Author Topic: ဟာသ ကဗျာလေးပါ  (Read 5980 times)

0 Members and 1 Guest are viewing this topic.

jungleman

  • Guest
ဟာသ ကဗျာလေးပါ
« on: August 21, 2011, 03:45:16 PM »
နှေးတုံ့ပြုတ်ကျသုံးစားမရ..ပြောလို့မကုန်...ရတနာပုံ။
နှေးသည်ကျသည် ဘာမထီ..မြန်မာပြည်မှာ MPT၊
တစ်နေ့တခြားနှေးလို့သွား..မြန်မာပြည်တလွှား SkyNET များ..
+13

Offline ဖရာရှက်

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 701
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +5085
Re: ဟာသ ကဗျာလေးပါ
« Reply #1 on: August 22, 2011, 11:38:55 AM »
(click to show/hide)
ကောင်းတယ်ဗျာ ကွက်တိဘဲ ခွီး
ဗုတ်တယ်ဗျာ ရောင်းရင်းကို။။။။။။။။.
+2
« Last Edit: April 30, 2012, 10:29:00 AM by hotsexygirl »

Offline Zzzzzzz

  • ပထမနှစ်
  • *
  • Posts: 42
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +114
Re: ဟာသ ကဗျာလေးပါ
« Reply #2 on: September 06, 2011, 11:13:42 PM »
(click to show/hide)

သိပ်မှန်။ လုံးဝကိုထောက်ခံတယ်။
-1
« Last Edit: April 30, 2012, 10:27:52 AM by hotsexygirl »

Offline JA. Nuclear

  • စီနီယာ
  • ***
  • Posts: 218
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +1638
Re: ဟာသ ကဗျာလေးပါ
« Reply #3 on: September 10, 2011, 12:37:36 AM »
တက္ကသိုလ်လမ်းညွှန်

အဝေးသင်တက်ရင်  ဘေးအမြင်ကပ်မယ်
 
အီစီကလီမက်ရင်   ဂျီတီစီတက်ပေါ့
 
ဆေးကျောင်းတက်ရင်းနဲ့လည်း  ဈေးရောင်းထွက်နေရဦးမယ်  (ပိုက်ဆံသိပ်မဖြုန်းနဲ့)
 
ဆရာဝန်မှန်းရင် မသာပြင်ကျွမ်းအောင် အရင်ကြိုးစား
 
သူနာပြုလုပ်ရင်တော့  ရူပါနုမှဟုတ်မှာနော်
 
ကြင်ယာရွေးမဲ့အပျိုတွေက ပညာရေးတက္ကသိုလ်မှာတဲ့နော် (အဖွဲ့ဝင်ဖြစ်ချင်ရင် သွားပေါ့)
 
ဒေးတက်လို့ကတော့ debt tail (ဒတ်တေး) ပဲ(အကြွေးတွေ နောက်ကကပ်ပါလာမှာကိုပြောတာ)
 
အချစ်အတွက်ဆို အသက်စွန့်မယ်ပြောတဲ့သူတွေ  စစ်တက္ကသိုလ်မတက်ဝံ့တာ ဘာလို့လဲ?
 
Qတတ်တယ် အပြောခံရရင် UFLကလို့သာ မှတ်လိုက်တော့
 
တိုက်တာပစ္စည်း မကျန်ပြောင်မှ  ဆိုက်ဘာစီးတီး အမှန်အောင်မယ်
 
စီးပွားရေးလုပ်ရင်လည်း သေချာလုပ်  ရှိပြီးသားလေး ပြုတ်သွားဦးမယ်
 
ကဲ....................သူငယ်ချင်းတို့   ဘာတက်ချင်သေးလဲ?

Credit to နေရီရီ from FM
 
PS:အချစ်တက္ကသိုလ်မပါသေးဘူးနော်။ဖြည့်တတ်ရင်ဖြည့်ပေးပါ။
+13
သတိထားနေ။ဖက်နမ်းမိမယ်။

Offline poenankaung

  • ပထမနှစ်
  • *
  • Posts: 19
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +52
Re: ဟာသ ကဗျာလေးပါ
« Reply #4 on: September 27, 2011, 12:27:15 PM »
ရုက္ခစိုး
နတ်မျိုးက မခိုင့်တခိုင်
နတ်ဌာနေ မြေမရလို့
လူ့ပြည်က သစ်ပင်ခွမှာ
ငုတ်တုတ်လေးထိုင်

စိတ်ညစ်လို့ တွေဝေမှိုင်
နတ်ခမျာ မနေရ
ပြသနာ လူ့ကိစ္စ နတ်ကိုပုံချ

မတ်စေ့နဲ့ ကွမ်းတရာ
အမွှေးတိုင် ညှော်တိုက်လို့
တင်လာကြ နတ်စင်မှာ
မတ်စေ့ငါ ဘယ်မှာသွားလို့သုံး
နတ်ပြည်မှာ မာတလိတို့နဲ့
ဖဲရိုက်လို့ရှုံး

တောင်းတဲ့ဆု ယခုပိုင်ပိုင်
သူမယား ကိုယ်မှာလေးဖို့
နတ်လာလို့ တိုင်

သည်ဖေကို ဘယ်လိုတတ်နိုင်ပါ့
နင့်မယား လင်ငယ်နေခါမှ
ဦးလာလို့ချ
+15

Offline ယောင်္ကျားလေး april16

  • ကျောင်းသားကြီး
  • **
  • Posts: 130
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • အချစ်ဆိုတာနောက်ဆုံးတော့ဒါပါပဲ
  • Respect: +712
Re: ဟာသ ကဗျာလေးပါ
« Reply #5 on: March 28, 2012, 08:36:18 PM »
                             ငါဟဲ့ယောက်ကျား
                 
                    ဘယ်လက်ပြောင်းလို့၊ညာလက်ကူ
                     ကမ္ဘာပြိုအောင်ထုမဲ့ဂွင်း
+8

Offline zine zine

  • ပထမနှစ်
  • *
  • Posts: 20
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +97
Re: ဟာသ ကဗျာလေးပါ
« Reply #6 on: May 04, 2012, 09:26:14 PM »
ကျနော်တို့ကျောင်းဆောင်ပုဒ်

ကျောင်းမှန်မှန်တက် ၊စာတွေခက် ၊ကျောင်းသားဦးနှောက်ပျက် ...။ ;D :P ;D
ကျောင်းမှန်မှန်ပြေး ၊စာတွေဝေး ၊ကျောင်းသားဦးနှောက်အေး.....။ :P ;D :P
+3
ဒီမှာ မိတ်ဆွေ... ရှေ့သွားမလို့လား... နောက်မှာကျန်ခဲ့တဲ့ ချစ်သူကိုငဲ့ကြည့်ဦးလေ အော်.... ပြောတာနဲ့ ပြန်လှည့်တာပဲလား.... ရှေ့မှာ မျှော်နေတဲ့ ရည်းစားလောင်းလေးကို အားနာပါဦး... အော်... ဟိုသွားမလိုဒီသွားမလိုလုပ်မနေပါနဲ့ ကိုယ့်ဖိနပ်ကိုပဲပြန် ငုံ့ကြည့်ပါဦး ... ဘယ်တစ်ဖက်ညာတစ်ဖက်ကြီး.... ဟီးး (ချစ်လို့ စတာနော် ခင်ရင် vote+ ပေး ... ဒါဘဲ ... ကျန်တာမန်ဒါလီ)

Offline pelican

  • ဂုဏ်ထူးတန်း
  • *****
  • Posts: 579
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Gender: Male
  • Respect: +6700
Re: ဟာသ ကဗျာလေးပါ
« Reply #7 on: May 26, 2012, 07:15:07 PM »
နောက်ဆုံးတော့



A ပရယ်လမှာ စတွေ့ ခဲ့ကြတဲ့
B စကစ်ကြိုက်တဲ့ ကောင်မလေးရယ်
C စဉ်သမျှ လွဲခဲ့ရလို့ 
D ရင်ဘတ်ကြီး ကွဲခဲ့ရပြီ။
E မေဂျာကကောင်မလေးနဲ့  မင်းထင်သလိုမဟုတ်ခဲ့ပါဘူး
F အမ်ကနေ
G လတ်ရဲ့ သီချင်းတောင်းပေးတော့
H လို့ တောင်မပျော်ဘူးဆို။
I လပ်ဗ်ယူလို့ ပြောတော့
J အိုင်ပီကုန်တိုက်ဘေးက
K တီဗွီမသွာဖို့ ကတိတောင်းခဲ့တယ်လေ
L ဆိုင်းဇီ သီချင်းကို
M ပီသရီးနဲ့ နားထောင်ရင်း
N ကိုင်ရာ အပြုံးနဲ့ 
O...သိပ်ချစ်တာပဲလို့ ပြောတော့
P တိတွေဖျာလို့ ငါ့ မှာ
ှQ တာဖြစ်မှ လက်ထပ်မယ်လို့ 
R ရိုက်သွာတဲ့ သူရယ်
S ဆစ်နဲ့ နှလုံးသားကိုလောင်းလို့ 
T ကောင်ကို ဆားနဲ့ တို့ တာမှတော်အုံးမယ်
U ဒို့ ကို အလွမ်းတွေပေးခဲ့တယ်ကွယ်။
V ဒီယိုကားတွေထဲကလို
W (whisky)တစ်လုံးနဲ့ အသည်းကိုစိမ်ပြီး
X မက်ဆိုးတွေမက်လို့ ဖုန်းဆက်ကြည့်တော့
Y တခွက်လောက်မှ တန်ဘိုးမရှိတဲ့ မင်းက
Z ကြည့်ရင်းလင်နောက်လိုက်သွားတယ်လေ။
+6

Offline မင်းခေါင်

  • ဘွဲ့ရ
  • ******
  • Posts: 849
  • ဂုဏ်ထူးဆောင်ရမှတ် 0
  • Respect: +13067
Re: ဟာသ ကဗျာလေးပါ
« Reply #8 on: September 03, 2014, 10:30:09 AM »
ဝင်လောက်ပြီ ထင်သမို့  တေ့လို့ ဖြင့် ထိုးလိုက်တယ်..

လွဲခဲ့ပေါ့ကွယ်..။

ထိုးလိုက်တိုင်း လွဲချော်တယ်.အပေါက်ရယ် ကျဉ်းလို့ လား..

အဖျားကို တံတွေးဆွတ်ပါလို့ .မလွတ်အောင် အပီထိုးပေမဲ့

ထိုးတိုင်းလေ လွဲချော်ပြန်သမို့ ..မဟန်ပေါင် စိတ်ပန်းလှပါပေါ့

မာန်လျှော့ကာ အထိုးရပ်လိုက်ပြီကွဲ့ 

အပ်ချည်နဲ့ အပ်နဖား..
+11

Tags: