Author Topic: ကိုယ်တွေ့အလွဲများ..  (Read 40221 times)

0 Members and 1 Guest are viewing this topic.

Offline shadowless

  • ကျောင်းသား
  • *
  • Posts: 73
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • ChatBot: Error: Connection status: 0 .. စိတ်လေတယ်.
  • Respect: +329
ကိုယ်တွေ့အလွဲများ..
« on: November 17, 2011, 08:52:39 PM »
ကိုယ်တိုင်ကြုံတွေ့ဖူးတဲ့အလွဲများကို.. တင်ချင်တဲ့လူတွေအတွက်ပါ...
+7
ချစ်သုဝေ.... နင့်ကိုငါ.. စိတ်နာလိုက်တာဟာ....

Offline miscellaneous

  • ကျောင်းသားကြီး
  • **
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +975
Re: ကိုယ်တွေ့အလွဲများ..
« Reply #1 on: November 17, 2011, 08:55:02 PM »
ကျွန်တော့်ဘ၀၏ အမှတ်တရအလွဲများ ( ၁ )

လူတိုင်း လူတိုင်း သူတို့ဘ၀မှာ အလွဲလေးတွေ အကျပ်ခံရ တာလေးတွေ ရှိတတ်
ကြမှာပါ။ ကျွန်တော့မှာလည်း လွဲခဲ့ရတဲ့အလွဲတွေ အကျပ်ခံရတာတွေတော်တော်
များများရှိခဲ့ပါတယ်။ အဲဒီထဲကမှ မှတ်မှတ်ရရ ဖြစ်ခဲ့ရတာလေး တစ်ခုပေါ့....

ကျွန်တော် ၈တန်း ကျောင်းသားဘ၀တုန်းက၊ အတန်းတင်စာမေးပွဲကြီး စစ်နေတဲ့
အချိန်ပေါ့။ ကျွန်တော်တို့ နှစ်တုန်းက မြန်မာ၊အင်္ဂလိပ်၊သင်္ချာ၊ပထ၀ီ၊သမိုင်း ဆိုပြီး
၅ ဘာသာပဲဖြေရတာပါ။ ကျွန်တော်သင်္ချာဖြေပြီးလို့ အိမ်ပြန်လာပြီး နောက်နေ့အ
တွက် စာကျက်နေချိန်မှာ ကျွန်တော့် အမေကလာပြောပါတယ် "ငါ့သား နင်ကျက်
နေတဲ့ ဘာသာက သမိုင်းဘာသာကြီး မှားနေပြီ၊ မနက်ဖြန် ပထ၀ီဖြေရမှာ မဟုတ်
လား" ဆိုတော့ ကျွန်တော် က "မဟုတ်ပါဘူး၊ မနက်ဖြန် သမိုင်းဖြေရမှာ... သား..
အချိန်စာရင်းကို သေချာကြည့် လာပါတယ် အမေရဲ့...."ကျွန်တော့် အဖြေလဲကြား
ရော အမေက ပြုံးပြီးပြောပါတယ် "ငါလည်း ဆရာမ လုပ်လာတာ ကြာပါပြီ၊ သင်္ချာ
ဖြေပြီးရင် သမိုင်းဖြေရတယ်လို့ တစ်ခါမှမကြားဖူးပါဘူး၊ နင့်အလှည့်ကျမှပဲ ကြားဖူး
တော့တယ်"တဲ့၊စကားမစပ်ကျွန်တော့်အမေကလည်းကျောင်းဆရာမပါ၊ကျွန်တော်
နဲ့ ကျောင်းချင်းတော့ မတူပါဘူး။ ကျွန်တော်ငယ်ငယ်ကတဇွတ်ထိုးနည်းနည်း ဆန်
ပါတယ် ကိုယ်တိုင်သေချာပြီဆိုရင်ဘယ်သူကမှားတယ်ပြောပြောမပြင်တတ်ပါဘူး၊
အဲဒီအကျင့်ကြောင့်လည်း ဒုက္ခရောက်ခဲ့ရပေါင်း မနည်းတော့ ပါဘူး။

အဲဒါနဲ့ ကျွန်တော်လည်း "အမေတို့ကျောင်းနဲ့ သားတို့ ကျောင်းနဲ့က တူတာမဟုတ်
ဘူး၊ သားတို့ကျောင်းက သမိုင်းဖြေရမှာ" ဆိုပြီး ဇွတ်ကို ငြင်းတာပါ၊ ပထ၀ီဘာသာ
လည်း မကျက်ပါဘူး။ အမေကလည်းကျွန်တော့်အကျင့်ကိုသိလို့ဘာမှမပြောတော့
ပါဘူး၊ ဒီအတိုင်းပဲ ကြည့်နေလိုက်ပါတယ်။

အဲဒီလိုနဲ့ ပထ၀ီဖြေရမယ့်နေ့ကို ရောက်လာပါတယ်။ စာမေးပွဲက ၉ နာရီခွဲမှ ဖြေရ
မှာပါ၊ မနက်ပိုင်း စာတစ်ခေါက်ထပ် ကျက်ပြီး ကျောင်းကို ထွက်လာ ခဲ့ပါတယ်။ စာ
မေးပွဲဖြေမယ့် အခန်းထဲရောက်မှ ဒီနေ့ဖြေရမယ့် ဘာသာက ပထ၀ီဆိုတာ သူငယ်
ချင်းတွေ ကျက်နေကြလို့ သိတာပါ။ အဲဒါတောင်ကျွန်တော်မယုံသေးပါဘူး၊မနေ့က
ကြည့်ခဲ့တဲ့ အချိန်စာရင်းရေးထားတဲ့ အခန်းရှေ့က ကျောက်သင်ပုန်းကိုတစ်ခေါက်
ထပ်သွားကြည့်သေးပါတယ်၊ ဒါပေမယ့် အဲဒီမှာ ရေးထားတာကလည်း ပထ၀ီပါ၊ သ
မိုင်းမဟုတ်ပါဘူး။ မနေ့ကကျွန်တော်အကြည့်မှားသွားတာပါ။အဲဒီတော့မှကျွန်တော်
ပထ၀ီဘာသာကို သူငယ်ချင်းတွေဆီက ခဏကြည့်ပြီး ပြန်ကျက်ရပါတယ်၊ ၁၀မိနစ်
လောက်နေတော့ အခန်းစောင့်တဲ့ ဆရာ၊ဆရာမတွေဝင်လာပါတယ်။ အဲဒီထဲက ဆ
ရာမတစ်ယောက်ကို ကျွန်တော့်အမေကကျွန်တော် စာမှားကျက်လာတဲ့အကြောင်း၊
အခန်းအပြင်မှာ နာရီဝက်လောက် စာကြည့်ခွင့်ပေးဖို့ အကြောင်းသွားပြောပါတယ်။

ဆရာမက သဘောကောင်းပါတယ်၊ ဘယ်လိုဖြစ်ရတာလဲဆိုပြီး ကျွန်တော့်ကိုအပြင်
မှာ စာကြည့်ခွင့်ပေးပါတယ်၊ ဒါပေမယ့် အဲဒီအချိန် ကျွန်တော့်မှာစာကြည့်ချင်စိတ်မ
ရှိတော့ပါဘူး၊အဲဒါနဲ့ မကြည့်တော့ပါဘူးလို့ဆရာမကိုပြောပြီးစာမေးပွဲပဲဖြေနေလိုက်
ပါတယ်၊ ကံကောင်းချင်တော့ အဲဒီနေ့က ကျွန်တော်ဖြေနိုင်ပါတယ်၊ အရင်က ကျက်
ထားတာတွေပဲ ပြန်မေးလို့ပါ။ ပထ၀ီဖြေပြီး ပြန်လာတော့ စာကျက်စရာမလိုတော့ပါ
ဘူး၊ အမေကလည်း စာကျက်ဖို့မဆူတော့ပါဘူး၊ ကျက်ပြီးသား ဖြစ်နေတာကိုး။ အဲဒီ
ကနေ ကျွန်တော် သင်ခန်းစာ ကောင်းကောင်းရလိုက်ပါတယ်၊

ကိုယ်သေချာပြီဆိုတိုင်း သူများပြောတာကိုဂရုမစိုက်နားမထောင်ပဲ မနေမိဖို့ပါ။တစ်
ခါတစ်လေမှာ သေချာပါတယ်ဆိုတဲ့အရာတွေဟာ လွဲတတ်ကြပါတယ်။

အဲဒီလိုနဲ့ ကျွန်တော်လည်း တဇွတ်ထိုးဆန်စွာ လွဲခဲ့ဖူးပါတယ်...............
+38
တကယ်တော့
အပေအတေပါ
ပျော်စရာလွမ်းစရာတွေကို
စိတ်ကူးထဲတောင် မထည့်ခဲ့ပါဘူး
ဒါပေမယ့်
မင်းကိုခွဲရမယ်မှန်းသိတော့
ငါ့ရဲ့ မျက်ရည်
မြေခတယ်......။

Offline miscellaneous

  • ကျောင်းသားကြီး
  • **
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +975
Re: ကိုယ်တွေ့အလွဲများ..
« Reply #2 on: November 17, 2011, 08:57:13 PM »
ကျွန်တော့်ဘ၀၏ အမှတ်တရအလွဲများ ( ၂ )

ကျွန်တော့်ရဲ့ မှတ်မှတ်ရရ ဒုတိယအလွဲလေးကတော့ ကောလိပ်တက်ရင်း
နဲ့ ကြုံခဲ့ရတာပါ..ရှက်ခြင်းရဲ့ အရသာကိုပထမဆုံးခံစားဖူးတာဆိုရင်လည်း
မမှားပါဘူး...။

အဲဒီတုန်းက ကျွန်တော်တို့ ကောလိပ်ကျောင်းတွေစတက်ရမယ့် အချိန်ပေါ့။
ကျွန်တော်က ပဲခူး အ.ထ.က(၃) က ၁၀တန်း အောင်ခဲ့တာဆိုတော့ကွန်ပျူ
တာကျောင်းတက်ဖို့အတွက်တောင်ငူကိုသွားရပါတယ်။

ပဲခူးတိုင်းတစ်တိုင်းလုံးကိုကိုယ်စားပြုပြီးတောင်ငူမြို့သစ်လေးမှာကွန်ပျူတာ
ကောလိပ်ကတည်ရှိတာပါ။ အခုတော့ ပြည်မြို့မှာအသစ်ထပ်ဖွင့်လိုက်ပြီလို့
ကြားပါတယ်။

ကျွန်တော်ရယ်၊ ကျွန်တော့် မိဘတွေရယ်၊ သေတ္တာ၊ စောင်၊ ခေါင်းအုံး၊ ခြင်
ထောင် အကုန်ပါပါတယ်။ ညရထားကို စီးသွားကြတာပါ။ကျွန်တော့်အတွက်
တော့် ပထမဆုံးတက္ကသိုလ်ခရီးပေါ့၊ ရထားစီးရတာ ပဲခူးကနေ တောင်ငူကို
၅နာရီလောက်ကြာပါတယ်၊ရထားပေါ်မှာလည်းအိပ်လို့မပျော်ပါဘူး၊ဟိုဘက်
လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ ငိုက်မြည်းရင်းပဲလိုက်ပါလာခဲ့တာပါ။မနက်
၎ နာရီလောက်မှာတောင်ငူကိုရောက်ပါတယ်၊သွားတာကဆောင်းတွင်းကြီး
ဆိုတော့ အေးလိုက်တာမှ ခိုက်ခိုက်တုန်နေတာပါပဲ၊ရထားပေါ်မှာကတည်း
ကစောင်ခြုံပြီး ကွေးလာတာပါ။ တောင်ငူဘူတာရောက်တော့လည်းမြို့သစ်
သွားမယ့် ကားကမထွက်သေးပါဘူး။အဲဒါနဲ့ဘူတာထဲကထိုင်ခုံပေါ်မှာမိသား
စုတစ်တွေ စောင်ခြုံကိုယ်စီနဲ့ ထိုင်ပြီးမှေးငိုက်နေကြပါတယ်။

အဲဒီအချိန်မှာပဲ ကျွန်တော်အိမ်သာသွားချင်လာပါတယ်၊ကျွန်တော့်မိဘတွေ
ကို ပြောပြီး ဘူတာထဲမှာရှိတဲ့ အိမ်သာကို တစ်ယောက်တည်းထွက်လာခဲ့ပါ
တယ်။ ကံဆိုးချင်တော့ယောက်ျားလေးတက်တဲ့အိမ်သာဘက်မှာလူပြည့်နေ
ပါတယ်၊ကျွန်တော်၁၀မိနစ်လောက်ထပ်စောင့်ပါသေးတယ်၊ဒါပေမယ့်လည်း
မအားပါဘူး။ အဲဒါနဲ့ မိန်းခလေးအိမ်သာဘက်ကိုကြည့်လိုက်တော့လူကတစ်
ယောက်တောင်မရှိပါဘူး။ ကျွန်တော်လည်း မအောင့်နိုင်တော့တာနဲ့ မိန်းခ
လေး အိမ်သာဘက်က လွတ်နေတဲ့ အစွန်ဆုံး အိမ်သာထဲဝင်လိုက်ပါတယ်။

ကျွန်တော် အိမ်သာတက်နေတုန်းမှာပဲ အပြင်က မိန်းမအသံ တစ်သံနှစ်သံ
စကြားရပါတယ်။ အဲဒီအထိလည်း ကျွန်တော် ဘာမှမဖြစ်သေး ပါဘူး။ ကျွန်
တော် အပြင်ထွက်မယ့် အချိန်ရောက်ခါနီးမှ အသံဗလံ မျိုးစုံကြားရပြီး ကျွန်
တော်တက်နေတဲ့ အိမ်သာ တံခါးကိုလည်း လာထုပါတယ်။ အဲဒီအချိန်ကျမှ
ကျွန်တော်ဘာလုပ်ရမှန်းမသိအောင် တုန်လှုပ်မိတာပါ။ အဲဒါနဲ့လူများစဲသွား
မလားဆိုပြီး ခဏလောက်ဆက်စောင့်နေမိပါတယ်၊ လူကမစဲတဲ့အပြင်ပိုလို့
တောင်ဆိုးလာသေးပါတယ်၊ အိမ်သာတံခါးကို ထုရုံတင်မကပါဘူး၊ပါးစပ်က
လည်း မွစိတက်နေအောင် ပြောပါသေးတယ်။"အထဲကကောင်မ မပြီးသေး
ဘူးလား၊ နင့် x0x0x0x0x0x0x0x0x0x0x0x ဒီလောက်တောင်ကြာနေရ
တာလား၊ မြန်မြန်ထွက်ပါတော့လား၊ကိုယ့်x0x0xx0ပိုင်တဲ့အိမ်သာများမှတ်
နေသလား"နဲ့ပြောတာမှ စုံနေတာပါပဲ။ကျွန်တော်လည်းဘာလုပ်ရမှန်းမသိ
တော့ပါဘူး။ ကြာလာလေလေ အပြင်ကတံခါးကိုထုတဲ့အသံများများလာပြီး
ပြောတာတွေကလည်း ပိုပိုဆိုးလာပါတယ်။အဲဒီတုန်းကခံစားရတဲ့ခံစားမှုကို
နောက် တစ်ကြိမ်ပြန် မခံစား နိုင်တော့ပါဘူး။ နောက်ဆုံးတော့ ကျွန်တော်
လည်း ဖြစ်ချင်ရာဖြစ်ဆိုပြီးအားတင်းလိုက်ပါတယ်။ ပြီးတော့ တံခါးချက်ကို
အသာလေး ဖြုတ်လိုက် ပါတယ်၊ ပြီးတာနဲ့ ကိုယ်ကို အရှိန်ယူလိုက်ပြီး ဖွင့်
လိုက်တာနဲ့ ချက်ချင်း အားကုန် ပြေးထွက်ခဲ့ပါပဲ၊ အဲဒါတောင်မှစကားတစ်
ခွန်းကို ကြားဖြစ်အောင် ကြားလိုက်ပါသေးတယ်။ သူတို့ ပြောခဲ့တဲ့ စကား
တစ်ခွန်းကတော့ "အဲ...ကောင်လေးတော့" တဲ့၊ တောင်ငူလိုဆောင်းတွင်း
ကြီးခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့ အချိန်မှာကျွန်တော့်မှာချွေးသံတစ်ရွှဲရွှဲ
နဲ့ပေါ့။ ထိုင်ခုံကိုပြန်ရောက်တော့ အမေက မေးပါတယ် ငါ့သားဘာဖြစ်လာ
တာလဲတဲ့။ ကျွန်တော်လည်းဘာမှပြန်ဖြေမနေတော့ပဲတစ်ကိုယ်လုံးကိုသာ
စောင်ခြုံထဲဝှက်ထားခဲ့တာပါ၊ ရှက်လွန်းလို့ပါခင်ဗျာ။

ကျွန်တော် အဲဒီလိုလည်း ကိုယ်ဖြစ်ချင်ရာ ကိုယ်လုပ်လို့ ရှက်စရာကောင်း
အောင် လွဲခဲ့ဖူးပါတယ်....
+35
တကယ်တော့
အပေအတေပါ
ပျော်စရာလွမ်းစရာတွေကို
စိတ်ကူးထဲတောင် မထည့်ခဲ့ပါဘူး
ဒါပေမယ့်
မင်းကိုခွဲရမယ်မှန်းသိတော့
ငါ့ရဲ့ မျက်ရည်
မြေခတယ်......။

Offline JA. Nuclear

  • စီနီယာ
  • ***
  • Posts: 218
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +1623
Re: ကိုယ်တွေ့အလွဲများ..
« Reply #3 on: November 17, 2011, 10:18:20 PM »
ကျနော်လည်း လွဲဖူးတယ်
ပြောရမှာတော့ ခပ်ရှက်ရှက်ရယ် ဟီး....
ကျနော်ကိုးတန်းလောက်က စော်စထားတယ်(အဲ့စော်နဲ့ ဆယ်တန်းပြီးတော့ပြတ်သွားတယ်)
စော်က ဆံပင်မတိုမရှည်လေး အသားဖြူတယ် ချစ်ချာလေး
သူနဲ့ ကျနော်နဲ့က ကျောင်းမှာ အတန်းမတူဘူး
ကျူရှင်ပဲတူတာ
ကျူရှင်က ညပိုင်း ၇ နာရီ section တက်ရတာ
ကျနော်တို့ရှေ့က section မဆင်းသေးရင် ကျနော်တို့က ကျူရှင်ရှေ့မှာရပ်စောင့်ရတယ်
တခါတလေ ကျူရှင်ရှေ့မှာစောင့်နေရတဲ့အချိန်တွေဆိုရင် ကျနော်က စော်ကို အနောက်ကနေဖက်ထားပေးတယ်
(ဟီး...ယုံမလားမသိဘူး သူ့ကို အနောက်ကနေဖက်ထားတဲ့ အကြိမ်ပေါင်းများစွာထဲမှာ မှတ်မှတ်ရရ တစ်ကြိမ်ပဲထောက်ဖူးတယ်)
ဆောင်းတွင်းပိုင်းတစ်ရက်မှာ သူက အနွေးထည် အသစ်လေးဝတ်လာတယ်
အနွေးထည်ဒီဇိုင်းက ရှားရှားပါးပါးဒီဇိုင်းပဲ
အဖြူရောင်ပေါ်မှာမှ နီရဲနေတဲ့ နှင်းဆီပန်းတွေနဲ့ အသဲပုံတွေနဲ့ဒီဇိုင်းမျိုး
သူက အသားဖြူတော့ အနွေးထည်နဲ့တော်တော်လိုက်တယ်
သူ အဲဒီအနွေးထည် စဝတ်လာတဲ့နေ့က ကျနော်ပြောလိုက်တယ်
*ဒီအနွေးထည်လေးနဲ့ဆို အရမ်းလှတာပဲ*လို့

အဲ့လိုပြောပြီးနောက်နေ့မှာ ကျနော်သောက်ရှက်ကွဲတာပဲ
နောက်နေ့မှာ ကျနော်ဆိုင်ကယ်နဲ့ ကျူရှင်ရောက်လာတယ်
ဆောင်းတွင်း ညပိုင်းဆိုတော့ ပတ်ဝန်းကျင်က မှောင်နေတယ်
ရှေ့က section က မဆင်းသေးလို့ ကျနော်တို့ section ကစောင့်နေရတယ်
ကျနော်လည်း ဆိုင်ကယ်ရပ်စရာနေရာမှာ ဆိုင်ကယ်ရပ်ရင်း လှမ်းကြည့်လိုက်တယ်
ကျနော့်စော်ကိုတွေ့တယ် သူက တစ်ဖက်လှည့်နေတော့ မျက်နှာကိုတော့ လှမ်းမမြင်ရဘူး
ဒါပေမယ့် အနွေးထည်လေးကြည့်လိုက်တာနဲ့ သူမှန်းသိတာပေါ့....
အဲဒါနဲ့ ကျနော်လည်း သူ့နောက်ကို လျှောက်သွားတယ်
သူ့နားရောက်တော့
*ဒီအနွေးထည်လေးဝတ်ထားရင် ဖက်ချင်တယ်*ဆိုပြီး အနောက်ကနေဖက်လိုက်တယ်

အဲဒီ့မှာကွိုင်တာပဲ
ဖက်လိုက်တာနဲ့ ရုတ်တရက် အော်သံအကျယ်ကြီးထွက်လာတယ်
ကျနော်လည်း လန့်သွားတယ် ကျနော့်စော် ကျနော့်ဘက်လှည့်လာတယ်
လှည့်လာလို့ မျက်နှာကိုလည်းကြည့်လိုက်ရော ...
အမလေးလေးးးး
ကျနော့်စော်မဟုတ်ဘူးဗျ ကျနော်စော်ရဲ့သူငယ်ချင်းဖြစ်နေတယ်
ကျနော်လည်း ခြေတွေလက်တွေတုန်နေတယ် ဘာလုပ်လို့လုပ်ရမှန်းမသိဘူး
ဘေးက သူငယ်ချင်းတွေအားလုံးကလည်း ဝိုင်းကြည့်နေကြတယ်
ရှက်လိုက်တာပြောမနေနဲ့တော့

အဖက်ခံရတဲ့စော်က ကျနော့်ကို
*နင် တော်တော်ယုတ်မာတဲ့ကောင် ဆရာနဲ့ တိုင်ပြောမယ်*လို့ပြောရော
ကျနော်လည်း
*လူမှားသွားလို့ပါ ဘာညာ*ဆိုပြီး မနည်းတောင်းပန်ရတယ်
အကြာကြီးတောင်းပန်လိုက်တော့မှ အဲ့စော်က နည်းနည်း စိတ်ပြေသွားပြီး မတိုင်ပြောတော့ပါဘူးလို့ပြောတယ်
တောင်းပန်ပြီးတော့မှ ခပ်ရှက်ရှက်နဲ့ ဘေးက ဝိုင်းကြည့်နေတဲ့ သူငယ်ချင်းတွေထဲကြည့်လိုက်တယ်
တွေ့ပါတယ်ဗျာ ကျနော့်စော်ကို
အနွေးထည်ကတော့ မနေ့ကအနွေးထည်ပဲဝတ်ထားပြီး ကျနော့်ကို စပ်ဖြီးဖြီးနဲ့ ကြည့်နေတယ်
အဲ့ကတည်းက အဲ့လိုမျိုး အနွေးထည်ဆို မုန်းလွန်းလို့
+32
သတိထားနေ။ဖက်နမ်းမိမယ်။

Offline miscellaneous

  • ကျောင်းသားကြီး
  • **
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +975
Re: ကိုယ်တွေ့အလွဲများ..
« Reply #4 on: November 25, 2011, 01:08:51 PM »
ကျွန်တော်နှင့် ဗဟုသုတ ခေါင်းပါးမှု

ငယ်ငယ်တုန်းကပေါ့ဗျာ... မှတ်မှတ်ရရ ၈ တန်းကျောင်းသားဘ၀တုန်းကပေါ့...
အဲဒီတုန်းက အတန်းဝင်တဲ့ ဆရာမက သူဝင်တဲ့ အချိန်မှာ အိမ်သာသွားတာတို့၊ အပြင်ထွက်တာတို့ မကြိုက်ဘူး။ သူ့အချိန်ဆိုရင် အိမ်သာသွားချင်လည်း အောင့်ထားရတယ်... ဘယ်လိုမှ ပေးမထွက်ဘူး...

အဲဒါနဲ့ တစ်နေ့ကျတော့ အဲဒီဆရာမအချိန်မှာ ကောင်မလေးနှစ်ယောက် အိမ်သာသွားဖို့ ဆရာမကို တိုးတိုးလေး သွားပြောတယ်... ဆရာမကလဲ သူတို့ စကားနားထောင်ပြီး အိမ်သာသွားဖို့ ခွင့်ပြုလိုက်တယ်...

အဲဒါကိုလည်း မြင်ရော ကျွန်တော်တို့ကတော့ မကျေနပ်ဘူးပေါ့... ကျွန်တော်တို့အလှည့်တုန်းက
ကျတော့ မရတော့ပါဘူး၊ ထွက်ကျပါတော့မယ်ဆိုတာတောင် ပေးမသွားလို့ ချွေးပြန်တဲ့ အထိ အောင့်အည်းထားခဲ့ရတာ ခုကျတော့ ဒီကောင်မလေး နှစ်ယောက်ကို ပေးသွားရပါမလားဆိုပြီး လုံးဝမကျေနပ်ဘူး... ငယ်ကလည်း ငယ်သေးတဲ့ အချိန်ကိုး... ဗဟုသုတကလည်း မရှိဆိုတော့ ဘယ်သိပါ့မလဲ...

ခုကျမှပဲ သဘောပေါက်တော့တယ်ခင်ဗျာ... အဲဒီတုန်းက ဆရာမကို အမြင်စောင်းမိတဲ့ အတွက်၊ ကွယ်ရာမှာ မကောင်းပြောမိတဲ့ အတွက် နောင်တရမိပါရဲ့....
+20
တကယ်တော့
အပေအတေပါ
ပျော်စရာလွမ်းစရာတွေကို
စိတ်ကူးထဲတောင် မထည့်ခဲ့ပါဘူး
ဒါပေမယ့်
မင်းကိုခွဲရမယ်မှန်းသိတော့
ငါ့ရဲ့ မျက်ရည်
မြေခတယ်......။

Offline miscellaneous

  • ကျောင်းသားကြီး
  • **
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +975
Re: ကိုယ်တွေ့အလွဲများ..
« Reply #5 on: November 25, 2011, 01:10:08 PM »
ကျွန်တော့်ဘ၀၏ အမှတ်တရအလွဲများ ( ၈ )

တစ်နေ့တော့ ကျွန်တော့်ကို ဦးလေးက ဖုန်းဆက်ခေါ်တယ်...

" City Hall ကိုလာခဲ့ပါလား... မင်းလည်းရောက်ကတည်းက အွန်လိုင်းပေါ်တက်လိုက်၊ သတင်းစာဝယ်လိုက်၊ အလုပ်လျှောက်လိုက် နဲ့ ငြီးငွေ့နေမှာပေါ့၊ ဒီမှာ မြန်မာ အစားအစာလေးဘာလေး စားရအောင် "

အဲဒါနဲ့ City Hall ကိုသွားဖို့လုပ်ပါရော... စကားမစပ် ကျွန်တော်နေတာက Blk 709 Yishun Ave 6 မှာနေတာ ခင်ဗျ...ကျွန်တော်တို့ အိမ်နဲ့ ဘူတာနဲ့ဆို လမ်းလျှောက်ရင် ၁၀ မိနစ် ၁၅ မိနစ်ဆိုရောက်ပြီ... စင်္ကာပူမှာ ကားကလည်း မစီးတတ်ဆိုတော့ ရထားစီးတာပဲ များပါတယ်... ရထားစီးရတာက လွယ်တာကိုး၊ နောက်ပြီး မြန်လည်း မြန်တယ်လေ... များသောအားဖြင့် အိမ်ကနေ ဘူတာကို လမ်းလျှောက်တာ များပါတယ်...

အဲဒီနေ့ကျမှ နေကလည်း ပူ၊ လမ်းကလည်း မလျှောက်ချင်တော့တာနဲ့ ကားစီးပြီးသွားဖို့ ကားမှတ်တိုင်မှာ သွားစောင့်နေလိုက်တယ်။ အဲလိုနဲ့ ဘူတာကိုသွားမယ့် ကားလည်းလာရော တက်လိုက်တာပေါ့၊ ၀င်ဝင်ချင်းမှာ ပိုက်ဆံဖြတ်တဲ့ စက်တစ်ခုရှိတယ်ဗျ... အဲဒီမှာ ကိုယ့်ကတ်ပြားကို ကပ်ရတာ... ကံကဆိုးချင်တော့ ကတ်ဒ် က ကပ်လိုက်လိုက်ချင်းမှာပဲ တီ...တီ...တီ ဆိုပြီး အနီရောင်ပြပြီး ထမြည်ပါရောလား... အဲဒါနဲ့ ဘာဖြစ်တာလဲပေါ့... အော... နောက်မှ ဦးလေးပြောတာ သတိရတယ် ပိုက်ဆံ မဖြည့်ရသေးဘူးကိုး။ ကတ်ဒ်ထဲမှာ ပိုက်ဆံမရှိတော့ရင် စက်က ဖြတ်မရပဲ ထထမြည်တယ်...

ကားသမားကလည်း ကြည့်နေတယ်။ ဒီကောင် ဘာလုပ်မလဲပေါ့... ကျွန်တော်လည်း ဒီလောက်တော့ ကိစ္စမရှိပါဘူးဆိုပြီး ပိုက်ဆံအိတ်ထဲက တွေ့တဲ့ ပိုက်ဆံကိုထုတ်ပြီး ခပ်တည်တည်ပဲ ကတ်ဒ် ဖြတ်လို့မရရင် ပိုက်ဆံထည့်ရတဲ့ အပေါက်ထဲ ထည့်လိုက်တယ်။ ထုတ်တုန်းက ထွက်လာတာက ငါးကျပ်တန်ခင်ဗျ... ကျွန်တော်လည်း ဘာရယ်မဟုတ်ပဲ ထည့်လိုက်တာ ပြီးမှ ကားသမားက ကွိစိကွစ နဲ့ ပြောပါရောလား... တရုတ်လိုပြောတာကို ပြောတာပါ... ကားသမားက အင်္ဂလိပ်လိုလည်း မတတ်ဘူးဗျ... ကျွန်တော်က အင်္ဂလိပ်လိုမေး သူက တရုတ်လိုဖြေနဲ့ ဟုတ်နေတာပဲ။ အဲဒီအချိန်မှာ သူ့အလိုလို နားလည်လာတာက ကျွန်တော့် ပိုက်ဆံ ပြန်အမ်းလို့ မရတော့ဘူး ဆိုတာပဲ...

အဲဒီတော့မှ ကျွန်တော့်မှာ ဇောချွေးတွေပြန်ပြီး ဘာလုပ်ရမှန်းမသိနဲ့ နောက်ဆုံးတော့ မထူးပါဘူးဆိုပြီး အဲဒီပိုက်ဆံထည့်လိုက်တဲ့ အပေါက်ထဲ လက်ထည့်ပြီး နှိုက်တာပေါ့... ဒါပေမယ့်လည်း မရပါဘူးဗျာ.. လက်က အဖျားပဲ ၀င်တယ် အောက်ဆုံးက ပိုက်ဆံကို မမိဘူးဗျ.... အဲဒါနဲ့ ကျောပိုးအိတ်ထဲက ၀ါးတူကို သွားသတိရတယ်။ ကံကဆိုးချင်တော့ ၀ါးတူက ၂ ချောင်းတောင် မရှိတော့ပဲ တစ်ချောင်းပဲ ကျန်တော့တာ... ကားသမားကလည်း တော့်တော့်ကို ပွစိပွစိ လုပ်နေပြီ... ဟုတ်တယ်လေ... စီးတာက ၂ မှတ်တိုင်ထဲ အဲဒီ ၂ မှတ်တိုင်မှာ ကားက ရပ်နေပြီ... ဘာလုပ်မှာလဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်နေကြတာ...ကျွန်တော့်မှာ ရှိစုမဲ့စု တူကလေး တစ်ချောင်းနဲ့ ရအောင် ကလော်ပါသေးတယ်... ပိုက်ဆံက တဖြည်းဖြည်းတက်လာတော့ ၀မ်းသာအားရနဲ့ ရှိသမျှ အာရုံကို အဲဒီမှာပဲ စူးစိုက်ထားတာ... အဲဒီအချိန်မှာ ဗုံးပေါက်တယ်ဆိုရင်တောင် သိလိုက်မှာ မဟုတ်ဘူး...

ကံကလည်း ဆိုးလိုက်သမျှဗျာ... ၀မ်းသာလို့မှ မဆုံးသေးဘူး... ကလော်နေတဲ့ တူက ကျိုးသွားပါရောလား... ဘယ်လိုမှကို ကလော်လို့မရတော့ဘူး... ကားသမားကလည်း ပြောလိုက်သမျှ တစ်လျှောက်လုံး တစ်ခါမှ မရပ်ဘူးဗျို့... နောက်ဆုံးဘာမှလည်း လုပ်မရတော့မှ ဆင်းတော့မယ်ဆိုပြီး နောက်ကို ကြည့်လိုက်တော့မှ အားပါးပါး... ကျွန်တော့်ကို အထူးအဆန်းလိုမျိုး ကြည့်နေကြတဲ့ မျက်လုံးတွေက မနည်းပါလား... လူတစ်ကိုယ်လုံးလည်း ချွေးတွေရွှဲပြီး နုံးချိချိဖြစ်နေပြီ... ဒါပေမယ့်လည်း ရှက်တဲ့ စိတ်ကြောင့် ကားပေါ်က ပြေးဆင်းခဲ့ရတာပေါ့...

အဲဒီလိုလည်း ပြန်မပြောပြတတ်အောင် လွဲခဲ့ဖူးတာပေါ့....
+26
တကယ်တော့
အပေအတေပါ
ပျော်စရာလွမ်းစရာတွေကို
စိတ်ကူးထဲတောင် မထည့်ခဲ့ပါဘူး
ဒါပေမယ့်
မင်းကိုခွဲရမယ်မှန်းသိတော့
ငါ့ရဲ့ မျက်ရည်
မြေခတယ်......။

Offline miscellaneous

  • ကျောင်းသားကြီး
  • **
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +975
Re: ကိုယ်တွေ့အလွဲများ..
« Reply #6 on: November 25, 2011, 01:11:13 PM »
ကျွန်တော့်ဘ၀၏ အမှတ်တရအလွဲများ ( ၇ )

စင်္ကာပူ ရောက်ပြီးတော့ သိပ်မကြာပါဘူး.... အလုပ်ရှာရဖို့က ဖြစ်လာရော... မရှာပဲ ထိုင်နေလို့ရတာ မဟုတ်ဘူးလေ... အဲဒါနဲ့ သူများတွေ လုပ်သလိုပဲ အင်တာနက်ထဲဝင် ဘယ်သူတွေများ အလုပ်ခေါ်ထားသလဲပေါ့.. လိုက်ရှာရတာ... ဆိုဒ်ပေါင်းလည်း စုံနေပြီ... တွေ့သမျှဆိုဒ်၊ သူများတွေ ပြောသမျှ ဆိုဒ်တွေ အကုန်လုံး ၀င်ပြီး လိုက်လျှောက်နေတာ...

ကံကဆိုးချင်တော့ ခေါ်သမျှဆိုဒ် တော်တော်များများက စင်္ကာပူရီယန်းနဲ့ ပီအာရ်ပဲ လက်ခံမယ်ဆိုတာကြီးပဲ...
နောက်ဆုံးတော့ မထူးပါဘူး၊ သူ့ဟာသူ ခေါ်ချင်ရာခေါ် ငါလည်း လျှောက်ချင်ရာလျှောက်မယ်ဆိုပြီး တွေ့သမျှ အကုန်လိုက်လျှောက်တာ၊ ဘယ်ဟာက ဘယ်ဟာမှန်း ကိုယ့်ဘာသာကိုယ်တောင် မမှတ်မိတော့တဲ့ အထိပဲ...

အဲဒီလို လျှောက်နေရင်းနဲ့ တစ်ပတ်လောက်ကြာတော့ ကျွန်တော့်ကို ကုမ္ပဏီ တစ်ခုက ဖုန်းခေါ်လာတယ်၊ အဲဒါနဲ့ ၀မ်းသာအားရပဲ " ဟဲလို " ဆိုတော့ ဟိုဘက်က အရင်ဆုံးမေးတာက " Are you singaporean or PR " တဲ့၊ မဟုတ်ပါဘူး ကျွန်တော်က မြန်မာ ပါဆိုတော့ ဆောရီးဆိုပြီး ဖုန်းချသွားတယ်၊ စိတ်ကုန်လိုက်တာမှ ပြောစရာတောင်မရှိဘူး။

နောက်ထပ်တစ်ခုကျတော့ သူတို့ check ကြည့်ပါဦးမယ်တဲ့၊ S Pass အတွက် နေရာရှိမရှိကို၊ S Pass ကလည်း ကိုယ်တာရှိမှ လျှောက်လို့ရတယ်ဆိုပဲ.. ကြားပဲ ကြားဖူးတော့တယ်။ ကိုယ်တာရှိမှတဲ့နော... သိမှမသိတာကိုး...

အဲဒါနဲ့ နှစ်ပတ်လောက်ကြာတော့ ဦးလေးက
" မင်း အင်တာနက်ကချည်းပဲ ရှာမနေနဲ့ သတင်းစာလေး ဘာလေး ၀ယ်ဖတ်၊ အဲဒီထဲမှာလည်း အလုပ်ကြော်ငြာတွေ ပါတယ် "
" သတင်းစာ ၀ယ်ဖတ်ရင် စနေနေ့ နဲ့ ဗုဒ္ဓဟူးနေ့ ထွက်တဲ့ သတင်းစာကို ၀ယ်ဖတ်၊ အလုပ်ကြော်ငြာများများ ပါတယ် "

အဲလိုနဲ့ " ဟုတ်ကဲ့ " ဆိုပြီး သတင်းစာ ၀ယ်ဖတ်မယ်ပေါ့၊ မနက်စောစောထပြီး သွားဝယ်ဖို့လုပ်တာ လွဲနေကျ အလွဲက ဘော်ဒါတွေ ဖြစ်နေပြီဆိုတော့ နောက်တစ်ခေါက် ကျွန်တော့်ဆီကို လာလည်ပါရော...ဗဟုသုတ မရှိတာလည်း ပါတာပေါ့...

ဆိုင်ကိုရောက်တော့ Straight Time သတင်းစာ တစ်စောင် ဘယ်လောက်လည်းဆိုတော့ $80 cent တဲ့။ အဲဒါနဲ့ ပိုက်ဆံပေးပြီး သတင်းစာတွေထပ်ထားတဲ့ ဆီကိုသွား၊ လှမ်းယူလိုက်တာ လက်ထဲမှာ ထပ်ရက်ကြီး လေးစောင်တောင်ပါလာတယ်၊ အဲလိုနဲ့ ငါဝယ်တာတစ်စောင်ထဲပါ ဘယ်နှယ့် လေးစောင်ကြီးများတောင် ပါလာရတာလည်း ဆိုပြီး သုံးစောင်ကိုပြန်ချပြီး လက်ထဲမှာ ကျန်နေတဲ့ တစ်စောင်ပဲ ယူပြီး အိမ်ပြန်လာတာပေါ့...

အိမ်ရောက်တော့ သတင်းစာကိုဖွင့်ပြီး အလုပ်ရှာမလို့ ကြည့်လိုက်တော့ အရွက်တိုင်းမှာ ကြော်ငြာတွေကြီးပဲ၊ ဘာအလုပ်ကြော်ငြာမှ မတွေ့ရဘူး... အဲဒါနဲ့ ဦးလေးဆီကို လှမ်းဖုန်းဆက်ပြီး ပြောတာပေါ့၊ သတင်းစာက ဘာအလုပ်ကြော်ငြာမှ မပါပဲ ဒီပြင် ကြော်ငြာတွေကြီးပဲ တွေ့တယ်ပေါ့၊ ဦးလေးလည်း စဉ်းစားလို့မရ၊ ၀ယ်ဖတ်တဲ့နေ့များ မှားနေမလားဆိုပြီး မေးသေးတယ်၊ အဲဒီတော့လည်း နေ့က မမှားဘူး စနေနေ့ကြီး၊ ဦးလေးလည်း ဘာလုပ်ရမှန်းမသိ၊ ကျွန်တော်လည်း ဘယ်လိုဖြစ်တာလည်းပေါ့ စဉ်းစားလို့မရ၊ နောက်မှ ဦးလေး အိမ်လာမှ အဖြေပေါ်တော့တယ်။

" သတင်းစာက လေးစောင်လုံးရောင်းတာ၊ မြန်မာပြည်မှာလို တစ်စောင်ချင်းမဟုတ်ဘူး၊ မင်းယူလာတဲ့ အစောင်က ကြော်ငြာတွေချည်း ပါတဲ့ အစောင်၊ ကျန်တဲ့ သုံစောင်ထဲမှာ ကျန်နေမှာပေါ့ "

ဆိုပြီး ရယ်လိုက်တာမှ ကျွန်တော့်မှာ မချိပြုံးလေးပဲ ပြုံးနေရတာပေါ့... ဆိုင်ရှင်ကတော့ ကျန်တဲ့ သုံးစောင်ကို ဘယ်လိုလုပ်မလဲ မသိဘူး ဆိုပြီး စဉ်းစားလိုက်သေးတယ်... တောသားမြို့တက်ပြီး ရန်ကုန်ရောက်တာထက် ဆိုးနေတယ်... ဗဟုသုတကလည်း အဲဒီလို ပေါများတာဆိုတော့...

အဲဒီလိုလည်း ကျွန်တော် မသိနားမလည်စွာ လွဲခဲ့ဖူးတာပေါ့....
+20
တကယ်တော့
အပေအတေပါ
ပျော်စရာလွမ်းစရာတွေကို
စိတ်ကူးထဲတောင် မထည့်ခဲ့ပါဘူး
ဒါပေမယ့်
မင်းကိုခွဲရမယ်မှန်းသိတော့
ငါ့ရဲ့ မျက်ရည်
မြေခတယ်......။

Offline miscellaneous

  • ကျောင်းသားကြီး
  • **
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +975
Re: ကိုယ်တွေ့အလွဲများ..
« Reply #7 on: November 25, 2011, 01:12:00 PM »
ကျွန်တော့်ဘ၀၏ အမှတ်တရအလွဲများ ( ၆ )

တစ်နေ့တော့ဗျာ... မြန်မာပြည်မှာ တစ်နှစ်လောက် ၁၀၉၊၁၁၀ လုပ်စားနေရာက ဘာမသိညာမသိနဲ့ စင်္ကာပူဆိုတဲ့ နိုင်ငံရပ်ခြားကို သွားရဖို့အကြောင်းက ဖန်လာပြန်ရော...

အိမ်ကမထွက်ခင်ကတည်းက သေသေချာချာ မှာလိုက်တာက

"ဟိုရောက်ရင် ဦးလေးက လာကြိုမယ်၊ ဘာမှ စိတ်ပူစရာမရှိဘူး။ ဦးလေးနဲ့ လိုက်သွားရုံပဲ။"

ဖုန်းနံပါတ်လည်း ပေးလိုက်သေးတယ်၊

"ဟိုလေဆိပ်ရောက်ရင် free ခေါ်လို့ရတဲ့ ဖုန်းရှိတယ်။ အဲဒီဖုန်းနဲ့ မင်းဦးလေးဆီ ဆက်၊ သူ အပြင်ကစောင့်နေလိမ့်မယ်"

အဲဒါနဲ့ ဖုန်းနံပါတ်ကို ပျောက်မှာစိုးလို့ ဆိုပြီး လက်ကေ့ခ်ျ ထဲကိုသေသေချာချာထည့်ပြီး သိမ်းလိုက်သေးတာ။

အဲလိုနဲ့ အိမ်ကမှာသမျှကို ဟုတ်ကဲ့ပေါင်း အခါတစ်ရာလောက် ပြန်ဖြေပြီး တက်တက်ကြွကြွပဲ ပေးလိုက်သမျှ အထုပ်တွေသယ်လို့ လေယာဉ်ပေါ်တက်ခဲ့တာပေါ့...

စင်္ကာပူလေဆိပ်ရောက်မှ ပြသာနာ တက်တော့တာပဲ၊ ကောင်မလေး တစ်ယောက် ပတ်စ်ပို့ ထဲမှာ ဖျက်ရာပါနေလို့ဆိုပြီး အင်မီဂရေးရှင်းက ရစ်ပါလေရော.... အဲဒါနဲ့ ကျန်တဲ့ ၆ ယောက်လောက်ကို ဖြတ်ခွင့်မပေးသေးပဲ အချိန်အကြာကြီး စောင့်ခိုင်းထားပါရော....( နောက်တော့ ကောင်မလေးကို ၀င်ခွင့်မပေးပဲ မြန်မာပြည်ပြန်တဲ့ လေယာဉ်ပေါ် ပြန်တင်ပေးလိုက်တယ်၊ ကောင်မလေးကတော့ ငိုယိုလို့ပေါ့ )

သူများတွေက လာကြိုတဲ့သူတွေ စိတ်ပူနေမှာ စိုးလို့ဖုန်းဆက်နေကြတာနဲ့ ငါလည်း ဆက်ဦးမှပဲ ဆိုပြီး ကြည့်တော့ ဖုန်းနံပါတ်က လက်ကေ့ခ်ျထဲမှာ၊ အဲဒါနဲ့ လက်ကေ့ခ်ျကို လိုက်ရှာတော့ သူက ကိုယ့်ထက်အရင် အပြင်ရောက်နေပြီ... အဲဒါနဲ့ ဘာလုပ်ရမှန်းမသိ၊ ဖုန်းနံပါတ်ကလည်း မမှတ်မိနဲ့ ဦးလေး မပြန်ပါစေနဲ့ဦးလို့ပဲ ဆုတောင်းနေရတယ်.... ရောက်တာက ညနေ ၅ နာရီ၊ စောင့်လိုက်ရတာ ၁ နာရီခွဲလောက်၊ အပြင်ရောက်တော့ ဦးလေးက ပြောပါလေရော၊ မင်း ဒီလောက်လေးတောင်မှ အသုံးမကျဘူးလားပေါ့၊

ဒီကလည်း ပျောက်မှာစိုးလို့ အသိမ်းလွန်သွားတာ၊ လက်ကေ့ခ်ျက ကိုယ့်အရင် အပြင်ရောက်နေမယ်မှန်းမှ မသိတာကိုး။
+18
တကယ်တော့
အပေအတေပါ
ပျော်စရာလွမ်းစရာတွေကို
စိတ်ကူးထဲတောင် မထည့်ခဲ့ပါဘူး
ဒါပေမယ့်
မင်းကိုခွဲရမယ်မှန်းသိတော့
ငါ့ရဲ့ မျက်ရည်
မြေခတယ်......။

Offline miscellaneous

  • ကျောင်းသားကြီး
  • **
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +975
Re: ကိုယ်တွေ့အလွဲများ..
« Reply #8 on: November 25, 2011, 01:13:36 PM »
ကျွန်တော့်ဘ၀၏ အမှတ်တရအလွဲများ ( ၅ )

တစ်နေ့တော့ စင်္ကာပူမှာပေါ့ဗျာ... ကျွန်တော်တို့သူဌေးက safety shoe
သွားဝယ်မလို့လိုက်ခဲ့ဆိုတာနဲ့ ကားပေါ်တက်ပြီး ဖိနပ်ဆိုင် ထွက်လာခဲ့တာပေါ့။
ဆိုင်ကျတော့လည်း အလုပ်သမားတွေစီးဖို့ ကောင်းနိုးရာရာ ဖိနပ်ကိုရွေးဝယ်ပြီး
ထော်လီကလေးပေါ်တင်ပြီး ကျွန်တော်က တွန်းလာရတာပေါ့...

ဖိနပ်ဆိုင်က သုံးထပ်မြောက်မှာ ခင်ဗျ၊ ဆိုင်ကလည်း တော်တော်ကြီးပါတယ်..
safety shoeတွေကြီးပဲရောင်းတာအဲဒီအချိန်က ကျွန်တော့်မှာအလုပ်ရတာမှ
၂ ရက်ပဲရှိသေးတယ်..လိုက်ဆိုလို့သာ လိုက်လာတာ ခပ်လန့်လန့်ပဲ.အဲဒီလိုနဲ့
ဓါတ်လှေကားကတစ်ဆင့် ကားရှိရာကိုဆင်းပြီး ၀ယ်လာတဲ့ ဖိနပ်တွေကိုသူဌေး
ကားပေါ်တင်ရတာပေါ့... ပြီးလည်းပြီးရော သူဌေးက ကျွန်တော့်တွန်းလာတဲ့
ထော်လီကလေး ဆိုင်ကိုပြန်ဖို့ခိုင်းတယ်၊အဲဒါနဲ့ကျွန်တော်လည်း ထော်လီကလေး
တွန်းပြီး ဓါတ်လှေကား ကတဆင့် တက်သွားတာပေါ့...

အဲတော့မှဒုက္ခရောက်တာပဲဆိုင်ရှေ့လည်းရောက်ရောဆိုင်က သော့ခလောက်ကြီး
ခတ်ပြီး ပိတ်ထားတယ်။ ကျွန်တော်လည်း ဘာလုပ် ရမှန်း မသိဘူး၊ ခုနကမှ
ဝယ်လာတာပါ၊ လူတွေအများကြီး ရှိသေးတယ်.ချက်ချင်းပဲ ဆိုင်ပိတ်သွားတယ်
ဆိုတော့ ဘာလိုပြောပြရမှန်းကို မသိဘူး... တက်ခဲ့တဲ့ အထပ်များမှားလို့လား
ဆိုတော့လည်း ဆိုင်က သုံးထပ်မှာ ဆိုတာကို ကျွန်တော်သေချာသိတယ်...
နောက်ဆုံးတော့ သူဌေးကလည်း စောင့်နေမှာနဲ့ အချိန်ကလည်း သိပ်မရှိတာနဲ့
ထော်လီကလေးကိုအဲဒီဆိုင်ရှေ့မှာထားခဲ့ပြီး ကမန်းကတန်းပဲပြန်ဆင်းလာတာပေါ့
သူဌေးကမေးတော့ ပို့ခဲ့ပြီပေါ့...

နောက်တော့မှ အတူနေတဲ့ အကိုကြီးကိုပြောပြတော့မှ ကျွန်တော်လွဲပြန်ပြီဆိုတာ
သိရတာ...သူက ကျွန်တော့်ကို တစ်ခွန်းပဲ မေးတယ်၊မင်း တိုက်၊အထပ်တွေကို
ဘယ်လိုရေတွက်သွားသလဲတဲ့.အဲဒီတော့ ကျွန်တော်ကပြန်ဖြေတယ် မြေညီထပ်၊
ပထမထပ်၊ဒုတိယထပ်၊ တတိယထပ်ပေါ့.အဲတော့မှ သူက ရယ်ပြီးပြန်ပြောတယ်

" မှတ်ထားကွ ကောင်လေးရ၊ စင်္ကာပူမှာ မြေညီထပ်ဆိုတာ မရှိဘူး၊ မင်း
အဲလိုရေတွက်သွားတော့ လေးထပ်ကို ရောက်သွားတာပေါ့ကွ " တဲ့...

အဲဒီတော့မှ တော်တော့်ကို တုံးတဲ့ ငါပါလားလို့ မှတ်ချက်ချမိရပါတယ်...
သိမှမသိတာကိုး... :doh: :doh:
+21
တကယ်တော့
အပေအတေပါ
ပျော်စရာလွမ်းစရာတွေကို
စိတ်ကူးထဲတောင် မထည့်ခဲ့ပါဘူး
ဒါပေမယ့်
မင်းကိုခွဲရမယ်မှန်းသိတော့
ငါ့ရဲ့ မျက်ရည်
မြေခတယ်......။

Offline miscellaneous

  • ကျောင်းသားကြီး
  • **
  • Posts: 37
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +975
Re: ကိုယ်တွေ့အလွဲများ..
« Reply #9 on: November 25, 2011, 01:14:28 PM »
ကျွန်တော့်ဘ၀၏ အမှတ်တရအလွဲများ ( ၄ )

ကျွန်တော် ကျောင်းပြီးတော့ ဘာလုပ်ရမှန်းလည်း မသိ၊ အိမ်မှာလည်း ထိုင်မနေ
ချင်တာနဲ့ သူများတွေလိုပဲ သင်တန်းတွေတက်ဖို့လုပ်ပါတယ်။ အဲဒါနဲ့ မြို့ထဲသွား
စုံစမ်းပြီး MCC မှာ software engineering course ကို တက်ဖို့ဆုံးဖြတ်လိုက်ပါ
တယ်။ မတက်လို့လဲ မရပါဘူး၊ ကွန်ပျူတာ ကျောင်းသာ တက်လို့ ပြီးသွားတယ်၊
ကျွန်တော့် နောင်တော်တွေပြောသလိုပဲ ကွန်ပျူတာက လွဲရင် အကုန်သိပါတယ်
ဆိုသလို ကွန်ပျူတာနဲ့ ပတ်သက်လို့ ဘာမှကိုမသိလိုက်ပါဘူး၊အဲဒါကြောင့်အပြင်
မှာ ပြန်တက်ဖို့လုပ်ရတာပါ။

သင်တနုးကာလက ၆ လကြာပါတယ်။ စာတွေ့က ၃လ၊ OJT က ၃ လပါ။စာတွေ့
၃ လ ကာလ မှာတော့ ကျောင်းတက် မမှန်ပါဘူး။ ဟိုရက် ပျက်လိုက် ဒီရက်ပျက်
လိုက်နဲ့ ပါ။ အဲဒါကလည်း ICS ၊ Business ၊ OS တို့လို စာတွေကို စိတ် မ၀င်စား
တာကြောင့်ပါ။ အဲဒါကြောင့် အဲဒီအချိန်တွေရှိတဲ့ နေ့ဆို မသွားဖြစ်တာလည်းပါပါ
တယ်။ အဲဒီမှာ စာသင်ချိန် ၃လပြီးတော့ OJT ဆင်းဖို့ အုပ်စုခွဲပါတယ်။ကျွန်တော်
တို့အုပ်စုမှာ မိန်းခလေး ၃ ယောက်၊ ကျွန်တော် အပါအ၀င် ယောက်ျားလေးက ၂
ယောက် ၊ စုစုပေါင်း ၅ ယောက်ပါ၊ ပြီးတော့ MICT Park ထဲမှာ OJT ဆင်းဖို့လုပ်
ပါတယ်။

ဇာတ်လမ်းက ခုမှ စမှာပါ။ MICT Park ဆိုတာကို ကြားပဲ ကြားဖူးတာပါ၊တစ်ခါမှ
မရောက်ဖူးပါဘူး။ ဘယ်နားမှာရှိမှန်းလည်းမသိပါဘူး။အဲဒါနဲ့ အိမ်ကဦးလေးတွေ
ကို မေးပြီး သွားဖို့လုပ်ရပါတယ်၊ ဦးလေးတွေ ပြောတာကတော့ ၈မိုင်လမ်းဆုံက
နေ ၅၁ စီးသွားရင်ရောက်တယ်ပေါ့၊ ကျွန်တော်က မြောက်ဥက္ကလာမှာနေတာပါ။
ကျွန်တော်နေတဲ့နေရာကနေ၈ မိုင်ကို ကားတစ်ဆင့် ထပ်စီးရပါသေးတယ်။ကျွန်
တော်လည်း ဒီလောက်တော့အေးအေးဆေးဆေးပဲ၊ ရန်ကုန်မှာနေလာတာလည်း
ကြာပြီ၊ဘာလို့မဖြစ်ရမှာလဲဆိုပြီး တွေးလိုက်ပါသေးတယ်။

အဲဒီနေ့ မနက်ရောက်တော့ ရေမိုးချိုးအ၀တ်အစားလဲပြီး ၈မိုင်လမ်းဆုံကိုထွက်ခဲ့
ပါတယ်။ ၈မိုင်လမ်းဆုံရောက်မှ ဒုက္ခ ရောက်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကား
ဂိတ်က နှစ်ဖက်စလုံးမှာ ရှိနေတော့ ဘယ်ဖက်က စီးရမှန်း မသိပါဘူး။ကျွန်တော့်
မှာ ဟိုဖက်ကားဂိတ်သွားကြည့်လိုက်၊ မသေချာသေးပါဘူးဆိုပြီး ဒီဖက်ကားဂိတ်
ပြန်လာလိုက်နဲ့ တစ်ယောက်တည်းကို ယောင်ချာချာဖြစ်နေတာပါ။သူများကိုမေး
ရအောင်ကလည်း ရှက်သလိုလို ကြောက်သလိုလို၊ ငါ့များဘယ်လိုပြန်ပြောလိုက်
လေမလဲ ဆိုပြီး တွေးရင်းနဲ့ မမေးဖြစ်ပါဘူး၊ နောက်ဆုံးတော့ စိတ်တင်းပြီး မထူး
ပါဘူး၊ တစ်နေရာတော့ ရောက်မှာပဲ ဆိုပြီး ထွက်ခါနီး ဖြစ်နေတဲ့ ၅၁ ကားပေါ်ကို
တက်လိုက်သွားပါတယ်။ ကံများဆိုးချင်တော့ နေရာတွေဘာတွေတောင်ရလို့၊အဲ
ဒါနဲ့ ခပ်တင်းတင်းပဲ ၀င်ထိုင်နေလိုက်ပါတယ်။အဲဒီလိုနဲ့ အလုပ်သမားမှတ်ပုံတင်
လုပ်တဲ့ ရုံးတွေဘာတွေကျော် ပြီး စိတ်ထဲမှာလည်း ရောက်တော့ မလား မသိဘူး
ဆိုပြီး တွေးရင်းနဲ့ စီးလာလိုက်တာ မင်္ဂလာဒုံ ကိုကျော်ပြီး ထောက်ကြံ့ထိရောက်
သွားပါတယ်။ အဲဒီတော့မှ ဒီတစ်ခါလည်းလွဲပြန်ပြီဆိုတာ သိလိုက်ရတာပါ။အဲဒါနဲ့
ကားပြန် ပြောင်းစီးပြီး အိမ်ကိုပဲ ပြန်လာခဲ့ပါတယ်၊ ကျောင်း သွားလည်း မမှီတော့
ပါဘူး။ နောက်နေ့မနက် သူငယ်ချင်းတွေနဲ့တွေ့တော့ မနေ့ကဘာလို့မလာတာလဲ
ဆိုပြီးမေးပါတယ်၊ကျွန်တော်လည်းဖြစ်ကြောင်းကုန်စင် ပြန်ပြောပြရောရယ်လိုက်
တာမှ ပြောမနေ ပါနဲ့တော့ ၊ ကောင်မလေး တစ်ယောက်ကဆို နည်းတောင်နည်း
သေးတယ်တဲ့။

အဲဒီလိုဖြစ်ပျက်ပြီးနောက်ပိုင်း ကျွန်တော်မသိရင်သူများကိုမေးဖို့သိပ်မရှက်တော့
ပါဘူး။ သူများက ကိုယ့်ကို လာမေးရင်လည်း သေသေ ချာချာကို လမ်းညွှန် ပေး
လိုက်ပါတယ်၊ကျွန်တော့်လိုမျိုးမလွဲအောင်လို့ပါ။သေသေချာချာပြန်စဉ်းစားကြည့်
ရင် အဲလို မမေးရဲတာဟာ တော်တော် ဆိုးပါတယ်၊ တစ်ကယ့် သေရေးရှင်ရေးဆို
သွားပါပြီ ၊ ကိုယ်မမေးရဲတာ နဲ့ အသက်တစ်ချောင်း ဒါမှမဟုတ် အခွင့်အရေးကြီး
တစ်ခုဆုံးရှုံးသွားနိုင်ပါတယ်။ ကျွန်တော့်လိုမျိုး မမေးရဲ့တဲ့ သူတွေများရှိခဲ့ရင်ဘာ
မှမကြောက်ပါနဲ့ ကိုယ်မသိရင် မေးသာမေးပါလို့ပြောလိုက်ပါရစေ။အဲတစ်ခုတော့
ရှိပါတယ်၊ ကိုယ်နဲ့သိတဲ့ သူတွေဆိုရင်တော့ သတိထားပါ၊ သူတို့က အကောင်း မ
ဖြေပဲ ကြပ်တာတွေ ရှိတတ်ပါတယ်။ ( ကျွန်တော်လည်း ခံရဖူးလို့ပါ )
+20
တကယ်တော့
အပေအတေပါ
ပျော်စရာလွမ်းစရာတွေကို
စိတ်ကူးထဲတောင် မထည့်ခဲ့ပါဘူး
ဒါပေမယ့်
မင်းကိုခွဲရမယ်မှန်းသိတော့
ငါ့ရဲ့ မျက်ရည်
မြေခတယ်......။

Tags: