Author Topic: ကိုယ်တွေ့အလွဲများ..  (Read 39616 times)
0 Members and 1 Guest are viewing this topic.
Offline miscellaneous
  • ကျောင်းသားကြီး
  • **
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +975
Re: ကိုယ်တွေ့အလွဲများ..
« Reply #10 on: November 25, 2011, 01:16:25 PM »
ကျွန်တော့်ဘ၀၏ အမှတ်တရအလွဲများ ( ၃ )
ကျွန်တော် ငယ်ငယ်တုန်းက လွဲခဲ့ဖူးတဲ့ အဖြစ်အပျက်ကလေးတစ်ခုပါ။ ကျွန်တော်
၆ တန်းဖြေပြီးခါစ ကျောင်း ၃ လ ပိတ်တဲ့အချိန် အဖွားနဲ့အတူသွားရောက်နေထိုင်
စဉ်က ဖြစ်ပျက်ခဲ့တဲ့ အလွဲလေးပါ။
ကျွန်တော် ငယ်ငယ်ကတည်းက ကျောင်းပိတ်ပြီဆိုတာနဲ့ အဖွားအိမ်ကို တန်းပြေး
တာပါပဲ၊ ကျွန်တော့် အဖွားက ရန်ကုန်မှာနေထိုင်ပါတယ်။ ကျွန်တော့်မိဘတွေ က
ပဲခူးမှာနေတာပါ၊ အမေက ကျောင်းဆရာမဆိုတော့ စည်းကမ်းတင်းကျပ်ပါတယ်။
အဖွားကတော့ မြေးဆိုတော့ အရမ်း အလိုလိုက်ပါတယ်။ အဲဒါကြောင့် ကျွန်တော်
ကျောင်းပိတ်ပြီဆိုတာနဲ့ ရန်ကုန်လိုက်ပို့ဖို့ မိဘတွေကို အမြဲပြောလေ့ရှိတာပါ။
အဲလိုနဲ့၆တန်းဖြေပြီးလို့နွေရာသီကျောင်းပိတ်ရက်မှာကျွန်တော်ရန်ကုန်ကိုရောက်
လာပါတယ်။ အဖွားအိမ်မှာ စားချင်ရာစား၊ သွားချင်ရာသွား၊ ကစားချင်တဲ့ အချိန်
ထွက်ကစားနဲ့ ဟန်ကျနေတဲ့ အချိန်ပါ။ကျွန်တော်က တီဗွီဂီမ်းနှိပ်ရတာကိုဝါသနာ
ကြီးပါတယ်၊ တီဗွီဂိမ်းများ နှိပ်ရမယ်ဆို ထမင်းမေ့၊ဟင်းမေ့ပါ။ အဲဒါကြောင့် ကော
လိပ်တက်တုန်းက သူငယ်ချင်းမိန်းခလေးတွေက ပြောဖူးပါတယ်။တီဗွီဂိမ်းဆိုင်မှာ
ပဲအဆောင်ငှားနေလိုက်ဖို့၊ ကိုယ့်ဘာသာကိုအဆောင်ငှားနေရင်ပိုက်ဆံအပိုကုန်
မှာမို့လို့ပါ။ အဲဒီလောက်ထိ တီဗွီဂိမ်းကို အစွဲအလမ်းကြီးပါတယ်။
တစ်နေ့ကျတော့ အဖွားအိမ်မှာ နေရင်း သူငယ်ချင်း တစ်ယောက်က တီဗွီဂိမ်းနှိပ်
ဖို့လာခေါ်ပါတယ်။ ကျွန်တော်က ၀ါသနာ ခပ်ကြီးကြီးဆိုတော့ ချက်ချင်းကို လိုက်
သွားချင်တာပါ။ဒါပေမယ့်အဲဒီအချိန်မှာအဖွားကတစ်ယောက်တည်း ထမင်း၊ ဟင်း
ချက်နေပါတယ်။ အချိန်က မနက် ၉ နာရီလောက်ပါ။ ထမင်းကတော့ကျက်နေပါ
ပြီ၊ ခဏနေတော့ ဟင်းလည်းကျက်သွားပါပြီ။ ဒါပေမယ့် အဖွားက ငါးခြောက်ထပ်
ဖုတ်နေပါတယ်။ကျွန်တော်အပြင်ခဏသွားမယ်လို့အဖွားကိုပြောတော့ ခဏလေး
တဲ့၊ ငါးခြောက် ဖုတ်ပြီးမှ သွားလို့ ပြောပါတယ်။ ကျွန်တော့် အဖွားက အသက် က
လည်းကြီး၊ ၀ ကလည်း ၀ တော့ ထရထိုင်ရတာ အရမ်းခက်ပါတယ်။ အဲဒါကြောင့်
ဘေးနားကနေပြီး ကျွန်တော်က ဆီဗူးဆိုဆီဗူး၊ဆားဆိုဆား၊ရေလိုရင်ရေတစ်ခွက်
ခပ်ပေးနဲ့ တောက်တိုမယ်ရ ကူရပါတယ်။အဲဒါကြောင့် ကျွန်တော်သွားလို့မရသေး
ပါဘူး။သူငယ်ချင်းကလည်း အိမ်ရှေ့ကထိုင်ခုံလေးမှာ ထိုင်ပြီးကျွန်တော့်ကိုစောင့်
နေပါတယ်။
တအောင့်လောက်ကြာတော့ ငါးခြောက်ဖုတ်လို့ ပြီးသွားပါပြီ။ အဖွားက ငါးခြောက်
ကိုနွှင်ပြီး ပန်းကန်ထဲ ထည့်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ပေးပြီး ဆီဆမ်းဖို့ပြော
ပါတယ်။ ကျွန်တော်ကလည်း သိတဲ့အတိုင်း ဆီဆမ်းပြီးရင် ကျွန်တော့်တာဝန်ပြီးပြီ
ဆိုတော့ ကမန်းကတမ်းပဲ ပန်းကန်ကို လှမ်းယူပြီး ဆီဆမ်းဖို့ ဆီပုလင်း ရှိတဲ့နေရာ
ကို သွားပါတယ်။ ဒါပေမယ့် ခါတိုင်းထည့်နေကျ ပုလင်းကြီးကို မတွေ့ပါဘူး။ အဲဒါနဲ့
ဟိုဟိုဒီဒီကြည့်တော့ဘူးလေးတစ်ဘူးကို သွားတွေ့ပါတယ်။C Plus ဗူးလေးပါ၊အထဲ
မှာ ဆီက အပြည့်နီးပါလောက်ကျန်ပါသေးတယ်။ကျွန်တော်လည်း သွားချင်ဇောနဲ့
အဖုံးကိုဖွင့်ပြီး တစ်ဝက်ကျော်ကျော်လောက်လောင်းထည့်လိုက်ပါတယ်။ ပြီးတာနဲ့
အဖွားကိုပန်းကန်ကမ်းပေးပြီးအပြင်ထွက်ဖို့လုပ်ပါတယ်။အဲတော့မှအဖွားက "သား
နင့်ဥစ္စာ ဆီကောဟုတ်ရဲ့လား" ဆိုပြီး မေးပါတယ်။ ကျွန်တော်ကလည်း " ဟုတ်ပါ
တယ် အဖွားရဲ့ ဘာဖြစ်လို့လဲ" ဆိုတော့ အဖွားက "ကိုယ့်ဘာသာကို သေသေချာ
ချာလည်းလာနမ်းကြည့်ပါဦး" အဲဒါနဲ့ကျွန်တော်လည်း အဖွားဆီကပန်းကန်ကိုလှမ်း
ယူလိုက်ပြီး နမ်းကြည့်ပါတယ်။ အဲဒီတော့မှ ကျွန်တော်ထည့်လိုက်တာ စားတဲ့ဆီမ
ဟုတ်ပဲ ဓါတ်ဆီတွေ ဖြစ်နေတာကို သိလိုက်တာပါ၊ "နင်ပန်းကန်ထဲလောင်းထည့်
နေတုန်းက ဘာအနံ့မှ မရဘူးလား" တဲ့ အဖွားကထပ်မေးပါတယ်။ "မရဘူး အဖွား
ရဲ့" ဆိုတော့ အဖွား ဘာမှထပ်မမေးတော့ပဲ "သွား သွား သွန်ပစ်လိုက်လို့ ပြောပါ
တယ်" အဲဒါနဲ့ ကျွန်တော်လည်း ဒီအတိုင်းသွန်ပစ်ရမှာ နှမျောတာနဲ့ ခွေးစာခွက်ထဲ
သွားထည့်ပါတယ်။ ဖြစ်ချင်တော့ ခွေးတောင်မှ လာပြီးအနံ့ခံတာပဲ ရှိပါတယ် မစား
ပါဘူး။
အဲဒီလို တလွဲလုပ်တာတောင် အဖွားက ကျွန်တော့်ကို တစ်ခွန်း မဆူခဲ့ပါဘူး။ အဲဒါ
ကြောင့် ကျွန်တော် အဖွားဆီ မှာ နေရတာ ကို ပျော်ရွှင်တာပါ။ အဲလို ဖြစ်ပျက် ပြီး
နောက်ပိုင်းကျွန်တော့်အောက်က ညီတွေ၊ညီမတွေ တစ်လွဲလုပ်မိလို့များပြောမိလို့
ရှိရင် " ကိုကြီးတောင်မှ ငါးခြောက်ဖုတ်ထဲ ဓါတ်ဆီလောင်းသေးတာပဲ " ဆိုပြီး ပြန်
ပြန်ပြောလေ့ရှိပါတယ်။
အဲဒီလိုလည်း ကျွန်တော်မစူးစမ်းမဆင်ခြင်ပဲလောကြီးပြီး တစ်လွဲလုပ်ခဲ့ဖူးပါတယ်။
+20
တကယ်တော့
အပေအတေပါ
ပျော်စရာလွမ်းစရာတွေကို
စိတ်ကူးထဲတောင် မထည့်ခဲ့ပါဘူး
ဒါပေမယ့်
မင်းကိုခွဲရမယ်မှန်းသိတော့
ငါ့ရဲ့ မျက်ရည်
မြေခတယ်......။
Offline miscellaneous
  • ကျောင်းသားကြီး
  • **
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +975
Re: ကိုယ်တွေ့အလွဲများ..
« Reply #11 on: November 25, 2011, 01:36:23 PM »
ကျွန်တော်နှင့် စပါးကြီးသည်းခြေ
တစ်နေ့တော့ အိမ်က ကားမောင်းသွားသင်ခိုင်းတာနဲ့ ကားမောင်းတတ်လဲ မဆိုးဘူးဆိုပြီး တောင်ဥက္ကလာမှာ ကဆရ ၀င်းထဲမှာ သွားတက်ဖို့ လုပ်ပါတယ်... အဲလိုနဲ့ တက်ပြီး ၃ ရက်လောက်ကြာတော့ အဲဒီဝင်းထဲမှာ အဖိုးကြီး တစ်ဦးနဲ့ လူငယ်တစ်ယောက် တခြားလူတွေကို လိုက်မေးနေတာတွေ့ပါတယ်... သူတို့ ပုံစံက မြန်မာ မဟုတ်မှန်း သိသာပါတယ်... ၀တ်ပုံစားပုံကလည်း မတူပါဘူး...
နောက်တော့ ကျွန်တော့်နားရောက်လာပြီးတော့ ကျွန်တော့်ကို မေးပါတယ်။ စကားကလည်း ခပ်ဝဲ၀ဲပါ...
သူတို့က စပါးကြီးသည်းခြေ လာရောင်းတာပါ.. ချင်းပြည်နယ်က လာတာဖြစ်ပြီး ပြန်ရင် ခွေး ၁၀ ကောင်လောက်ဝယ်သွားချင်လို့ ဆိုပြီး ပြောပြပါတယ်...။ နောက်ပြီး စပါးကြီးသည်းခြေက လူကြီးသူမတွေ အတွက် အရမ်းကို အသုံးဝင်တယ်ဆိုတာ ကျွန်တော့် ကိုယ်တွေ့ပါ...။ ကျွန်တော့် အဖိုးလေဖြတ်ပြီး လျှာကြီး တိုပြီး အထဲဝင်သွားလို့ စပါးကြီးသည်းခြေကို သုံးပြီး ပြန်ဆွဲထုတ်ဖူးပါတယ်။ လေဖြတ်တဲ့ သူတွေအတွက်၊ စကားမပြောနိုင်တာတွေ၊ မပီတာတွေ အတွက်လည်း သုံးလို့ရပါတယ်။ စပါးကြီးသည်းခြေက အနံ့ရရုံနဲ့တင် နားထင်နားရင်းပူအောင် ခါးပါတယ်။
အဲဒါနဲ့ ကျွန်တော့် စိတ်ထဲမှာ ၀ယ်လည်းဝယ်ချင်တယ်၊ အလိမ်ခံရမှာလည်း ကြောက်နေတယ်။ နောက်ပြီး ကိုယ်ဖတ်ဖူး လက်တွေ့ စမ်းဖူးထားတဲ့ အတွေ့အကြုံကလည်း ရှိနေတော့ စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ ကျွန်တော့်လက်ဖ၀ါးကို စပါးကြီးသည်းခြေကို နည်းနည်း သုတ်ခိုင်းပါတယ်။ နောက်ပြီး ကျွန်တော့် လက်ဖ၀ါးနှစ်ခုကို ပွတ်ပြီး လက်ခုံကို လျှာနဲ့ လျက်ကြည့်တော့ တော်တော်လေးကို ခါးပါတယ်။ အဲဒါနဲ့ မကျေနပ်သေးဘူး နောက်တစ်မျိုး ထပ်စမ်းဖို့ ဆုံးဖြတ်ပါတယ်။ အဲဒါကတော့ နှီးစကို ယူပြီး စပါးကြီး သည်းခြေကို နှီးဖျားမှာ တို့ပြီး ရေထဲချကြည့်တာပါ။ ရေထဲချကြည့်တာနဲ့ အဲဒီနှီးစက မြွေတစ်ကောင်လိုပဲ ရေထဲကို တွန့်လိမ်ပြီး ဆင်းသွားပါတယ်။
ကျွန်တော်လည်း စိတ်တိုင်းကျ စမ်းသပ်ပြီးပြီဆိုတော့ ၀ယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ လောဘကြီးပြီး ၂ ခုတောင် ၀ယ်လာတာပါ။ အိမ်လည်းရောက်ရော အဖွားက တန်းမေးပါတယ်.. နင့်ဥစ္စာက စစ်ရော စစ်ရဲ့လားပေါ့။ ကျွန်တော်ကလည်း ကိုယ်တိုင် စမ်းလာတာဆိုတော့ စစ်ပါတယ်၊ မယုံရင် စမ်းပြမယ်ဆိုပြီး နှီးစကိုယူ စပါးကြီး သည်းခြေနည်းနည်း တို့ပြီး ရေထဲချလိုက်ပါတယ်... ရေထဲလည်း ရောက်ရော နှီးစက ရေထဲ မဆင်းတဲ့ အပြင် ရေပေါ်မှာ ပေါလောပေါ်နေပါတယ်။ လှုပ်တောင် မလှုပ်ပါဘူး...။ အဖွားက နင့်တော့ အလိမ်ခံရပြီတဲ့...။ ကျွန်တော်လည်း ချက်ချင်း ဘယ်လိုမှ စဉ်းစားလို့မရပါဘူး..။ သေချာ စမ်းသပ် လာခဲ့တာကို ခုမှ ဘယ်လိုဖြစ်ရတာလဲ ပေါ့...။ နောက်တော့မှ ကျွန်တော့်ကို မျက်လှည့်ပြသွားမှန်း ရိပ်မိတာပါ...။
အဲဒီလိုလည်း ကျွန်တော် တတ်ယောင်ကားနဲ့ အလိမ်ခံရဖူးပါတယ်...။ :D :D :D
+19
တကယ်တော့
အပေအတေပါ
ပျော်စရာလွမ်းစရာတွေကို
စိတ်ကူးထဲတောင် မထည့်ခဲ့ပါဘူး
ဒါပေမယ့်
မင်းကိုခွဲရမယ်မှန်းသိတော့
ငါ့ရဲ့ မျက်ရည်
မြေခတယ်......။
Offline miscellaneous
  • ကျောင်းသားကြီး
  • **
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +975
Re: ကိုယ်တွေ့အလွဲများ..
« Reply #12 on: November 25, 2011, 01:38:15 PM »
ကျွန်တော်နှင့် ဗေဒင်ဆရာများ
ဒီတစ်ခါကတော့ ဘယ်လိုပြောရမလဲ မသိတော့ဘူး... ကျောင်းတက်တုန်းက ဖြစ်ပျက်ခဲ့တာကလေးပါ... ကျောင်းကတော့ သိကြတဲ့အတိုင်း တောင်ငူမှာ တက်ရပါတယ်... တောင်ငူမှာက အင်ဂျင်နီယာကျောင်းရော၊ ကွန်ပျူတာကျောင်းရော၊ မေဂျာဘာသာရပ်ရော၊ဥပဒေပညာကျောင်းရော ရှိနေတာဖြစ်ပါတယ်... ကျောင်းသားတော်တော်များများက ရထားစီးပြီး တောင်ငူကို သွားကြတာများပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရထားခ ပေးစရာမလိုပဲ ကျောင်းသားပါလို့ ပြောလိုက်ရင် အလကားစီးရလို့ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ကျောင်းသားမဟုတ်ပဲနဲ့တောင် ကျောင်းသားလို့ ပြောစီးကြတာတွေ့ဖူးပါတယ်။
ကျောင်းဖွင့်ရက် ပိတ်ရက်တွေကျရင် ပဲခူးကနေတောင်ငူကိုပဲ ဖြစ်ဖြစ်၊ တောင်ငူကနေ ပဲခူးကိုပဲ ဖြစ်ဖြစ် သွားတဲ့ ရထားဆိုရင် တစ်စီးလုံး ကျောင်းသားတွေနဲ့ပဲ ပြည့်နေကြပါ။ အဲဒီတော့ ပဲခူးကနေ တောင်ငူထိ ဆိုရင် ရထားပေါ်ကို လက်မှတ်စစ်မလာတော့ပါဘူး။ ကျောင်းသားတွေဘက်ကလည်း လက်မှတ်မ၀ယ်ချင်လို့လားဆိုတော့ မဟုတ်ပါဘူး၊ ကျောင်းသားကများတဲ့ အတွက် လက်မှတ်က မလောက်တော့လို့ပါ။
ဇာတ်လမ်းက ခုမှစမှာပါ... ပထမနှစ်ပြီးတော့ ဒုတိယနှစ်စတက်မယ့် အချိန်ပေါ့... တောင်ငူကို ကျောင်းတက်ဖို့ ရောက်လာတော့ သူငယ်ချင်း တစ်ယောက်ကလွဲပြီး ကျန်တဲ့ သူတွေမတွေ့ဘူး။ အဲဒါနဲ့ စုံစမ်းကြည့်တော့ ပုဂံကို ဘုရားဖူးသွားကြတယ်လို့ ပြောကြတယ်... အဲဒါနဲ့ သူငယ်ချင်းနှစ်ယောက် မန္တလေးကို ဘုရားဖူးသွားရအောင်ဆိုပြီး နှစ်ယောက်သား အထုပ်ကိုယ်စီနဲ့ ဘူတာကို ထွက်လာကြတာပေါ့။ ရထားပေါ်ရောက်ပြီး နေရာတွေ ဘာတွေရလို့ ဟန်ကျမလို့ပဲ ရှိသေးတယ်၊ လက်မှတ်စစ်နဲ့ တိုးပါရော... လက်မှတ်ပြပါဆိုတော့ ထုံးစံအတိုင်း ကျောင်းသားပါပေါ့။
အဲဒီတော့ လက်မှတ်စစ်က ကျောင်းသားဆိုရင် တောင်ငူထိပဲ လိုက်ခွင့်ရှိတယ်၊ တောင်ငူကျော်ရင် လက်မှတ်ဝယ်ရမယ် ဆိုပါရောလား။ လက်မှတ်မပါရင် ရှေ့ဘူတာကျရင် ဆင်းရမယ်တဲ့။ ကျွန်တော်တို့ကလည်း ခပ်တင်းတင်းပဲ မဆင်းနိုင်ဘူးပေါ့၊ ငါတို့ မန္တလေးကို ဘုရားဖူးသွားမလို့ ထွက်လာတာပေါ့၊ အဲလိုလည်း ဆိုရော လက်မှတ်စစ်က ဘာမှမပြောပဲ ကျောင်းသားကတ်တောင်းပါရော.. ကျောင်းသားကတ်ကို သိမ်းတယ်ပေါ့။ ဒီပြင်ကျောင်းတွေတော့ မသိဘူး။ ကျွန်တော်တို့ကျောင်းကတော့ ကျောင်းသားတစ်ယောက်မှာ ကျောင်းသားကတ်က ဖောချင်းသောချင်းပဲ၊ ဘယ်နှစ်ခု ယူမလဲ၊ ကြိုက်သလောက်ယူလို့ရတယ်။ အဲဒီတော့လည်း ကြည်ကြည်သာသာပဲ လက်မှတ်စစ်ကို ပေးလိုက်တာပေါ့။ နားအေးရင် ပြီးတာပဲလေ...
အဲလိုနဲ့ မန္တလေးကို မနက်လင်းအားကြီးအချိန်မှာ ရထားကဆိုက်လာတယ်၊ မန္တလေးဘူတာကြီးကတော့ ဟီးနေတာပဲဗျာ... ရန်ကုန်ဘူတာထက်တောင် ကြီးဦးမလားပဲ။ ရောက်တာနဲ့ ဟိုလူမေး၊ ဒီလူမေးနဲ့ အရင်ဆုံးရောက်ဖြစ်တာက ဈေးချိုပေါ့။ ဈေးချိုဆိုလို့ ကုန်ဈေးနှုန်းများ သက်သာမလား မှတ်တယ်။ မထူးပါဘူး၊ ရန်ကုန်မှာနဲ့ အတူတူပါပဲ။ ထိုးမုန့်တွေကတော့ ပေါတာပေါ့၊ အဲဒီက ထွက်တာကိုး၊ အဲဒါနဲ့ ဈေးချိုက ထမင်းဆိုင်တစ်ဆိုင်မှာ ထမင်းစားပြီး၊ မန္တလေးနန်းတော်ဘက်ကို ထွက်ခဲ့တာပေါ့။ အထဲလည်း ရောက်ရော သတိထားမိတာက အချွန်အတက်တွေနဲ့ ကုတင်ဗျ... ဘာဖြစ်လို့လဲ ဆိုတော့ ကုတင်က သေးသေးလေးရယ်။ ကြားဖူးတာက ရှေးခေတ်မြန်မာကြီးတွေက အရပ်အမောင်းကောင်းကြတယ်ဆိုပြီး လုပ်ထားတဲ့ကုတင်က ကျွန်တော့်အရပ်နဲ့တောင် ဘယ်လိုမှ အိပ်လို့ရမှာ မဟုတ်ဘူး။ သလွန်တော်ဆိုရင်လည်းဗျာ သလွန်ဆိုတာ လဲလျောင်းလို့ရတယ် မဟုတ်လား။
အဲဒီကမှ တဆင့်မဟာမြတ်မုနိဘုရားကြီးဆီကို ကားစီးပြီး သွားကြတာပေါ့။ မဟာမြတ်မုနိ ဘုရားကြီးကလည်း သပ္ပါယ်လိုက်တာ၊ အရမ်းကြည်ညိုဖို့ကောင်းတာပဲ။ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေထဲမှာပဲ ဖူးခဲ့ရတာဆိုတော့ အခုလို ကိုယ်တိုင်ကိုယ်ကျ ဖူးရတာ ဘယ်လောက်ပျော်ရွှင်ကြည်နူးဖို့ ကောင်းသလဲ တ၀ကြီးကို ဖူးခဲ့တာပေါ့။ ဆိုးတာက ဘုရားစောင်းတန်းဘေးက ဗေဒင်ဆရာတွေဗျာ... လူကို အတင်းလက်ဆွဲပြီးခေါ်တော့တာပဲ ပေါ်တာဆွဲ သလား မှတ်ရတယ်။ ( အဆွဲခံရဖူးသလား မမေးနဲ့ဗျို့... အတူတူပဲ ထင်လို့ ) အဲဒါနဲ့ အားနာနာနဲ့ လိုက်သွားပြီး သူတို့ ဖွင့်နေကြဓါတ်ပြားဟောင်းကြီးကို နားထောင်ခဲ့ရသေးတယ်။
ထီပေါက်ကိန်းရှိတယ်၊ ဆိုလို့ ကျွန်တော်က ထီမှ မထိုးတာ ဘယ်လိုပေါက်မှာလဲ မေးလိုက်လို့ မျက်လုံးကြီး ပြူးကြည့်တာ ခံလိုက်ရသေးတယ်၊ အရိုက်မခံရတာ ကံကောင်းပဲ။ ကျွန်တော့်သူငယ်ချင်းကျတော့လည်း နိုင်ငံခြား ထွက်ရကိန်းရှိတယ်တဲ့၊ အဲဒါနဲ့ ဘော်ဒါကလည်း ကျွန်တော်က နိုင်ငံခြားမထွက်ချင်ဘူး၊ စိတ်လည်းမ၀င်စားဖူး၊ အလကားသွားရပါမယ် ဆိုရင်တောင် မသွားချင်ဘူးဗျာနဲ့။ ဗေဒင်ဆရာကလည်း မရဘူး၊ ထွက်ကိုထွက်ရမယ် ဆိုတာကြီးပဲ။ နောက်ထပ်ဟောလိုက်တာတွေလည်း အများကြီးပဲ၊ ဘာတဲ့ မင်းတို့က လောလောဆယ် ဟန်ပဲရှိတာ အဆံမရှိဘူးဖြစ်နေတယ်ဆိုပြီး ကန်တော့ပွဲ ပေးရမယ်ဆိုပါရောလား။ အဲဒါနဲ့ ဆရာရယ်၊ ဆရာဟောတာ မှန်ပါတယ် ကျွန်တော်တို့မှာ ဟန်ပဲရှိပြီး အဆံမရှိလို့ ကန်တော့ပွဲပေးဖို့တောင် မဟုတ်ဘူး၊ ဥာဏ်ပူဇော်ခတောင် ပေးဖို့မရှိပါဘူး ဆရာရယ် ဆိုပြီး အသာလစ်ထွက်လာရတယ်။ ( ဟွန်း....တော်တော်ဆိုးတဲ့ ဗေဒင်ဆရာတွေ )
+20
တကယ်တော့
အပေအတေပါ
ပျော်စရာလွမ်းစရာတွေကို
စိတ်ကူးထဲတောင် မထည့်ခဲ့ပါဘူး
ဒါပေမယ့်
မင်းကိုခွဲရမယ်မှန်းသိတော့
ငါ့ရဲ့ မျက်ရည်
မြေခတယ်......။
Offline miscellaneous
  • ကျောင်းသားကြီး
  • **
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +975
Re: ကိုယ်တွေ့အလွဲများ..
« Reply #13 on: November 25, 2011, 01:39:18 PM »
ကျွန်တော်နှင့် ဘုန်းကြီးကျောင်း
မဟာမြတ်မုနိ ဘုရားကြီးဖူးပြီးတော့ တစ်ခါ ဦးပိန်တံတားလည်း မရောက်ဖူးတာနဲ့ ဆက်သွားကြပါတယ်။ ဟိုလည်း ရောက်ရော ညနေစောင်းနေပါပြီ၊ ဆည်းဆာချိန်မှာ တွေ့ရတဲ့ ဦးပိန်တံတားပေါ်က မြင်ကွင်းဟာ ကျွန်တော့်ရင်ကို ကြည်နူးစေပါတယ်။ မြန်မာပြည်ရဲ့ လွမ်းမောဘွယ်ရာ အလှအပတွေထဲက တစ်ခုပါပဲ။ တံတားအောက်က တောင်သမန်အင်းထဲမှာ လှေစီးလို့လည်း ရပါတယ်။ တံတားဆုံးအောင်တော့ မသွားဖြစ်ပါဘူး။ နည်းနည်းမှောင်လာတာလည်းပါပါတယ်။ တံတားပေါ်မှာ နိုင်ငံခြားသား တစ်ချို့ကိုလည်း တွေ့ရပါတယ်၊ ဦးပိန်တံတားရဲ့ ဆည်းဆာချိန်မြင်ကွင်းကို သူတို့ သိပ်သဘောကျနေပုံပါပဲ။ အဲဒီမြင်ကွင်းက လူတိုင်းရဲ့ ရင်ကို ကြည်နူးစေနိုင်တာလည်း အမှန်ပါပဲ။
ညဖက်လည်းရောက်ရော အဲဒီနားက ဆိုင်တစ်ဆိုင်မှာ ညစာစားပြီး အိပ်ဖို့ အတွက်နေရာရှာကြရပါတယ်။ တည်းခိုခန်းရှိလား မေးကြည့်တော့လည်း အနီးအနားမှာက မရှိဘူး။ အဲဒါနဲ့ ဟိုလျှောက်ဒီလျှောက်လုပ်ရင်း မျက်စိထဲမှာ သွားမြင်တာက ဘုန်းကြီးကျောင်းပါ၊ ဟီးဟီး :mrgreen: :mrgreen: မြန်မာပြည်မှာ အဲဒီတစ်ခုကတော့ စိတ်ချရပါတယ်။ ဘယ်နေရာရောက်ရောက် နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ မပူရပါဘူး။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ နေရာတိုင်းမှာ ရှိပါတယ်။ အဲဒီလိုနဲ့ ဆရာတော်ကို သွားဖူး၊အကျိုးအကြောင်း လျှောက်ထားပြီး တစ်ညာတာ တည်းခိုခွင့်ပြုဖို့ ခွင့်တောင်းပါတယ်။
ဆရာတော်ကလည်း ကြည်ကြည်ဖြူဖြူပဲ အေးအေးဆေးဆေး တည်းခိုနိုင်ကြောင်း၊ လိုအပ်တာရှိရင် ကျောင်းစောင့်ကြီးကို မှာဖို့ မိန့်ကြားပြီး ကျွန်တော်တို့ တည်းခိုရမယ့်နေရာကို လိုက်ပို့ခိုင်းပါတယ်။ ညကလည်း မှောင်နေတော့ ဘေးပတ်ဝန်းကျင်ကို လေ့လာလို့မရပဲ ကျောင်းစောင့်ဦးလေးကြီး နောက်ကပဲ အသာလိုက်လာရပါတယ်။ ကျွန်တော်တို့ကို အဆောက်အဦး တစ်ခုရဲ့ ၂ ထပ်မြောက်မှာ နေရာချပေးပါတယ်။ နောက်ပြီး စောင်၊ ခြင်ထောင်၊ ခေါင်းအုံး လိုအပ်တာမှန်သမျှ ထုတ်ပေးပါတယ်။ ကျွန်တော်ကတော့ တည်းခိုခန်းတည်းရတာထက်ကို ဇိမ်ကျနေပါသေးတယ်။
အိပ်ရာပြောင်းလို့ပဲလား၊ ပင်ပန်းလို့ပဲလား မသိဘူး၊ ကောင်းကောင်းအိပ်လို့ မပျော်ပါဘူး။ တော်တော်ညဥ့်နက်မှ အိပ်ပျော်သွားပါတယ်။ မနက် ၅ နာရီလောက်မှာနိုးပါတယ်၊ အဲဒါနဲ့ အောက်ထပ်ကိုဆင်း၊ မျက်နှာတွေဘာတွေသစ်ပြီး အပေါ်ထပ်ပြန်တက်လို့ ပြတင်းပေါက်နားလည်း ရောက်ရော အောက်ကို ငုံ့ကြည့်မိတာပေါ့။
အောင်မလေး :o :o :o မနက်အာရုဏ်ဦး အလင်းရောင်အောက်မှာ အုတ်ဂူလေးတွေက ဖွေးဖွေးကို ဖြူနေတာပဲ၊ လွမ်းသူ့ပန်းခွေလေးတွေ ကိုယ်စီနဲ့ပေါ့။ မြင်ကွင်းက ကြက်သီးထစရာကောင်းပါတယ်၊ ညတုန်းက မမြင်မိတာ ကံကောင်းပါပဲ။ ညတုန်းကသာ မြင်ထားရင် ကျိန်းသေတယ် ဘယ်လိုမှ အိပ်လို့ရမှာ မဟုတ်တော့ပါဘူး။ အမှန်တကယ်က အဆောက်အဦးနဲ့ သင်္ချိုင်းကုန်းနဲ့က ခြံဝင်းတစ်ခုထဲမှာပါ၊ ရွာဖက်တွေမှာ အဲလိုပဲ ထင်ပါတယ်။ ကျွန်တော်လည်း မကြုံဖူးတော့ မသိပါဘူး။
တစ်အောင့်လောက်နေတော့ ကျောင်းစောင့်ဦးလေးကြီးက လာခေါ်ပါတယ်၊ မနက်စာ စားဖို့ ဆရာတော်က ခေါ်ခိုင်းလိုက်တယ်လို့ ပြောပါတယ်။ အဲလိုနဲ့ ဆရာတော်ကျောင်းမှာ မနက်စာ ပြောင်းဖူးနဲ့ နယ်ထားတဲ့ ထမင်းကို ငါးခြောက်ထောင်းတို့ ဘာတို့နဲ့ အကျအန လွေးခဲ့ကြပါတယ်။ နောက်ပြီး ဘုရားဝတ်ပြု ဆရာတော်ကို ဦးချပြီး ပြင်ဦးလွင်ကို ခရီးဆက်ခဲ့ကြတာပါ။
+21
တကယ်တော့
အပေအတေပါ
ပျော်စရာလွမ်းစရာတွေကို
စိတ်ကူးထဲတောင် မထည့်ခဲ့ပါဘူး
ဒါပေမယ့်
မင်းကိုခွဲရမယ်မှန်းသိတော့
ငါ့ရဲ့ မျက်ရည်
မြေခတယ်......။
Offline miscellaneous
  • ကျောင်းသားကြီး
  • **
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +975
Re: ကိုယ်တွေ့အလွဲများ..
« Reply #14 on: November 25, 2011, 01:39:52 PM »
ကျွန်တော်နှင့် အခြောက်သံသရာ
ပြင်ဦးလွင်ရောက်တော့ ကားဂိတ်မှာ ကားတစ်စီးက အလည်အပတ်သဘောမျိုး လိုက်ပို့ပေးတယ် ဆိုလို့ ဘယ်နေရာတွေ ရောက်မှာလဲ ဆိုတော့ ပိတ်ချင်းမြှောင်၊ ပွဲကောက် ရေတံခွန်၊ အမျိုးသား ကန်တော်ကြီးဥယျာဉ်၊ ဘုံကျောင်း နဲ့ ဘုရား တစ်ဆူ ( နာမည် မမှတ်မိတော့ဘူး ) ရောက်ဆိုတာနဲ့ အဲဒီကားနဲ့ပဲ လိုက်လည်ကြတာပေါ့။ ပြန်လာတော့ ညနေစောင်းနေပြီ။ အဲဒါနဲ့ မြို့မဈေးကြီးထဲက ၀ိုင်ပုလင်းတွေ ၀ယ်ပြီး မန္တလေးကို ပြန်ခဲ့ကြတာပေါ့။ ဘူတာကြီးကို ည ၈ နာရီလောက်ရောက်တယ်။
ရထားပေါ်ရောက်တော့ ထုံးစံအတိုင်း လက်မှတ်က မပါဘူး။ အပေါက်ဝမှာပဲ ထိုင်ရမယ့်ပုံဖြစ်နေတယ်။ လူတွေကလည်း ပင်ပန်းလာတာဆိုတော့ မဖြစ်တော့ဘူး ထိုင်စရာနေရာရမှ ဖြစ်မယ်၊ မဟုတ်ရင် အိပ်ငိုက်ပြီး ချော်ကျလို့ မာလကီးယားသွားမယ့်ကိန်းရှိတယ် :hand: :hand: :hand: ။ ရထားတွဲကလည်း လူကပြည့်နေပြီ၊ တစ်တွဲမှ မလွတ်ဘူး။ အဲဒါနဲ့ တွဲစောင့်ဆီကိုသွား ပိုက်ဆံပေးပြီး တွဲစောင့်ထိုင်တဲ့ခုံကို ၀ယ်လိုက်ရတယ်။
အဲလိုနဲ့ ဇိမ်နဲ့စီးမလို့ရှိသေး၊ နောက်ဘူတာကျတော့ အကိုကြီးတစ်ယောက် တက်လာပြီး ကျွန်တော်တို့ ခုံအောက်မှာ လာထိုင်တယ်။ ကျွန်တော်လည်း မနေသာတာနဲ့ အကို အပေါ်မှာလာထိုင်ပါလားလို့ လောကွတ်က ချော်လိုက်သေးတာ။ နှစ်ယောက်ထိုင်ခုံ ဆိုပေမယ့် ပူးပူးကပ်ကပ် ထိုင်ရင် သုံးယောက်က အသာလေး ထိုင်လို့ရတာကိုး။ တော်သေးတာပေါ့၊ ကိုယ်တော်ချောက လာမထိုင်ဘူး၊ ရပါတယ်ဆိုတာနဲ့ ကျွန်တော်လည်း ဘာမှထပ်မပြောတော့ပဲ ဆက်မှိန်းနေတာပေါ့။
အဲဒီလို ဆက်မှေးနေရင်းနဲ့ အိပ်ပျော်မလို့ ကြံကာရှိသေး၊ လက်တစ်ဖက်က ကျွန်တော့် ပေါင်ကို လာထိပါရောလား။ ကျွန်တော်လည်း အစက အိပ်ပျော်နေလို့ မတော်တဆ လာထိတာပဲ ဆိုပြီး ဆက်အိပ်နေတာပေါ့။ နောက်ကျတော့ မဟုတ်ဘူးဗျို့ အဲဒီလက်က လာထိရုံတင်မကပဲ ကျွန်တော့် ပေါင်ကို ဖွဖွလေး လာပွတ်နေတာ၊ :o :o :o ပထမကတော့ လူကလည်း အိပ်ချင်မူးတူးနဲ့ဆိုတော့ ဘာမှန်းသေချာစဉ်းစားလို့ မရဘူး၊ ကြာလာနဲ့အမျှ လက်က တစ်ဖြည်းဖြည်း အပေါ်ကို တက်လာတယ်။ အိပ်ကလည်း အိပ်ချင်နဲ့ ဆိုတော့ စိတ်က တော်တော်တိုနေပြီ :evil: :evil: :evil: ။ အဲဒါနဲ့ အဲဒီလက်ကို ခြေထောက်နဲ့ ကန်ချလိုက်တယ်၊ ခြေထောက်နဲ့လည်း ကန်လိုက်ရော လက်က ခဏငြိမ်သွားတယ်၊ တစ်အောင့်လောက်နေတော့ ပြန်ရောက်လာပြန်ရော၊ ဒေါသက တော်တော်ထွက်လာပြီ ဆိုတော့ ခြေထောက်နဲ့ ခပ်နာနာ ကန်ပစ်လိုက်တယ်။ မီးကလည်း သိတဲ့ အတိုင်းမလာ၊ မှောင်ကလည်း မှောင်နေဆိုတော့ ထိသလား မထိသလားလဲ သေချာတော့ မသိဘူးဗျာ...
အဲလိုနဲ့ သူက လာတင်လိုက် ကျွန်တော်က ကန်ချလိုက်နဲ့ ကောင်းကောင်းလဲ အိပ်လို့မရ၊ ဘေးက ဘော်ဒါကို ကြည့်တော့ အိပ်မောကျလို့ ဟောက်တောင် ဟောက်နေပြီ၊ ကျွန်တော့်ဘက်က ဒီလောက် တဒုန်းဒုန်း တဒိုင်းဒိုင်း ဖြစ်နေတာတောင် သူက အိပ်လို့ကောင်းနေလိုက်တာများ နည်းနည်းလေးမှ မလှုပ်ဘူး၊ ကျွန်တော့်မှာသာ ဒေါသကဖြစ်၊ အိပ်လို့ကမရ၊ ချွေးကပြန်နဲ့ ညကြီးမိုးချုပ် ဒုက္ခများနေရတယ် :doh: :doh: :doh: ။
နောက်ဆုံးကြတော့ မထူးတော့ဘူး၊ ဘော်ဒါကို နှိုးပြီး မင်းနဲ့ငါ နေရာချင်းလဲရအောင် ပြောတော့ ဘာကြောင်ပြန်ပြီလဲ၊ ဘာဖြစ်ရပြန်ပြီလဲ ဆိုတဲ့ သဘောနဲ့ မျက်လုံးကြီး ပြူးကြည့်နေတယ်၊ နောက်တော့ ပြီးပြီးရောဆိုတဲ့ သဘောနဲ့ နေရာချင်းလဲပေးတယ်။ အဲဒီတော့မှပဲ ကျွန်တော့်မှာ အေးအေးဆေးဆေး အိပ်မလို့ လုပ်ရတယ်။
အဲဒီလိုနဲ့ အိပ်ပျော်မလို့ လုပ်တုန်းရှိသေးတယ်၊ ဟိုဖက်က ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့ ကျွန်တော့် သူငယ်ချင်း ဆဲနေသံပါကြားရတော့ အိပ်လို့မပျော်သေးပဲ ပြုံးမိပြန်ရော :mrgreen: :mrgreen: :mrgreen: ။ ဟိုကောင် ခြေထောက်နဲ့ ကန်နေသံတွေပါ ကြားရတယ်။ အဲလိုနဲ့ ခဏငြိမ်သွားလိုက်၊ ပြန်ကြားရလိုက်နဲ့ ဘယ်လိုမှ မနေနိုင်တဲ့အဆုံး အိပ်ပျော် သွားလိုက်တာ ကျွန်တော့်ဘော်ဒါ နှိုးမှပဲ နိုးတော့တယ်။ ပြီးတာနဲ့ ကျွန်တော့်ကို ဆဲပါလေရော၊ သောက်ကျင့်မကောင်းဘူး ဘာညာနဲ့၊ ကျွန်တော့်မှာ သူပြောပုံကိုကြည့်ပြီး ရယ်နေရတာပေါ့။
အဲဒါနဲ့ သူ့ကို ဘာဖြစ်လို့လဲ မေးကြည့်တော့ ဒေါသတကြီးနဲ့ ငါရိုးမသား အခြောက်၊ တွေ့ဦးမယ်ဆိုပြီး ကျိန်းမောင်းပြီး အဲဒီအခြောက်ကို အတင်းဆွဲပါလေရော၊ မနက်လင်းအားကြီး ၄ နာရီလောက်ဆိုတော့ အလင်းရောင်ကလည်း ရနေပြီလေ။ ကိုယ်တော်ချောက ကျွန်တော်တို့ အနားက မခွာသေးပဲ ၀တ်လာတဲ့ ပုဆိုးကို ခေါင်းမြှီးခြုံပြီး ကွေးကွေးလေး ငြိမ်ခံနေတယ်။ ကျွန်တော်တို့ကလဲ အတင်း မလုပ်ရဲသေးဘူး၊ မိုးကလင်းနေပြီဆိုတော့ တခြားသူတွေကလည်း နိုးနေပြီလေ။ နောက်တော့ မထူးပါဘူးကွာ ဆိုပြီး ပါလာတဲ့ ၀ိုင်လေးတွေ မော့ပြီး အဲဒီအခြောက်ကို အတင်းဆွဲပြီး ပုဆိုးပါ တစ်ခါတည်း ဆွဲချွတ်တော့တာ။ အဲဒီတော့မှ ကိုယ်တော်ချောက အတင်းကို ဆင်းပြေးတော့တာ၊ ရထားပေါ်က လူတွေကတော့ ဘာဖြစ်တာလဲ ဆိုပြီး ၀ိုင်းကြည့်နေကြတာပေါ့။
အေးအေးဆေးဆေး ဖြစ်တော့မှ ဘော်ဒါကို ပြန်မေးကြည့်ရတယ်။ မင်းကို ဘယ်လိုလုပ်လို့လဲပေါ့။ အဲတော့မှ ကျွန်တော့်ဘော်ဒါက ပထမတုန်းက သူမသိသေးဘူးတဲ့။ လက်က လာထိတယ်၊ ပြီးတော့ ဖွဖွလေး လာပွတ်ပေးနေတယ်။ အဲဒီအချိန်အထိ သူကအေးဆေးပဲတဲ့။ နောက်ဆုံး ဘောင်းဘီဇစ်ကို ဆွဲချွတ်တဲ့ အချိန်ကျမှပဲ သူ့မှာ ထကန်ရတော့တယ် ဆိုပဲ။ ဆဲလိုက်၊ကန်လိုက်၊ ပုတ်ထုတ်လိုက်နဲ့ တစ်ညလုံး အိပ်မရပဲ မိုးလင်းလာတယ်လို့ ပြောလို့ ကျွန်တော့်မှာ ရယ်နေရသေးတယ်။ တော်သေးတာပေါ့ အခြောက်က အားကောင်းမောင်းသန်ကြီး မဟုတ်လို့ :lol: :lol: :lol:
ကျွန်တော့်ဘော်ဒါနဲ့ ပြန်ဆုံလို့ စကားစပ်မိကြရင် ခုချိန်ထိ ပြန်ပြောပြီး ရယ်နေရတုန်းပဲဗျာ.... :D :D :D
+24
တကယ်တော့
အပေအတေပါ
ပျော်စရာလွမ်းစရာတွေကို
စိတ်ကူးထဲတောင် မထည့်ခဲ့ပါဘူး
ဒါပေမယ့်
မင်းကိုခွဲရမယ်မှန်းသိတော့
ငါ့ရဲ့ မျက်ရည်
မြေခတယ်......။
Offline ဖေဇော်ဂျီ
  • ကောလိပ်ဂျင်
  • ****
  • Posts: 255
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Don't Be Silly...Put a Condom on ur Willy~~
  • Respect: +3090
Re: ကိုယ်တွေ့အလွဲများ..
« Reply #15 on: November 25, 2011, 03:00:07 PM »
ငှီး ဒီနေ့အိပ်ရာကထကထဲကစလွဲတာ ခုထိ  :-\
မျက်စိနှစ်လုံးဖွင့်တာနဲ့ ဆေးလိပ်လေးကောက်ဖွာ ၊ ပြီးတော့ အိမ်သာတက် ဒီအထိတော့ဟုတ်နေတာပ။ ပြီးတော့ မျက်နှာသစ်၊သွားတိုက်တော့ ဘယ့်နှာ သွားတိုက်ဆေးက ဘယ်လိုအရသာကြီးဖြစ်နေပါလိမ့်? ဇော်ဂျီအမေများ သွားတိုက်ဆေးအသစ်ဝယ်ထားတာလားဆိုပြီး သွားတိုက်ဆေးကိုကြည့်လိုက်တော့လည်း သုံးနေကြဟာပါပဲ။ ဒါနဲ့ သေချာပြန်ကြည့်လိုက်တော့မှ မျက်နှာသစ်တဲ့ ဆပ်ပြာကို သွားတိုက်တံမှာ ညှစ်ပြီး တိုက်မိရက်သားဖြစ်နေတာကိုး  :'( :'(
သွားတွေတောင် အရင်ထတ်ပိုဖြူသွားသလိုပဲ။ :-\
ပြီးတော့ အခုနောက်တခါ ၊ ဒီပို့စ့်ကိုရေးနေရင်းနဲ့ နှာနည်းနည်းစီးနေလို့ ရှူဆေးရှူလိုက် ရေးလိုက် ၊ ဆေးလိပ်လေးဖွာရင်း ဟုတ်နေတာကို ရှူဆေးဆိုပြီး အားရပါးရနှာခေါင်းထဲထိုးပြီးရှူလိုက်တာ ဆေးလိပ်ကြီးဖြစ်နေပါရော်ဗျာ။ သီးတာမျက်ရေတွေတောင်ကျဒလယ်။ ဖေဇော်ဂျီ ဒီနေ့ဘာဖစ်နေလဲတိဝူး   :'( :'(
+15
Offline miscellaneous
  • ကျောင်းသားကြီး
  • **
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +975
Re: ကိုယ်တွေ့အလွဲများ..
« Reply #16 on: November 26, 2011, 09:20:55 AM »
ကျွန်တော့်ဘ၀၏ အမှတ်တရ အလွဲများ
တစ်ခုသော တနင်္ဂနွေနေ့ပေါ့.... တိုပါးရိုး ဘုန်းကြီးကျောင်းမှာ နိဗ္ဗာန်ဈေး သဘောမျိုး အလှူလုပ်ပါတယ်....။ ကိုယ်အဖွဲ့နဲ့ကိုယ် အစားအစာပဲ ဖြစ်ဖြစ် အချိုပွဲပဲ ဖြစ်ဖြစ် ချက်ပြုတ်ပြီး လာရောက်သူတွေကို ရောင်းချလို့ ရတဲ့ငွေနဲ့ ပြန်လှူတဲ့ ပွဲလေးပါ....။ အဲဒီနေ့မှာ ကျွန်တော်နဲ့ ကောင်မလေး ၂ ယောက် ဘုန်းကြီးကျောင်းကို မရောက်တာကြာပြီဖြစ်လို့ ထွက်လာတဲ့နေ့နဲ့ တိုက်ဆိုင်နေပါတယ်။
ဘုန်းကြီးကျောင်းရောက်လို့ ဘုရားတွေဘာတွေ ရှိခိုးဦးချပြီး ပုတီးစိပ်နေတုန်း အတူပါလာတဲ့ ကောင်မလေး ၂ ယောက်က အောက်ကိုဆင်းသွားပါပြီ...။ ကျွန်တော် ပုတီးစိပ်ပြီးလို့ အောက်ကို ဆင်းလာတော့
သူတို့က နေရာတွေဘာတွေ ရလို့ ကြာဇံချက် ကိုယ်စီ အအေးဗူးကိုယ်စီနဲ့ ထိုင်လွေးနေကြပါပြီ....။ အဲဒါနဲ့ ကျွန်တော်လည်း ဈေးတန်းထဲလိုက်ကြည့်ပြီး ကျွန်တော်ကြိုက်တဲ့ အုန်းနို့ကျောက်ကျောဆိုင်တွေ့ တာနဲ့ တစ်ပွဲဘယ်လောက်လဲမေးတော့ ၂ ကျပ်ဆိုတာနဲ့ ပိုက်ဆံထုတ်ရှင်းပြီး တစ်ပွဲယူလာခဲ့ပါတယ်....။ အဲလိုနဲ့ ကောင်မလေး ၂ ယောက်နားရောက်တော့ ဘာရယ်မဟုတ်ပဲ ငါ့ကျောက်ကျောက ၂ ကျပ်ပေးရတယ် နင်တို့ဟာက ဘယ်လောက်တဲ့လဲမေးတော့ အံ့သြတဲ့မျက်ဝန်းတွေနဲ့ ကျွန်တော့်ကို ပြန်ကြည့်နေပါတယ်... ပြီးတော့မှ ရယ်လိုက်ပြီး ဘာတွေလာပေါနေတာလဲ ဒါတွေက ပိုက်ဆံပေးစရာ မလိုဘူးလို့ ဆိုလာပါတယ်...။
အဲဒါနဲ့ ကျွန်တော်လည်း မဟုတ်သေးပါဘူးဆိုပြီး ရှင်းပြရပါတယ်... ဒီလိုပွဲမျိုးက အလှူသဘောမျိုး လုပ်တာဖြစ်ကြောင်း ရောင်းလို့ရတဲ့ ပိုက်ဆံတွေကို ပြန်လှူမှာဖြစ်ကြောင်း သေချာ နားလည်အောင် ရှင်းပြရပါတယ်... အဲဒါတောင် သူတို့ မယုံကြည်နိုင်ကြသေးပုံပဲ.... ဈေးရောင်းတဲ့သူတွေဆီကို လိုက်ကြည့်ပြီး လာဝယ်တဲ့သူတွေ ပိုက်ဆံပေးရလား မပေးရဘူးလား သေချာကြည့်နေပါသေးတယ်...။
နောက်တော့မှ သူတို့ထဲက တစ်ယောက်က သူတို့ ကြာဇံချက်သွားယူတုန်းက အဲဒီက အကိုကြီးတွေက ပိုက်ဆံတောင်းကြောင်း၊ သူတို့က နောက်နေတယ်ထင်ပြီး ရယ်မောကာဖြင့် မပေးခဲ့ကြောင်း အဲဒီအကိုကြီးတွေက နားမလည်နိုင်စွာ သူတို့ကို ကြည့်နေကြောင်းနဲ့ သူတို့လည်း တစ်ခါမှ မကြုံဖူးတော့ ပိုက်ဆံပေးစရာမလိုကြောင်းထင်၍ မပေးပဲ ထွက်လာခဲ့ကြောင်း ရယ်ပြီးပြန်ပြောပြပါတယ်...။
အဲလိုနဲ့ တစ်ယောက်က ခုပဲ ပိုက်ဆံသွားပြန်ပေးမယ်နဲ့ နောက်တစ်ယောက်က ခုမှသွားပေးရင် ပိုပြီး အရှက်ကွဲမယ်နဲ့ အငြင်းပွားနေတုန်း အဲဒီအချိန် အနားမှာလာထိုင်တဲ့ အမကြီး တစ်ယောက်က မေးလာတော့ ကျွန်တော့်မှာ စားနေဆဲ အစာတောင် ပြန်ထွက်မတတ် ရယ်လိုက်ရတာ သီးမလိုတောင် ဖြစ်သွားပါတယ်... ဘယ်လိုမေးလဲဆိုတော့ ဘာဖြစ်လို့လဲ ညီမလေးတဲ့ စားမကောင်းလို့လား အရသာ မရှိလို့လားတဲ့ ... အဲဒါနဲ့ ဟိုတစ်ယောက်က ပြန်ဖြေပါတယ် မဟုတ်ပါဘူး ကောင်းပါတယ်တဲ့...။ ပြောပြောဆိုဆိုပဲ ထပြန်ပြေးရတဲ့ဆီကို ရောက်ပါလေရော.... ဘာဖြစ်လို့လဲ မေးတော့ ရှက်တယ်တဲ့ မျက်နှာလည်း ပူလို့ပါဆိုပဲ.... တစ်လမ်းလုံး တစ်ယောက်တစ်ခွန်းဆီ ပြောပြီး ရယ်လာလိုက်တာ ဘူတာကိုရောက်လို့ လမ်းခွဲတဲ့ အချိန်ထိပဲ ဆိုပါတော့....။
အဲလို အမြဲလွဲတတ်တဲ့ ကျွန်တော်နဲ့ ပေါင်းပြီး သူငယ်ချင်းတွေလည်း လွဲကြပါတယ်.....။
+16
တကယ်တော့
အပေအတေပါ
ပျော်စရာလွမ်းစရာတွေကို
စိတ်ကူးထဲတောင် မထည့်ခဲ့ပါဘူး
ဒါပေမယ့်
မင်းကိုခွဲရမယ်မှန်းသိတော့
ငါ့ရဲ့ မျက်ရည်
မြေခတယ်......။
Online tunaye2011
  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3338
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19454
Re: ကိုယ်တွေ့အလွဲများ..
« Reply #17 on: December 12, 2011, 10:31:56 AM »
       အူးထွန်း ...လွဲချက်ကတော့ နာသည် ။  အဲ့အကြောင်း ပြန်တွေးတိုင်း တစ်ယောက်ထဲလဲ ပြန်ရီမောမိသည် ။  တရက်  ဂျီတော့မှာ
ကျောင်းသူတစ်ယောက်နှင့် စကားပြောဖြစ်သည် ။
       "       လှလှ..မအိပ်သေးဘူးလားဟင်..  "
       "       ဟုတ်...အူးထွန်း... သွားကိုက်နေလို့     "
       "       ဆေးသောက်လေ..လှလှရဲ့     "
       "       ဆေးချိဘူး အူးထွန်းရဲ့       "
       အူးထွန်းတို့ ဆီမှာလို  ကွမ်းယာဆိုင်မှာ အလွယ်တကူ ၀ယ်လို့  မရလို့ နှင့်တူသည် ။
       "       မေမေတို့ အခန်းထဲမှာတော့ ရှိတယ်..ညနက်နေပီ..
               အခု မနက် တစ်နာရီ ခွဲတော့မယ်..     "
       "       အဲ့တာဆို ရေနွေးနွေးလေးထဲမှာ ဆားနည်းနည်းထည့်ပြီး  ပါးလုပ်ကျင်းကျင်းလိုက်လေ..    "
       "       အင်း......ဟုတ်.       "
       "       နောက်ထပ် သွားမကိုက်တဲ့နည်း ရှိတယ်.. လုပ်ကြည့်မား..     "
       ကိုယ့်ကျောင်းသူဆိုတော့ ကြည့်ရှုစောင့်ရှောက်ရမည်..။  ကိုယ့်ညီမလို..တူမလို ဆိုတော့  စေတနာပိုသည်  ။  ကအိတ်လို ဆိုရင်ဖြင့်
       ဒင်း...သေချင်သေပစေ....ခွိ  ။
       "       မနက် အိပ်ရာထထချင်း.. ရေတစ်ခွက်..အ၀သောက်လိုက်..     "
       "       ဟုတ်..      "
       "       ပြီးမှ ရေချိုးခန်း ၀င်စရာရှိတာ..၀င်    "
       "       အင်း..      "
       "       ပြီးရင် မျက်နှာသစ်တဲ့အခါ..   "
       "       ဟုတ်..     "
       "       လက်ခုပ်နဲ့  ရေကိုယူပြီး မျက်နှာသစ်တဲအခါ.     "
       "       ဗုဒ္ဓံ..သရဏံ  ဂစ္ဆာမိ...  ဗုဒ္ဓံ မြတ်စွာဘုရား၏  ဂုဏ်ကျေးဇူးတော်တို့ သည်
               ဘုရားတပည့်တော်၏ ဦးခေါင်းထက်`၌ တည်ပါစေဘုရား  လို့  ဆိုရမယ်.     "
       "       အင်း..   "
       "       ဓမၼံ သရဏံ ဂစ ၦာမိ  ....××××××××××××××××××××××××××××××
               ဘုရားတပည့်တော်၏ နား နှစ်ဖက်`၌ တည်ပါစေဘုရား  လို့  ဆိုရမယ်.     "
       "       ဟုတ်..     "
       "       သံဃံ သရဏံ ဂစ ၦာမိ..×××××××××××××××××××××××××××××××
               ဘုရားတပည့်တော်၏ ပုခုံး နှစ်ဖက်`၌ တည်ပါစေဘုရား  လို့  ဆိုရမယ်.      "
       "       အူးထွန်း.. ..
               အူးထွန်းပြောတာ..  ဘာမှ နားမလည်ဘူး..
               လှလှက ခရစ်ယာန်လေ..      "
               တိန်.....   အူးထွန်းတို့  လွဲချက်..  မျက်နှာချင်းဆိုင်သာ  ထိုင်ပြောနေရလျှင်ဖြင့်  အူးထွန်းမျက်နှာ ဘယ်သွား ထားရမည် မသိ...    
+16
« Last Edit: December 12, 2011, 10:33:54 AM by tunaye2011 »
Offline Kalarlay
  • ပထမနှစ်
  • *
  • Posts: 2
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +11
Re: ကိုယ်တွေ့အလွဲများ..
« Reply #18 on: December 22, 2011, 12:07:46 PM »
ကျနော့် အလွဲလေးကတော့ သုံးနှစ်သားလောက်တုန်းကပါ ။
မူကြို မှာ ကျနော်တို့ကျောင်းကပွဲလုပ်တာပေါ့နော်။ အဲ့မှာကျနော်က လူရွှင်တော့လုပ်ရတယ်ဗျ။  တစ်ခြားအကတွေပြီးသွားတော့ ကျနော်တို့ အငြိမ့်ကရမယ့်အလှည့်ရောက်လာပါတယ်။
လူရွှင်တော် လေးယောက်က မင်းသမီးကို ခြံရံပြီး ဂါရ၀ ပြုတာပေါ့နော်။ အဲ့မှာပဲ ကျနော်တို့ ဂါရ၀ပြု လို့ ခေါင်းလေးတွေ့ငုံပြီးတော့ ခေါင်းတောင်မမတ်ရသေးဘူး အောက်က ပရိတ်သတ်တွေက တ၀ါးဝါးနဲ့ ရယ်သံကြီးထွက်လာတာဗျ။ ကျနော်ကလည်းမျက်လုံးလေးမှိတ်ပြီး ဂါရ၀ အကျအနကိုပြုနေတာ။ ရယ်သံကြီးကြားမှ ဘာလဲပေါ့။  မျက်လုံးလည်းဖွင့်လိုက်ရော ။ တားတား ပုဆိုးက ကျွတ်နေတာဗျ။ နောက်မှသြော်အဲ့ဒါကြောင့်ကိုးဆိုပြီးသိတာ။
 ဟီးဟီး အဲ့လိုလွဲတာ။ ;D ;D ;D ;D
+11
Online tunaye2011
  • တွဲဖက် ပါမောက္ခ
  • *****
  • Posts: 3338
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +19454
Re: ကိုယ်တွေ့အလွဲများ..
« Reply #19 on: January 07, 2012, 01:34:09 PM »
       ခဲအိုကို ခယ်မကြံ မိုးကမမှန်.. ဆောင်းရာသီ..၀ဿန်ခါ.. နေတွေပူတဲ့နွေအခါမှာ . အနွေးထည်တွေဝတ်လို့ ပါ...။  ကိုယ်တင်နေတဲ့
ဟာသတွေထဲကလို ..ကျနော်လဲ..ချူချာ ဖြစ်နေပီ...။  ခပ်အူအူ..ထုံအအ..အပြင်ပန်းကြည့်လျှင်.အားလုံးသိသလိုနဲ့  ဗေထိ ဆိုလို့ က  ကွဲ
ပြီ...။ သူများတော့မကွဲ ကိုယ်ပဲကွဲ..အမြဲကွဲဦးမည်..ဖြစ်နေသည် ။  ;D ;D ;D ;D
       ဟိုတစ်ရက်ကလဲ ဂျီတော့နဲ့  ချက်နေတုန်း  ဖေ့ဘုတ်ထဲ ၀င်ကြည့်ဖြစ်တယ်..။  ၀င်လို့ သာ ၀င်တာ..သူငယ်ချင်းက အကောင့်ဖွင့်ပေး
ခဲ့လို့ သာ  ကိုယ့်မှာ အကောင့်ရှိတာ..။ တစ်ခါမှ မ၀င်ဖြစ်..၊ ကိုယ့်ဟာနှင့်ကိုယ် ကျောင်းထဲမှာပဲ ပျော်နေတာများသည် ။  အဲ့ဒီလို ၀င်ရင်းက
နေရတာလွဲပြီး..ကိုယ်ကလဲ ဘာမှ မလုပ်တတ်..။  သူ့ ဆီ မက်ဆေ့ခ်ျ ပို့ လို့ ရတယ်ဆိုတဲ့ စာတမ်းလေးတွေ့ တော့ အဲ့ဒါလေးနှိပ်ပြီး စာရိုက်
ပို့ လိုက်တယ်...။  ဂျီမှာ ခေါ်နေကျ နာမည်လေးခေါ်ပြီး.အာဘွားတွေ မွမွတွေတောင် လုပ်လိုက်သေး....။  ဘာမှ ရီပလိုင်း ပြန်မလာ  ဖြစ်နေ
ဗြုံး ဆို ကွန်နက်ရှင်က ပြုတ်ပြီး..  ပြန်မ၀င်ဖြစ်တော့ဘူး..။
       နောက်တစ်နေ့ မနက်  ဂျီမှာပြန်တွေ့ တော့ "   fbမှာ ခေါ်ထားတာ  မောင်ရိုးနာမည်နဲ့ လား   "   "   ငါ..accept  လုပ်လိုက်ပီ.   " "   မ
ဟုတ်ဘူး.."    "  *********   "   ဆိုတော့   "   ဟာ...သွားပီ..ပါသွားပီ..  "  "   နာ့ ပရိုင်ဗေစီ တွေတော့ ဟိုကောင်နောက် ပါသွားပီ..  "  " က
တောက်.. တင်းတယ်အေ..   "   "   နာမည်မေးတုန်းကတော့ ပြောဘူး    "  "   တိန်   "
       "     ချိုကြည်သာ...မဒီကညာအလှကိုလ...  အစ်ကိုဒီမှာ စာစီရလျှင်ဖြင့်....ဂျီမှာလို..နာမီ ( NA ME ) တွေ့ မယ်ထင်လို့ .. ပို့ လိုက်တဲ့ 
             မတ်စိပါ....  ဟတ်ထိတာ...ကညာခင်မို့ ..  ကြိုက်သလိုသာ ဟိုဒင်းပြုလိုက်ပါတော့... ချိုကိုင်လို့ တဲ့  တောင်းပန်ချင်... အဲလေ..
             ခြေသလုံးဖက်လို့  တောင်းပန်ချင်....... "  (  မှတ်ချက်..  ငိုချင်းချနေသည် ။  )  :'( :'( :'( :'( :'( :'( :'(
       ကျနော့ အူတူတူ အတတ က သူများပါသွားထိခိုက်တော့ စိတ်ထဲ တော်တော် မကောင်းဖြစ်သွားတယ် ..။  ဒါနဲ့ ပဲ   ဖုန်းလှမ်းဆက်ပြီး အ
မြန်တောင်းပန်လိုက်ရတယ်ဗျား..။  တော်ပါသေးရဲ့  ကိုယ့်ကို ကောတော့မှာပဲဆိုပြီး ရင်ထိတ်နေတာ..  သဘောကောင်းတဲ့ သူငယ်ချင်းမလေး
က  ကောင်းကောင်းမွန်မွန် ပြောလို့ ..။  အင်း... အခုတင်တဲ့ ပို့ စ်လေးများတွေ့ ပြီး   ကတောက် ဆိုလို့ ကတော့  အူးထွန်းတို့  ပြေးပြီဗျို့ ...။
       သူငယ်ချင်းမလေးရေ..   လူစုံတုန်း ပြောရတာပါကွယ်.  ချိတ်ချိုးနဲ့    ;D ;D ;D ;D ;D
+10
Tags: