Recent Posts

Pages: « 1 2 3 4 5 6 7 8 9 10 »
21
                                        ဆရာမကို နမ်း

ဒီမှာ မင်းခေါင်..ရဲမေတစ်ယောက်ကို ဘယ်တော့မှ သွားမနမ်းမိစေနဲ့ ..နမ်းရင် သူက ဒီလိုပြောလိမ့်မယ်ကွ...

" ရပ်စမ်း.....လက်မြှောက်လိုက်.."

အေး...ဆရာဝန်မတစ်ယောက်ကိုလည်း မနမ်းမိစေနဲ့ ကွ...သူကျ ဒီလိုပြောလိမ့်မယ်...

" ပြီးပြီ...နောက်တစ်ယောက်...."

မင်း နမ်းချင်ရင်တော့..ကျောင်းဆရာမကိုရွေးနမ်း.. မင်းနမ်းပြီးရင်တော့ .ဒီလိုပြောလိမ့်မယ်....

" မှားတယ်...နောက်တခေါက် ဆက်လုပ်..."  ;D ;D ;D ;D
22
                                        မေးရဲသေးလား

စာသင်ခန်းထဲတွင်ဖြစ်သည် ။ ဆရာမက တပည့်များကို " လိုလိုမယ်မယ် " ဟူသောစကားလုံးကို ၀ါကျ ဖွဲ့ ခိုင်းသည် ။

ဆရာမ....။ အေးနွယ်...အရင် စဖြေပါ..။

အေးနွယ် ။ ကျမ စာမေးပွဲဖြေသောအခါ "လိုလိုမယ်မယ် " ဘောပငါ သုံးချောင်း ယူလာပါသည် ။

ထိုကဲ့သို့ စာမေးနေရင်း အခန်းထောင့်တွင် အိပ်ငိုက်နေသော မောင်မြကို မြင်သွားသည် ။ ဒါနဲ့ 

ဆရာမ..။ ဟဲ့ မောင်မြ.." လိုလိုမယ်မယ် " ဆိုတဲ့ စကားလုံးကို ၀ါကျ ဖွဲ့ ပြစမ်း..။မောင်မြ ခေါင်းလေးကုတ်ခါကုတ်ခါနှင့် အိပ်ချင်မူးတူး

ဖြေသည် ။

မောင်မြ ။ ကျနော့်ဦးလေးသည် မိန်းမ ငါးယောက်တောင် ယူထားပါသည် ။ လိုလိုမယ်မယ် ဆရာမ ဖုန်းနံပါတ်ကိုပါ ပေးထားလိုက်ပါသည် ။

ငင်...တေနာလေး...
23
                                    အိမ်တွင်းစည်းကမ်း


ယောင်္ကျားက စာအုပ်ကြီးသမား..။ မိန်းမကလည်း မဟုတ်မခံ..။ သူတို့ က မိဘတွေပေးစားလို့  အိမ်ထောင်ကျလာတာ ။
မင်္ဂလာဆောင်တဲ့နေ့ မှာတင် ယောင်္ကျားလုပ်သူက သူ့ စည်းကမ်းတွေကိုစာရွက်မှာ ရေးပြီး နံရံမှာ ကပ်ထားလိုက်တယ် ။

အိမ်ထောင်ဦးစီး၏စည်းကမ်း

၁ ။ည အိမ်ပြန်လာချင်လာမယ်..မလာချင် မလာဘူး.။
   မှတ်ချက် မည်သည့်အကြောင်းပြချက်မှ မပေး..။
၂။ စနေ တနင်္ဂနွေ ရုံးပိတ်ရက်တိုင်း အမဲလိုက် ၊ ငါးမျှား ၊ ဖဲရိုက်သွားမည် ။
    မှတ်ချက် မည်သည့် မြည်တွန်တောက်တီးမှုမှ လက်မခံ..။
၃ ။သူငယ်ချင်းများနှင့် ကမ်းခြေအပန်းဖြေခရီး ၊ တောင်တက်ခရီးများ အခါအားလျော်စွာသွားမည် ။
    မှတ်ချက် ငြူစူခြင်း ၊ ကန့် ကွက်ခြင်း လုံးဝ မပြုလုပ်ရ..။

နောက်နေ့ ကျတော့ မိန်းမလုပ်သူကလည်း စည်းကမ်းစာရွက် ကပ်လိုက်တယ်..။

အိမ်ရှင်မ၏ စည်းကမ်း

၁ ။ ဒီအိမ်မှာ ညစဉ် ၈ နာရီထိုးတိုင်း မေထုန်မှီဝဲမည် ။
    မှတ်ချက်... အိမ်ထောင်ဦးစီး ရှိသည်ဖြစ်စေ...မရှိသည်ဖြစ်စေ...

မှတ်ကရော.. ;D ;D
24
ကွန်ပျူတာ ဆေးစာ

လူတစ်ယောက်ဟာ သူ့ညာဖက် လက်မောင်းနာနေလို့ ဆရာဝန် နဲ့ ပြကြည့်မယ် ဆိုတော့ သူ့သူငယ်ချင်းက အလကား ပိုက်ဆံကုန်အောင်ကွာ၊
ကွန်ပျူတာစက်ကို “ဆီး” အစစ်ခိုင်းပြီး ရောဂါရှာလိုက်ရင် ဆယ်စကန့်အတွင်း သိရမယ်၊
ပြီးတော့ ဆယ်ဒေါ်လာပဲ ကုန်မယ် ဆိုလို့ စိတ်ဝင်တစား ဖြစ်မိတာနဲ့ ဆေးခန်းရှေ့က ကွန်ပျူတာစက်ဆီကို ရောက်သွားမိတယ်။
ရောက်ရောက်ချင်း ကွန်ပျူတာထဲ ဆယ်ဒေါ်လာထည့်လိုက်တော့ ကွန်ပျူတာက ဆီးထည့်ဖို့ ပုလင်းထုတ်ပေးမယ်။
ဆီးတွေကို ကွန်ပျူတာနဲ့ ချိတ်ထားတဲ့ ခွက်ထဲ လောင်းထည့်လိုက်ပြီး ဆယ်စကန့် အကြာမှာ ကွန်ပျူတာက ဆေးအညွှန်း စာရွက် ထုတ်ပေးတယ်။

သင့် လက်မောင်း နာနေတယ်၊ စိုးရိမ်စရာ မရှိ။ ရေနွေးနွေးနဲ့ ကြပ်ပူ တိုက်ပေးပါ။ အလေးအပင် မမ,ပါနဲ့။ တစ်ပတ်အတွင်း ကောင်းသွားမှာပါ” တဲ့။

ဆေးစာကိုကြည့်ပြီး သူတော်တော် အံ့သြသွားတယ်။ ကွန်ပျူတာကို တော်တော်လေးလည်း အထင်ကြီးသွားတယ်။
အိမ်ပြန်ရောက်တော့ ကွန်ပျူတာကို အရူးလုပ်ချင်စိတ်လည်း ပေါက်သွားတယ် တဲ့။ ဒါနဲ့ ဆီးထည့်တဲ့ ပုလင်းထဲကို

    ၁။ ရေပိုက်ထဲက ရေနည်းနည်း
    ၂။ ခွေးဆီက
    ၃။ သမီးဆီက
    ၄။ ဇနီးဆီက ဆီးနည်းနည်းစီရောထည့်
    ၅။ သူ့ဆီးကိုတော့ ကွန်ပျူတာက သိပြီးသား ဆိုတော့ မာစတာဘိတ်လုပ်ပြီး သူ့ရဲ့ သုက် အနည်းငယ် ပေါင်းထည့်ပြီး ကွန်ပျူတာဆီ သူ ပြန်သွားတယ်။

အရင်အတိုင်းပဲ ဆယ်ဒေါ်လာ ထည့်လိုက်တော့ ကွန်ပျူတာက စစ်ဆေးတော့တာပဲ။ အဲ ဆယ်စကန့်နဲ့တော့ မပြီးဘူး ဖြစ်နေသတဲ့၊ ကွန်ပျူတာ ခေါင်း နည်းနည်း စားသွားတယ်။
အတော်လေးကြာမှ ဆေးစာ ထုတ်ပေးတယ်။ “သင် သိလိုတဲ့ အဖြေအားလုံးကို သိရဖို့ ဒေါ်လာ ၄၀ ထပ်ထည့်ပါ” တဲ့။
ဟုတ်တယ်လေ၊ သူ့ဟာက ငါးမျိုးဖြစ်နေတာကိုး။
ဒေါ်လာ ၄၀ လည်း ထည့်လိုက်ရော ဆေးစာ အပြည့်အစုံ ထွက်လာတယ်။ ဒီလို…….

    ၁။ သင့်ရေပိုက်ခေါင်းက သံချေးတွေ တက်နေပြီး ရေက နံနေတယ်၊ ဒီရေကို သုံးစွဲရန် မသင့်၊ ရေပိုက်ခေါင်း အသစ် အမြန်လဲပါ ။
    ၂။ သင့်ခွေးမှာ ၀ဲပေါက်နေတယ်၊ လူကို မကူးစက်ခင် ၀ဲပျောက်ဆေးလူးပြီး ရေချိုးပေးပါ ။
    ၃။ သင့် သမီးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးစွဲနေတယ်၊ ဆရာဝန် နဲ့ အမြန်ပြပြီး ဆေးဖြတ်ပေးပါ၊ AIDS ဖြစ်လာနိုင်ခြေ ရှိတယ် ။
    ၄။ သင့် ဇနီးမှာ ကိုယ်ဝန်ရှိနေပြီ၊ မိန်းကလေး အမွှာပူး၊ သင်နဲ့ ရတာ မဟုတ်။ ကွာရှင်းဖို့ ရှေ့နေတစ်ယောက် အမြန်ရှာထားပါ။
    ၅။ အဲသလိုသာ လက်ကမျင်းနေရင် ညာဖက်လက်မောင်း နာတာ ဘယ်တော့မှ မပျောက်ဘူး မှတ်ပါ......
တဲ့။

အဲဒီလူ ဖြုံသွားတယ်။ နောက် မစရဲတော့ဘူး။  ;) ;) ;) ;) ;)

ခွက်ဒစ် -> ဇင်ဝေသော် ရဲ့ ပြုံးစိစိ ချဉ် ငန် စပ်လေးများ စာအုပ်မှ ပြန်လည်မျှဝေပါသည်။

25
မမနှင်းတို့ femdom လုပ်ဖို့ အညှစ်လေ့ကျင့်နေတာဖြစ်ရမယ်။ :D :D :D
26
လွဲတယ်ပဲ ပြောပါတော့မယ်.. တကယ်က အရှက်ကွဲတာ..
ဝိုင်းလှောင်မယ့်လူ မရှိတာပဲ တော်သေးတယ် ပြောရတော့မှာ..  :-[

ပုံပြင်လေးက ဂလို.. နှင်းလွှာက ကျောင်းမှာတင် ပါလေရာ မဟုတ်ဘူးလေ.. အလုပ်ထဲမှာလည်း
တောက်တိုမည်ရ ဆိုတော့ မပါချင်လည်း ပါ.. ပါချင်လည်း ပါရတာပေါ့.. တစ်ရက် အလုပ်ကိစ္စနဲ့
နိုင်ငံခြားသား တစ်ယောက် နှင်းတို့ ရုံးကို လာရတယ်.. ဆရာက နှင်းကို သွားကြိုခိုင်းတယ်ပေါ့နော်..
ဖြစ်ချင်တော့ အဲ့နေ့က ရုံးက ကားတွေ တစ်စီးမှ မအားဘူး.. အာ့နဲ့ ဆရာက သူ့ကားပဲ ယူသွားလိုက်
ဆိုပြီး ပြောရော.. ပြဿနာက အာ့မှာ စ တာ.. :-[

လက်ထဲ လှမ်းပေးလိုက်တဲ့ ကားသော့မှာ သော့ချိတ်ပုံစံက အဆန်း.. ရာဘာ အပျော့ပါးပါးလေးနဲ့
အိတ်လို ဖြစ်နေတဲ့အထဲမှာ အလုံးပျော့စိစိလေး တစ်လုံးပါတယ်.. ပုံစံက မြင်သာအောင် ပြောရရင်
ရှုံ့အိတ်ထဲမှာ ဂေါက်သီးလုံးလေး ထည့်ထားသလိုမျိုးပေါ့.. တကယ်လည်း အထဲက အလုံးက ဂေါက်သီးလုံး
သာသာလောက် ရှိတယ်.. အရောင်က အဖြူကိုမှ ခဲရောင်လိုလို နို့နှစ်လိုလို ခပ်ညစ်ညစ် အရောင်..
သေချာ ကိုင်ကြည့်ရင် အဲ့ အိတ်ပျော့မှာ ပိတ်စပေါ်က အရိပ်ပန်းဆန်ဆန် အကွက်အကွက်လေးတွေ
ပါသေးတယ်... အထဲက အလုံးကလည်း ပျော့စိစိ.. ညှစ်လို့ တအားကောင်းပဲ.. နောက်ပြီး အိတ်ထဲမှာ
အရှင် ထည့်ထားတော့ ညှစ်လိုက်ရင် ပျော့စိစိ လည်တည်တည်လေး.. စိတ်ထဲတော့ တွေးမိလိုက်တယ်..
နောက်ရက်ကျ ဆရာ့ကို မေးအူးမယ်ပေါ့.. ဆရာ ဒါလေး ဘယ်က ၀ယ်တုန်း ဆိုပြီးလေ.. လူငယ်က
အာ့လိုမေးလိုက်ရင် လူကြီးတွေက အထာပေါက်တယ်ကော.. ညည်းကြိုက်လို့လား.. ကြိုက်ရင် ယူလိုက်
ဆိုတာမျိုးး.. ရွှေနှင်းလွှာ လိုချင်လာရင် အာ့လို ညာတောင်းနေကျ..  8)

အာ့နဲ့ တိုတိုပြောရရင် ရောက်ရော လေဆိပ်.. အချိန်က မဆိုစလောက်လေး စောနေတော့ စတီးခုံတန်းလေးမှာ
ထိုင်စောင့်နေလိုက်တယ်.. ပျင်းပျင်းရှိတာနဲ့ လက်ထဲက ပျော့စိစိ အလုံးလေးကို ကြည့်လိုက်..
ညှစ်လိုက်.. တော့တော့ပြီး ဆော့လိုက်.. ပါးနဲ့တောင် ကပ်ပြီး ပွတ်နေမိသေးတာ.. အဲ့မှာဟယ်
အနားက ဖြတ်သွားဖြတ်လာတွေက လူကို ကွက်ကြည့်ကွက်ကြည့်နဲ့.. နှင်းလည်း ခပ်တည်တည်ပေါ့နော့..
ငါ ဘယ်လောက်များ လှနေလို့ ဂလို လည်ပြန် ကြည့်နေကြတာလဲပေါ့.. ပြသောသူ ကုသိုလ်ရ၏ ဆိုတော့လည်း
ကြည့်ပါစေပေါ့လေ.. ခဏနေတော့ လူတစ်ယောက်၊ မျက်စောင်းထိုးလောက်က ခုံမှာ လာထိုင်ပြီး လူကိုတလှည့်၊
လက်ထဲက ပျော့စိလေးကို တလှည့် ကြည့်ပြီး ပြုံးစိစိနဲ့.. နှင်းစိတ်ထဲ အော်.. သူလည်း ငါ့လိုပဲ ဒီကီးရင်းဂ်လေး
ကြိုက်ပုံ ရတယ်လို့.. ကိုယ်က ညှစ်ကောင်းကောင်းနဲ့ ပယ်ပယ်နှယ်နှယ် ကိုင်ညှစ်နေတာကိုးး..

အာ့မှာ စိတ်ကတွေးမိတယ်.. ငါ ဂလို ကိုင်ညှစ်နေတော့ ခမျာ ဘာပုံစံမှန်း သိချင်ရှာတာနေမယ်လို့..
သူက လက်ထဲကဟာကို သေချာကြီးကြည့်နေတော့လေ.. အာ့နဲ့ပဲ ထိုင်ခုံ အစွန်းကို လက်လေးထောက်၊
သော့ကွင်းလေးကို လက်ညှိုးမှာ ချိတ်ပြီး မြင်သာအောင် ပြပေးလိုက်တယ်.. အိတ်ပျော့လေးက ခုံစွန်းမှာ
ရမ်းတမ်း ရမ်းတမ်းနဲ့ပေါ့.. ဒီဇိုင်းဆန်းဆန်း ကီးရင်းဂ်လေးကို မြင်ဖူးကြစေချင်တဲ့ စေတနာပါဟယ်..
သေချာ ပြလိုက်ကာမှ ကိုယ်တော်က ကျိတ်ရယ်တာလေ.. နှာခေါင်းကိုပဲ ကုတ်သလိုလို.. ဖုန်းထုတ်ပြီး
တစ်ခုခုကြည့်ရင်းပဲ ရယ်နေသလိုလို.. တခွိခွိနဲ့.. >:(

ခဏနေတော့ လေယာဉ်ဆိုက်တယ်.. နှင်း စောင့်နေတဲ့ ဧည့်သည် ရောက်တယ်.. အရင်က ခဏခဏ
လာဖူးတဲ့သူဆိုတော့ နှင်းကို မှတ်မိပြီး အာဘာယာဘာ လုပ်စရာ မလိုဘဲ ကားဆီခေါ်ခဲ့လိုက်တယ်ပေါ့..
အာဘာယာဘာ ဆိုတာ သိတယ်မဟုတ်လား.. နှင်းက ဘိုစကားကို ယက်ရယ်နိုးရယ်ကလွဲရင် ကျန်တာ
ဘာမှ သိဝူး.. အာ့တော့ ဘိုတွေနဲ့ ပါတ်သက်ရမယ်ဆိုရင် လက်ဟန်ခြေဟန်နဲ့.. အာဘာယာဘာပဲ..
နောက်ပြီး အာ့ခါမျိုးကျ လူက အလိုလို အိနြေ္ဒရှင် ဖြစ်သွားတယ်.. စကားလည်း နည်း.. ပြုံးခဲ ရယ်ခဲ ပေါ့..
သူဘာပြောမှန်း နားမလည်ဘဲ ရယ်လိုက် ပြုံးလိုက် လုပ်နေရင် သောက်ပေါရီး ဖစ်တွားမှာပေါ့ နော့.. ;)

ကားထွက်ခါနီး ဆရာက ဧည့်သည်ကို (……) ဟိုတယ်ကို ခေါ်သွားခိုင်းတယ်.. ရုံးလည်း ဆင်းကာနီးဆိုတော့
သူ အဲ့ကိုလာခဲ့မယ်.. တစ်ခုခု ကျွေးရင်း စောင့်နေလိုက် ဆိုတော့.. ရွှေနှင်း အကြိုက်ပေါ့.. ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆို
ဟိုတယ်က ကော်ဖီ မပြောနဲ့ ရေသန့်ဗူးတောင် ၀ယ်မသောက်နိုင်ဘူးလေ.. အဲ့မှာ ရောက်သွားပြီ ဟိုတယ်..
စားစရာ မှာခါနီးတော့ ခက်ကရော.. သူ ဘာစားမလဲ မမေးတတ်ဘူးလေ.. ၀ိတ်တာလေးက မေးမြန်းပြီး
ကြည့်လုပ်ပေးသွားပါတယ်.. နှင်းလည်း ဘိုနဲ့ တွဲဝင်လာပြီး ကိုယ် ဘိုလို မတတ်တာ လူသိပြီဆိုတော့ စိတ်က
ရှက်ကိုးရှက်ကန်းပေါ့ဟယ်.. အာ့နဲ့ စိတ်ငြိမ်အောင် လက်ထဲရှိတဲ့ ဟို ပျော့စိစိလေးကို ပယ်ပယ်နှယ်နှယ်
ထိုင်ညှစ် နေလိုက်တယ်.. အာ့မှာ ၀ိတ်တာကောင်လေးက ရယ်ကျဲကျဲ.. ရှေ့က နိုင်ငံခြားသားကလည်း ပြုံးစိစိ..
ဆိုးတာက သူတို့ မျက်နှာတွေကြည့်ရတာ ရှက်ကိုးရှက်ကန်းလိုလို.. နှာခေါင်းကုတ် နားထင်ကုတ်နဲ့လေ..  >:(

ခဏနေတော့ ဆရာရောက်လာ.. စားကြသောက်ကြပေါ့လေ.. သူတို့ ချင်း စကားပြောနေတဲ့အချိန်
ကိုယ်က ဘာမှ မသိတော့ နေရတာ စိတ်ကျဉ်းကြပ် လာပြန်ရော.. အာ့နဲ့ပဲ လက်ထဲက ပျော့စိလေး
ထိုင်ညှစ် နေရပြန်တာပေါ့.. ဆရာက မျက်စောင်း လှည့်လှည့်ထိုးတယ်.. ကြည့်ရတာ နှင်း အညှစ်လွန်လို့
သူ့ပျော့စိလေး ပေါက်သွားမှာ စိုးတယ်နဲ့ တူပါတယ်.. နောက်ဆုံး နှင်းလက်ထဲက သူ့ကားသော့ကို
ပြန်တောင်းတယ်.. အပြန်ငါ့ဘာငါ မောင်းမယ်.. ပေး ကားသော့ တဲ့.. ကားသော့ပဲ မောင်းခါနီးမှ
ယူလည်း ရတာဟာကို နော့လေ..  >:(

နောက်နေ့ကျ စနေ ရုံးပိတ်တယ်.. အမ ၀မ်းကွဲ အိမ်မှာ တူမလေးတွေ စာပြပေးဘို့ လှမ်းခေါ်လို့ သွားရရော..
စာလုပ်ပြီးတော့ မမက ညနေ ဆိတ်သား ပလာတာ ချက်စားမယ် ဆိုပြီး ဈေး သွားတယ်.. ထုံးစံတိုင်း
ရွှေနှင်း ခြင်းဆွဲပေါ့.. အာ့မှာ ဆိတ်သားဆိုင်ရောက်တော့ မိရွှေနှင်း ဒွတ်ခ များတော့တာပဲ.. ဆိုင်မှာ
တွဲလောင်း ချိတ်ထားတဲ့ ဆိတ်ပေါင်တွေ ကြားမှာ မနေ့က ကားသော့နဲ့ တစ်ပုံစံတည်း တူတဲ့ တစ်စုံတစ်ခု..
လူက အတွေးပေါင်း စုံသွားပြီ.. ဘာကြီးတုန်း ဟ ပေါ့.. အာ့မှာ မမက တံတောင်နဲ့ ကပ်တွတ် တယ်..
ဘာတွေ လိုက်ကြည့်နေတာလဲ ပြူးတူးပြဲတဲနဲ့ တဲ့.. အာ့နဲ့ အဲ့ဟာကြီးကို ထိုးပြလိုက်တော့ ဆိတ်သား ရောင်းတဲ့
အိန္ဒိယ လူမျိုး ဦးလေးကြီးက မေးရော.. ဟာရေးး အားးမကြီး.. ဖိုက်တင်းဘော နော်.. အားးရှိဒယ်..
စားးကောင်းဒယ်.. အရင်းး ရက်တွေ နော်.. ဒီးးချိန်ဆို ကုန်းးဘီ.. ယူးး သွားမလား အားးမ..

မမ ဘာတွေ ပြန်ပြောလို့ ဆိုင်က ဘယ်လို ပြန်ထွက်လာဖြစ်ကြလည်း ဘာမှကို မသိတော့ဘူး..
နားထဲတော့ ဦးလေးကြီး ပြောတဲ့ ဖိုက်တင်းဘောနော်.. အားရှိတယ် ဆိုတာပဲ ကြားပြီး ကိုယ့်စိတ်နဲ့ကိုယ်
ရှက်လို့ သေတောင် သေချင်တယ်.. အိမ်ပြန်ရောက်တော့ မမက ခဲအိုကို ပြောပြပြီး ရယ်ကြပြန်ရောပေါ့..
မိနှင်းတစ်ယောက် မီးဖိုချောင် နိုင်နင်းချက်.. ဒီအရွယ်ကြီး ရောက်နေပြီ.. ဆိတ် ဖိုက်တင်းဘောတောင်
ဘာမှန်း မသိဘူး ဆိုပြီးလေ..  8)

 :'(.. သူတို့က အာ့လောက်ပဲ သိလို့ အာ့ကိုပဲ လှောင်ကြတာ.. တကယ်က ဒီမိရွှေနှင်း
လူကြား သူကြားထဲ အဲ့ ဖိုက်တင်းဘောကြီး ပယ်ပယ်နှယ်နှယ် ထိုင်ညှစ်နေခဲ့တာ
သူတို့မှ မသိတာ..  :'( :-[

အလွဲများစွာနှင့် ဖွဲ့စည်းထားသော
       :-[ နှင်းလွှာ :-[
27
ကျမက မောင့် အတွက်ဆို အမြဲ အဆင်သင့်ပါ မောင်..

မောင် ဆန္ဒရှိရင် ကျမ အပေါက်မှာ အုပ်ထားတဲ့ အလွှာပါးလေးကို မောင်ကိုယ်တိုင်ပဲ ဖောက်လိုက်ပါ မောင်..

ဖောက်ပြီးရင်တော့ မနက်စောစော တစ်ခါ.. ည အိပ်ခါနီး တစ်ခါ.. ပုံမှန်လေး သုံးပေးပါမောင်..

မသုံးဘဲ ပစ်ထားရင် ကျမ အိတ်စပါယာ ဖြစ်သွားမှာ စိုးလို့ပါမောင်..

ကျမကို ညှစ်မယ်ဆိုရင် အောက်ခြေကနေ ပင့်တင်ပြီး တဖြည်းဖြည်း ညှစ်ပါမောင်..

ကြုံရာနေရာက ထင်သလို ညှစ်ရင် ကျမ ပုံပျက် သွားမှာ စိုးလို့ပါမောင်..

ကျမက နဲနဲ ညှစ်ရင် များများ ထွက် တတ်ပါတယ်မောင်..

ညှစ်တိုင်းလည်း ထွက် တာပါပဲ မောင်..

အရေးကြီးတာလေး တစ်ခု မှာပါရစေ မောင်..

ကျမကို မောင် လိုအပ်သလောက်ထက် ပို မညှစ်မိပါစေနဲ့ မောင်..

ကျမ က ညှစ်တိုင်း ထွက်သလို ထွက် သွားပြီးရင်လည်း ပြန်သွင်းလို့ မရတော့လို့ပါ မောင်..

(click to show/hide)
28
မိုက်လုံးကြီးတဲ့ကောင်နဲ့ မိုက်တွင်းနက်တဲ့ကောင်မ
အပတ်တကုတ် ကြိုးစားကြတာ ဖုတ်ပူမီးတိုက်ပေါ့
ဖတ်ဖတ်ကိုမောလို့ ... အလုံးကြီး ဆို့နေသလိုပဲ။  :) :D ;D
29
နယ်မှာ အလုပ်လုပ်နေတဲ့ ယောင်္ကျားက မိန်းမဆီ စာရေးလိုက်တယ်..။

" သို့ 
   အချစ်လေးရေ..ကိုယ် ဒီလ အသုံးများသွားလို့  ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ..ဒါပေမဲ့ မင်းအတွက် အနမ်းပေါင်း ၁၀၀ ပေးလိုက်တယ်နော်
   ကြည့်ပြီးသာ သုံးပေတော့ အချစ်လေး..."

နောက် ရက်အနည်းငယ်ကြာတော့ မိန်းမဆီက စာပြန်လာသည် ။

" သို့ 
  ယောင်္ကျားရေ..ကိုကို့ ရဲ့ အနမ်းပေါင်း ၁၀၀ အတွက် ကျေးဇူးတင်ပါတယ်..လောက်လဲ လောက်ပါတယ်..
  ဒီလ အသုံးစာရိတ်ကို ပြောပြမယ်နော်...
  ၁။ နွားနို့ ပို့ သမားကို တစ်လစာ နွားနို့ အတွက် အနမ်း ၂ ပွင့်..
  ၂။ EPC ကလူကို တစ်လစာ အနမ်း ၇ ပွင့်..
  ၃။ အိမ်ပိုင်ရှင်ကတော့ အိမ်ငှားခ မယူပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့် လာယူတယ်..
  ၄ ။ super market ကတော့ အနမ်းနဲ့ တင်မရလို့  တခြားဟာပါ ပေးလိုက်ရတယ်.
  ၅ ။ တစ်ခြား အထွေထွေ အနမ်းပွင့်က အပွင့် ၄၀
သူတို့ အားလုံးက သဘောကောင်းကြတယ်..လိုလိုလားလားနဲ့ ကို အနမ်းတွေကို ယူသွားကြတယ် သိလား..ဒါပေမဲ့ 
စိတ်မပူပါနဲ့ နော်...ချစ်လေးမှာ အနမ်း ၃၅ ပွင့် ရှိသေးတယ်..။ ဒီလတော့ သုံးဘို့  ကောင်းကောင်းလောက်ပါတယ်...
နောက်လရော ဒါမျိုး လုပ်ရမှာလားဟင်...
ကိုကို့ ရဲ့ ချစ်လေး....." ;D ;D ;D ;D
30
                  လိမ်မာလိုက်တဲ့သမီး

ရည်းစားနဲ့ ချိန်းတွေ့ ဘို့  ခွင့်တောင်းလာတဲ့သမီးဖြစ်သူကို အမေကမှာတယ်..။
"သမီးလည်း ၁၈ နှစ်ပြည့်ပြီ ဆိုတော့ အမေ မတားတော့ပါဘူး..ဒါပေမဲ့ လက်မထပ်ခင်မှာ ရည်းစားကို
 ခါးပတ် ပတ်ထားတာရဲ့ အောက်ပိုင်းကို ခွင့်မပြုနဲ့ သမီး.."
" ဟုတ်ကဲ့ပါ.မေမေ့စကားကို တသွေမတိမ်း နားထောင်ပါ့မယ်.."
" လိမ်မာလိုက်တဲ့ သမီးလေး.."
ဒါနဲ့ ..အိမ်ကအထွက် ခြံအပြင်ရောက်တာနဲ့  သမီးအလိမ်မာလေးက ခါးက ခါးပတ်ကိုဖြုတ်ပြီး ဒူးခေါင်းမှာ ပတ်လိုက်တော့တယ်.. ???
 ;D ;D ;D ;D
Pages: « 1 2 3 4 5 6 7 8 9 10 »