Author Topic: ကိုယ်တွေ့အလွဲများ..  (Read 39617 times)
0 Members and 1 Guest are viewing this topic.
Offline phonezaw69
  • ဘွဲ့ရ
  • ******
  • Posts: 524
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • shut up & kiss me
  • Respect: +10605
Re: ကိုယ်တွေ့အလွဲများ..
« Reply #20 on: February 24, 2012, 10:47:58 AM »
       မောင်ဖုန်း သူငယ်ချင်းတစ်ယောက်က  တရုတ်တန်းဘက်က  မြို့ နယ်တစ်ခုမှာ  L - 4  အနေနဲ့  လုပ်တယ်.. ။  သူတို့ ရုံးက  ဦးစီးမှူးက
ပင်စင်သွားဘို့  ၃ - ၄ နှစ်သာ လိုတော့တာ.. လျှော့တော့ မလျှော့ဘူး..။  ညနေရုံးဆင်းပြီဆို   ၃၆ လမ်းထဲက  ပင်လယ်ပြာ  ဆိုင်မှာ သောက်
ပြီ...။ တစ်ရက် မောင်ဖုန်း သူငယ်ချင်းဆီသွားလည်တာ.. သူလိုက်နေတဲ့ တရားခွင်ကို မရောက်ဘူးလို့  လိုက်လေ့လာတာလေ...။
       ထုံးစံအတိုင်း ညနေကျတော့ ၀ိုင်းဖွဲ့ ပြီးသောက်ကြတယ်..။  ငါးယောက်ကို လေးထောင့် နှစ်လုံး ကုန်သွားတယ်..။  ဦးစီးမှူး က  ရစ်တုန်း  ။
ပစ်မယ် ဆိုတာချည်းပဲ...။ သူ ပြောတာ နားမလည်တော့ အသာငြိမ်နေရတယ်..။ သူငယ်ချင်းက သူ့ ဆရာအကြောင်းသိနေတော့ ရီရီမောမောပဲ..။
လက်ကျန်လေးသောက်ပြီးတော့ ၀ိုင်းသိမ်းလိုက်ကြတယ်..။  မောင်ဖုန်း မင်းလဲလိုက်ခဲ့  ဆိုပြီးခေါ်တာနဲ့  တစ်ခါမှ မရောက်ဘူးတဲ့ သိမ်ကြီးဈေး ရှန်
ဟိုင်း အပေါ်က နိုက်ကလပ်ရောက်သွားတယ်..။  နာမည်တော့မမှတ်မိတော့ဘူးဗျ..။  ဓါတ်လှေကားစီးပြီး တက်သွားရတယ်..။ အဲ့ဒီနေရာက သူတို့ 
အပိုင်မှာဆိုတော့ ခဏခဏသွားကြတယ်နဲ့ တူတယ်ဗျ..။ 
       အခန်းထဲမှာ ဆိုဖာဆက်တီတွေ ချထားပေးတယ်...။ နှစ်ယောက်ထိုင် သုံးယောက်ထိုင် ဆိုဖာတွေ...စားပွဲခုံတွေနဲ့  ။   အဲ့ဒီရှေ့ မှာမှ အက ကြမ်း
ရာကို လာနှုတ်ဆက်တယ်...။ ဒီဆရာ..တော်တော် သောက်နိုင်တဲ့လူဗျာ...အခုလဲ ထပ်ချပြန်ပြီ...။ မောင်ဖုန်းကတော့ သောက်တယ်ဆိုရုံလေး. စတိပဲ
သောက်တော့တယ်..။ သူ  က တစ်ခွက်ချပြီးတာနဲ့  ကပွဲကြမ်းပြင်မှာ သွားကတယ်..။ ဟီးဟီး..ပုဆိုးကြီးနဲ့  ကနေတာ. ဖိုးယိုးဖားယား နဲ့ ဗျာ.။ ပြန်လာ
တော့ ကောင်မလေးတွေ ပါလာတယ်...။  မောင်ဖုန်းတို့ ဘေးမှာ ကောင်မလေးတွေ တစ်ယောက်စီ ဖြစ်သွားတယ်...။  ထိုင်တယ်ဆိုတာနဲ့  ဆရာသမား
လက်သွက်သလားမမေးနဲ့  ဗျို့ ....ဘယ်ဘက်က ကောင်မလေးရော..ညာဘက်က ကောင်မလေးရော..ကိုင်တော့တာပဲ...။
       မောင်ဖုန်းခမျာတော့ အခြေအနေက ဘာမှန်းမသိတာရော..လှုပ်လဲ မလှုပ်ရဲလို့  ..ဘေးနားက ကောင်မလေးကိုပဲ ပုခုံးလေး ဖက်ထားဖြစ်တယ်...။
ဟုတ်တယ်လေ... သူတို့ ဆရာသမားတွေ လှုပ်ရှားတာ အနီးကပ်ရှိတဲ့သူပဲ သတိထားမိတာ..အဝေးက မမြင်ရဘူး..။  မောင်ဖုန်း ကျတော့ ဆတ်ဆော့ပြီး
တာ  ဘယ်မြင်ရမလဲ...။  အဲ့နေ့ က မောင်ဖုန်း ကံမကောင်းဘူး... :-\ :-\ :-\ :-\ :-\
+21
ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်
Offline phonezaw69
  • ဘွဲ့ရ
  • ******
  • Posts: 524
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • shut up & kiss me
  • Respect: +10605
Re: ကိုယ်တွေ့အလွဲများ..
« Reply #21 on: February 29, 2012, 02:24:25 PM »
       မောင်ဖုန်းသူငယ်ချင်း ရန်ကုန်မှာ အနေကြာတော့ သူ့ ကို နယ်ပြောင်းလိုက်တယ်... ဖာပွန်တဲ့...။ မသွားခင် နှုတ်ဆက်ပွဲ
လုပ်တော့ အားလုံးက မှာစရာရှိတာ ၀ိုင်း မှာကြာတာပေါ့ဗျာ..။  လူပျိုလူလွတ်..အရာရှိငယ်တစ်ယောက်ဆိုတော့  အနေအထိုင်
ဆင်ခြင်ဘို့ ကအစ..သွားတာလာတာ ဂရုစိုက်ဘို့ အဆုံး မှာကြတာ...
       "       မင်းက အော်ကွိထောင် ( တရုပ်လို ဖာခေါင်း ) ဆိုတော့ ဖာပွန် ပြောင်းရတာနေမှာပေါ့ကွာ...ပညတ်ဖက်ရာ
               ဓါတ်သက်ပါ ဆိုသလိုပေါ့..   "
       "       ဟေ့ကောင်.. ဖာပွန်ဆိုတာ သွားရေးလာရေးခက်တယ်နော် ဂရုစိုက်..ငှက်ဖျားကလည်း ပေါနဲ့   အရက်ချည်း
               လှိမ့်သောက်မနေနဲ့ ..     "
       "       ကောင်မလေးတွေ လည်း ကြည့်ရှောင်ကွ...ဒွေးအချိုး လေးတိုးကို ပြောင်းပြန် မလုပ်နဲ့ ...လေးအချိုးကို  ဒွေး
               တိုးလို့ က အာမခံတောင် ရမှာ မဟုတ်ဘူး...   "
       ဒီလိုနဲ့ မောင်ဖုန်း သူငယ်ချင်း ဖာပွန် ပြောင်းသွားလိုက်တာ တစ်နှစ်နေလို့ လည်း ဘာသံမှ မကြားရ...နှစ်နှစ်ကျော်မှ ဖုန်းဆက်
လာသည် ..။
       "       အစ်ကိုဖုန်း...ကျနော် ရန်ကုန်ပြန်ရောက်ပြီဗျ...။ ဘယ်မြို့ နယ်မှာ တာဝန်ကျတယ်..။ နောက်မှ ကျနော့်မိန်းမခေါ်ပြီး
               လာခဲ့မယ်... "
       "       ဟာ...အစ်ကိုကလည်း ၂ နှစ်ကြီး..၂ နှစ်ငယ်ပါဗျ....   "
       "       အဲ့ဒါဆိုရင်တော့ ကောင်းပါတယ်ကွာ...  "
       "       ဟုတ်ဘူး အစ်ကိုရ...၂ နှစ်ကြီး..၂ နှစ်ငယ်က  သူ့ အမေနဲ့ ဗျ..   "
       "        :-\ :-\ :-\ :-\ :-\     "
(click to show/hide)
+15
« Last Edit: February 29, 2012, 02:52:07 PM by phonezaw69 »
ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်
Offline phonezaw69
  • ဘွဲ့ရ
  • ******
  • Posts: 524
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • shut up & kiss me
  • Respect: +10605
Re: ကိုယ်တွေ့အလွဲများ..
« Reply #22 on: March 05, 2012, 10:57:46 AM »
       ပြောခဲ့ပြီးသလို မောင်ဖုန်း လက်အောက်မှာ တပည့်မလေးတွေက အယောက် ၂၀ လောက် ရှိတာ..။ အဲ့ဒိထဲမှာ   ချိုချို
ဆိုတဲ့ ကောင်မလေးလည်း ပါသဗျ...။ သူက စကားပြောရင် "  ချိုချိုကလေ...ချိုချိုကလေ   "  နဲ့ သူနာမည် ထည့်ထည့်ပြော
တတ်တယ်...။ ပြီးရင် သိတဲ့အတိုင်း သူတို့ နဲ့  တွဲပြီးသွားမိလို့ က မောင်ဖုန်း လက်မောင်းကို ဖက်ပြီး သူ့ တို့  နို့ ကြီးတွေနဲ့  ဖိ
ထားတတ်တာ..။ ဘယ်လိုပြောပြော မရဘူး..."  နင်တို့  ငါ့ လက်မောင်းဖက်ထားတာ အကြောင်းမဟုတ်ဘူး..ငါ အနေရခက်
တယ်ဟ.. "  ပြောလည်း ရီနေကြတာ...။ ဒီတစ်ယောက်မဟုတ် နောက်တစ်ယောက်လည်း ဒီအတိုင်းပဲ...။ သူတို့ က စိတ်သန့် 
သန့် နဲ့  ဆိုရင်တောင်..မောင်ဖုန်းက အာသဝေါကုန်ခမ်းနေသူမှ မဟုတ်တာ...။
       ဒီရက်ပိုင်းထဲမှာတော့  လွဲတာမောင်ဖုန်း မဟုတ်ဘူး..။ မောင်ဖုန်း တပည့်မလေးတွေထဲက အိမ်ထောင်သည်မလေး.ဗျ.။
သူက အိမ်ထောင် စောကျပြီး ကလေးတစ်ယောက် ရနေပေမဲ့ သူ့ ယောင်္ကျားက လေဖြတ်နေတာ သုံးနှစ်လောက် ရှိနေပြီ..အဲ့ဒီ
တော့ တောင့်တုန်း ဖြောင့်တုန်း နို့ ကြီးတွေဆို အယ်နေတာပဲ...။  ;D ;D
       အဲ့ဒီနေ့ ခင်းတုန်းက မောင်ဖုန်း အစီရင်ခံစာရေးနေတာ ချိုချို  ရောက်လာပြီး ဘေးနားမှာ လာပွားနေတယ်..။ တစ်ချိန်လုံး
"  ချိုချိုကလေ...ချိုချို့ ကိုလေ.. ချိုချို သိတယ်..သိလားဆရာ.. "  နဲ့ တွတ်ထိုးလိုက်..စကားပြောရင်းနဲ့  သူ့ ရင်သားနဲ့  ပွတ်သီး.
ပွတ်သပ်လုပ်လိုက်နဲ့   တဖြည်းဖြည်း အာရုံနောက်လာတယ်.။ မောင်ဖုန်း အဖြစ်ကို ကြည့်ပြီး အိမ်ထောင်သည်မလေးကတော့ သ
ဘောတွေကျလို့ ...။
       မောင်ဖုန်းလဲ စိတ်ပေါက်ပေါက်နဲ့  ချိုချို့ ကို ပြောလိုက်တယ်... "  သွားစမ်းဟာ...ဒီမှာ အရေးကြီးနေရတဲ့ကြားထဲ..လာစားနေ
တယ်... မသွားလို့ ကတော့...ဟင်း..  "  "  အမ်မယ်..မသွားတော့ ဘာဖြစ်လဲ ကိုယ့်ဆရာပဲဟာ... "  ..အေးး..မသွားလို့ ကတော့...
ဆိုပြီး မောင်ဖုန်း ပုခုံးကို လက်ဝါးလေးနဲ့  ဖတ်ကနဲရိုက်ပြီး စိတ်ကောက်သလို ခြေဆောင့်ထွက်သွားတယ်..။ အဲ့ဒိတော့မှ မနေနိုင် မ
ထိုင်နိုင် အိမ်ထောင်သည်တပည့်မလေးက ၀င်ပြောတယ်...။ "  ဟုတ်သားပဲဆရာကလည်း..ကောင်မလေးကို အဲ့လိုပြောရလား..ကျမ
ကိုပြောတာဆို ဟုတ်သေးတယ်... "  တဲ့... :-\   သူကတော့ အိမ်ထောင်သည်မို့  တော်သေးတယ်လို့ ပေါ့လေ...
       မောင်ဖုန်း ပါးစပ်ကလည်း လွှတ်ကနဲ ထွက်သွားတယ်... "  အဲ့ဒါဆို နင့်ကို ငါက ချိုချိုရမှာလား...  "  ဆိုတော့ ..စကားမေး မရ
တော့ဘူး...ပြေးလိုက်တာ တန်းလို့ .... ;D ;D ;D ;D ;D
+21
ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်
Offline phonezaw69
  • ဘွဲ့ရ
  • ******
  • Posts: 524
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • shut up & kiss me
  • Respect: +10605
Re: ကိုယ်တွေ့အလွဲများ..
« Reply #23 on: March 10, 2012, 01:33:04 PM »
     မောင်ဖုန်း အိမ်ပြန်ရောက်ရင် အိမ်ရှေ့ ဝရန်တာထွက်ပြီး  လမ်းပေါ်မှာ ကလေးတွေ ကစားနေတာ ကြည့်ရင်း အမောဖြေတတ်တယ်ဗျ.
ဒီနေ့ မောင်ဖုန်း အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း ၀ရန်တာမှာ ရပ်ရင်း ကလေးတွေ ကစားနေတာ ကြည့်နေတာပေါ့ဗျာ...ကလေးတွေက
လည်း မောင်ဖုန်းတို့ တိုက်က ပါသလို မျက်နှာချင်းဆိုင်တိုက်က ကလေးတွေလည်း ပါသဗျ...။ ဆော့တာကလည်း ယောင်္ကျားလေးရော.မိန်း
ခလေးတွေရော ဆော့နေလိုက်ကြတာ..ကစားနည်းကို စုံလို့ ...။ ဆော့ရင်း ငြင်းကြ ခုန်ကြ..သီချင်းတွေဆိုကြနဲ့ . .သူတို့ ကိုကြည့်ပြီး  မောင်
ဖုန်းတောင် ကလေးဘ၀ ပြန်ရောက်ချင်မိတယ်...။ ကြည့်လေ.ဆိုနေတဲ့ သီချင်းကိုက ကိုမြကြီးဆိုခဲ့တဲ့ သီချင်း..သူတို့ ဆိုမှ ပိုပြီး ရသ မြောက်
သွားတယ်....
       "       ဖေဖေကြီး...ဖေဖေကြီး...ဖေဖေကြီးကို ချစ်တယ်.... "   ဆိုတဲ့ သီချင်းဗျာ.သူတို့ ဆိုကြတော့..ဒီလို..."   ဖေဖေကြီး..ဖေဖေကြီး...မေ
မေကြီးကို ချစ်တယ်.... "  ဖြစ်သွားရော..... ;D   ခဏနေတော့ မောင်ဖုန်းတို့ တိုက်ပေါ်က  ကောင်လေးတစ်ယောက် ရေသန့် ဘူးလေး  လက်က
ကိုင်ပြီး ပြေးဆင်းလာပြန်တယ်....ပါးစပ်ကလည်း သီချင်း မဟုတ်..ဘာမဟုတ် ကို အကျယ်ကြီး အော်ဆိုလာတယ်...။  "  ဖေဖေကြီးက မေမေကြီး
ကို အာဘွားပေးတယ်...ဖေဖေကြီးက..မေမေကြီးကို အာဘွားပေးတယ်....."  ကျန်တဲ့ကလေးတွေက ဘာမှန်း ညာမှန်း မသိလိုက်ဆိုကြတာ   တစ်
လမ်းလုံး  ဆူနေတာပဲ....။  ကလေးတွေ သီချင်းသံကြားမှ ကိုယ်မဟုတ်သလိုပေါ့လေ....အိမ်ရှေ့ ၀ရန်တာကို အလျှိုအလျှို ထွက်လာ လိုက်ကြတာ
အဖေ..အမေတွေ..။  ဟိဟိ..အဲ့ဒီမှာ ကံဆိုးတာက မောင်ဖုန်းတို့  အပေါ်ထပ် ဘယ်ဘက်က အခန်းက လင်မယား....။  ရှေ့ တိုက် အခန်းတစ်ခန်းက
ကောင်မလေးတွေက မောင်ဖုန်းတို့ အပေါ်ထပ်က စောစောက လင်မယားကို ကြည့်လိုက်...ခစ်ခစ်..ခစ်ခစ် လုပ်လိုက် ဖြစ်နေတော့..မောင်ဖုန်းလည်း
ဝရန်တာကိုကျော်ပြီး မော့ ကြည့်လိုက်မိတယ်....။  ဟုတ်ပါ့ဗျာ......မိန်းမက ယောင်္ကျားဝတ် စွတ်ကြယ်ကြီး ၀တ်လို့ ...ယောင်္ကျားက  ရှပ်အင်္ကျီ ၀တ်
ထားတာ ကြယ်သီးပေါက်တွေလွဲလို့ ....အင်္ကျီက တစ်စောင်းကြီး ဖြစ်နေလိုက်တာ.....ကိုယ့်ဟာကိုယ် အခန်းထဲနေရင် မသိလိုက် မသိဘာသာ ဖြစ်ဦး
+15
ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်
Offline phonezaw69
  • ဘွဲ့ရ
  • ******
  • Posts: 524
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • shut up & kiss me
  • Respect: +10605
Re: ကိုယ်တွေ့အလွဲများ..
« Reply #24 on: March 14, 2012, 10:28:40 AM »
       ပုံပါကျင်ရွာလေး ( အခုတော့ မြို့ နယ်ခွဲ ဖြစ်နေပြီ ) မှာ အနေကြာလာတော့ ရွာသူရွာသားတွေနဲ့ လည်း ရင်းနှီးလာပြီ...သုံးဆယ့်
ခြောက်ကောင်လဲ ထိုးတတ်လာပြီ...။  ရွာလေးမှာက ရှမ်းလူမျိုးတွေ အများစု နေကြပေမဲ့ အနီးအနား က ရွာလေးတွေက အခါ လူမျိုး
တွေလည်း နေကြတယ်...။  မိုင်းဟန် တို့   နားကောင်မူ တို့ ဆိုတာက ရွာကြီးတွေ....ကားလမ်းမကြီးဘေးတင်ဆိုတော့ သွားရလာရ
လွယ်တယ်...။ အခါ လူမျိုးတွေကတော့ တောင်ခြေအစပ်တို့  ကားလမ်းနဲ့ လှမ်းတဲ့နေရာမျိုးမှာ သူတို့ ရွာတွေက ရှိတတ်တယ်..။  အ
ချွန်အတက်တွေနဲ့  တက်ရဆင်းရခက်တယ်.. အဲ့ဒီတောင်ထိပ်မှာ ( ၅၄၇၉ ) လို့ ခေါ်တဲ့  နာမည်ကျော်ပါချီးစခန်းရှိတယ်..ခလရ ( ၆၅ )
က စခန်းထိုင်နေတာပေါ့..။ အနောက်ဘက်မှာက လွယ်တိုင်းလျှန်လို့ ခေါ်တဲ့ တောင်တန်းရှည်ကြီး ရှိတယ်...။ အဲ့ဒိတောင်တန်းကြီးတွေ
နားမှာ အခါ ရွာလေးတွေ ရှိတယ်...။ သူတို့ က ရွာထဲမှာလည်း အိမ်ရှိသလို တောင်ယာထဲမှာလည်း တောင်ယာတဲလေးတွေနဲ့  နေတတ်
ကြတယ်ဗျ..။
       သူတို့ ဒေသနဲ့ သူတို့ ကတော့ အဆင်ကိုပြေလို့ ဗျာ...။ ယောင်္ကျားတွေကလည်း ပြောင်းရှူ ( ဘိန်းရှူ ) သလို ..မိန်းမတွေကလည်း
ပြောင်းရှူ ကြတယ်ဗျ...။ သူတို့ အပြောဆို..တစ်ခါတစ်လေ..မိန်းမက ပြောင်းလေးရှူပြီး မှိန်းနေတာ နောက်က ဘယ်သူဝင်တွယ်လို့ တွယ်
သွားမှန်းတောင် မသိဘူးတဲ့ဗျာ....။ မောင်ဖုန်းနဲ့ ရင်းနှီးတဲ့ ပီနန်းခေါင် ဆိုတဲ့ အစ်မကြီးကလည်း ပြောင်းရှူတတ်တယ်ဗျ..။ တစ်ရက် စကား
စပ်မိလို့  ပြောင်းရှူတဲ့အကြောင်း ရောက်သွားလို့  မောင်ဖုန်းကပြောတာပေါ့ဗျာ...။
       "       ပီနန်းရယ်...ပြောင်းရှူတယ်ဆိုတာ မကောင်းပါဘူး..ပိုက်ဆံလည်းကုန် လူလည်း ကျန်းမာရေးထိခိုက်နဲ့  ..ပြီးတော့
               ပြောင်းရှူတယ်ဆိုတာ  စွဲတတ်တယ်ဗျ..    "   ဆိုတော့ ပီနန်းခေါင် ပြန်ပြောလိုက်တာ လူလည်း နဝေတိမ်တောင် ဖြစ်သွားရတယ်.
       "       အိုက်ဖုန်းရယ်....ပီနန်း နေ့ တိုင်းရှူနေတာ ဘယ်မှာ စွဲလို့ လဲ...   "  တဲ့.... :-\ :-\ :-\ :-\
+15
ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်
imail
  • Guest
Re: ကိုယ်တွေ့အလွဲများ..
« Reply #25 on: March 15, 2012, 02:24:27 AM »
ကိုယ်တိုင်မဟုတ်ပေမယ့် ကိုယ်တိုင်မြင်ခဲ့ရတဲ့ အလွဲတစ်ခု..
တစ်ရက်ပေါ့.. အိုင်မေး လမ်းလျှောက်လာတုန်း ကုလားဗယာကြော်နံ့က မွှေးလေတော့ လှမ်းကြည့်တာ
ဗယာကြော်ကုလား အကြောဖိုလေးဆွဲလို့ လမ်းလျှောက်နေတာ
သူနားမှာက လမ်းဘေးခွေးတစ်ကောင်က ယောင်ပေပေ
အဲ့ဒီအချိန် ကားတစ်စီးက အရှိန်နဲ့ ကွေ့လာပြီး ခွေးဖင်ကို ဖြတ်တိုက်ပီးတော့ ကားက ဆက်မောင်းသွားရော
ခွေးက ကားလည်း အတိုက်ခံရရော လန့်ပြီး ခဲမိခဲရာ ကုလားခြေသလုံးကို လှမ်းခဲတာ
ကုလားလည်း လန့်ပြီး ပြေး၊ အကြော်ဖိုလေးလည်း မှောက်၊ ဗယာကြော်တွေလည်း မြေပေါ်ရောက် ငိုပါလေရောလား..
ကုလားခမျာ ခွေးကိုက်ခံရ၊ အရင်းလည်းဆုံး၊ ခွေးကိုလည်း အလျော်တောင်းမရ၊ ဆေးကလည်း ထိုးရဦးမယ်
တော်တော်လွဲပါတယ်ဗျာ။ ရီရအခက် တည်ရအခက်ကြီး  :)  ???
+12
jayjay
  • Guest
Re: ကိုယ်တွေ့အလွဲများ..
« Reply #26 on: March 20, 2012, 10:52:41 AM »
ဘယ်မှာရေးရင် ကောင်းမလဲ လိုက်ကြည့်ရင်း လိုက်ကြည့်ရင်းနဲ့ ဒီတော့ပစ်ကိုရောက်လာတယ်... ဒီမှာရေးလိုက်အူးမယ်
ကိုယ်တွေ့အလွဲပဲပြောရအောင်... အမှန်က ချစ်သူတို့ဘ၀ ဂွတီးဂွကျမှာရေးလဲရတယ် ဒါပေမယ့် ခု အကြောင်းက ရီရမလို ငိုရမလို တည်တည်နေရမလိုနဲ့ အီလည်လည်ဖြစ်ခဲ့ရတယ်
ဟီးဟီး ပြန်စဉ်းစား ပြန်စဉ်းစားရင် ခုထိ ပြုံးမိသေး.....
နဂျေရဲ့ ပြီးခဲ့တဲ့ ကျောင်းသားဘ၀တုန်းကပေါ့ဗျာ....
နဂျေတို့ တက်ခဲ့တဲ့မြို့မှာက ဘုရားတောင် တစ်တောင်ရှိတယ် တော်တော်လဲမြင့်ပါတယ်.. မနက်တက်ရင် နေ့လည်လောက်ရောက်ပြီး အပေါ်မှာခဏနား ပြီးပြန်ဆင်းရင် ညနေမစောင်းတစ်စောင်းလောက်တောင်အောက်
ပြန်ရောက်လေ့ရှိကြပါတယ်... ကျောင်းသူ၊ ကျောင်းသားတွေက ဆောင်းတွင်းကျောင်းပိတ်ရက်တွေ ဆိုရင် အဲ့ဒီ ဘုရားတောင်ကို သူငယ်ချင်းတွေ စုစုပြီး အမြဲသွားတက်ကြပါတယ်...
အဖွဲ့လိုက် အဖွဲ့လိုက် သွားကြတာ ပျော်စရာကြီးပေါ့ဗျာ.... ချစ်သူစုံတွဲတွေ ပါရင် တစ်ယောက်လက်ကို တစ်ယောက်ဆွဲလို့တက်ပေါ့   :P :P
တစ်ရက်ကျတော့ နဂျေရယ် သူငယ်ချင်း သုံးယောက်ရယ် ကောင်မလေးတွေအသီးသီးနဲ့ စုစုပေါင်း ရှစ်ယောက် စုပြီး ကျောင်းပိတ်ရက် တစ်ရက်ကို ဘုရားတောင်သွားကြပါရော..
အဲ့...... ပြောဖို့ တစ်ခုကျန်ခဲ့တယ် အဲ့ဒီတောင်က မျောက်ပေါတယ်ဗျ...
ဒီလိုနဲ့ နဂျေတို့ စုံတွဲ လေးတွဲ မနက်အစောကြီး အချိန်းအချက်လုပ် လက်ဘက်ရည်ဆိုင်ထိုင်ပြီး ရှိုးတွေ စမိုးတွေ နဲ့ ဘုရားတောင်ကို သွားကြတယ်
ရေဘူး၊ လမ်းမှာစားဖို့ မုန့်၊ တစ်ရှုး၊ စနိုးတာဝါ အပြည့်အစုံနဲ့ပေါ့...
တောင်ခြေရောက်တော့ စတက်ကြတယ် ကိုယ့်တာဝန်ကိုယ်ယူပေါ့ ဟဲဟဲ ကိုယ့်ကောင်မလေး ကိုယ်တွဲပြောပါတယ်
သူငယ်ချင်းတစ်ယောက်က ကျောပိုးအိတ်ပါလာတော့ သူ့ကျောပိုးအိတ်ထဲ ရေဗူး၊ ဘာညာသာရကာထည့်သွားပါတယ်... နဂျေက မုန့်တစ်ထုပ်နဲ့ ရေတစ်ဗူးတောင်းထားလိုက်ပြီး
ကြွပ်ကြွပ်အိတ်လေးနဲ့ဆွဲပြီး တက်ပါတယ်... ချစ်သူလေးလက်ကိုဆွဲလို့ပေါ့
စတက်ကာစကတော့ အတွဲလေးတွဲ အတူတူပဲ တစ်ဦးနှင့် တစ်ဦး စလိုက်နောက်လိုက် ပြောလိုက်ဆိုလိုက်နှင့် တက်လာကြသော်လည်း
အချိန်ကြာလာသည်နှင့်အမျှ အတွဲနှစ်တွဲက ရှေ့ဆုံးရောက်ပြီး နဂျေနှင့် ကောင်မလေးက အလယ် ကျန်တစ်တွဲက နောက်ဆုံး မလှန်းမကမ်းမှ လိုက်ပြီး ကိုယ့်ဖီလင်နှင့် ကိုယ်တက်လာကြသည်မှာ
နေကတစ်ဖြည်းဖြည့် မြင့်လာသလို တောင်လယ်သို့လဲ ရောက်လာသည်။ တောင်လယ်ကိုရောက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်သည်တိတ်ဆိတ်လာကာ အပေါ်တွင်ပြောခဲ့သလို
မျောက်ပေါသည်ဆိုသောကြောင့် မျောက်များရဲ့ တကွိကွိ တကွကွ အော်သံများကို ကြားလာကြသည်။ မျောက်များသည် တောင်နံရံတစ်လျှောက်နှင့် ချောက်ထဲမှ သစ်ပင်များပေါ်တွင်ထိုင်ကာ
လွှဲကာ ကျနော်တို့ကိုကြည့်ရင်း သူတို့ ဘာသာစကားနှင့် တကွိကွိ တကွကွ အော်သံပေးလာကြသည်။
မျောက်များရဲ့ အော်သံကြားတော့ နဂျေ့ ချစ်သူလဲ ကြောက်သည်ထင့် နေ၈ျလက်ကို တင်းတင်းဆုပ်ကိုင်လာပြီ... ဟီး.... သူက မယ်ဗမာကိုယ်လုံးနှင့် နေ၈ျ့ အရပ်ထက် လက်ငါးလုံးခန့်သာနိမ့်သော
အရပ်အမြင့်ပိုင်ရှင်၊ နဂျေ က နပိန်၊ သို့ပေမယ့် ဟန်ကိုယ့်ဖို့ပေါ့ ဘာမှ မကြိုက်နဲ့ ကိုယ်ရှိတယ် ဒီကောင်တွေ ကို သွားကြောက်ပြနေရင် သူတို့ ပိုခြောက်လိမ့်မယ် ခပ်တည်တည်တက်ပေါ့ဟုပြောကာ
ချစ်သူလေး လက်ကို ဆွဲရင်း တစ်ဖြည်းဖြည်းတက်ခဲ့သည်။ အဲ့ဒီအချိန်မှာ အပေါ်က စုံတွဲ နှစ်တွဲက မျောက်များကို ဘာလုပ်သွားသည်မသိ။
မျောက်သိုးကြီး တစ်ကောင်ဦးဆောင်တဲ့ မျောက်တစ်ဖွဲ့က နေ၈ျတို့အနားကို ကပ်ရင်း နဂျေလက်မှ ဆွဲလာတဲ့ မုန့်ထုပ်ကို ၀င်လုပါလေရောဗျို့  >:( >:( >:( >:(
နဂျေလဲ မျောက်များနဲ့ တိုက်ပွဲဝင်ပေမယ့် အများနဲ့ တစ်ကောင် အဲ့လေ အများနဲ့ တစ်ယောက်ဖြစ်သည်နှင့်အညီ ကြွပ်ကြွပ်အိတ်ထဲ ထည့်ဆွဲလာတဲ့ မုန့်များကို လက်လွှတ်ဆုံးရှုံး သွားပါတယ်
ရေဗူးကိုတော့ အသက်နဲ့လဲပြီး ပြန်တိုက်ပွဲဝင် ပြန်လုယူထားပါတယ်။
မျောက်များကို ကျော်လွန်လာပြီးသကာလ ချစ်သူလေးလက်ကိုဆွဲပြီး မျောက်များနဲ့ ဝေးရာဆီကို သတ္တိအပြည့်နဲ့ ဝေးဝေးပြေးပြီး လှေကားထစ်လေးမှာထိုင်ရင်း
ပြန်လုယူလာတဲ့ ရေဗူးထဲက ရေကိုသောက်ပြိး အမောဖြည်နေတုန်း .... ဗြုန်းဆို စောနက မျောက်သိုးကြီးက တောင်နံရံကနေခုန်ဆင်းလာပြီး
သူ လုယူသွားတဲ့ မုန့်ထုပ်ကို နဂျေတို့ နှစ်ယောက်ထိုင်နေတဲ့ ရှေ့တည့်တည့်မှာလာထိုင်ပြီး စားပြနေတယ်ဗျာ....  >:( >:( >:(
ကိုယ့်ဆီက လုယူသွားတဲ့ မုန့်ကို လာထိုင်စားပြလို့ နှစ်ယောက်သားဒေါသထွက်နေရာကနေ ဘေးနားထိုင်နေတဲ့ ချစ်သူလေးက
နဂျေကို စကားခဏခဏလှည့်ပြောလာတယ် လှည့်ပြောလာတဲ့ စကားတွေကလဲ တစ်ဖြည်းဖြည်းနဲ့ အသံတုန်လာပြီး ဟိုမရောက် ဒီမရောက် ဖြစ်လာတယ်
လူလဲ ဂနာမငြိမ်ဘူး.. ပြီးတော့ သွားတော့မယ်ပဲ ပြောနေတယ် တစ်ယောက်တည်းလဲ ထမသွားရဲဘူးလေ မျောက်ရှိနေတာကိုး
နေ၈ျလဲ ချစ်သူလေး ဘာဖြစ်လဲပေါ့
ဟိဟိ  ;D ;D နောက်မှ ဘာဟုတ်မလဲ ရှေ့တည့်တည့်လာထိုင်နေတဲ့ ဟိုလဒက အထီးကလဲဖြစ်ပြန် အထီးမှ မျောက်သိုးကြီးဆိုတော့
ရှေ့တည့်တည့်မှာ ငုတ်တုတ်လာထိုင်နေတော့ ကိုယ့်ကို လာဖြဲပြနေသလိုပဲ ပေါင်ကြားထဲက မျောက်ဂွေးစိကြီးက အကြီးကြီးပဲ  :) :) :) :)
အဲ့ဒီအပြင် ဟို ငေါက်တောက်လေးက ထွက်နေတော့ ဟိုကောင်မလေး နတ်ပူးပြီပေါ့....
ခိခိ အဲ့တော့မှ နေ၈ျ လဲ သဘောပေါက်ပြီး ထထွက်လာရတယ်...
တောင်ပေါ်လဲရောက်ရော ချစ်သူလေးက သူ့သူငယ်ချင်းတွေဆီသွားပြီး အဲ့ကြောင်းပြောပြတယ် ထင်ပါတယ် ဟိုလေးယောက် တခွိခွိနဲ့ ကြိတ်ရီနေကြတယ် ဟား..ဟား..ဟား..
+16
Offline phonezaw69
  • ဘွဲ့ရ
  • ******
  • Posts: 524
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • shut up & kiss me
  • Respect: +10605
Re: ကိုယ်တွေ့အလွဲများ..
« Reply #27 on: March 22, 2012, 09:49:00 AM »
       ပြောရရင် မောင်ဖုန်းက သိပ်ပြီးေ-ာက်ကျင့် မကောင်းချင်ဘူး.. ဒီလိုပြောလို့ မောင်ဖုန်းကို လူယုတ်မာလို့ တော့ မထင်လိုက်ပါနဲ့ 
လူယုတ်မာ မဟုတ်လို့  သူတော်ကောင်းလား မေးရင်လည်း မဟုတ်ဘူးလို့  ပြောရမယ်..။ ဆိုလိုချင်တာက တစ်ခါတစ်လေ. တစွတ်ထိုး
စွတ်ရွတ်လုပ်တတ်တာကို ပြောချင်တာဗျ...။
       မောင်ဖုန်း သူငယ်ချင်းတစ်ယောက်က  မောင်ဖုန်းကို စိတ်ကြွစေတဲ့ဆေးတွေလာပေးထားတယ်...။  ကာဗာတာလို ဗိုင်ရာဂယာလို
မိန်းခလေးတွေ လိင်စိတ်ကြွစေတဲ့ ဆေးမျိုးဗျ.။ မောင်ဖုန်းက အရင်တုန်းက တစ်ခါမှ မတွေ့ ဘူး..မသုံးဘူးတော့ ယူထားလိုက်မိတယ်..။
ဘာရယ်တော့ မဟုတ်ပါဘူး...ကြုံကြိုက်ရင် သုံးကြည့်မယ်ပေါ့ဗျာ.။ ဒါပေမဲ့ တော်တော်နဲ့  မကြုံကြိုက်ဘူးဖြစ်နေတယ်..။ ဘယ်ကြုံကြိုက်
မလဲ..ငယ်ငယ်တုန်းကသာ ခြေသွက်လက်သွက်ရှိတာ...အသက်လေးရလာတော့ အဖြစ်က မရှိတော့ဘူး...။ ခြေကျနေပြီပေါ့ဗျာ...။  အ
ပြောပဲ ရှိတော့တယ်...။
       ဒါပေမဲ့...မောင်ဖုန်းပဲ ဘယ်နေလိမ့်မလဲ...။ တစ်ရက်..တစ်ရက် ..ဒီဆေးကို ဘယ်လို သုံးရမလဲပဲ စဉ်းစားနေတာ ..မထူးတော့ဘူး
အရင်ဒီမှာပဲ တင်ခဲ့ဘူးတဲ့ အိမ်ထောင်သည်တပည့်မလေးကို  ကော်ဖီထဲ ထည့်ဖျော်ပြီး တိုက်လိုက်တယ်...  ;D ဆယ်မိနစ်လောက်
နေတော့.. ဒင်း ဂဏာမငြိမ်တော့ဘူး...ထိုင်လိုက် ထလိုက်..လမ်းလျှောက်လိုက်နဲ့ ..မောင်ဖုန်းကို လှမ်းကြည့်လိုက်နဲ့ ...။ မောင်ဖုန်းလည်း
ကိုယ်မဟုတ်သလို အသာငြိမ်နေရတယ်...။ ခဏနေတော့ မောင်ဖုန်းစားပွဲရှေ့ ရောက်လာတယ်..။ "  ဆရာ..သမီးကို နေ့ တစ်ဝက်ခွင့်ပေး
ပါ  "  တဲ့...။ မောင်ဖုန်းလည်း ကိုယ်လုပ်ထားတာ ပေါက်ကရ ဖြစ်ကုန်မှာ စိုးလို့  ခွင့်ပေးလိုက်ရတယ်...။  နောက်နေ့  အလုပ်လာတော့
မောင်ဖုန်း စားပွဲရှေ့ ထပ်ရောက်လာပြန်တယ်..။ ရှက်သလိုလို..စိတ်ဆိုးသလိုလိုနဲ့ .."  ဆရာတိုက်တဲ့ ကော်ဖီသောက်ပြီး အိမ်က ယောင်္ကျား
ကံကောင်းလို့ မသေတယ်..." တဲ့..။   ဟုတ်ပါ့...သူ့ ယောင်္ကျား လေတစ်ခြမ်းဖြတ်နေတာ မေ့ပြီး ကော်ဖီထဲ ထည့်တိုက်လိုက်တာ..ဒင်း
သူ့ ယောင်္ကျားကို အမုန်းဆွဲလာတယ်နဲ့ တူတယ်...။  "  အောင်မယ်...ဆရာက ကိုယ့်တပည့်တွေ ကောင်းစားဘို့  လုပ်လိုက်တာပါဟာ.. "
ဆိုပြီး လျှောချလိုက်ရတယ်...။  ဒါနဲ့  ဆေးက အစွမ်းပြတာသေချာတော့ မောင်ဖုန်း ရုံးအိတ်ထဲ အမြဲဆောင်ထားလိုက်တော့တယ်...။
       မောင်ဖုန်းတို့ လင်မယားနဲ့  ရင်းနှီးနေတဲ့ မဥမ္မာ ဆိုတာက ညနေမောင်ဖုန်း ရုံးကပြန်ရောက်ချိန်ဆို သူကလည်း ရောက်လာပြီး စကား
တွေ ပြောတတ်တယ်..။ ကလေးနှစ်ယောက်သာ မွေးပြီးတာ...ပြီးတယ်ဆိုတာ တစ်ခါမှ မဖြစ်ဖူးဘူးတဲ့...။ သူက အဲ့ဒီလိုမျိုးတွေ ပြောတတ်
သလို မောင်ဖုန်းရဲ့  တယ်လီဖုန်းထဲက  မူဗီတွေကိုလဲ ကြည့်တတ်တယ်..။ အခွေအသစ်ဆို သူ့ အိမ်ငှားသွားပြီး သူတို့ လင်မယားနှစ်ယောက်
ကြည့်...ပြီးရင် .အခွေအကြောင်း..ပြော...သူ့ ဆန္ဒမပြည့်တာပြောနဲ့  အဲ့ဒီလို ရင်းနှီးနေတာ...။ မောင်ဖုန်းလည်း ဆေးကို သတိရတော့ ထုံး
စံအတိုင်း အအေးထဲမှာ ထည့်ပြီး သူမသိအောင် တိုက်လိုက်တာပေါ့... ခဏပါပဲ...သူလည်း လှုပ်စိလှုပ်စိဖြစ်လာပြီး ပေါင်တွေကို ပွတ်လိုက်
တင်ပါးကြီးကို ကုတ်လိုက်ဖြစ်လာတယ်..."  အစ်ကို ..အအေးထဲ ဘာတွေ ထည့်တိုက်တာလဲဟင်... "  တဲ့...။  "  ဘာဖြစ်လို့ လဲ  "  ပြန်
မေးလိုက်တော့...ယားလို့   တဲ့....။  ဟုတ်ပါ့...လက်မောင်းတွေမှာ အနီကွက်တွေ ထလာပြီး အင်ပျဉ် ဖြစ်သလို ဖြစ်လာတယ်..။ " ဟာ...
သွေးမတည့်တာ ဖြစ်မယ်... ဆေးခန်းသွားပြရအောင်  "  ဆိုပြီး ဆေးခန်းသွားပြလိုက်ရပါရောလား...ဘာမီတွန် ထိုးပေးလိုက်တော့မှ သက်
သာသွားတယ်...။  သူ့ ကို ကောင်းစေချင်လို့  ဆေးထည့်တိုက်ပါတယ်... ကံကောင်းလို့ မောင်ဖုန်း တရားခံ မဖြစ်တယ်.. :( :( :(
+16
ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်
Offline phonezaw69
  • ဘွဲ့ရ
  • ******
  • Posts: 524
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • shut up & kiss me
  • Respect: +10605
Re: ကိုယ်တွေ့အလွဲများ..
« Reply #28 on: March 28, 2012, 09:43:39 AM »
       တစ်ခါတစ်လေကျတော့ မောင်ဖုန်း ရီချင်တယ်..။ လောကကြီးကိုပဲ အရွဲ့ တိုက်ပြီး ရီရမလား....မောင်ဖုန်း တွေ့ ကြုံ ဆုံခဲ့ရတာကိုပဲ
ရီရမလား မဝေခွဲတတ်တော့ဘူး...။  ဒီလို ...တစ်ရက် မောင်ဖုန်း မိတ်ဆွေ လင်မယားနဲ့  လ္ဘက်ရည်ဆိုင် ထိုင်ဖြစ်တယ်..။ ဟိုအကြောင်းပြော
ဒီအကြောင်းပြောရင်းနဲ့  မောင်ဖုန်း မိတ်ဆွေက 
"   ဒီခေတ်  ကလေးတွေ လူကြီးမှန်းမသိ...ကြောက်ရမှန်းမသိနဲ့ ..တော်တော်ဆိုးလာတယ်.. "  တဲ့...။ အဆက်အစပ်က မရှိတော့မောင်ဖုန်း
 သူ ပြောတာပဲ နားထောင်ရင်း စကားထောက်ပေးလိုက်တယ်..။
 "  အင်း...ပြောပါဦး ဘယ်လိုဖြစ်လို့ လဲ   " 
 "  တစ်ရက်ဗျာ..ကျနော်ရယ်..မိန်းမရယ်.သမီးရယ်.. လ္ဘက်ရည်ဆိုင် ထိုင်နေတာ...ဘေးစားပွဲက ကောင်လေး
    တစ်ယောက်ကကျနော့်သမီးကိုရှိုးနေတာဗျ...ကျနော်သိတယ်ဆိုတဲ့အကြောင်းဒီကောင်လေးကိုလှည့်လှည့်ကြည့်ပြီးအရိပ်အယောင်ပြတယ်..
.   
    ဒါပေမဲ့ ..ဒီကောင်လေး နားလည်မှု မရှိဘူးဗျ... ကျနော် အဲ့သလို လှည့်ကြည့်ပြီး ပြန်ရှိုးနေတဲ့ကြားထဲက ကျနော် သမီးကို
    ဆက်ရှိုးနေတယ်ဗျာ... ဒါနဲ့  ဒီကောင်လေးနဲ့  မျက်နှာချင်းဆုံပြီး...အသံမထွက်ပဲ... ယီးကြည့်တာလား ဆိုပြီး ပြောတာတောင်
    ဂရုမစိုက်ဘူး... ထပ်ရှိုးနေသေးတယ်... ဒါနဲ့ ကျနော်လဲ စိတ်ဆိုးဆိုးနဲ့  ထရိုက်မလို့ ဟာ..မိန်းမဆွဲထားလို့ ..မဟုတ်ရင်
    မိဘချင်းပါ ပြဿနာတက်သွားမယ် "
"   နေပါဦး..အဲ့ဒီကောင်လေးက သူ့ မိဘတွေနဲ့  အတူထိုင်နေတာလားဗျ..  "
"   ဟုတ်တယ်လေ...သူမိဘတွေ ပါနေတဲ့ကြားထဲက ကျနော့်သမီးကို ရှိုးနေတာဗျ... "
"   ဒါနဲ့  နေပါဦး  ခင်ဗျား သမီးက အသက် ဘယ်လောက်ရှိပြီလဲဗျ... ဆယ်တန်းအောင်ပြီးပြီလား.. " 
"   ဟာ....ကိုဖုန်းကလည်း ကျနော့် သမီးကခုမှ သုံးနှစ်ပဲ ရှိသေးတာဗျ.... "
"   ဟင်...အဲ့ဒီ ကောင်လေးကကော..."
 .
"   သူလည်း ရှိလှ  သုံးလေးနှစ်ပေါ့ဗျာ... "
"   တိန်  "   :-\ :-\ :-\ :-\
+17
ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်
imail
  • Guest
Re: ကိုယ်တွေ့အလွဲများ..
« Reply #29 on: April 07, 2012, 02:03:01 PM »
အိုင်မေးမှာ အပျော်တမ်းပေမယ့် ပန်းချီ ပန်းပုတော်တဲ့ ဦးလေးတစ်ယောက်ရှိသဗျ။ သူ့မိန်းမကလည်း အင်မတန်ယောင်တတ်တာကလား။
အိုင်မေးတို့ မောင်နှမတွေ ဦးလေးအရင်းထက် အဲဒီအဒေါ်ကို ပိုခင်ကြတယ်။
ဦးလေးက ပုံဆွဲတာတို့ ပန်းပုထုတာတို့မှာ တစ်ခါတစ်လေ စိတ်ကူးပေါက်ရင် Nude Art တွေဆွဲတယ် အရုပ်ထုတယ်။ တစ်ခါသားတော့ ပန်းပုရုပ်တစ်ခု ထုတာ မိန်းမပျိုက ကိုယ်တုံးလုံးနဲ့
လက်နှစ်ဖက်ကို မြှောက်ထားတဲ့ပုံပေါ့ နို့သီးခေါင်းက အစ အသေးစိတ်ထုထားတာ။ ဦးလေးက အဲဒီအရုပ်ကို အချောကိုင်မလို့ ဧည့်ခန်းက ဘီရိုပေါ် တင်ထားပြီး အပြင်ထွက်ပါလေရော။
အဲဒီ အရုပ်ကို ကြည့်ပြီး ဦးလေးမိန်းမက ရှက်ရှာတယ်။ ကိုယ်တုံးလုံးပန်းပုရုပ်ကို ဧည့်ခန်းမှာ ထားထားလို့။ အဲဒီအချိန် ဦးလေးရဲ့ သူငယ်ချင်းက လာတယ်။ အိမ်ဧည့်ခန်းရောက်တော့
ပန်းပုရုပ်က ပြူးပြူးကြီး။ ဟိုလူက စိတ်ဝင်တစားလိုက်ကြည့် အဒေါ်ကလည်း သူ့ကိုယ်လုံးနဲ့ အရုပ်ကို အတင်းလိုက်ကွယ်။ ဟိုလူကလည်း အတင်းလိုက်ကြည့်။ နောက်တော့ ဟိုလူလည်း
သတိရပြီး ကိုဝင်းရောဆိုတော့ အဒေါ်က ကိုဝင်းအခုပဲ ကိုယ်တုံးလုံးကြီးနဲ့ အပြင်သွားလေရဲ့တဲ့ ယောင်တတ်ပုံများ ပြောပါတယ်။
အဲဒီ ကိုယ်တုံးလုံး အရုပ်ကို စိတ်စွဲပြီး သူ့ယောက်ျားပါ ကိုယ်တုံးလုံး ဖြစ်ကရော။
နောက်တစ်ခါ ကျတော့လည်း အိမ်ခေါင်ပေါ် အုန်းသီးကြွေကြတာ အုန်းကနဲပဲ။ ဘေးဘီက လူတွေက ထွက်ကြည့်ကြတာပေါ့။ ဘေးကပ်လျက်အိမ်က လူက ကတုံးကြီးနဲ့။
သူလည်း ထွက်လာပြီး လှမ်းမေးတာ ဟေ့မနီ ဘာကျတာတုန်းဆိုတော့ ဂတုံးကြီးကြွေကျလို့ရှင့်တဲ့။ ဟိုလူလည်း အကြောင်းသိနေလေတော့ အေးအေး ဟုတ်ပါပြီဆိုပြီး
သူ့ခေါင်းသူပွတ်ပြီး ပြန်လှည့်သွားရပါရောလား။
ရုတ်တရက် မျက်စိထဲမြင်ထဲကို စိတ်စွဲပြီး ယောင်တတ်တဲ့ အဒေါ်ရဲ့ အလွဲတွေပါ။
+12
« Last Edit: April 07, 2012, 02:06:20 PM by imail »
Tags: