကထိက
***
Offline

Gender: Male
Posts: 546



ဖိုရမ်အကျိုးဆောင်မှုရမှတ်
33%

Respect: +7028

« Reply #3 on: March 01, 2011, 11:13:16 PM »
+18

ဘိုးဘိုးဘွားဘွားတို့ရဲ့ Answer phone

"မင်္ဂလာပါရှင်... ဖုန်းကိုင်မည့်သူမရှိပါသောကြောင့် "ပိ"သံကြားပြီးနောက်
သင့်မက်ဆေ့ကိုချန်ထားခဲ့ပါ"

"ပိ...."

အကယ်၍ သင်ဟာ ကျွန်မတို့ရဲ့ သားသမီးဖြစ်ပါက နံပါတ် ၁ကိုနှိပ်ပါ။ ပြီးနောက်
သင်ထားခဲ့ချင်သော မက်ဆေ့ကို ၁ မှ ၈ အတွင်းနှိပ်ပြီး ရွေးပါ။

အကယ်၍ မြေးထိန်းဖို့ဆိုရင် ၁ ကိုနှိပ်ပါ။
အကယ်၍ ကားငှားဖို့ဆိုရင် ၂ ကိုနှိပ်ပါ။
အကယ်၍ အဝတ်လျှော်ဖို့၊ မီးပူတိုက်ဖို့ဆိုရင် ၃ ကိုနှိပ်ပါ။
အကယ်၍ ကလေးတွေကို ညအိပ်ညနေထားဖို့ဆိုရင် ၄ ကိုနှိပ်ပါ။
အကယ်၍ ကလေးတွေကို ကျောင်းပို့ဖို့ဆိုရင် ၅ ကိုနှိပ်ပါ။
အကယ်၍ တနင်္ဂနွေနေ့မှာ ထမင်းလာစားမယ်၊ ဒါမှမဟုတ်
ထမင်းဟင်းချက်ပို့ရမယ်ဆိုရင် ၆ ကိုနှိပ်ပါ။
အကယ်၍ အခုထမင်းလာစားမယ်ဆိုရင် ၇ ကိုနှိပ်ပါ။
အကယ်၍ ပိုက်ဆံတောင်းဖို့ဆိုရင် ၈ ကိုနှိပ်ပါ။
အကယ်၍ ကျွန်မတို့ကို ထမင်းဖိတ်ကျွေးဖို့ ဒါမှမဟုတ်
ရုပ်ရှင်လိုက်ပြဖို့ဆိုရင် စကားပြောပါ။ ကျွန်မတို့ နားထောင်နေပါတယ်....

ကျွန်တော်လဲ ဖတ်ဖူးတာလေး ပြန်မျှဝေလိုက်ပါတယ်
Logged

If I were a bird, I would fly to you at once........
jayjay
အငြိမ်းစား ကထိက
***
Offline

Gender: Male
Posts: 546



ဖိုရမ်အကျိုးဆောင်မှုရမှတ်
33%

Respect: +7028

« Reply #4 on: March 01, 2011, 11:15:09 PM »
+11

စကပ်တိုတိုဝတ်ထားတဲ့ ကောင်မလေးတစ်ယောက် အဝတ်လျှော်ဆိုင်မှာ
အဝတ်သွားလျှော်တယ်။ အဝတ်လျှော်ဆိုင်ကသူဌေး သူ့စကပ်ကိုပဲ
လိုက်ငေးကြည့်နေလို့ ကောင်မလေးဟာ စိတ်တိုတိုနဲ့ ဘာကြည့်တာလဲလို့
မေးလိုက်တယ်။ သူဌေးက နားမလည်ဟန်နဲ့ ပြောလိုက်ပါတယ်။

"နင့်စကပ်က ငါတို့ဆိုင်မှာလျှော်ရင်း ကျုံ့သွားတာတော့မဟုတ်ပါဘူးနော်"


အပျိုကြီးများရဲ့  အားနည်းချက်များ

၁- ရေချိုးပြီးသနပ်ခါးသွေးပေးမယ့်သူမရှိခြင်း

၂-အိပ်မက်ဆိုးများဖြင့်ညတရေးနိုးလန့်နိုးသော်...နှစ်သိမ့်ရာမရှိခြင်း
၃-အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်သူမရှိခြင်း
၎-ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို ကိုယ့်အားကိုကိုးဆွဲသယ်ရခြင်း
၅-အိမ်ကစက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများပျက်လျှင် ဆိုင်သို့ သာပို့ရရ်ျ
ပိုက်ဆံကုန်ခြင်း
၆-နေရာတကာ မီတာဆောင်၊ဖုန်းခွန်ဆောင် မိမိဘာသာသွားလာ ၇ခြင်း
၇-ဆရာလုပ်ခြင်း ပြောချင်တိုင်းပြောခြင်းကိုနာခံမယ့်သူမရှိခြင်း
၈-အများတကာမှ သီတင်းကျွတ်တိုင်းမစားရသေးဘူးလား၊ ဘယ်တော့လဲ၊စသဖြင့်ရိထေ့ငေါ့ခြင်းကို
အောင့်သီးအောင့်သက်ဖြင့် ခံစားနားဆင်ရခြင်း၊
၉-အလှပြင်ပြီးတိုင်း ကြည့်ပြီးလိုအပ်ချက်ပြောပေးခြင်းကိုမခံရခြင်း
၁၀-လကုန်တိုင်း ယောက်ျားအပ်သော အပိုပိုက်ဆံကိုမရခြင်း
၁၁-သရဲကားကြည့်ပြီး ကြောက်တိုင်း ခေါင်းအုံးကိုသာတင်းတင်းဖက်ထားရခြင်း
၁၂-ညောင်းညာတိုင်း အနှိပ်သည်ကိုသာအားကိုး၇ခြင်း
၁၃-လိုင်းကားတိုးစီးရာတွင်အကာကွယ်မရရှိခြင်း
၁၄-ယောင်္ကျားလေးများ၏ မထိတထိစနောက်ခြင်းကို အပြင်သွားလာတိုင်း ခံ၇ခြင်း
၁၅-နေမကောင်းသည့်အခါ ကူကယ်ရာမဲ့ခြင်း
၁၆- မိုးသည်းထန်စွာရွာပြီး..မိုးခြိမ်းသည့်အခါများတွင်
တယောက်တည်းစောင်ခေါင်းမြီးခြုံ
ကြောက်လန့်နေရခြင်း
၁၇- အိမ်တွင်သူခိုးကပ်သည့်အခါ မအော်ရဲခြင်း
၁၈-ဘုရားသွားသည့်အခါ..အားမလိုအားမရ သူများတွေကိုသာငေးနေရခြင်း
၁၉-မင်္ဂလာဆောင်ဖိတ်စာရသည့်အခါများတွင် အားငယ်ခြင်းကိုခံစားရခြင်း
၂၀- သွားချင်ရာသွား..အိမ်ပြန်လာသည့်အခါ စိတ်ပူပန်စွာဖြင့်
စောင့်မျှော်မည့်သူမရှိခြင်း
၂၁-အိမ်မှုကိစ္စများကို မိမိတယောက်တည်းသာသိမ်းကြုံးလုပ်ရခြင်း
၂၂-မိဘများမှ ကလေးကဲ့သို့ နေရာမပေးဆက်ဆံခြင်းကိုသာ တချိန်လုံးခံရခြင်း
၂၃-မိုးရွာသည့်အခါထီးဆောင်းပေးမည့်သူမရှိခြင်း
၂၄-မိမိလက်စွမ်းပြချက်ထားသမျှ ကောင်းလိုက်တာဟု...ချီးမွမ်းအားပေးမည့်သူ မရှိခြင်း
၂၅-ပွဲလမ်းဘဘင် ၊ အလှူအတန်းများတွင်..အသိစုံတွဲများကြားတွင် တယောက်တည်း
ယောင်နန ထိုင်နေရင်း..မိတ်ဆက်ပေးစရာမရှိခြင်း
၂၆--ကားကိုမိမိကိုယ်တိုင်သာ မောင်းနှင်သွားလာရခြင်း..
၂၇--မောင်ရေ..ကိုကိုရေ..ဟုချွဲနွဲ့ ပြီး အလိုရှိရာပစ္စည်းကို ပူဆာခွင့်မရခြင်း....၊
၂၈-မိမိပြက္ခဒိန်တွင် အထိမ်းမှတ်နေ့ စွဲများမရှိခြင်း၊အထိမ်းအမှတ်
လက်ဆောင်များမရခြင်း
၂၉-စိတ်ညစ်၇်ျငိုတိုင်းချော့မည့်သူမရှိခြင်း
၃၀- တခြားမှာစိတ်ညစ်တိုင်း ရန်လုပ်စိတ်ကောက်ပေါက်ကွဲရန်လူမရှိခြင်း
Logged

If I were a bird, I would fly to you at once........
zawye
အငြိမ်းစား ကထိက
***
Offline

Gender: Male
Posts: 1033



ဖိုရမ်အကျိုးဆောင်မှုရမှတ်
43.2%

Respect: +6736

« Reply #5 on: March 03, 2011, 12:37:26 PM »
+15

လင်မယားစုံတွဲတစ်တွဲတစ်နေ့ကျတော့ သူတို့ရဲ့ မင်္ဂံလာ နှစ် ၄၀ ပြည့် party တစ်ခုကိုကျင်းပတယ် အဲ့ဒီတော့ party ရဲ့ထုံးစံအတိုင်း ဆုတောင်းရတယ်လေ ခွက်လေးတွေကိုယ်ဆီကိုင်ပြီတော့ပေါ့ အိမ်ရှင်ယောကျားက သူအရင်ပြော တယ် မိန်းမရေမင်းကိုငါတစ်ခုပြောမယ်ကွာ မင်းဟာ အသက်၂၀ တုန်းက မင်းဟာအစွမ်းကုန်လှပနေတဲ့ပန်းလေးတစ်ပွင့်နဲ့တူတယ်ကွာ မင်းအသက် ၃၀ မှာတော့တန်ဖိုးကြီး ၀ိုင်လိုပါပဲတဲ့ ၄၀ မှာကျတော့တန်ဖိုးကြီးပြီး သောက်လို့ကောင်းတဲ့ ကော့ညက်အရက်လိုပါပဲ မင်းကိုချစ်မြဲချစ်နေပါတယ် အသက်၅၀ မှာတော့မင်းဟာ ဟောင်းနွမ်းနေတဲ့ စန္ဒာရားကြီးလိုပါပဲဒါပေမယ့်မင်းကိုတစ်စက်မှအချစ်မပြက်ပါဘူးလို့ဆုတောင်းရင်အရက်သောက်လိုက်တယ်တဲ့ သူမိန်းမကလည်းအားကျမခံပြန်ဆုတောင်းတယ်ဗျာ အစ်ကိုပြောတဲ့ ကျမဟာ အသက်၂၀ မှာ အစွမ်းကုန်ပွင့်လန်းနေတဲ့ ပန်းကလေးနဲ့တူတယ်ဆိုတာမှန်ပါတယ် ဒါပေမယ့်အစ်ကိုဟာ အရိုးတံနဲ့အဆူးကိုပဲရခဲ့သူပါတဲ့ မွေးလွန်းတဲ့ပန်းကိုမနမ်းခဲ့ရပါဘူးတဲ့ အသက်၃၀ မှာ တန်ဖိုးကြီးဝိုင်အရက်လိုပဲဆိုတာလည်းမှန်တယ်တဲ့ ဒါပေမယ့်အစ်ကို က ပုလင်းဖင်ကပ်သာသောက်ခဲ့ရတာပါတဲ့ အသက်၄၀ မှာတန်ဖိုးကြီးပြီးသောက်လို့ကောင်းတဲ့ကော့ညက်အရက်တဲ့တူတာမှန်ပါတယ်တဲ့ ဒါပေမယ့်အစ်ကိုက သုံးယောက်မျှသောက်ခဲ့ရတာပါတဲ့ နောက်ဆုံးအသက်၅၀ မှာ စန္ဒရားနဲ့တူတယ်ဆိုတာလည်းမှန်ပါတယ်တဲ့ ဒါပေမယ့်အစ်ကိုအခုချိန်တိ စန္ဒရားမတီးတတ်သေးပါဘူးတဲ့ ဗျာ

ကဲ့သူငယ်ချင်းတို့လည်းဂိုးသွင်းဖို့ချည်းပဲအားထားမနေနဲ့ဦးနော် နောက်တန်းလုံအောင်လည်းဂရုစိုက်ပါဦး
Logged

sex is something we do but love is main thing we live
maryar
Guest
« Reply #6 on: March 03, 2011, 04:31:35 PM »
+2

(click to show/hide)

 Roll Eyes Roll Eyes Roll Eyes Roll Eyes
ကိုဂျေ ရန်လာစနေတယ်နော်..
တေတော့မယ်
Logged
jayjay
အငြိမ်းစား ကထိက
***
Offline

Gender: Male
Posts: 546



ဖိုရမ်အကျိုးဆောင်မှုရမှတ်
33%

Respect: +7028

« Reply #7 on: March 03, 2011, 07:26:17 PM »
+3

ဟင်း.......... မာယာကလဲ မသိတဲ့သူတွေ ကျနေတာပဲ
သူ့ကိုယ်သူ အပျိုကြီးဖမ်းလုပ်လိုက်တာပဲ
ဒီမှာ တစ်ယောက်လုံး ဘေးနားမှာ ငုတ်တုတ် ရှိနေတာတောင် အပျိုကြီး လုပ်ချင်သေးတယ်  Wink
Logged

If I were a bird, I would fly to you at once........
tatkyatgyi
Guest
« Reply #8 on: March 03, 2011, 11:09:42 PM »
+6

ဟင်း.......... မာယာကလဲ မသိတဲ့သူတွေ ကျနေတာပဲ
သူ့ကိုယ်သူ အပျိုကြီးဖမ်းလုပ်လိုက်တာပဲ
ဒီမှာ တစ်ယောက်လုံး ဘေးနားမှာ ငုတ်တုတ် ရှိနေတာတောင် အပျိုကြီး လုပ်ချင်သေးတယ်  Wink

ဟင် ဒီနဂျေ တကောင်
ငါ့ဖာသာ ငုတ်တုတ်ထိုင်နေတာတောင် အေးဆေးမနေရဘူး  Undecided
Logged
jayjay
အငြိမ်းစား ကထိက
***
Offline

Gender: Male
Posts: 546



ဖိုရမ်အကျိုးဆောင်မှုရမှတ်
33%

Respect: +7028

« Reply #9 on: March 05, 2011, 08:44:41 PM »
+3

ကျွန်တော် ဆေးပညာလောကရဲ့ ဟာသလေးတွေ အလွဲလေးတွေလဲ ဒီတော့ပစ်အောက်မှာပဲ ဆက်တင်သွားမယ်နော်
သူများတွေလဲ ဇာတ်လမ်းကလဲ ကောင်းကောင်းရေးမတတ်. အချိန်ကလဲ သိပ်မရှိသေးတော့ ဟာသလေးတွေပဲ
တင်သွားမယ်..

နောက်များ အချိန်ရမှာပဲ တပ်ကြပ်ကြီးထက်ကြီးအောင် (ဘာကြီးလဲ မသိ)
ရေးနိုင်အောင် ကြိုးစားမယ်

လောလောဆယ် သူက ကြားထဲက တစ်မှတ် ၀င်ယူသွားတယ် အပေါ်မှ တပ်ကြပ်ကြီး ပို့စ်ကို ဖတ်ကြကုန်......
Logged

If I were a bird, I would fly to you at once........
Pages: [1] 2 3 ... 104 |   Go Up
  Print  
 
Jump to:  

Powered by EzPortal
Powered by EzPortal
Powered by MySQL Powered by PHP Powered by SMF 1.1.18 | SMF © 2013, Simple Machines
SimplePortal 2.3.5 RC1 © 2008-2012, SimplePortal
Valid XHTML 1.0! Valid CSS!