Author Topic: ကိုယ်တွေ့အလွဲများ..  (Read 39720 times)

0 Members and 1 Guest are viewing this topic.

mrtaung

  • Guest
Re: ကိုယ်တွေ့အလွဲများ..
« Reply #30 on: April 07, 2012, 02:10:48 PM »
(click to show/hide)


အဲ့လိုလူတွေ အံ့သြစရာကောင်းတယ်ဗျ.. ဘာလို့ အဲ့လိုဖြစ်တာလဲမသိဘူး။ အသိအစ်မကြီးတစ်ယောက်လည်း အဲ့လိုပဲ ခါးကို တို့ထားပြီး ပါးစပ်နဲ့ရှေ့က တိုင်ပေး အကုန်လိုက်ပြောတယ်။ ပြီးတော့ လက်ခုပ်လက်ဝါးတီး ညာသံပေးပြီး ပြေး ပြေးဆိုရင်လည်း ပြေးတာပဲ၊  8)က ဆိုရင်လည်း ကတာမှ ကွေးလို့၊ 8) တချို့ အရမ်းအစနောက်သန်တဲ့လူတွေ စတာကျတော့ လွန်သွားတာတွေရှိတယ်။ လမ်းပေါ်က ဗွက်အိုင်ထဲ ကူး ကူး ဆိုရင် တကယ်ဆင်းကူးပါလေရော။ အဲ့ဒါကျတော့ လွန်သွားတာပေါ့ဗျာ။ တခါကလည်း ချောင်းက သေးသေးလေးကို ညာသံပေးပြီး အဲ့ထဲကို ခုန်ချခိုင်းတာ ဒိုင်ဗင်ထိုးချလိုက်တာဗျာ ခဲနဲ့ဆောင့်မိတော့လို့ ကံကောင်းလို့ မသေတယ် :( :( စကားပဲပြောခိုင်းခိုင်း၊ သီချင်းပဲဆိုခိုင်းခိုင်း အဲ့လိုလုပ်ပြီးရင် မောနေတတ်တယ်။ ဘာလဲတော့သိဝူး
+10

maung mauny

  • Guest
Re: ကိုယ်တွေ့အလွဲများ..
« Reply #31 on: May 03, 2012, 11:02:19 AM »
ကျနော် တင်လိုက်တိုင်း စိတ်ဝင်တစားဖတ်ရှုပေးသော တက္ကသိုလ်အတွင်းရှိ စာဖတ်သူများအား ကျေးဇူးတင်ပါတယ်လို့ မြောင်ရဲ့ post မှာ အစပျိုးပါတယ်... မြောင်ခုပြောမှာက ဟာသဆိုလဲဟုတ်တယ်... တကယ်ဖြစ်ခဲ့တာတွေပါ... မည်သူ့ကိုမှ မရည်ရွယ်ပါကြောင်းနှင့် အမှတ်တရ ဖြစ်ခဲ့သည်များအား ပြောပြလိုသော ဆန္ဒတခုတည်းသာ ရှိပါကြောင်း... လွန်ခဲ့သော ၁၀ နှစ်ဝန်းကျင်လောက်ကပါ... ယခု နံမည်ကြီး လူကြိုက်များသော ရေသန့်ထုတ်လုပ်သည့်စက်ရုံတွင်ဖြစ်သည်။ တနေ့ တာဝန်ရှိ အရေးကြီးပုဂ်ဂိုလ်များ စက်ရုံသို့လာရောက်စစ်ဆေးချိန်တွင် ဖြစ်သည်... စက်ရုံတာဝန်ခံမှ မိမိတို့စက်ရုံမှ ထုတ်လုပ်သောရေသန့်၏ ထုတ်လုပ်ပုံအဆင့်ဆင့်အား (RO)ရေသန့် စက်သစ်ကြီးအား လက်ညိုးတထိုးထိုးနှင့် pH 7 အဆင့်ဖြင့်ထုတ်လုပ်နေပါကြောင်း ရှင်းလင်းတင်ပြပြီးချိန်တွင် အရေးကြီးပုဂ်ဂိုလ်များထဲမှ တယောက်ပြောလိုက်သော ညွှန်ကြားချက်ကြောင့် မြောင်တို့လမ်းညွှန်မှတ်တမ်းတင်သူများမှာ ရယ်ရမလို/တကယ်ပဲမှတ်ရမလို ဖြစ်ခဲ့ဘူးပါသည်... ညွှန်ကြားချက်မှာ "ရေသန့်အား pH 7 အဆင့်ဖြင့် ကျေနပ်မနေပဲ pH 10 ရရှိသည်အထိ ကြိုးစားပါ " တဲ့ (မှတ်ချက်။ ။ အရောင်အဆင်း အနံ့အရသာ မရှိသောရေ၏ အဆင့်မှာ pH 7 အဆင့်ဖြစ်ပြီး၊ pH အဆင့်တက်လျှင်သော်လည်းကောင်း၊ ကျလျှင်သော်လည်းကောင်း၊ အခြားဂုဏ်သတ္တိရှိသော အရည်အဖြစ်ပြောင်းလဲသွားပါကြောင်း) တက္ကသိုလ်အကျိုးဆောင်မည့် :-*ကျောင်းတော်သားလေးမြောင်
+14

maung mauny

  • Guest
Re: ကိုယ်တွေ့အလွဲများ..
« Reply #32 on: May 03, 2012, 12:19:10 PM »
ကျနော်တင်သော နေရာမှားနေပါက ကျနော်၏မှားယွင်းမှုသာ ဖြစ်ပါကြောင်းနှင့် သက်ဆိုင်သည့် နေရာသို့ရွှေ့ပေးပါခင်ဗျာ... :D
ကျနော် အလုပ်ဝင်ခါစက အဖြစ်အပျက်လေးအား စာဖတ်သူများအား ပျော်ရွှင်စေလိုသော ဆန္ဒနှင့် ပြန်လည်ဖောက်သည်ချပါမည်... ;D
တနေ့ကျနော်တို့သည် ရန်ကုန်လေဆိပ်မှ ခရီးစဉ်တခုသွားရန် လေကြောင်းလိုင်းမှ ကြိုတင်ချိန်းဆိုသော အချိန်တွင်ရောက်ရှိနေကြသည်...
ရာသီဥတုမှာ ဆောင်းတွင်းဖြစ်သည့်အလျောက် နှင်းအနည်းငယ် ကျဆင်းလျက်ရှိသည်...
လေယာဉ်ထွက်ခွာရန်အတွက် ချိန်းဆိုထားသော အချိန်ထက်တဖြည်းဖြည်းနောက်ကျနေသော်လည်း boarding ခေါ်ခြင်းမရှိသေး
တဖြည်းဖြည်းနှင်းများ ထူထပ်လာသည်ကို မြင်နေရသည့်အတွက် ဒါ့ကြောင့်နောက်ကျခြင်းဖြစ်နိုင်သည်ဟု တွေးနေမိသည်...
ထိုအချိန်တွင် အသံဝဲ၀ဲနှင့် တိုင်းရင်းသားတယောက်က " ၀ဲတာ မတောင်းလို့ထင်တယ်"  တဲ့ { ၀ဲတာ = weather (မိုးလေ၀သ) }
နောက်ထပ်ခရီးသည်ပြန်ပြောလိုက်သံကြောင့် ခရီးသည်အများစုမှာ ပြုံးတုံတုံဖြစ်သွားရလေသည်...
" ၀ဲတာ ကိုတောင်းတတ်တဲ့လူကတောင်းထားတာတောင် မရဘူးလားတဲ့၊ မရရင်လဲ အဟောင်းကို ပြင်ထားရမှာပေါ့" တဲ့ဗျာ...

တက္ကသိုလ်အကျိုးဆောင်မည့်  :-* ကျောင်းတော်သားလေးမြောင်

+13

Offline NyaLu

  • ကောလိပ်ဂျင်
  • ****
  • Posts: 160
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +3280
Re: ကိုယ်တွေ့အလွဲများ..
« Reply #33 on: July 01, 2013, 03:12:23 PM »
 ညလူ တို့ငယ်ငယ်လေးတုန်းကဆိုရင် စက်ဘီးကယ်ရီယာအနောက်မှာ နတ်ကွန်းလေးတခုကိုတင်ပြီးမြို့ပတ်နေတဲ့ ဟိန္ဒူအနွယ်ဝင်လူတယောက်ကိုအမြဲမြင်
 ဖူးနေကျ၊ သူက ညလူတို့ဒေသရဲ့ ရိုးရာပွဲတခုဖြစ်တဲ့ ပင်လယ်ရေငန်ပိုင်ဦးရှင်ကြီးနတ် ကိုပူဇော်ပသချင်တဲ့လူတွေအတွက် ပင်တိုင်နတ်ပင့်ဆရာ၊ရပ်ကွက်လေး
 ထဲကို သူ စက်ဘီးလေးနဲ့ဝင်လာတာမြင်လိုက်ပြီဆို သူ့စက်ဘီးနောက်ကနေပြီး ညလူ အပါအ၀င် ရပ်ကွက်ထဲရှိသမျှခလေးတွေအကုန်လုံးသူ့စက်ဘီးနောက်ကို
 အပြေးလိုက်နေကျ၊ သူ့စက်ဘီး ဒေါက်ထောက်လိုက်ရင် ဒီအိမ်က ဦးရှင်ကြီးနတ် ကိုပင့်မယ့်အိမ်ပဲဆိုတာ ညလူတို့သိပြီ။ ''ရေငံသရိုးပိုင်ကာစိုးတဲ့''လို့အစချီပြီး
 နတ်ပင့်စာကို ရွတ်ရင် ညလူတို့လို ခလေးတသိုက်က နတ်စင်တ၀ိုက်မှာတရုန်းရုန်းဖြစ်နေပြီ။ ဦးရှင်ကြီးနတ်ကို ပြန်ပို့ပြီးတဲ့အခါ နတ်စင်ထက်က ဖယောင်းတိုင်
 မီးကို နတ်ပင့်ဆရာကမီးမှုတ်လိုက်ရင် နတ်စင်ထက်မှာတင်ထားတဲ့ မုန့်တွေကို လုလို့ရပြီ။ တခါတလေ မုန့်လုရင်း ညလူတို့ခလေးတသိုက်မှာ လက်သီးထိုးပွဲ
 လေးတပွဲလောက်တော့ အနဲဆုံးဖြစ်နေကျ၊ ဒါပေမယ့် ပျော်စရာတော့အရမ်းကောင်းတယ်။

 အဲဒီလိုနဲ့ ညလူ တို့ လူပျိုပေါက်လေးတွေဖြစ်လာတဲ့အခါကျတော့ ဦးရှင်ကြီးတင်ပွဲတွေမြင်ပေမယ့် မုန့်ဝင်မလုဖြစ်ကြတော့။ ဒီအလုပ်ကို ခလေးတွေသာလုပ်တဲ့
 အလုပ်လို့ အရွယ်က အလိုလိုသတ်မှတ်ပြီးသားဖြစ်သွားတယ်။ တနေ့တော့ ညလူရဲ့အသိတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း လက်ဖက်ရည်ဆိုင်ရဲ့မလှမ်း
 မကမ်းအိမ်မှာ ဥိးရှင်ကြီးတင်နေတာတွေ့တယ်။ ညလူလဲ ဘာရယ်မဟုတ်ဘူး ငယ်တုန်းကပျော်စရာကေါင်းခဲ့ပုံလေးတွေးပြီး ငေးနေမိတယ်။ ညလူနဲ့အတူထိုင်
 နေတဲ့ မိတ်ဆွေတယောက်ကရုတ်တရက်ထပြောတယ်။ ဦးရှင်ကြီးကြောင့် ငါအသဲကွဲခဲ့ဖူးတယ်တဲ့။ ဦးရှင်ကြီးက သူ့အသည်းကိုဘယ်လိုခွဲခဲ့တာလဲ၊ ထူးတေါ့
 ထူးဆန်းနေပြီပေါ့။ ပြောပါအုံးဗျ၊ ဘယ်လိုဖြစ်ခဲ့တာလဲ လို့မေးတော့။

 သူ ကျောင်းသားဘ၀တုန်းကလိုက်ပိုးနေတဲ့ကောင်မလေးတယောက်ရဲ့အိမ်ရှေ့ကို သူငယ်ချင်းတွေနဲ့အတူလျှောက်ပြန်သံပေး၊ခြေအေးဝမ်းရောင် သွားလုပ်ကြ
 တယ်တဲ့။သူကလဲ လူပျော်၊ ဘယ်နေရာရောက်ရောက် သူပါရင် ပွဲစည်တယ်ဆိုတဲ့လူစား၊ ကောင်မလေးအိမ်ရှေ့ကိုရောက်သွားတဲ့အခါကျတော့ အိမ်ရှေ့မှာ
 စင်ကလေးနဲ့ ဦးရှင်ကြီးနတ်ကို ပင့်နေတာနဲ့တိုးပါလေရော၊ အတူပါလာတဲ့သူငယ်ချင်းတွေကလဲ သူ့ကိုမြှောက်ပေးတယ်။ တကယ်ကကြပ်ပေးတာ။ မင့် ၀င်လု
 လို့မရဲပါဘူးလို့ ၀ိုင်းကြပ်ပေးတယ်။ သူကလဲ မြှောက်ပေးရင်ကွေးအောင်ကမယ့်လူစားဆိုတော့ ဘယ်နေမလဲ။ ရေငံသရိုးပိုင်ကာစိုးလို့ ဦးရှင်ကြိးတောင် ရေငံ
 ပင်လယ်ထဲပြန်မရောက်သေးဘူး ''ဟေး'' ခနဲအော်ပြီး ခလေးတွေကြားထဲ ၀င်တိုးပြီး မုန့်ဝင်လုတာကိုး။ သူလဲ ၀င်လုရော ခလေးတွေလဲဘယ်နေမလဲ အပြိုင်
 လုကြတော့တာပေါ့။ ဘော်ဒါတွေကလဲ ဘေးကနေလက်ခုပ်ဝိုင်းတီးပေးကြတယ်။ ခလေးတွေတရုန်းရုန်းနဲ့ မုန့်ဝင်လုနေတဲ့သူ့ကို ကောင်မလေးကမြင်သွားတေါ့
 တင်းတာပေါ့ဗျာ။ သူ့ကို အိမ်တိုင်ရာရောက်အရှက်လာခွဲတယ်ဆိုပြီး ဇာတ်လမ်းကပတ်ကြားအက် ဆက်လို့တောင်မရတော့ဘူးဆိုပဲ။
+14

Offline နတ်ဆိုးကြီး

  • PDF Creator
  • ဂုဏ်ထူးတန်း
  • *****
  • Posts: 378
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • သင် ဆိုးလျှင် ကျွနုပ် ရိုင်းမည်
  • Respect: +6965
Re: ကိုယ်တွေ့အလွဲများ..
« Reply #34 on: June 16, 2014, 11:44:06 AM »
နတ်နတ် တို့ လွဲပုံများ ပြောရင် ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလိုပဲ
ပြောလဲပြောချင်တယ် ...ရှက်လဲရှက်....မထူးပါဝူး ခု လူစုံတုန်း လေး ပြောရအုံးမယ်ဗျ

အဖြစ်က ဒီလို .....
အချိန်................နတ်နတ် တက္ကသိုလ်နောက်ဆုံးနှစ်
နတ်နတ်မေဂျာ.......မြန်မာစာ
နေရာ................မြန်မာစာ ပါမောက္ခ အခန်း(တွဲဖက်ပါမောက္ခ ၂ ဦးပါရှိနေ)
ဖြစ်စဉ်................အနီးကပ် ၁၀ ရက် နောက်ဆုံးနေ့ ကျောင်းကန်တော့ပွဲမှာ စာအုပ်ထည့်ဖို့ ဗီဒိုကို ဒုတိယနှစ်နှင့် တတိယနှစ်ကျောင်းသားများ စုပေါင်းလှူဒါန်းရာတွင်...ဗီဒို တံခါးတွင် စားရေးမှတ်တမ်းတင်ရန် ဆရာမကြီးညွှန်ကြား သောကြောင့် စာရေးရတယ်ပေါ့.......
ရေးရတာက "အဝေးသင်တက္ကသိုလ် ဒုတိယနှစ် နှင့် တတိယနှစ်ကျောင်းသား/သူ များ စုပေါင်းလှူဒါန်းသည်" တဲ့
အဲဒီမှာစတာပဲ.....နတ်နတ်ရယ် သူငယ်ချင်းတယောက်ရယ်ပေါ့.....
ဟိုကောင်က ...ငါကလက်ရေးမလှဘူးတဲ့ ...မင်းရေးတဲ့......အေးပေါ့..နတ်နတ်ကလဲ...(ကိုယ့်ကို မြောက်ပြောနေတာကိုး :P :P :P)
နတ်နတ်စရေးပါတယ်...ခပ်တည်တည်ပဲ....
"အဝေးသင်တက္ကသိုလ် ဒုတိယနုစ်"ရှိသေးတယ် ပါမောက္ခ က ထအော်ပါလေရော...
ဟဲ..ဟဲ ..ကျောင်းသား မှားနေတယ်....တဲ့ :o :o :o    ??? ??? ??? ???
ဂျာ ...ဘာမှားနေတာလဲပေါ့..... နတ်နတ်လဲ...ခပ်တည်တည်ပဲ....
ဆရာမကြီးရော....တွဲဖက် ဆရာမကြီး ၂ ယောက်ရော...နတ်နတ် နားကို ထလာပါလေရော...
သား...ဘယ်နှစ်ကကျောင်းသားလဲ....လို့ မေးပါလေရော....
နတ်နတ်လဲ ဂုဏ်ယူဝင့်ကြွားစွာနဲ့ .....နောက်ဆုံးနှစ်ပါ..ဆရာမကြီးဆိုတော့...
အင်း...နင့်ကို အအောင်ပေးရမှာတောင်ခန့်လန့်လန့် ဆိုပြီး ဆရာမကြီးထွက်သွားပါရောလားဗျာ... ??? ??? ??? ???
တွဲဖက် ဆရာမကြီး ၂ ယောက်ထဲက တယောက်က ...သားရေးတာက ဟထိုးနဲ့ တချောင်းငင်မှားနေတယ်.......တဲ့...

တေဇမ်း ငနတ်ရယ်...လို့သာ ...အော်..လိုက်ချင်တော့ တယ်....ဟထိုးနဲ့ တချောင်းငင် လွဲပုံများ....
+13

Offline SnowFlake

  • မဟာကျောင်းသူ
  • ***
  • Posts: 1064
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Female
  • နောက်ဆုံး ထွက်သက်ထိ ချစ်သွားမှာပါ............
  • Respect: +28570
Re: ကိုယ်တွေ့အလွဲများ..
« Reply #35 on: June 24, 2014, 10:18:43 AM »
လွဲတာလား ကွဲတာလားတော့မသိဘူး..နှင်း အဖြစ်လေး ပြောပြဦးမယ်…  ;D

ရုံးက ဒရိုင်ဘာဦးလေးကြီးတစ်ယောက် တော်တော် နေမကောင်းဖြစ်နေတယ်ဆိုလို့ 
ဆရာက နှင်းကို ခိုင်းတယ်..သတင်းသွားမေး ဆေးဘိုးဝါးခလေးပေး ပေါ့နော်..
သူ့ အိမ်က ဆင်ခြေဖုန်းရပ်ကွက်လေး တစ်ခုမှာလေ..သွားနေကျနေရာ မဟုတ်တော့ Taxi ကိုအသွားအပြန်ငှားလိုက်တယ်..(နောက်မှ ဆရာ့ဆီ ကားခပြန်တောင်းမယ်) :P

သူတို့ လမ်းထဲရောက်တော့ ဦး@@@ အိမ် ဘယ်အိမ်လည်းပေါ့နော်..
အမျိုးသမီးတစ်ယောက်က လမ်းညွှန်ပေးပါတယ်..နှင်း လည်းဆရာပေးခိုင်းတဲ့ ပိုက်ဆံရယ် ကွကို ၀ယ်လာတဲ့ ကောင်းနိုးရာရာ ဓါတ်စာလေးတွေရယ် သယ်ပြီး အိမ်လိုက်ရှာတာပေါ့..(Taxi ကိုလမ်းထိပ်မှာ ရပ်ထားခိုင်းရတယ်လေ) အချိန်က မနက် ၇ နာရီလောက်..ရပ်ကွက်ထဲက ကလေးတွေများ ၀ီရိယကောင်းချက်..မိုးမလင်းသေးဘူး လမ်းပေါ်မှာ ဆော့နေကြတာ
သိုင်းကွက်နင်းပြီးရှောင်ရတယ် တကယ်..(နွေရာသီပေကိုး) :D
ရွှေနှင်းတို့ များ ပုံမှန်ဆို ဒီအချိန်က အိပ်မက်ကောင်းတုန်း သွားစရာလေးများရှိလို့  မနက် ၆ နာရီလောက် အိပ်ရာက ထရမယ်ဆိုရင်တောင် အလန်းပေးထားမှနိုးတာ..မဟုတ်လို့ ကတော့ မေမေ့ကြိမ်လုံးပဲ..(ထားပါ အိပ်ပုတ်တာ လူသိမယ် ပြောတော့ ဘူး..)။ အဲဒီလိုနဲ့  စောစောက အစ်မကြီးညွှန်လိုက်တဲ့ အိမ်ကို ရောက်ပါလေရော..အိမ်က နှစ်ထပ် ထရံအိမ်ကလေး..ယိုင်တိုင်တိုင်နဲ့ ..ပြိုကျမှာတော့ ပူဘို့ မလိုလောက်ဘူး ဘာလို့ ဆို ဘေးအိမ်တွေနဲ့ ကပ်နေတာလေ..။
အိမ်ရှေ့ မှာကလေးတစ်ယောက် ငုတ်တုတ်လေး ထိုင်နေတယ်..
နှင်း အနားရောက်သွားတော့ ပေစောင်စောင်နဲ့ မော့ကြည့်တယ်..
ဦးလေးကြီးရဲ့မြေးလေး ထင်ပါရဲ့..သူ့ ကသားနဲ့ ချွေးမရယ် မြေးလေးရယ်
တူတူနေတာလို့ နှင်းသိထားတယ်လေ…။
အဲ့ ကလေးကို မေးလိုက်တယ်.."သားသား ဒါ ဦး@@@ တို့ အိမ်လား" ဆိုတော့ ခေါင်းညိမ့်ပြတယ်.."ဦး@@@ ရှိလား" ဆိုတော့ "ဟင့်အင်း" တဲ့..
လူမမာ ဘယ်သွားပါလိမ့် ပေါ့နော်..ဒါနဲ့ ပဲ "လူကြီးမရှိဘူးလား" ပေါ့..။ကလေးကပြန်ပြောတယ် "အဖေနဲ့ အမေ နိုးနေတယ်" တဲ့ ….နှင်းက လည်း "သွားခေါ်ပေးမလားသားသား တီတီ ပေးစရာရှိလို့ "ပေါ့..ကလေးလေးက ခေါင်းခါပြီးထပ်ပြောတယ်
"အဖေနဲ့ အမေ နိုးနေတာအန်တီ" တဲ့ ..ကဲ..စိတ်က မရှည်တော့ဘူး ဒီအချိန်က လူတိုင်းနိုးတဲ့ အချိန်ပဲကော.။နှင်းလွှာတောင် နိုးလို့ ပဲ လမ်းပေါ်ရောက်နေဘီ..ဂယ်ဘဲ..စိတ်ကလေး နဲနဲလျှော့ပြီးထပ်ပြောလိုက်တယ်.."အေးလေ သားရယ် နိုးနေရင် သွားခေါ်ပေးလေ တီတီက အလုပ်သွားရဦးမှာ ချိန်သိပ်မရလို့ ..နော်.".။အာပေတူးလေးက ပေကြောင်ကြောင်နဲ့ ရယ်..နောက်တစ်ခါ ထပ်ပြောတယ် "အဖေနဲ့ အမေ နိုးနေ"..အာာာ ထွက်လာဘီ ဒေါသ.. >:( ဒင်းကို ပြောမနေတော့ဘူး ကွကိုပဲ ခြံတံခါးတွန်းဖွင့်ဝင်လိုက်တယ်..(ခြံတံခါးဆိုပေသိ အိမ်နဲ့ က ၇ပေ ၈ပေ လောက်ပဲခြားတာပါ)

ရောက်ပြီအိမ်ပေါက်ဝ..မအော်ခေါ်သေးဘူး…. စောစောက တင်းနေတဲ့ မျက်နှာကြောကို အရင်လျှော့ရသေးတယ်လေ..အဲဒီတုန်း ခနော်နီခနော်နဲ့  အိမ်ကလေးက တသိမ့်သိမ့်နဲ့ လိုပဲ…ဘုတ်ဒေါ…ငလျှင်လှုပ်တာလား… ???
ချက်ခင်းပဲ အာပေတူးလေးက ပြေးဝင်လာပြီး အိမ်ထဲဝင်သွားတယ်..၁..၂…၃…….
စကန့် အနည်းငယ်အကြာမှာ ထွက်လာပါတယ် သူ့ အဖေ….။
မျက်နှာက နီရဲ..ပုဆိုးစွန်တောင်ဆွဲနဲ့ ..နောက်တော်ပါးက မဒီကညာ ချက်ချင်းလိုက်ထွက်လိုက်လာတယ်..ထမီရင်လျှားးးးး…အလိုလေး ပါလေရာရွှေနှင်း
မျက်လုံးပြူးတွားဘီ… ??? အဲ့ အမျိုးသမီး ၀တ်ထားထာ ထမီက ထက်ဆင် ဇောက်ထိုးကြီး...… :P

ကတောက်..အဲဒီတော့မှ အာပေတူးလေးကို ပြန်ကြည့်မိတယ်..ဒီကလေး မွေးရာပါ အာခေါင်ကွဲလေးပဲ..နှုတ်ခမ်းမှာ ချုပ်ရာလေးနဲ့ ..။
ဒါကြောင့် သူပြောနေတာ အဖေနဲ့ အမေ ……..… ဟီးဟီး…သူစကားမပီတာဘဲ..။
နငယ် နဲ့  လ နဲ့ အသံ မှားထွက်နေတာ….။မျက်နှာတွေ ပူပါဘိ တော်.. :-[
စကားရှည် မနေတော့ပဲ ပေးစရာရှိတာ သွက်သွက်ပေးပြီး သုတ်သုတ် ပြန်လာခဲ့ပါတယ်..လူမမာ ဘယ်သွားနေလဲတောင် မမေးမိဘူး.. :-X
လမ်းထိပ်ပြန်ရောက် Taxi ပေါ်တက်..။ကားပေါ်မှာ တစ်ယောက်တည်း တခိခိ ရယ်မိတော့…..ကားသမားက back မှန်ကနေ လှမ်းကြည့်တယ်….။
ချက်ချင်းမျက်နှာပိုးသပ်…ခေါင်းမော့ပြီး နှုတ်ခမ်းကို တင်းတင်းစေ့..
မျက်မှောင်ကျုံ့ ထားပလိုက်တာပေါ့…. >:(

ဟွန်းး ဘာဖြစ်လဲ…ငါ့ဟာငါရီတာ…..နင်နဲ့ ဘာဆိုင်လဲ…..
ကိုယ့်အလုပ်ကိုယ်လုပ်….…တေတွားမယ် ဘာမှတ်နေလဲ…… >:( >:( >:(
+34
« Last Edit: June 24, 2014, 10:25:27 AM by SnowFlake »
အဆင်ပြေရင် ထောင်ပေးနော်
  လက်မ

Offline SnowFlake

  • မဟာကျောင်းသူ
  • ***
  • Posts: 1064
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Female
  • နောက်ဆုံး ထွက်သက်ထိ ချစ်သွားမှာပါ............
  • Respect: +28570
Re: ကိုယ်တွေ့အလွဲများ..
« Reply #36 on: September 30, 2015, 01:27:22 PM »
လွဲတယ်ပဲ ပြောပါတော့မယ်.. တကယ်က အရှက်ကွဲတာ..
ဝိုင်းလှောင်မယ့်လူ မရှိတာပဲ တော်သေးတယ် ပြောရတော့မှာ..  :-[

ပုံပြင်လေးက ဂလို.. နှင်းလွှာက ကျောင်းမှာတင် ပါလေရာ မဟုတ်ဘူးလေ.. အလုပ်ထဲမှာလည်း
တောက်တိုမည်ရ ဆိုတော့ မပါချင်လည်း ပါ.. ပါချင်လည်း ပါရတာပေါ့.. တစ်ရက် အလုပ်ကိစ္စနဲ့
နိုင်ငံခြားသား တစ်ယောက် နှင်းတို့ ရုံးကို လာရတယ်.. ဆရာက နှင်းကို သွားကြိုခိုင်းတယ်ပေါ့နော်..
ဖြစ်ချင်တော့ အဲ့နေ့က ရုံးက ကားတွေ တစ်စီးမှ မအားဘူး.. အာ့နဲ့ ဆရာက သူ့ကားပဲ ယူသွားလိုက်
ဆိုပြီး ပြောရော.. ပြဿနာက အာ့မှာ စ တာ.. :-[

လက်ထဲ လှမ်းပေးလိုက်တဲ့ ကားသော့မှာ သော့ချိတ်ပုံစံက အဆန်း.. ရာဘာ အပျော့ပါးပါးလေးနဲ့
အိတ်လို ဖြစ်နေတဲ့အထဲမှာ အလုံးပျော့စိစိလေး တစ်လုံးပါတယ်.. ပုံစံက မြင်သာအောင် ပြောရရင်
ရှုံ့အိတ်ထဲမှာ ဂေါက်သီးလုံးလေး ထည့်ထားသလိုမျိုးပေါ့.. တကယ်လည်း အထဲက အလုံးက ဂေါက်သီးလုံး
သာသာလောက် ရှိတယ်.. အရောင်က အဖြူကိုမှ ခဲရောင်လိုလို နို့နှစ်လိုလို ခပ်ညစ်ညစ် အရောင်..
သေချာ ကိုင်ကြည့်ရင် အဲ့ အိတ်ပျော့မှာ ပိတ်စပေါ်က အရိပ်ပန်းဆန်ဆန် အကွက်အကွက်လေးတွေ
ပါသေးတယ်... အထဲက အလုံးကလည်း ပျော့စိစိ.. ညှစ်လို့ တအားကောင်းပဲ.. နောက်ပြီး အိတ်ထဲမှာ
အရှင် ထည့်ထားတော့ ညှစ်လိုက်ရင် ပျော့စိစိ လည်တည်တည်လေး.. စိတ်ထဲတော့ တွေးမိလိုက်တယ်..
နောက်ရက်ကျ ဆရာ့ကို မေးအူးမယ်ပေါ့.. ဆရာ ဒါလေး ဘယ်က ၀ယ်တုန်း ဆိုပြီးလေ.. လူငယ်က
အာ့လိုမေးလိုက်ရင် လူကြီးတွေက အထာပေါက်တယ်ကော.. ညည်းကြိုက်လို့လား.. ကြိုက်ရင် ယူလိုက်
ဆိုတာမျိုးး.. ရွှေနှင်းလွှာ လိုချင်လာရင် အာ့လို ညာတောင်းနေကျ..  8)

အာ့နဲ့ တိုတိုပြောရရင် ရောက်ရော လေဆိပ်.. အချိန်က မဆိုစလောက်လေး စောနေတော့ စတီးခုံတန်းလေးမှာ
ထိုင်စောင့်နေလိုက်တယ်.. ပျင်းပျင်းရှိတာနဲ့ လက်ထဲက ပျော့စိစိ အလုံးလေးကို ကြည့်လိုက်..
ညှစ်လိုက်.. တော့တော့ပြီး ဆော့လိုက်.. ပါးနဲ့တောင် ကပ်ပြီး ပွတ်နေမိသေးတာ.. အဲ့မှာဟယ်
အနားက ဖြတ်သွားဖြတ်လာတွေက လူကို ကွက်ကြည့်ကွက်ကြည့်နဲ့.. နှင်းလည်း ခပ်တည်တည်ပေါ့နော့..
ငါ ဘယ်လောက်များ လှနေလို့ ဂလို လည်ပြန် ကြည့်နေကြတာလဲပေါ့.. ပြသောသူ ကုသိုလ်ရ၏ ဆိုတော့လည်း
ကြည့်ပါစေပေါ့လေ.. ခဏနေတော့ လူတစ်ယောက်၊ မျက်စောင်းထိုးလောက်က ခုံမှာ လာထိုင်ပြီး လူကိုတလှည့်၊
လက်ထဲက ပျော့စိလေးကို တလှည့် ကြည့်ပြီး ပြုံးစိစိနဲ့.. နှင်းစိတ်ထဲ အော်.. သူလည်း ငါ့လိုပဲ ဒီကီးရင်းဂ်လေး
ကြိုက်ပုံ ရတယ်လို့.. ကိုယ်က ညှစ်ကောင်းကောင်းနဲ့ ပယ်ပယ်နှယ်နှယ် ကိုင်ညှစ်နေတာကိုးး..

အာ့မှာ စိတ်ကတွေးမိတယ်.. ငါ ဂလို ကိုင်ညှစ်နေတော့ ခမျာ ဘာပုံစံမှန်း သိချင်ရှာတာနေမယ်လို့..
သူက လက်ထဲကဟာကို သေချာကြီးကြည့်နေတော့လေ.. အာ့နဲ့ပဲ ထိုင်ခုံ အစွန်းကို လက်လေးထောက်၊
သော့ကွင်းလေးကို လက်ညှိုးမှာ ချိတ်ပြီး မြင်သာအောင် ပြပေးလိုက်တယ်.. အိတ်ပျော့လေးက ခုံစွန်းမှာ
ရမ်းတမ်း ရမ်းတမ်းနဲ့ပေါ့.. ဒီဇိုင်းဆန်းဆန်း ကီးရင်းဂ်လေးကို မြင်ဖူးကြစေချင်တဲ့ စေတနာပါဟယ်..
သေချာ ပြလိုက်ကာမှ ကိုယ်တော်က ကျိတ်ရယ်တာလေ.. နှာခေါင်းကိုပဲ ကုတ်သလိုလို.. ဖုန်းထုတ်ပြီး
တစ်ခုခုကြည့်ရင်းပဲ ရယ်နေသလိုလို.. တခွိခွိနဲ့.. >:(

ခဏနေတော့ လေယာဉ်ဆိုက်တယ်.. နှင်း စောင့်နေတဲ့ ဧည့်သည် ရောက်တယ်.. အရင်က ခဏခဏ
လာဖူးတဲ့သူဆိုတော့ နှင်းကို မှတ်မိပြီး အာဘာယာဘာ လုပ်စရာ မလိုဘဲ ကားဆီခေါ်ခဲ့လိုက်တယ်ပေါ့..
အာဘာယာဘာ ဆိုတာ သိတယ်မဟုတ်လား.. နှင်းက ဘိုစကားကို ယက်ရယ်နိုးရယ်ကလွဲရင် ကျန်တာ
ဘာမှ သိဝူး.. အာ့တော့ ဘိုတွေနဲ့ ပါတ်သက်ရမယ်ဆိုရင် လက်ဟန်ခြေဟန်နဲ့.. အာဘာယာဘာပဲ..
နောက်ပြီး အာ့ခါမျိုးကျ လူက အလိုလို အိနြေ္ဒရှင် ဖြစ်သွားတယ်.. စကားလည်း နည်း.. ပြုံးခဲ ရယ်ခဲ ပေါ့..
သူဘာပြောမှန်း နားမလည်ဘဲ ရယ်လိုက် ပြုံးလိုက် လုပ်နေရင် သောက်ပေါရီး ဖစ်တွားမှာပေါ့ နော့.. ;)

ကားထွက်ခါနီး ဆရာက ဧည့်သည်ကို (……) ဟိုတယ်ကို ခေါ်သွားခိုင်းတယ်.. ရုံးလည်း ဆင်းကာနီးဆိုတော့
သူ အဲ့ကိုလာခဲ့မယ်.. တစ်ခုခု ကျွေးရင်း စောင့်နေလိုက် ဆိုတော့.. ရွှေနှင်း အကြိုက်ပေါ့.. ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆို
ဟိုတယ်က ကော်ဖီ မပြောနဲ့ ရေသန့်ဗူးတောင် ၀ယ်မသောက်နိုင်ဘူးလေ.. အဲ့မှာ ရောက်သွားပြီ ဟိုတယ်..
စားစရာ မှာခါနီးတော့ ခက်ကရော.. သူ ဘာစားမလဲ မမေးတတ်ဘူးလေ.. ၀ိတ်တာလေးက မေးမြန်းပြီး
ကြည့်လုပ်ပေးသွားပါတယ်.. နှင်းလည်း ဘိုနဲ့ တွဲဝင်လာပြီး ကိုယ် ဘိုလို မတတ်တာ လူသိပြီဆိုတော့ စိတ်က
ရှက်ကိုးရှက်ကန်းပေါ့ဟယ်.. အာ့နဲ့ စိတ်ငြိမ်အောင် လက်ထဲရှိတဲ့ ဟို ပျော့စိစိလေးကို ပယ်ပယ်နှယ်နှယ်
ထိုင်ညှစ် နေလိုက်တယ်.. အာ့မှာ ၀ိတ်တာကောင်လေးက ရယ်ကျဲကျဲ.. ရှေ့က နိုင်ငံခြားသားကလည်း ပြုံးစိစိ..
ဆိုးတာက သူတို့ မျက်နှာတွေကြည့်ရတာ ရှက်ကိုးရှက်ကန်းလိုလို.. နှာခေါင်းကုတ် နားထင်ကုတ်နဲ့လေ..  >:(

ခဏနေတော့ ဆရာရောက်လာ.. စားကြသောက်ကြပေါ့လေ.. သူတို့ ချင်း စကားပြောနေတဲ့အချိန်
ကိုယ်က ဘာမှ မသိတော့ နေရတာ စိတ်ကျဉ်းကြပ် လာပြန်ရော.. အာ့နဲ့ပဲ လက်ထဲက ပျော့စိလေး
ထိုင်ညှစ် နေရပြန်တာပေါ့.. ဆရာက မျက်စောင်း လှည့်လှည့်ထိုးတယ်.. ကြည့်ရတာ နှင်း အညှစ်လွန်လို့
သူ့ပျော့စိလေး ပေါက်သွားမှာ စိုးတယ်နဲ့ တူပါတယ်.. နောက်ဆုံး နှင်းလက်ထဲက သူ့ကားသော့ကို
ပြန်တောင်းတယ်.. အပြန်ငါ့ဘာငါ မောင်းမယ်.. ပေး ကားသော့ တဲ့.. ကားသော့ပဲ မောင်းခါနီးမှ
ယူလည်း ရတာဟာကို နော့လေ..  >:(

နောက်နေ့ကျ စနေ ရုံးပိတ်တယ်.. အမ ၀မ်းကွဲ အိမ်မှာ တူမလေးတွေ စာပြပေးဘို့ လှမ်းခေါ်လို့ သွားရရော..
စာလုပ်ပြီးတော့ မမက ညနေ ဆိတ်သား ပလာတာ ချက်စားမယ် ဆိုပြီး ဈေး သွားတယ်.. ထုံးစံတိုင်း
ရွှေနှင်း ခြင်းဆွဲပေါ့.. အာ့မှာ ဆိတ်သားဆိုင်ရောက်တော့ မိရွှေနှင်း ဒွတ်ခ များတော့တာပဲ.. ဆိုင်မှာ
တွဲလောင်း ချိတ်ထားတဲ့ ဆိတ်ပေါင်တွေ ကြားမှာ မနေ့က ကားသော့နဲ့ တစ်ပုံစံတည်း တူတဲ့ တစ်စုံတစ်ခု..
လူက အတွေးပေါင်း စုံသွားပြီ.. ဘာကြီးတုန်း ဟ ပေါ့.. အာ့မှာ မမက တံတောင်နဲ့ ကပ်တွတ် တယ်..
ဘာတွေ လိုက်ကြည့်နေတာလဲ ပြူးတူးပြဲတဲနဲ့ တဲ့.. အာ့နဲ့ အဲ့ဟာကြီးကို ထိုးပြလိုက်တော့ ဆိတ်သား ရောင်းတဲ့
အိန္ဒိယ လူမျိုး ဦးလေးကြီးက မေးရော.. ဟာရေးး အားးမကြီး.. ဖိုက်တင်းဘော နော်.. အားးရှိဒယ်..
စားးကောင်းဒယ်.. အရင်းး ရက်တွေ နော်.. ဒီးးချိန်ဆို ကုန်းးဘီ.. ယူးး သွားမလား အားးမ..

မမ ဘာတွေ ပြန်ပြောလို့ ဆိုင်က ဘယ်လို ပြန်ထွက်လာဖြစ်ကြလည်း ဘာမှကို မသိတော့ဘူး..
နားထဲတော့ ဦးလေးကြီး ပြောတဲ့ ဖိုက်တင်းဘောနော်.. အားရှိတယ် ဆိုတာပဲ ကြားပြီး ကိုယ့်စိတ်နဲ့ကိုယ်
ရှက်လို့ သေတောင် သေချင်တယ်.. အိမ်ပြန်ရောက်တော့ မမက ခဲအိုကို ပြောပြပြီး ရယ်ကြပြန်ရောပေါ့..
မိနှင်းတစ်ယောက် မီးဖိုချောင် နိုင်နင်းချက်.. ဒီအရွယ်ကြီး ရောက်နေပြီ.. ဆိတ် ဖိုက်တင်းဘောတောင်
ဘာမှန်း မသိဘူး ဆိုပြီးလေ..  8)

 :'(.. သူတို့က အာ့လောက်ပဲ သိလို့ အာ့ကိုပဲ လှောင်ကြတာ.. တကယ်က ဒီမိရွှေနှင်း
လူကြား သူကြားထဲ အဲ့ ဖိုက်တင်းဘောကြီး ပယ်ပယ်နှယ်နှယ် ထိုင်ညှစ်နေခဲ့တာ
သူတို့မှ မသိတာ..  :'( :-[

အလွဲများစွာနှင့် ဖွဲ့စည်းထားသော
       :-[ နှင်းလွှာ :-[
+16
« Last Edit: September 30, 2015, 01:49:54 PM by SnowFlake »
အဆင်ပြေရင် ထောင်ပေးနော်
  လက်မ

Offline မှင်စာ

  • ပထမနှစ်
  • *
  • Posts: 49
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +469
Re: ကိုယ်တွေ့အလွဲများ..
« Reply #37 on: September 30, 2015, 01:48:59 PM »
မမနှင်းတို့ femdom လုပ်ဖို့ အညှစ်လေ့ကျင့်နေတာဖြစ်ရမယ်။ :D :D :D
+3

Tags: