Author Topic: မော်ဒယ်၊ရုပ်ရှင်မင်းသမီး၊အဆိုတော် ကလိတိတိ  (Read 66611 times)

0 Members and 2 Guests are viewing this topic.

Offline minthar

  • စီနီယာ
  • ***
  • Posts: 216
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +1188
http://www.youtube.com/watch?v=Ue28357nv3o

သီချင်းဆိုဖို့လေ့ကျင့်တဲ့ ဟာသလေးပါ တစ်မိနစ်စာအလွဲများပါ တော်တော်ရီရပါတယ်
+2
ငါကမီးခိုးရောင် ခပ်များများနဲ့ ...ကောင်ပါ (ဘဝမှာ မှောင်ရတာတွေပဲ…များတယ်)... တကယ်ပါ…..မင်းအတွက်တော့ ငါဟာဘာမှ မဟုတ်ပါဘူး။

Offline u myo

  • ကျောင်းသားကြီး
  • **
  • Posts: 239
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +810
နောက်တစ်ခါ ကျွန်တော်တို့ရဲ့ လိုးရှင်းမင်းသမီးလေးနဲ့ အင်တာဗျူးလေး ကြည့်ချင်ပါတယ်ဗျို့
+2

player1

  • Guest
ကျွန်တော်မသိလို့ တစ်ခုမေးချင်ပါတယ်။
ပီပါဟိန်းဆိုတာ အပြင်မှာ ဘယ်သူများလဲလို့ပါ။ သူ့ဟာဖတ်ပြီးတော်တော်ရီနေရလို့ .. ယူတု မှာလည်းမသိလို့
တချက်လောက်ဖြေပေးကြပါဦး။ :D
+2

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 758
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +4203
http://www.youtube.com/watch?v=cnlMqe2N2zU

ဒါလေး ကြည့်ပြီးရင် သဘောပေါက်သွားပါလိမ့်မယ်

P.S.,

ပေါက်ကရတွေတင်တာမဟုတ်ဘူးနော်။
ကောင်လေးကမသိဘူးဆိုလို့
+4
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

Offline RedLace

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 402
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • ဖိုရမ်အကူး ပြဿနာကင်းအောင် နာမည်ပြောင်း
  • Respect: +6187
ကျွန်တော်မသိလို့ တစ်ခုမေးချင်ပါတယ်။
ပီပါဟိန်းဆိုတာ အပြင်မှာ ဘယ်သူများလဲလို့ပါ။ သူ့ဟာဖတ်ပြီးတော်တော်ရီနေရလို့ .. ယူတု မှာလည်းမသိလို့
တချက်လောက်ဖြေပေးကြပါဦး။ :D

ကိုဇော်ရဲက ပြောင်ထားတာပါ။ တကယ့်နာမည်က ဗီဗာဟိန်းတဲ့။ ဘယ်တောက တက်ပြီး သီချင်းလာဆိုလဲတော့ မသိဘူး။ ကျွန်တော် မြင်တာကတော့ စင်ပေါ်တက်ပြီး ၀က်ကလေးတစ်ကောင် တကွိကွိနဲ့ အော်နေသလိုပဲ။

ကိုယ့်ဘာသာကိုယ်ဆိုရင် ဒါမျိုး မြင်ဖူးကြားဖူးမှာ မဟုတ်ပါဘူးဗျာ။ တစ်ခါ မြောင်းမြသွားတော့ ကားပေါ်မှာ ဒီဟာမလေးအခွေကို ဖွင့်လို့ တွေ့ဖူးလိုက်တာ။ တယ်ရီယာကီဘွိုင်းရဲ့ သီချင်းရော .... နတ်ကတာရော ... တခြားမဟုတ်က ဟုတ်ကတွေရော ... ရက်ဆိုတဲ့လဒကလည်း ရွာထဲက သံချပ်ထိုးနေကျကောင်လား မသိ ... စိတ်ညစ်ညစ်နဲ့ တစ်လမ်းလုံးပဲဗျာ။

အဲဒီ တိုကျိုဒရစ်ဖ်သီချင်းကို ရွာထဲက အလှူဆိုပြီး လုပ်ပစ်တာ အန်တောင်အန်ချင်တယ်။

I wonder if you know
How they live in Tokyo
If you see me then you mean it
Then you know you have to go

အဲဒါကို ... ကျေးရွာအတွင်း၌ မှီတင်းနေထိုင်ကြပြီးသော ... လူကြီးလူငယ် လူပျိုအပျို ကလေးများအပေါင်းတို့ ... အလှူအိမ်သို့ ... ကြွကြပါဗျို့ ... တဲ့။

စိတ်ညစ်တယ်။ အဲဒါကို တစ်လမ်းလုံးသည်းခံသွားရတာ။ ကားသမားတွေကလည်း ဒါမျိုးမှ ကြိုက်သလားမသိပါဘူးဗျာ ...  :-X
+10
ခေါင်းရှောင်သူ = Redirector = Read တာနဲ့ Write တာ။ R/W ပေါ့ဗျာ ... 8)

imail

  • Guest
အဲဒီ တိုကျိုဒရစ်ဖ်သီချင်းကို ရွာထဲက အလှူဆိုပြီး လုပ်ပစ်တာ အန်တောင်အန်ချင်တယ်။

သူ့အရပ်နဲ့သူ့ဇာတ်ပဲလေ ကိုယ့်ဆရာ။ ကျနော်တို့လည်း မကြိုက်လှပါဘူး။ တိုကျိုဒရစ်ကို အလှူသီချင်းလုပ်လို့ အန်ချင်တာတော့ ဆိုးပါတယ်။ တစ်ခြားကော်ပီတွေကိုရော မအန်ချင်ဘူးလား။ ဒီတစ်ခုတည်းမှ အန်ချင်တယ်ဆိုရင်တော့ ကော်ပီကိုတောင် ကန့်ရမလိုဖြစ်နေပြီ။ အထင်ကြီးစရာမကောင်းသော တောသီချင်းမဆိုနဲ့။ အထင်ကြီးစရာကောင်းသော မြို့သီချင်းဆို ဂလိုလားဗျာ။
+1

Offline RedLace

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 402
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • ဖိုရမ်အကူး ပြဿနာကင်းအောင် နာမည်ပြောင်း
  • Respect: +6187
အဲဒီ တိုကျိုဒရစ်ဖ်သီချင်းကို ရွာထဲက အလှူဆိုပြီး လုပ်ပစ်တာ အန်တောင်အန်ချင်တယ်။

သူ့အရပ်နဲ့သူ့ဇာတ်ပဲလေ ကိုယ့်ဆရာ။ ကျနော်တို့လည်း မကြိုက်လှပါဘူး။ တိုကျိုဒရစ်ကို အလှူသီချင်းလုပ်လို့ အန်ချင်တာတော့ ဆိုးပါတယ်။ တစ်ခြားကော်ပီတွေကိုရော မအန်ချင်ဘူးလား။ ဒီတစ်ခုတည်းမှ အန်ချင်တယ်ဆိုရင်တော့ ကော်ပီကိုတောင် ကန့်ရမလိုဖြစ်နေပြီ။ အထင်ကြီးစရာမကောင်းသော တောသီချင်းမဆိုနဲ့။ အထင်ကြီးစရာကောင်းသော မြို့သီချင်းဆို ဂလိုလားဗျာ။

သဘာဝမကျတဲ့နေရာမှာ သုံးထားတဲ့ ရွေးချယ်မှုနဲ့ သူ့ဆိုဟန်ကို ပြောတာပါ။ ကော်ပီလည်း ကြည့်ကော်ပီပေါ့။ ဒီသံစဉ်ကို သုံးရင်လည်း တခြားအကြောင်းရေး၊ အလှူအကြောင်းရေးချင်ရင်လည်း ဒါမျိုးမလုပ်နဲ့ပေါ့။ ပြီးတော့ ဝေဖန်ဖို့က ကော်ပီတွေကို မရည်ရွယ်ပါဘူး။ သူ့ကိုက ပုံဆိုးပန်းဆိုးဖြစ်လွန်းလို့ဗျာ။

အဓိကကတော့ ဘယ်ချောင်ကြားက ထွက်လာမှန်း မသိသော စုပေါင်းစပ်ပေါင်း အမျိုးအမည် မခွဲခြားနိုင်သော သီချင်းတစ်ခွေလုံးကိုပဲ ဆိုချင်တာပဲ။

စိတ်လေစရာကောင်းလောက်အောင် တော်ကြလွန်းလို့ပါ .... တွေးမိတိုင်း အကုသိုလ်တက်လွန်းလို့ .... ခွိခွိ ....  :P
+6
ခေါင်းရှောင်သူ = Redirector = Read တာနဲ့ Write တာ။ R/W ပေါ့ဗျာ ... 8)

Offline drlanmadawthar

  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 758
  • ဂုဏ်ထူးဆောင်ရမှတ် 400
  • Gender: Male
  • Respect: +4203
ဆရာဝန်တွေထဲမှာ တိုင်းသိပြည်သိ နိုင်ငံကျော်အနုပညာသည်တွေရှိနေခဲ့တာ ဟိုးရှေးရှေး

ဆရာဝန် မောင်သင်တို့ ခေတ်ကတည်းကပါပဲ။ စာရေးဆရာအဖြစ်နဲ့ရော ရုပ်ရှင်မင်းသားအဖြစ်နဲ့ပါ

တော်လည်းတော် ကျော်လည်းကျော်ခဲ့တဲ့မောင်သင်ဟာ ဆရာဝန်အဖြစ်နဲ့လည်းမညံ့ဘူးဆိုတာ သူရေးတဲ့

ဆရာဇာတ်လမ်းစုံတွေ ဖတ်ဖူးရင် သိပါလိမ့်မယ်။ ဒါပေမယ့် ဆရာဝန်ဆိုတဲ့အသက်မွေးမှုဟာ အခြား

တပါးသော အသက်မွေးမှုတစ်ခုခုနဲ့ အတူယှဉ်တွဲမလုပ်သင့်ဘူးလို့ အငြင်းပွားစရာဖြစ်လာရာကနေ အရပ်ထဲ

မှာတော့ ဆရာဝန်တွေ ရုပ်ရှင်မင်းသား လုပ်လို့မရဘူးရယ်လို့ ဗူးလုံးနားမထွင်းမှတ်သားထားလိုက်ကြပါ

တော့တယ်။ အဲဒီနောက်ပိုင်းမှာတော့ မသိချင်ယောင် ဆောင်တဲ့အခါဆောင်နေလိုက်၊။ ရွှေဖော့လုံးလေးတွေနဲ့

တို့လိုက် ဆိတ်လိုက်။အဆင်ပြေသလိုနေလာကြရာကနေ မကြာသေးခင်ကတော့ ဒီလိုအပြစ်မျိုးကို လုံးဝ

ခွင့်မလွှတ်နိုင်လို့ ဆမလိုင်စင်တောင် မပေးဘူးလို့ ဖြစ်လာပါတော့တယ်။

              တကယ်တော့ ဆရာဝန်ဆိုတဲ့အသက်မွေးမှုနဲ့ ဆေးပညာဘာသာရပ်ကြီးတွေဟာ အစဉ်အဆက်သော

သမားဆရာကြီးများ တစ်ဘ၀လုံးမြှုပ်နှံလို မရေမတွက်နိုင်သော လူနာ့အသက်များအပေါ်မှာ လေ့လာဆည်းပူး

မှတ်သား လက်ဆင့်ကမ်းလာကြတဲ့အတတ်ကြီးဆိုတော့ အခြားအလုပ်တွေနဲ့တွဲပြီး ကရော်ကမယ် ဆန်ဆေးရင်း

သေးပေါက်လုပ်လို့မရဘူးလို့ ဆိုချင်ပုံပါ။ ဒါမေမယ့် စောစောကနိုင်ငံကျော်ကြီးတွေများကတော့လည်း ခေါင်း

တစ်လုံးနဲ့ ရေအိုးနှစ်လုံးရွက်နိုင်ရုံအပြင် ကွေးနေအောင်တောင် က ပြကြပါလိမ့်ဦးမယ်။ ပါရမီချင်းမှမတူပဲကိုး။

အခြားအတက်မှာ ကျွမ်းကျင်သလို ဆရာဝန်အတတ်မှာတော့ တော်ရိရောရိလောက်ပဲရှိလိမ့်မယ်လို့လည်း

တရားသေတွေးလို့မရပါဘူး။ အကယ်ဒမီဆုရှင် ဒေါ်ဝင်းမာလေးဆိုရင် ပါမောက္ခ၊ ဌာနမှူးဖြစ်တဲ့အထိ

ဆေးလောကမှာ ထူးထူးချွန်ချွန် တာဝန်ထမ်းဆောင်ခဲ့တာပဲ။ (အတူတူတွဲလုပ်တာတော့ မဟုတ်ဘူးပေါ့လေ)

ဆေးကျောင်းတဘက်နဲ့ အပြင်အလုပ်လုပ်တယ်ဆိုကတည်းက ဒါဟာ လူသာမန်တွေလုပ်နိုင်ခဲတဲ့အလုပ်ပါပဲ။

ဆေးကျောင်းက စာမေးပွဲတွေရဲ့စိတ်ဖိစီးမှုဟာ စိတ်မခိုင်သူတွေဆေးကုယူရတဲ့အထိ ပင်ပန်းဆင်းရဲပါတယ်။ တခုပြီးတခု အဆက်ပြတ်တာလည်း မဟုတ်ပါဘူး။ ဒီစာမေးပွဲတွေကို နိုင်ငံကျော်အနုပညာရှင်မို့လိုဆိုပြီး လူကြီး

သားသမီးများလို အောင်အောင်၊ မအောင်အောင် အတင်းအောင်ပေးလို့ မရပါဘူး။ အောင်ချင်ရင် မအောင်မချင်း

မအောင် အောင်အောင်ဖြေပေရော့ပဲ။ တချို့က အဲဒီစာမေးပွဲတွေကို အလူးအလိမ့်ကျော်ဖြတ်ရရှာသလို တချို့

ကျတော့လည်း အသာလေးပေါ့။ လူပေါ်မှာပဲတည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဆေးပညာဘွှဲ့ရလာပြီဆိုရင်တော့ တကယ်ထိုက်တန်လိုရကြတာပါ။ သိဖူးသလောက်ကို ပြောတာနော်။

            ဘွဲ့ပေးဖို့အထိတော့ ပြသနာမရှိဘူးပေါ့။ ဒါမေမယ့် ဆေးကုသခွင့်လိုင်စင်(ဆမ လက်မှတ်) ထုတ်ပေးတဲ့

နေရာမှာတော့ စဉ်းစားစရာဖြစ်လာပါတယ်။ လူတချို့က အဲဒီလက်မှတ်ကို ၀၀၇ လိုင်စင်လောက် အောက်မေ့နေ

ကြတာကိုး။ ပြဿနာ တက်လာရင် သူတို့ခေါင်းပေါ်ရောက်လာမှာစိုးတာပေါ့။ ဒါပေမယ့် အိုးကမပူ စလောင်းက

ပူနေကြတာပါ။ “ကိုကို စိုးသူက ဆေးကုပေးမယ်ဆိုရင် မီးကတော့ ဆယ်ခါပြန်သေလို့ရတယ်” ဆိုတဲ့ ကလေးမ

လေးတွေက ရိုက်သတ်လို့မကုန်။ ဟိုဆရာများကလည်း ငါများမတော်တဆ ကရော်ကမယ် လုပ်လိုက်မိလို့ကတော့ ဂျာနယ်ထဲတန်းပါပြီးသားပဲဆို နောက်မှာ ကူစရာလူမရှိရင် အပ်တောင် ရမ်းသမ်းမထိုးရဲဘူး။ လူရှေ့သူ့ရှေ့မှာ

အနေအထိုင်အပြောအဆိုမမှားအောင်ထိန်းရတဲ့ အကျင့်က သူ့တို့အသက်မွေးဝမ်းကျောင်းအရ အလိုလိုပါပြီးသားပါ။

ဘာလုပ်လုပ် “ငါလုပ်တာ ဘယ်သူမှမသိဘူးကွ” လိုမှလုပ်လို့မရပဲနဲ့။

              နောက်အကြောင်းတခုက ဘာသာရပ်နဲ့ အသက်မွေးမှုနယ်ပယ်အပေါ်မှာ ရိုးသားလေးစား

တန်ဖိုးထားမှုပါ။ ဘယ်ယောက်ျားကမှ နင်လုပ်စာက ငါ့ရဲ့ဘာဖိုးညာဖိုးပဲရှိတယ်ဆိုတဲ့မိန်းမမျိုးကို သည်းညည်း

မခံနိုင်သလိုပဲ ဆရာဝန်လစာနဲ့ ၀င်ငွေကို တဘက်က မယှဉ်သာအောင်မြင့်မားတဲ့ အခြားဝင်ငွေနဲ့ နှိုင်းဆပြီး

ပေါ့တီး ပေါ့ပျက်လုပ်ရင် ဒါမှမဟုတ် သရော်စော်ကားပြောလာရင် ဘယ်ခံနိုင်ပါ့မလဲ။ အဲဒီကိစ္စကတော့

လူအပေါ်မှာနဲ့ အခြေအနေအချိန်အခါပေါ်မှာ မူတည်ပါလိမ့်မယ်။ ဆေးကျောင်းမှာ သုံးလေးနှစ်လောက်

အနီးကပ်ပေါင်းဖူးသလောက်တော့ ကိုစိုးသူဟာ ဆေးလောက ဆရာကြီး ဆရာမကြီးများကို သူ့ကို သွန်သင်

သင်ပြပေးတဲ့ ဒါရိုက်တာများထက် လေးလေးစားစား ကျိုးကျိုး နွံနွံရှိပါတယ်။ စာမေးပွဲအောင်ချင်စိတ်ကြောင့်

ဆိုတာထက် သူတို့ရဲ့ပညာတွေကို အထင်ကြီးအားကျတဲ့စိတ်က ပိုပါတယ်။ ဆရာဝန်ဆိုတဲ့ အသက်မွေးမှုကို

သူစိတ်ထဲမှာ လိုလိုချင်ချင် မြတ်မြတ်နိုးနိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ ဆရာဝန်လုပ်ခွင့်မရှိသလဲဆိုတာ

ကိုတော့ အတွင်းသိမို့ မပြောပြဘူး။ သတ်ရင်သတ်။ သူဆရာဝန်ဖြစ်ချင်တယ်။ ဒါလောက်ဆိုရပြီ။

            ဖြူဖြူကျော်သိန်းကျတော့ အလုပ်သင်ဆရာဝန်လာဆင်းတုန်းက ဆုံခဲ့ဖူးပါတယ်။ သူလည်း

ဆေးကျောင်းမှာ ညံ့တဲ့ကျောင်းသားထဲမပါပါဘူး။ သူ့ဟာသူ စင်ပေါ်မှာ စစ်ကိုင်းချောင်က သီလရှင်လူထွက်ကြီး

ခွေးလိုက်ဆွဲခံရသလို ဘုရားသခင်ပေးတဲ့အသံဝါကြီးနဲ့ အော်ဟစ်ပြေးလွှားနေချင်နေမယ်(သူပြောတာတော့

အဲဒါ ပါဖောမင့်တဲ့)။ ဆေးရုံမှာတော့ သာမန်ဆေးကျောင်းသူတစ်ယောက်လိုပဲနေရှာပါတယ်။ တတ်ချင်သိချင် လုပ်ချင်ကိုင်ချင်စိတ်ရှိပါတယ်။ (လေလုံးထွားတာကတော့ ခွင့်လွှတ်ရတာပေါ့ကွယ်။ ဒါက သူ့ဝသီဖြစ်နေပြီကိုး)။

လုပ်ငန်းခွင်မှာ သူနဲ့အလုပ်အတူလုပ်နေသူတွေကသိကအောက် အနှောက်အယှက်ဖြစ်လောက်စရာ ဘာတစ်ခုမှ

မလုပ်ရှာပါဘူး။ သူလည်းပဲ ဆေးပညာကို မြတ်နိုးလိုက်တာမှ ဘွဲ့လွန်တွေဘာတွေ တက်ချင်ဖြေချင်တဲ့အထိပါပဲ။ (သတိပေးလိုက်မယ်နော်။အင်တာဗျူးမှာတော့ အဲဒါဟုတ်သလား သွားမမေးလေနဲ့ “ဖြူဖြူက အရမ်းကို ဖြူဖြူ

ဖြူဖြူ နဲ့ ဖြစ်နေတဲ့အခါကျတော့လေ . . . ” ဆိုပြီးချေလိုက်လို့ “ သွားပါရစေတော့ ကျုပ်သွားပါရစေတော့” လို့

ပြန်ပြေးလာရဦးမယ်)။

              ချစ်သုဝေကလေးလည်း ဆမလက်မှတ်မရလို့ အရမ်းကိုစိတ်မကောင်းတွေဖြစ်နေရှာသတဲ့ကွယ်။

သနားစရာ။ တကယ်တော့ ဆေးလောကမှာ အဲသလိုအပြုံးချိုချိုနဲ့ ချစ်စရာဆရာဝန်မလေးတစ်ယောက်လောက်

တော့ ရှိဖို့မကောင်းလို့လား။ (ဆာဂျရီ ဖြေချင်တယ်ဆို သေချာကို သင်ပေးပလိုက်မယ်)။ ပြောချင်တာက

သူတို့ခမျာ ဆရာဝန်အလုပ်ကြီးကို တလေးတစား တက်မြောက်အောင်သင်ထားရဲ့သားနဲ့ ဆရာဝန်အဖြစ် ဣနြေ္ဒရရ

ရပ်တည်အသက်မွေးချင်စိတ်လည်းရှိပါလျက်နဲ့ လုပ်ခွင့်မရတာ စိတ်မကောင်းစရာပါ။ မူအရကိုး။

            လူကိုခင်တိုင်း မူကိုပြင်တာမကောင်းဘူးဆိုပေမယ့် လူအမျိုးမျိုး နတ်အထွေထွေရှိတဲ့ခေတ်မှာ

အဲဒီ လှေနံဓားထစ်မူကြီးကိုကိုင်ထားပြီး နွားထီးငါးကျပ် နွားမငါးကျပ် လုပ်နေတာ မသင့်တော်ဘူးလို့ ပြောချင်

တာပါကွယ်။ သူတို့လောက် ကျော်ကြားတဲ့နာမည်နဲ့ အနုပညာဝမ်းစာလည်းမရှိပဲနဲ့ အနုပညာအလုပ်ကို သူတို့

ဈေးကွက်မှာ ဈေးပိုကောင်းလို့ ရယုံ၊ ဆရာဝန်ဘွဲ့ကိုလူရှိန်ရုံယူပြီး ထင်တိုင်းကြဲနေတဲ့ ဟိုမရောက်ဒီမရောက်

တွေရော ဆေးကျောင်းမှာ မရှိဘူးလိုများ ထင်နေသလား။ လက်တွေ့ခန်းထဲက မိုက်ကရိုစကုပ်ကြီးကို

အရက်ကြော်ငြာထဲက မော်ဒယ်ဂဲလ်တွေ ကိုင်သလို ကုန်းကုန်း ကော့ကော့ကြီး အမြဲကိုင်နေတဲ့၊ ဘယ်လိုရပ်ရပ်

တင်ပစ်ရင်ပစ်ကြီးနဲ့ စောင်းစောင်းခါးလိမ် ချာဝန်မတွေကို ငါလေ မြင်နိုင်ရင် မင်းကို ပြချင်တယ်ပဲ။

ဘွဲ့နှင်းသဘင်ခန်းမထဲကို အဖေအမေတွေမခေါ်ပဲမိတ်ကပ်ပြင်တဲ့အခြောက်မတွေခေါ်သွင်းပြီး စင်ပေါ်တက်ခါနီး

လှေကားရင်းအထိ မှန်တချပ်နဲ့ တို့ပတ်ပုတ်နေတဲ့ ဘာဘာညာညာ မယ်ပါ ဆိုတာတွေလည်း တွေ့ခဲ့ ဖူးတာပဲ။

ဒီလူတွေကျတော့ ကြည့်ကောင်းကောင်းနဲ့များ လွှတ်ထားလေသလား မသိပါဘူး။

            ကိုယ့်သဘောကိုပြောရရင်တော့ တကယ်ပညာသည်အစစ်တွေကို သူတို့ကမှလုပ်ချင်တယ်ဆိုရင်

ခွင့်ပေးသင့်ထင်တာပါပဲ။ ဒီအလုပ်ကိုလုပ်ချင်တယ်ဆိုကတည်းက ဆရာဝန်အလုပ်ဟာ သူတို့ အလုပ်ထက်

ဂုဏ်ရှိတယ်လို့ လက်ခံလို့ပေါ့။ နောက်တခုက အဲဒီဆရာဝန်အတတ်နဲ့ သူတို့ ပိုက်ဆံရှာမစားဘူး။ စားမှ

မစားလောက်ပဲနဲ့။ ဒါကြောင့် သူတို့ ဒီအလုပ်ကိုလုပ်ရင် ကုသိုလ်ဖြစ်ပဲလုပ်မှာ အိပ်စိုက်ကုပေးမယ့်ဆရာဝန်ဆိုတာ

ဒီခေတ်ကြီးမှာ ရှားပါဘိသနဲ့။ သူတို့ရဲ့တိုင်းသိပြည်သိ နာမည်ကြီးအပွန်းခံပြီး သိက္ခာကျစရာအလုပ်တွေကို

လုပ်မှာမဟုတ်ဘူးလေ။ အနည်းဆုံးတော့သူတို့သရုပ်ဆောင်တဲ့ဇာတ်ကားတွေမှာ ဆရာဝန်ရုပ် ပီပီပြင်ပြင်

ခန့်ခန့်ညားညား မြင်ရမှာပေါ့။ နောက် ၅ နှစ်ကြာလို့ မဲဆွယ်တဲ့အခါကျရင်လည်း အပြင်လူ လွင်မိုးတို့၊ မိုးဒီတို့ လိုက်ခေါ်နေစရာမလိုတော့ဘူး။ သီချင်းလည်း ဆိုခိုင်းလို့ရတယ်။ ဆေးလည်း ကုခိုင်းလို့ရတယ်။ ဇာတ်ထုပ်လည်း

ခင်းပြဦးမယ်။ တစ်ကျပ်ဖိုးမှ သုံးထုပ်ထဲရယ်။ ၀ယ်နော် . . . အဲလေ ထည့်နော်။ မဲ ကိုပြောတာ။

@dr. soe min
+20
Success is like being pregnant; Everybody congratulates you, but nobody knows how many times you have been F**ked.

tatkyatgyi

  • Guest
အောင်မလေး အပေါ်က ပို့စ်လေးကို ဒေါက်တာ လမ်းမတော်သားများရေးသလားလို့ ဖတ်လာလိုက်ရတာ အရှည်ကြီးပဲ၊ စိတ်ထဲမှာလည်း တွက်လာတယ်၊ အင်း စိုးသူနဲ့ ရွယ်သူဆိုရင် ကိုလမ်းလည်း မငယ်တော့ဘူးပဲ ပေါ့၊ ဟီးဟီး၊
နောက်တော့မှ အောက်မှာ ရေးသူ ဒေါက်တာစိုးမင်း ဆိုမှ၊ ဟီးတော်သေးတာပေါ့၊ လို့ ကျောင်းသူတွေ ကိုယ်စား သက်ပြင်းချမိပါတယ်၊ ဟီးဟီး

ဒီတော့ပစ်ကို တခါမှ မဖတ်ဖြစ်ဘူး၊ အခုမှ ပဲ အစကနေ အဆုံးဖတ်လိုက်ရတယ် ၊ကိုစိကာနဲ့ ကိုဇော်ရဲ တို့ရဲ့ အင်တာဗျူးတွေကို၊
ကိုစိကာရေးထားတဲ့ထဲ မှာ ဖြည့်စွက်ချင်တာရှိတယ်၊ အဲဒီအချိန်တုန်းက ကျနော်နဲ့ တွဲနေခဲ့တာပဲ ရေးထားသာ အသံ ဘယ်လိုအောင်ထွက်သွားလဲ ဆိုတာ မပြောသွားခဲ့ဘူးနော်၊ အဟီး၊ မိုးစက်လေးကတော့ အီးသံမခံ နိုင်လို့ပြေးပေမဲ့ ၊ကိုကြပ်လက်ချက်ကြောင့် အဲသီ အီးသံက အပေါက်ပိတ်ပြီး လည်ချောင်းက ပြန်ထွက်သွားခဲ့လို့ အသံက သူများထက်၂ဆ အော်နိုင်သွားခဲ့ရတာပါ၊ ဟီးဟီး၊ ရှက်လို့ မပြောသွားတာနေမှာ ဟဲ့ဟဲ့...
+5

Offline Seeker

  • Founders
  • *****
  • Posts: 432
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +2083
ဖြစ်နိင်တယ်ကိုကြပ်ပြောတာ...။ ကိုရီးကြပ်ကြောင့် အသံ ၂ ဆပိုအော်သွားနိုင်တယ်ဆိုတာ လက်စသတ်တော့ ကိုရီးလက်ချက်ဖြစ်နေတာကိုး.....။
နောက်တခါ အဲဂလိုဖြစ်အောင် ထပ်မလုပ်ပါနဲ့တော့ဗျာ.....။တောင်းပန်ပါတယ်။အခုတောင်သူ့အသံကြားရင် စိတ်ဓါတ်ကျကျသွားလို့... ;D ;D ;D ;D ;D
+3

Tags: