အချစ်တက္ကသိုလ်

စာပေဌာန => သရော်၊ဟာသ၊ကလိတိတိ => လိင်စာပေမဟုတ်သော ဝတ္ထု ဆောင်းပါးနှင့် ကဗျာ ကဏ္ဍ => သရော်စာ => Topic started by: ဂိ ဂိ on May 09, 2011, 04:03:10 PM

Title: နှစ်သက်မိသော သရော်စာများ
Post by: ဂိ ဂိ on May 09, 2011, 04:03:10 PM
လူမစွမ်း နတ်မ

တနင်္ဂနွေနေ့လေး နေမြင့်အောင်အိပ်ရမလားမှတ်တယ် စောစောစီးစီးကို ဖုန်းမြည်လာတယ်လေ။ Silent လုပ်ပြီးမအိပ်မိတော့ ခု ဇိမ်ပျက်ရပြီ။ နံပတ်ကြည့်လိုက်တော့လည်း တခါမှ မမြင်ဘူးဘူးဖြစ်နေတယ်။
သန်း တာနဲ့ရောပြီး ဖုန်းပြန်ဖြေလိုက်တယ်...

“ဟားလို”
“ကိုဖိုးကျော်လား ဗျာ”
“ဟုတ်ပါတယ်”
“ကျနော်က မောင်ရာဇာပြည့်စုံမင်းသွေးပါ”

အောင်မယ်လေး…ရှည်းလျားတော်မူလိုက်တဲ့နာမည်

“အော်…အေး…ပြော မောင်မီးသွေး”
“မင်းသွေး ပါဗျ”
“ဟုတ်ပါပြီကွာ…ကိစ္စကိုပြောပါအုံး”
“ရန်ကုန် စမ်းချောင်းက ကိုသန်းထူး ကိုသိတယ်မလား”
“အင်း…သိတယ်၊ ဘာလဲ သူ ဆုံးပြီလား”
“အာ…မဟုတ်ပါဘူး၊ ကျနော်က သူညီဝမ်းကွဲလို့ ပြောမလို့ ပါ”
“အော်…ဒီလိုလား”
“ဟုတ်ပါတယ်၊ ကျနော်က အလုပ်လာရှာတာ၊ ကိုဖိုးကျော်ဆီဆက်သွယ်ပြီး လိုအပ်တာ အကူအညီတောင်းဖို့ မှာလိုက်လို့”

အေပေး သန်းထူး၊ ဒုက္ခပေးဖို့တော့ သတိရရှာသား။ ရုံးပိတ်ရက်လေးတရက်တော့ မနားရဘဲ အလုပ်ရှုပ်အုံးတော့မယ်။

“အင်း…ဒါနဲ့ မင်းက အခု ဘယ်မှာလဲ”
“စင်္ကာပူမှာ”
“ဘာကွ…ဟေ့ကောင် နောက်တာလား? ”
“မနောက်ပါဘူး ခင်ဗျ၊ ကိုဖိုးကျော်မေးလို့ ဖြေတာပါ”
“မင်း စင်္ကာပူမှာဆိုတာတော့ သိတာပေါ့ကွ၊ ဘယ်အပိုင်းမှာနေသလဲ လို့ မေးတာ”
ဘယ်လိုအူကြောင်ကြောင်ကောင်နဲ့ လာတွေ့နေတယ်မသိဘူး
“Wood land ဘက်လို့ ဒီမှာအတူနေတဲ့လူကပြောတယ်”
“ငါက Dover မှာနေတာဆိုတော့ ဒီလိုလုပ်ကွာ၊ နေ့လည် ၁ နာရီလောက် ပင်နင်ဆူလာပလာဇာ မှာ တွေ့ကြတာပေါ့၊ ပင်နင်ဆူလာ ကို သိတယ်မို့လား၊ ဗမာတွေစုတဲ့နေရာလေ”
“ဟုတ်ကဲ့…ဟုတ်ကဲ့…ကျနော်က မနေ့ကမှရောက်တာဆိုတော့ သေချာတော့မသိဘူး…မေးစမ်းပြီးလာခဲ့ပါမယ်”

* * * * * * * * * *
နေ့လည်ပိုင်း ရွှေဝါမြေကဖီးမှာ ဂျာနယ်ဖတ်ရင်း တယောက်ထဲထိုင်စောင့်နေတုန်း ဖုန်းမြည်လာတယ်၊

“အကို….ကျနော် ပြည့်စုံမင်းသွေး ပါ”
“အေး…မင်းအခု ဘယ်ရောက်နေပြီလဲ၊ ငါစောင့်နေတာ ကြာပြီ”
“ကျနော် ဗင်နီဇွဲလား ရောက်နေပြီ အကို”

ဟိုက်…ဒီကောင်မနက်ကမှ စင်္ကာပူမှာ ရှိပါသေးတယ်၊ ခု ဘယ့်နှယ့်လုပ်ပြီ တောင်အမေရိကတိုက်ဘက် ရောက်သွားတာပါလိမ့်၊ ဟုတ်သေးပါဘူး ဖုန်းနံပတ်ကလည်း ဒီကဖုန်းနံပတ်ကြီးပါဘဲ

“ဟေ့ရောင် မင်းငါ့ကိုနောက်နေပြန်တာလား၊ သေချာပြန်ပြောစမ်း မင်းအခုဘယ်မှာရောက်နေသလဲဆိုတာကို”
“မနောက်ပါဘူးအကိုရာ…မနက်က အကိုပြောတဲ့နေရာလေ…ဗင်နီဇွဲလားပလာဇာ ဆိုတာ”
“အာ…ပင်နင်ဆူလာ ပလာဇာပါကွာ…”
တောက်…..ဒီကောင်နဲ့တော့ ကြာရင်ငါ ရူးတော့မယ်
“ဟုတ်…ဟုတ်တယ်..အဲဒီဟာကြီးအောက်ရောက်နေပြီ…အကိုက ဘယ်မှာလဲ”
“မင်း သုံးလွှာကိုတက်ခဲ့၊ ရွှေဝါမြေလဘက်ရည်ဆိုင်မှာ”
“ဟုတ်ကဲ့ ကိုဖိုးကျော်…”

* * * * * * * * * *

ခဏနေတော့…ကောင်လေးတယောက် ဆိုင်ထဲတန်းဝင်လာပြီး….

“အကိုက ကိုဖိုးကျော် လားဗျာ၊ ကျနော်က ပြည့်စုံမင်းသွေးပါ”
“အော်…ဟုတ်တယ်၊ ဒီလောက်လူတွေအများကြီးကြားထဲ ငါ့ကို ဖိုးကျော်မှန်း မင်းဘယ်လိုလုပ်သိလည်း”
“လွယ်ပါတယ် အကိုရာ၊ ကိုသန်းထူးကပြောဘူးတယ်လေ၊ ကိုဖိုးကျော်ရုပ်ကခန့်ခန့်ချောချောကြီးတဲ့…ခုမြင်တာနဲ့ တန်းသိတာပေါ့”

အောင်မယ်…ဒီကောင်လေးမဆိုးဘူး၊ လူကသာအူလည်လည်နဲ့၊ အမှန်တော့ ပြောတတ်သား။

“ဟီးဟီး…လဘက်ရည်သောက်ကွာ”
“ဟုတ် ရတယ်အကို၊ ကျနော် ဘာက စ လုပ်ရင်ကောင်မလည်းဆိုတာ အကြံပေးပါအုံး”
“ပထမဆုံးလုပ်ရမှာကတော့ မင်းရဲ့ CV form ကို ရေးရလိမ့်မယ်”
“ကျနော် ကိုယ်တိုင်စိတ်တိုင်းကျ ရိုက်လာတာတော့ ရှိတယ် အကို”
“ပြစမ်းပါ အုံး”

စာရွက်တစ်ရွက် ထုတ်ပေးလို့ ဖတ်ကြည့်လိုက်တော့….အောင်မလေးဗျ၊ ကောင်းလိုက်တဲ့ CV ကြီး၊ အလုပ်တော့ရအုံတော့မှာ…ကြည့်ကြပါအုံး….


ကိုယ်ရေးရာဇဝင်

အမည်။ ။ ရာဇာပြည့်စုံမင်းသွေး
အဖအမည်။ ။ ဦးပြည့်စုံ
အမိအမည်။ ။ ဒေါ်မြမြမင်း
မှတ်ပုံတင်။ ။ ၉/မရမ(နိုင်) 040477
မွေးနေ့။ ။ 25.02.1986
ပညာအရည်အချင်း။ ။ သင်္ချာ
လုပ်ငန်းအတွေ့အကြုံ။ ။ ၂ နှစ်
ဆက်သွယ်ရန်။ ။ +65 81729646

“မင်းဟာက ဒါဘဲလား”
“ဟုတ်တယ်လေ…အဲလောက်ဆိုရင် မရဘူးလား”
“ဘယ်ရမှာလဲကွာ…ထားပါတော့ ငါ့ဟာငါ ပြင်လိုက်ပါမယ်၊ ဒါနဲ့ ပညာအရည်အချင်း သင်္ချာဆိုတာက ဘာပြောတာတုန်း”
“သင်္ချာဘွဲ့လေ”

အင်း….ဒီဘွဲ့နဲ့ ဒီမှာဘယ်လိုများအလုပ်ရှာရပါ့…

“အော်….ဒါဆို လုပ်ငန်းအတွေ့အကြုံ ၂ နှစ်ဆိုတာကရော ဘာလုပ်ငန်းလည်းကွ”
“အဲဒါက အဖေ့ပွဲရုံမှာ လိုက်ပြီး စာရင်းမှတ်ခဲ့တဲ့ဟာ ကို ရေးထားတာပါ”

အင်း…အသုံးတည့်အုံးတော့မှာပေါ့….လုပ်လိုက်ဟ သန်းထူးရေ့ ဗြမ္မာကြီးဦးခေါင်း ငါ့ဆီလွှဲလိုက်တာလား….

“ကောင်းပါ့ကွာ…ဒါပေမဲ့ သင်္ချာဘွဲတခုထဲနဲ့တော့ အလုပ်ရှာရတာ မလွယ်လောက်ဘူးကွ၊ တခြား အောင်လက်မှတ်လေး ဘာလေးများမရှိတော့ဘူးလား”
“ရှိတာပေါ့ အကိုရာ၊ ၂ခုတောင်”

ဝူး….တော်သေးတာပေါ့၊ ခုမှ သက်ပြင်းချနိုင်တယ်။

“ပြစမ်းပါအုံးကွာ”
“ဒီမှာ…..”… …ဆိုပြီး ထုတ်ပြလာတဲ့ အောင်လက်မှတ်၂ခုလည်းမြင်လိုက်ရော…ကျနော်လည်း ငုတ်တုတ်မေ့ရောဗျို့။
တခုက…ရပ်ကွက်အရံမီးသတ် သင်တန်းဆင်းလက်မှတ်၊
နောက်တခုက…ဝိတ်မတဲ့ သင်တန်းဆင်းလက်မှတ်ကြီး။
အောင်မြလေး….ဝိတ်မတဲ့အရံမီးသတ်ကြီးကို ကျုပ်ကဘယ်လိုလုပ် အလုပ်ရှာပေးရမလဲဗျ။
..ကယ်ကြပါအုံးအရပ်ကတို့၊ သန်းထူးတို့ အဝေးကနေကျနော့် ကိုသတ်နေလို့။
ဒါကြောင့်လည်း သူညီ ကိုယ်လုံးကိုယ်ထည်က အသက်နဲ့မလိုက်အောင်ကြီးနေတာကိုး။
တခါဖြင့်ခက်ကြပြီ။ တတ်နိုင်ဘူး ကြည့်ပြောကြည့်လုပ်ရမှာဘဲ။

“အင်းလေ…ငါ မင်းရဲ့ CV form ကို အသစ်ပြန်ရိုက်ပြီး မင်း Email ထဲ ပို့လိုက်မယ်၊ Email လိပ်စာပေးခဲ့လေ။ ပြီးတော့ သတင်းစာလေးဘာလေးဝယ် ပြီးသင့်တော်ရာ ကိုယ်နဲ့ကိုက်မယ်ထင်တာလေးတွေ လျှောက်ကြည့်ပေါ့ကွာ၊ ငါလဲ တတ်နိုင်သလောက် ကူရှာပေးမယ် ဟုတ်ပြီလား”
“ဟုတ်ကဲ့အကို…ခုလိုကူညီပေးတာ ကျေးဇူးတင်ပါတယ်၊ ကိုဖိုးကျော်က ရုပ်ချောယုံတင်မဟုတ်ဘူး သဘောလည်းကောင်းတာကိုး”
“အမ်မလေး တော်ပါပြီကွာ၊ ရုပ်လည်းမချောချင်တော့ ပါဘူး”
“ဟဲ ဟဲ…အကိုကလည်း ရှက်နေပြန်ပါပြီ”

တေနာလေး…ဗြောင်ကြီးလာဖားနေတာ…။

* * * * * * * * * *

ဒီလိုနဲ့ သတင်းစာထဲမှာခေါ်တဲ့ ကောင်းနိုးရာရာ ရနိုင်ကောင်းတဲ့အလုပ်တွေရှာပြီး သူ့ကိုလျှောက်ခိုင်းလိုက်၊ နီးစပ်ရာသူငယ်ချင်းတွေကို မေးမြန်းစုံစမ်းလိုက်နဲ့ အချိန်တွေတရွေ့ရွေ့ကုန်လာတယ်။ အမှန်က အလုပ်ကို ရှာမယ့်သာရှာနေရတာ သိပ်အားရှိလှတာမဟုတ်ဘူးရယ်။ ဘယ်တတ်နိုင်မလည်းလေ၊ သူ့အရည်အသွေးနဲ့ သူ့ကံအပေါ်မူတည်တာ၊ ခုတလော ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် စင်္ကာပူမှာလည်း အလုပ်အကိုင်တွေ ရှားပါးနေတာလေ။ အရင်ကအလုပ်ပေါတဲ့ Technician တွေ၊ စာရင်းကိုင်တွေတောင် အလုပ်ရဖို့မလွယ်ဘူးဖြစ်နေတယ်။
ဒီ မင်းသွေး ဆိုတဲ့ကောင်ကလည်း သူများနိုင်ငံခြားဆိုလို့သာ လိုက်နိုင်ငံခြားတာ၊ တကယ်က မိဘတွေက လူချမ်းသာတွေတဲ့၊ တရက်က သန်းထူးနဲ့ ဖုန်းပြောဖြစ်လို့သိရတာ။ ကောင်းတာပေါ့၊ အလုပ်မရလို့ Stay ကုန်တော့လည်း ပြန်ခိုင်းယုံရှိတာဘဲ၊ လာခဲ့တဲ့ကုန်ကျစရိတ်ကို အားနာစရာမလိုတော့ဘူးပေါ့။ ဒီလိုလေး စဉ်းစားထားလို့မှ ရက်သိပ်မကြာဘူး ဒီကောင့်ဆီက ဖုန်းဝင်လာတယ်… …

“ကိုဖိုးကျော်…ကျနော် အလုပ်ရပြီဗျ”
“ဟေ…ဘယ်မှာလဲ”
“နိုက်ကလပ်တခုမှာ”
“ဟေ…ဘာလုပ်ရမှာတဲ့လဲ”
“ဘာမှမလုပ်ရဘူး…ကိုယ်ကြပ်စွပ်ကျယ်ဝတ်ပြီး ကောင်တာရှေ့လက်ပိုက်ရပ်နေယုံဘဲ”
“ဟေ…ဒါဆို လူဆိုးထိမ်းပေါ့”
“ဟုတ်မယ်ထင်တယ်…သူဌေးက ကျနော့်ဗလ ကြည့်ပြီး သဘောကျလို့ ခန့်လိုက်တာ”
“ဟေ…အလုပ်ချိန်ကရော”
“ည ၈ နာရီကနေ နောက်နေ့မနက် ၄နာရီထိ၊ တပတ် ၂ ရက်နား”
“ဟေ…လစာကရော”
“လစာကတော့နည်းပါတယ်…2800 ထဲပါ”
“ေဟ… …ဂြီ”
[‘ေဟ’ က အံံ့ၾသတာ၊ ‘ဂြီ’ က အံ့သြလွန်းလို့ တက်သွားတာ]

* * * * * * * * * *
သူငယ်ချင်းတို့ရေ….
ငါမြန်မာပြည်ကို ပြန်ပြီ၊
အင်ဂျင်နီယာဘွဲ့ကို ကျောင်းပြန်အပ်ပြီး ဝိတ်မတဲ့သင်တန်း တက်မလို့…
ဘိုင့်…ဘိုင်

ခရစ်ဒစ်တူ ---> မြန်မာဟာသဂရုပ် ( ဖေ့စ်ဘွတ်ခ် )



သဘောကျလွန်းလို့ တင်ပါသည်  ဂိဂိ



Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on May 15, 2011, 03:02:09 PM
"ဘာကွ... မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက စင်ကာပူဒေါ်လာက

ဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။"

(click to show/hide)
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ngasai on May 22, 2011, 12:44:07 AM
အနာဂတ် မြန်မာနိုင်ငံ.....
"ဘာကွ... မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက စင်ကာပူဒေါ်လာက ဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။" လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသား ခေါင်းလေး ပုဝင်သွားသည်။ ထို့နောက် မြန်မာစကား မပီကလာ ပီကလာဖြင့် "ကျနော် ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန်ေ...ဒ်ါလာနဲ့ ထိုင်းဘတ်ပဲ ဝယ်လာခဲ့တာပါ။ မြန်မာ အကြွေတွေတော့ နည်းနည်း ပါပါတယ်။" ဟုဆိုကာ တဆယ်ကျပ်တန် နှင့် ငါးဆယ်တန် တရွက်စီ ထုတ်ပြသည်။ ဒါနဲ့ မင်းက ဒီပိုက်ဆံလောက်နဲ့ ဘယ်မှာနေမှာတုန်း။ မှန်းစမ်း ဗီဇာလျှောက်တုန်းက ထောက်ခံသူမှာ ကြည့်လိုက်ဦးမယ်။ အော်... မင်းက ဘုန်းကြီးကျောင်းက ထောက်ခံချက်နဲ့ ဘုန်းကြီးကျောင်းမှာနေမှာပေါ့။ အခု မင်းလာတာ အလည်ဗီဇာနဲ့နော်။ အလုပ်လုပ်လို့ မရဘူး။ နားလည်တယ်နော်။ မင်းတို့ စလုံးက ကောင်တွေမပြောချင်ဘူး။ အလည်လာ ဒီမှာနေ။ တောက်တိုမယ်ရ အလုပ်လေးလျှောက်။ အခြေအနေမကောင်းရင် ခဏပြန်ထွက် ပြီးရင်ပြန်ဝင်။ ဒီကြားထဲ အိုဗာစတေးတွေလဲ မနည်းဘူး။ ကဲ.. ကဲ... သွားတော့။ လူဝင်မှု အရာရှိရှေ့မှ စင်ကာပူသား ခေါင်းလေးငုံ့ကာဖြင့် ရိုရိုကျိုးကျိုးလျှောက်သွားသည်။ ကျနော်လဲ ဘေးမှကြည့်နေမိသည်။ အော်.. တော်တော်ခက်တဲ့ စလုံးသားပဲ မအူမလည်နဲ့။ ကျနော်တို့လို နိုင်ငံသားများအတွက်က လွယ်သည်။ ID Card ကို တင်ပေးလိုက်သည်နှင့် အချက်အလက်များအားလုံးယူပြီးသားဖြစ်သွားသည်။ ထိုနောက် အလိုအလျောက် Update လုပ်သည့် စက်ထဲ ပတ်စ်ပို့ ထည့်လိုက်လျှင် တံဆိပ်တုံး ထုပြီးသားဖြစ်သွားသည်။ လူနဲ့ စကားပြောစရာမလို။ ဒါကြောင့် နိုင်ငံသားနဲ့ နိုင်ငံခြားသား ခွဲပြီး တန်းစီခိုင်းခြင်းဖြစ်သည်။ အေးလေ... မြန်မာနိုင်ငံထဲ ဝင်လာလို့ ရတယ်ဆိုတာ နည်းတဲ့ အခွင့်အရေးမှ မဟုတ်တာ။ အကြံအဖန်တွေကလဲ အများသား မဟုတ်လား။ ဒီတော့လဲ.... ဒီလောက်တော့ စစ်ဆေးရမှာပေါ့။ စက်ကတော့ အကြံအဖန်က မစစ်နိုင်ဘူးလေ... လွန်ခဲ့သော နှစ် (၅၀)ခန့်က... အိုစမာဘင်လာဒင်ဆိုသော အကြမ်းဖက်သမားကြီးသေပြီးနောက် သူ့အဖွဲ့မှလူများက အမေရိကန်ကိုလက်စားချေမည်ဆိုကာ အီရန်မှ ခိုးလာသော ယူရေနီယမ်များကိုသုံးကာ အမေရိကန်ရှိ မြို့ (၁၅)မြို့ကို အဏုမြူဗုံးခွဲလေတော့သည်။ ထိုအထဲတွင် အဏုမြူထိပ်ဖူးများသိုလှောင်သော လက်နက်ရုံလဲ ပါသွားရာ နိုင်ငံတခြမ်း ပြုတ်ပြုတ်ပြုန်းလေတော့သည်။ ထိုအဖြစ်အပျက်ကြောင့် အီရန်ကို အမေရိကန်က ဟိုက်ဒရိုဂျင်ဗုံးကြဲချရာ အီရန်က လက်လှမ်းမှီရာ အိမ်နီးချင်းနိုင်ငံများတွင် တပ်စွဲထားသော အမေရိကန်များနှင့် အစ္စရေးကို အဏုမြူလက်နက်၊ ဓာတုလက်နက်များဖြင့် ပြန်တိုက်ရာ အရှေ့အလယ်ပိုင်းတခွင် စစ်မြေပြင်ဖြစ်ကာ ပြာပုံအတိဖြစ်တော့သည်။ ထိုနောက်ပိုင်းတွင် အာရပ်နိုင်ငံများတွင် အစွန်းရောက်ဝါဒီများ တက်လာပြီး ထိုသို့ စစ်ဖြစ်ရသည်မှာ ဥရောပကြောင့်ဟု စွပ်စွဲပြီး အီးယူနှင့် နေတိုးကို စစ်ကြေငြာတော့သည်။ ဗြိတိန်နှင့် ရန်စရှိသော အာဂျင်တီးနားက ဘရာဇီးကို စည်းရုံးပြီး အာရပ်နိုင်ငံများဖက်မှ မဟာမိတ်လုပ်သည်။ စစ်တို့၏ ထုံးစံအတိုင်း ပါဝင်သူ နိုင်ငံအားလုံး ပြာပုံသာသာ ဖြစ်ကျန်ခဲ့တော့သည်။ ထိုသို့ စစ်ကြီးပြီးစမှာပင် ငလျင် အလှုပ်များသော အာတိတ်မီးစက်ဝန်း(Arctic ring of Fire) တွင် ပြင်းအားအဆင့် ၁၈ ရှိသော ငလျင်ကြီးလှုပ်ရာ ဆူနာမီကြောင့် သြစတြေးလျတိုက်နှင့် အာရှ အရှေ့ပိုင်းကုန်လေသည်။ ဂျပန်ဆိုရင် လှိုင်းလုံးကြီးသည် ကျွန်းအရှေ့မှ အနောက်သို့တိုင် ဖြတ်သွားလေသည်။ အီရန် စစ်ပွဲနှင့်အတူ နူကလီးယား လက်နက်များပြန့်ပွားသွားရာ ချေချင်းညာရှိ ခွဲထွက်ရေး သူပုန်များက ရုရှကိုလည်းကောင်း၊ တိဘက်မှ တရုတ်ကိုလည်းကောင်း၊ ပါကစ္စတန်နှင့် အိန္ဒိယက အချင်းချင်းလည်းကောင်း အသီးသီး တွယ်လိုက်ရာ ကမ္ဘာပေါ်တွင် နိုင်ငံတော်တော်များများပြာကျကုန်သည်။ စင်ကာပူဆိုလျှင်လည်း ဆူနာမီလှိုင်းလုံးကြီးက တကျွန်းလုံးကို ဖြတ်အုပ်သွားရာ တနိုင်ငံလုံး ဖြူကာပြာကာ ကျသွားသည်။ ထို့နောက်တွင်မတော့ အကောင်းပကိကျန်တာဆိုလို့ အာဖရိကတိုက်နှင့် အရှေ့တောင် အာရှနိုင်ငံအနည်းငယ်ပဲကျန်တော့သည်။ အာဖရိက အနေဖြင့်လဲ အခြေခံ အဆောက်အဦးပိုင်းမပြည့်စုံ။ ထိုင်းကလဲ ကမ္ဘောဒီးယားနဲ့ နယ်စပ်ပြဿနာဖြေရှင်းနေရာ စစ်ပွဲဖြစ်သဖြင့် တိုးတက်ရေးကို အာရုံမစိုက်နိုင်။ ထိုနောက် မြန်မာနိုင်ငံမှာ အင်အားကြီးဖြစ်လာသည်။ ကမ္ဘာစစ်ဖြစ်သဖြင့် အင်တာနက်မပျက်သော်လည်း Google, Facebook Data Center တို့မှာ စစ်ကြောင့်ပျက်စီးမှု ထဲပါသွားသဖြင့် မြန်မာနိုင်ငံမှ လူငယ်တစ်စုက "ပေါက်ပေါက်ရှာရှာ" ဟူသော အင်တာနက်ရှာဖွေရေးတည်ထောင်ရာ အောင်မြင်သဖြင့် နေ့ချင်းညချင်း ဘီလျံနာဖြစ်သွားသည်။ Facebook ပျောက်ဆုံးမှုနှင့် အတူ မြန်မာကျူးပစ်၊ မြန်မာဆိုက်ဘာမီဒီယာ စသည်တို့ နာမည်ရလာကာ အပြည်ပြည်ဆိုင်ရာသုံးဖြစ်လာကြသည်။ ယူကျု အစား မြန်မာစုဗူးစသည်ဖြင့် ကမ္ဘာ့ဈေးကွက်လိုအပ်ချက်ကို ဖြည့်ပေးနိုင်သဖြင့် မြန်မာနိုင်ငံတွင် နည်းပညာသူဌေးတွေ ပေါလာသည်။ စီးပွားရေးဘက်ကိုကြည့်ဦးမလား။ တချိန်က ရေနံအများဆုံးထွက်ခဲ့တဲ့ နိုင်ငံတွေမှာ စစ်ကြောင့် ရေနံတွင်းတွေမီးလောင်တာတောင် ကုန်အောင်မငြိမ်းနိုင်သေး။ ပိုပြီးသန့်စင်တဲ့ သဘာဝဓာတ်ငွေ့ကလဲ မြန်မာနိုင်ငံမှာ အလျှံပယ်ထွက်နေသဖြင့် မြန်မာ့စီးပွားရေးမှာ မိုးထိအောင် ထောင်တက်တော့သည်။ ဂျပန်နှင့် တရုတ်မှ ကားထုတ်မည်ဆိုကာ မြန်မာနိုင်ငံတွင် စက်ရုံဆောက်ပြီးကာမှာ နှစ်နိုင်ငံစလုံး ပြာကျသွားဖြင့် ကမ္ဘာ့အကြီးဆုံး ကားစက်ရုံကြီးမှာ မြန်မာနိုင်ငံတွင်သာတည်ရှိတော့သည်။ အရင်က စက်မှုဇုန်များမှာလဲ ကားစက်ရုံများဖြစ်နေကြပြီ။ ကျွမ်းကျင်လုပ်သားများ လိုအပ်သဖြင့် ဂျပန်မှ အလုပ်လက်မဲ့ဖြစ်နေသော ယခင်စက်ရုံလုပ်သားဟောင်းများမှ ကျွမ်းကျင်သူများကို မြန်မာနိုင်ငံတွင် ပြည်လည်ခေါ်ကာ ခန့်ထားရသည်။ ပထမပိုင်းတွင် ကျွမ်းကျင်လုပ်သားများလာသော်လည်း နောက်ပိုင်း အကြံအဖန်များလာသဖြင့် ဂျပန်နိုင်ငံသားများ၏ ဗီဇာကိုတင်းကျပ်ရတော့သည်။ ဒါတောင် မြန်မာနိုင်ငံမှာ အိုဗာစတေးအများစုမှာ ဂျပန်ဖြစ်နိုင်သည်။ ဂျပန်ကို အမှီလိုက်တာက ကိုရီးယား။ ဆူနာမီပြီးတာ့ သံဝေဂတွေရကာ တောင်နှင့်မြောက်ပြန်လည်ပေါင်းစည်းခဲ့သော်လည်း နှစ်နိုင်ငံစလုံးပြာဖြစ်နေသဖြင့် ဆင်းရဲတွင်းကမတက်နိုင်ဖြစ်နေရသည်။ ဒါကြောင့် ချမ်းသာသည့် မြန်မာနိုင်ငံထဲလာချင်သည့် ကိုရီးယားတွေများလာသည်။ တချိန်က မြန်မာနိုင်ငံတွင် ကိုရီးယားကားများ ခေတ်စားခဲ့သဖြင့် ကိုရီးယားသား၊ ကိုရီးယားသူချောချောလေးတွေဆိုရင် မြန်မာနိုင်ငံတွင် အလုပ်ရလွယ်သည်။ ဧည့်ကြို၊ အရောင်းဝန်ထမ်း စသည့် လူများနှင့် ဆက်ဆံရသော နေရာများတွင် ထိုကဲ့သို့ ချောချောလေးများ ထားလျှင် အဆင်ပြေ တတ်သဖြင့် ဖြစ်သည်။ သို့သော် မြန်မာစကားကို ကျွမ်းကျင်အောင် တတ်မှသာလျှင် အလုပ်ရလွယ်သည်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို အလုပ်လိုချင်တဲ့ ဂျပန်သူ၊ ဂျပန်သားချောချောတွေ၊ ဥရောပသူ ဥရောပသားချောချောတွေကလည်း တန်းစီနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အလုပ်လုပ်လိုသူများမှာ မြန်မာစကားကို ကျွမ်းကျင်ပိုင်နိုင်အောင် သင်ကြားကြရသည်။ ပညာရေးဘက်ကိုကြည့်ဦးမလား။ အထင်ကရ တက္ကသိုလ်မှန်သမျှ ပြာဖြစ်ကုန်ရာ ၁၉၂၀ ပြည့်က စဖွင့်ခဲ့သော ရန်ကုန်တက္ကသိုလ်သည်သာ ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံး တက္ကသိုလ်ဖြစ်နေတော့သည်။ အသစ်ပြန်လည်တည်ဆောက်ထားသော အောက်စဖို့၊ ကင်းဘရစ် စသည့် အစဉ်အလာရှိသည့် တက္ကသိုလ်များမှ ထွက်မှသာလျှင် ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်လက်သင်ကြားရန်အတွက် အရည်အချင်းစစ် စာမေးပွဲဖြေရန် အသိအမှတ်ပြုသည်။ အစဉ်အလာမရှိသည့် တက္ကသိုလ်များမှဆိုလျှင် ဟားခါးတက္ကသိုလ်၊ မြဝတီတက္ကသိုလ်၊ တာချီလိတ်တက္ကသိုလ်စသည်ဖြင့် နယ်စွန်နယ်ဖျားမှ ကျောင်းများထံတွင် အရည်အချင်းစစ် စာမေးပွဲသွားရောက်ဖြေဆိုကြရသည်။ သို့သော် နိုင်ငံတကာမှ ကျောင်းသားများကတော့ လာတက်ကြသည်။ ရန်ကုန်တက္ကသိုလ်မှ MBA ဘွဲ့ တခုရလျှင်ပင် ဘယ်နိုင်ငံမဆို အလုပ်သွားလျှောက်လျှင် ကုမ္ပဏီ ကြီးကြီးတွင် အနည်းဆုံး မန်နေဂျာ ရာထူးတော့ ကျိန်းသေရနိုင်သည်မဟုတ်လား။ တချို့ကလည်း ဘွဲ့ရလျှင် မြန်မာနိုင်ငံထဲတွင် အလုပ်ပြန်လျှောက်ကြသည်။ ရသည့် လစာကလည်း ကွာတာကိုး။ မြန်မာတွင်အလုပ်ရပါက မိခင်နိုင်ငံရှိအိမ်ကို ငွေပြန်ပို့နိုင်ပြီး ဖောဖောသီသီ သုံးစွဲနိုင်မည်ဖြစ်သည်။ တချိန်က နာမည်ကြီးခဲ့တဲ့ Microsoft, Apple ဆိုတာတွေကို မြန်မာနိုင်ငံမှ နည်းပညာသူဌေးများက ဝယ်ယူလိုက်သည်။ အမေရိကန်တွင် ရုံးခွဲအဆင့်လောက်သာ ဖွင့်ထားတော့သည်။ ရေမြင့်လျှင် ကြာတင့်ဆိုသလို မြန်မာနိုင်ငံသားများလည်း မျက်နှာပွင့်တော့သည်။ ကမ္ဘာ့နိုင်ငံတိုင်းသည် မြန်မာပတ်စ်ပို့ကို ဆိုက်ရောက်ဗီဇာပေးထားသည်။ ဘာမှကြိုလျှောက်စရာမလို ရောက်တာနဲ့ immigration ကိုဝင် ပတ်စ်ပို့ ပြလိုက်သည်နှင့် အိုကေ။ ရှိုးမန်းနီး ဘာညာပြစရာမလို၊ နိုင်ငံသားတိုင်းတွင် ပတ်စ်ပို့ နံပါတ်တခုစီအတွက် ဘဏ်အကောင့်ရှိထားပြီသား။ ဘယ်နိုင်ငံ ဘယ်ဘဏ်မှာမဆို ပိုက်ဆံထုတ်လို့ရသည်။ ကမ္ဘာ့ဘဏ်ကလည်း ငွေကြေးယူနစ်ကို ကျပ်ဖြင့်သာ တွက်၍ပြောတော့သည်။ ဘယ်နိုင်ငံသွားသွား ပတ်စ်ပို့ အနီရောင်လေး မြင်လိုက်တာနဲ့ အိုကေ။ မြန်မာနိုင်ငံသားများကလည်း တချိန်က နာမည်ကြီးခဲ့သော အမေရိကန်ကို သွားလည်လေ့ရှိသည်။ စစ်ကြောင့် ပျက်စီးခဲ့သည့် အပျက်အစီးများကို အမှတ်တရသွားကြည့်ကြခြင်းဖြစ်သည်။ အမေရိကန်များသည် ပတ်စ်ပို့ အနီရောင်မြင်လျှင်လန့်လေ့ရှိသည်။ သူတို့စီးပွားရေး လုပ်ငန်းများ၏ သူဌေးတော်တော်များများမှာ မြန်မာနိုင်ငံမှဖြစ်ကြသောကြောင့် ဖြစ်သည်။ တော်သေးတာတခုက မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာကို လက်ခံနေသေးတာပင်။ ဒေါ်လာ၊ ပေါင်၊ ယူရိုစသည့် တို့နှင့် အိမ်နီးချင်းထိုင်းနိုင်ငံ ငွေကြေးလောက်သာ မြန်မာက လက်ခံသည်။ ဒါတောင် Currency Exchange မှာလဲပြီးသုံးရသည်။ တိုက်ရိုက်သုံး၍မရ။ မြန်မာကျပ်ကတော့ ဘယ်နိုင်ငံမဆို လဲ၍လည်းရ၊ တိုက်ရိုက်သုံး၍လည်းရသည်။ မြန်မာနိုင်ငံသားမျာ မျက်နှာပွင့်သလောက် မြန်မာနိုင်ငံထဲ ဝင်ချင်သူများအဖို့ အတော်ခက်ခဲသည်။ နိုင်ငံအတွင်းရှိ နိုင်ငံသားတယောက်က ထောက်ခံပေးမှသာလျှင် ဗီဇာရနိုင်သည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သူများအဖို့ ဘုန်ကြီးများဆီ အပူကပ်ကာ ဗီဇာရအောင်လျှောက်ပြီး နေလျှင်လည်း ဘုန်းကြီးကျောင်းတွင်နေလေ့ရှိသည်။ သို့သော် သူတို့ အပြောအရ မြန်မာနိုင်ငံရှိ ဘုန်းကြီးကျောင်းများမှာ ဂျပန်၊ အမေရိကန် နှင့် အင်္ဂလန်ရှိ ဟော်တယ်များထက် ပိုသာသည်ဟုဆိုကြသည်။ ဗီဇာက တလခန့်သာရလေ့ရှိရာ ထိုအတောအတွင်း အလုပ်လေးတခုရအောင် လျှောက်ကြရသည်။ ယခင်က ဘုန်းကြီး ကပ္ပိယလုပ်လိုသူများအတွက် ကပ္ပိယဗီဇာပေးသော်လည်း အကြံအဖန်များလာသဖြင့် ထိုဗီဇာထုတ်ပေးခြင်းကို ရပ်နားထားရသည်။ ယခင်က အာဆီယံ နိုင်ငံအဖွဲ့ဝင်များကို ဗီဇာစည်ကမ်းများလျော့ပေါ့ပေးရာ စင်ကာပူ၊ မလေးမှ အကြံအဖန်များဝင်လာခြင်း၊ အိုဗာစတေးများ များလာခြင်းတို့ကြောင့် ပြန်လည်တင်းကျပ်ရသည်။ မလေးကကောင်တွေဆိုပိုဆိုး မြန်မာစကားလဲ ကောင်းကောင်းမတတ်၊ ရှိုးမန်းနီးလဲ မပါသလောက်၊ လာတော့ တိုးရစ်ဗီဇာ။ ဒါကြောင့် ဟိုတလောက ဂျာနယ်မှာဖတ်လိုက်ရတာ လေဆိပ်ကပြန်လွှတ်ရတာ အယောက် ၂သောင်းကျော်သွားပြီဆိုပဲ။ ခုနက စလုံးသားလောက် မြန်မာစကားပြောတတ်မှ အလုပ်ရနိုင်သည်။ မဟုတ်လို့ကတော့ လာပြီး ငွေကုန်လူမောတာပဲ အဖတ်တင်မယ်။ အားကစားဘက်ကိုကြည့်ဦးမလား။ လစာအကောင်းဆုံးရသည့် နေရာဆိုလို့ Myanmar National League (MNL) သာရှိသဖြင့် ဘရာဇီး၊ အာဂျင်တီးနား၊ ဂျာမနီစသည်တို့မှ ဘောလုံးသမားအားလုံး လာရောက်ကစားရသည်။ MNL တွင် လာမကစားဖူးလျှင် ကမ္ဘာ့အဆင့် ဘောလုံးသမားဟု မသတ်မှတ်ကြ။ ထိုဘောလုံးသမားများကလည်း မြန်မာနိုင်ငံသားဖြစ်လိုကြသဖြင့် အလုအယက်လျှောက်ထားနေကြရာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတိုင်းသည် မြန်မာနိုင်ငံသားများပင်ဖြစ်သည်။ ကမ္ဘာ့ဖလားပွဲကိုလည်း အခြားနိုင်ငံများတွင် လက်ခံကျင်းပနိုင်လောက်အောင် ပြည့်စုံခြင်းမရှိသဖြင့် မြန်မာနိုင်ငံတွင် လက်ခံကျင်းပရသည်မှာ (၃)ကြိမ်ဆက်ရှိပြီး ထို(၃)ကြိမ်စလုံးဗိုလ်စွဲခဲ့သည်။ ဆက်သွယ်ရေးဘက်ကိုကြည့်ဦးမလား။ တနိုင်ငံလုံးအင်တာနက်မမိတဲ့ နေရာမရှိ။ ကျိုက်ထီးရိုးဘုရားမှသည် ပူတာအို ရေခဲတောင်အထိ အင်တာနက်ရသည်။ အနှေးဆုံး 1Gbs to အမြန်ဆုံး 10Gbs အထိရသည်။ ရန်ကုန်တမြို့လုံးမှာ မြေကြီးဆိုလို့ ပန်းခြံထဲ သွားကြည့်မှပဲမြင်ရမယ်။ ကျန်တဲ့နေရာက ကတ္တရာ၊ ကွန်ကရစ်အပြည့်ခင်းထားတာ။ ကော့သောင်းမှ ပူတာအိုအထိ ကျည်ဆန်ရထားဖောက်ထားသည်။ ရန်ကုန်မြို့ထဲတွင် မောင်းသူမဲ့ တက္ကဆီများပြေးဆွဲပေးသည်။ အခြားဘယ်နိုင်ငံမှ မရှိ။ စစ်တွေဖြစ်ပြီးနောက် နူကလီးယားကြောင့်လားမသိ။ ရာသီဥတုကတော့ အတော့ကိုပြောင်းလဲလာသည်။ အတော်လဲပူလာသည်။ ခုတောင်အတော်ပူနေသည်။ "ဟေ့ကောင်... ထ... ထ....။ မင်းကလဲ မီးပျက်ပြီးမှောင်ကြီးထဲအိပ်နေတယ်။" သူငယ်ချင်းဖြစ်သူ၏ လှုပ်နိုးမှုကြောင့်နိုးသွားသည်။ အော်... အင်တာနက်က 10MB လောက်ရှိတဲ့ ဖိုင်ကြီး ဒေါင်းလုပ်ဆွဲတာ စောင့်ရင်းအိပ်ပျော်သွားတာ အိပ်မက်တွေတောင်မက်နေတယ်။ မင်းကိုလာပြောတာ မြန်မာအသင်း ဒီနေ့ပွဲရှုံးပြီး အုပ်စုကလှည့်ပြန်လာရပြီလို့။ ပြောƞ
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on June 06, 2011, 10:07:06 AM
Q: Doctor, I've heard that cardiovascular exercise can prolong life. Is this true?

A: Your heart only good for so many beats, and that it... Don't waste on exercise. Everything wear out eventually. Speeding up heart not make you live longer; it like saying you extend life of car by driving faster. Want to live longer? Take nap.

 

Q: Should I reduce my alcohol intake?

A: No, not at all. Wine made from fruit. Brandy is distilled wine, that mean they take water out of fruity bit so you get even more of goodness that way. Beer also made of grain. Bottom up!

 

Q: How can I calculate my body/fat ratio?

A: Well, if you have body and you have fat, your ratio one to one. If you have two bodies, your ratio two to one, etc.

 

Q: What are some of the advantages of participating in a regular exercise program?

A: Can't think of single one, sorry. My philosophy is: No pain...good!

 

Q: Aren't fried foods bad for you?

A: YOU NOT LISTENING! Food are fried these day in vegetable oil.. In fact, they permeated by it. How could getting more vegetable be bad for you?!?

 

Q:

Will sit-ups help prevent me from getting a little soft around the middle?

A: Definitely not! When you exercise muscle, it get bigger. You should only be doing sit-up if you want bigger stomach.

 

Q: Is chocolate bad for me?

A: Are you crazy?!? HEL-LO-O!! Cocoa bean! Another vegetable! It best feel-good food around!

 

Q: Is swimming good for your figure?

A: If swimming good for your figure, explain whale to me..

 

Q: Is getting in shape important for my lifestyle?

A: Hey! 'Round' is shape!

 

Well... I hope this has cleared up any misconceptions you may have had about food and diets.

 

And remember:

 

 

AND.....

 

For those of you who watch what you eat, here's the final word on nutrition and health. It's a relief to know the truth after all those conflicting nutritional studies.

 

1. The Japanese eat very little fat and suffer fewer heart attacks than Americans.

 

2. The Mexicans eat a lot of fat and suffer fewer heart attacks than Americans.

 

3. The Chinese drink very little red wine and suffer fewer heart attacks than Americans.

 

4. The Italians drink a lot of red wine and suffer fewer heart attacks than Americans..

 

5. The Germans drink a lot of beer and eat lots of sausages and fats and suffer fewer heart attacks than Americans.

 

CONCLUSION:

Speaking English is apparently what kills you.Eat and drink what you like
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on June 07, 2011, 09:15:12 AM
တစ်ရံရောခါ ၊ ဤနေရာမှ ၊ စိတ်မှာညစ်ထပ် ၊ သောက်ညင်ကပ်လို့ ၊ ဝေးရပ်တစ်မြေ ၊ ပြေးထွက်လေသော ၊

အင်တာနက်အား ၊ စိတ်မှာထား၍ ၊ မေတ္တာ ပို့သလိုက်ပါသည် ။

ဆွေးလို့ပြာကာ ၊ အွန်လိုင်းမှာလည်း ၊ မလာတာကြာ ၊ စိတ်မပါထင်ပြီး ၊ ကြိတ်ကာကြူ (Q)

ထား ၊ မဒီများလည်း ၊ တစ်ခြားနောက်ကို ၊ ပါတော့မည်ထင့် ၊ ရင်မှာနင့်သည် ။

 

ဒီနေ့စိတ်ကောက် ၊ နက်ဖြန်ရောက်မှ ၊ စိတ်ကောက်ပြေရေး ၊ ချော့မယ်တွေးပြီး ၊ ထိုဒေး (day) ညမှ၊

နက် ကကျတော့ ၊ ချစ်သူကမုန်း ၊ ဘလော့(block)ဦး (အုံး) မှာ ၊ ပူနေတာမို့ ၊ ဆပ်ပြာသည်

မ ၊ လင်ပျောက်ရသို့ ၊ ဒုက္ခတွေနဲ့ ၊ တစ်မှိုင်မှိုင်တွေ ၊ တစ်တွေတွေငေး ၊ တစ်ငေးငေးငူ ၊တစ်

အူအူဆွေး ၊ ၀မ်းဗိုက်ရေးထက် ၊ လွမ်းရေးသာသည် ။ ရင်မှာမျက်ရည် ခါခါလည် ။

ဝေးလို့မှာတာ ၊ ကိုအင်တာရေ ၊ လာပါအမြန် ၊ သင်မမှန်လို့ ၊ ကော (call)သံတိုး

တိတ် ၊ အဆောင်ဆိတ်နေပြီ ။ ဓားကိုဆွဲထုတ် ရန်သူခုတ်ဖို့ ၊ အဟုတ်ကြံမှ ၊ နက်

ကကျသွား ၊ ဟီးရိုး(Hero)များလည်း ၊ တစ်အားဆွေးသည် ။ နက်ကမလာ ၊ လန်

(lan)ပေါ်မှာလည်း ၊ ကောင်တာပစ်ရ ၊ လက်ညောင်းလှပြီ ၊ ဟိုဆောက်ဒီဝယ် ၊

ဂျင်နရယ် (General)လည်း ၊ စိတ်ဝယ်မရွှင် ၊ မတိုက်ချင်ဘူး ။ အွန်လိုင်းဟီးရိုး ၊

တန်(Dan)မတိုးဘူး ၊ ကံဆိုးချက်က ၊ ချစ်သူမယုံ ၊ ဖုန်းဖိုးကုန်လည်း ၊ သူယုံမလာ

၊ စိတ်ညစ်ပါသည် ။ ဘီယာကဒ်တွေ ခါခါဝယ် ။

 

ပြေးလို့လာပါ ၊ မျှော်နေတာလည်း ၊ ရင်မှာထိတ်ရ ၊ ဒီလိုညများ ၊ လာမလားလို့

အိပ်ငြားမပျော် ၊ အိပ်ရာပေါ်ဝယ် ၊ မပျော်မလှုပ် ၊ အမြီးကုပ်၍ ၊ လွမ်းရုပ်တွေဆင်

ကော်နက်ရှင်စောင့် ၊ တစ်တောက်တောက်နှင့် ၊ ဘောက်မဲ့ကြောင့်များ ၊ ဒီစီ

(dc) များဖြစ် ၊ တဗျစ်တောက်တောက် ၊ တလျှောက်လျှောက်တွေး ၊ တစ်

တွေးတွေးပူ ၊ သင်သာလူဖြစ် ၊ လည်ပင်းညှစ်လို့ ၊ အလစ်ကိုချောင်း ၊ တုတ်

ကောင်းကောင်းနဲ့ ၊ ရိုက်မောင်းဆုံးမ ၊ တွေ့ကြတာပေါ့ ၊ စိတ်ပေါ့ဖို့ရေး ၊ကြံ

ကာတွေးလည်း ၊ နှုတ်ဝယ်ခါခါ ၊ ပြောနေပါသည် ။ အင်တာနက်ရေ လာပါကွယ် ။

စိတ်ကိုအလိုလိုက် ဝေးရာသို့လည်းမသွားနှင့်

ထိပ်ကိုအတိုကိုက် ဒွေး ပါလို့လည်းမကြွားနှင့် ။

 

စိတ်ကိုအလိုလိုက် ဝေးရာသို့ သွားက ၊ အသွားမတော်တစ်လှမ်း ဒုက္ခလမ်းသို့မြန်းလိမ့်မည် ၊ ထိပ်ကိုအ တိုကိုက် ဒွေး ပါလို့ကြွားက ၊ တစ်အားအော်ငေါက်ငမ်း မမိုးမိုးက ရမ်းလိမ့်မည် ။ အသွားမတော်ပဲ မျဉ်း ကျားမှ မကူးက ယာဉ်ထိန်းရဲနှင့်မိတတ်သည် ။ စိတ်ထင်ရာသွားပြီး ၊ ညကြီးအမှောင် ၊ ပတ္တရောင်နှင့်တိုး ဂျေးသို့ဂိုးရတတ်သည် ။ အကြွားမတော်ပါက တအားအော်ခံရပြီး ၊ လက်ဝါးနှင့်နီးတတ်သည် ။

ဆန်ဆုံစားပြီး ကံကုန်လို့လည်းမသွားနှင့်

ကံယုံစားပြီး သံပုံသို့လည်းမသွားနှင့် ။

ဆန်ဆုံစားပြီး ကံကုန်သွားလို့ ခွဲသွားတော့ ကျန်ခဲ့သူက လွမ်းရသည် ။ ကံယုံစားပြီး သံပုံကြားသို့ အရဲ သွားတော့ သံဆိပ်ထူကာ နွမ်းရမည် ။ ဆန်ဆုံစားပြီး ကံကုန်လို့သွားသည် ပြောရအောင် အသင်နှင့် ကျုပ်တို့ကြား ဆက်ဆံရေး အလှဆင်ပေးဖို့ ၊ မပြတ်အမှန်းပေး လစဉ်းကြေး ရှိပြီးသား တစ်မုံ့ ၊ နက်ရရေး ကို ၊ မနက်ညတွေးပြီး ၊ မဟန်တာကြောင့် ၊ အမြန်လာပါဟုသာ ပြောချင်ပါသည် ။ ကံကိုယုံပြီးလည်း ဘောပွဲတွေ အတင်းလောင်း ၊ မောင်းမပေါက်ပဲ ၊ ချောင်းပေါက်မတက် ၊ အကြွေးတောင်းခံရပေမည် ။ကံမကောင်းပါက ချစ်သူကိုပင်မှားပြီး ဘလော့ပေးမိတတ်၍ စိတ်ကွက်ခံရပါမည် ။ ကံကောင်းပါက လည်း မနက်ကဆိုထားသော ရည်းစားစကား လူမှား၍ ညနေတွင် အဖြေမြင်ရတတ်ပါ၏ ။ သို့ပါ၍ ဆန်မပါ ၊ ကံဗလာနှင့် လာလည်း ကျိတ်မဆဲပါ ။ လာသာလာပါ ဘာညာမပါလည်း ကိစ္စမရှိပါ ။

မျှော်ရလွန်းလို့ လည်ပင်းလည်း ပဲရစ်မျှော်စင်ဖြစ်တော့မည်

အော်ရလွန်းလို့ ရောခ့်ကာများရဲ့ စီးပွားရေးလည်းထိခိုက်တော့မည် ။

မျှော်ထားလည်းမလာသည်က ကိုရီးယား ဇာတ်လမ်းတွဲ ၊ မမျှော်ထားလည်း လာသည်က ကြော်ငြာ ၊ အော်တိုင်းလည်းမသာသည်က ရည်းစားဟောင်း မင်္ဂလာဆောင်က သီချင်း ၊ မအော်ခိုင်းပဲ သာသည်ကအလှူအိမ်က ဗြောသံ ၊ သို့ကလိုကြောင့် ကိုရီးယားကားလို ဇာတ်သိမ်းကို မျှော်လင့်ချက်တွေပေးပြီး အကြီးအကျယ် busy နေသောသင့်အား ၊ ရင်ကွဲပက်လက် အသံဖြင့် ကျုပ်တို့ အော်ကြီးဟစ်ကျယ် call နေပါတယ် ၊ ကျေးဇူးပြုပြီး ရောက်ရာအရပ်က အမြန်လာ Answer ပေးလှည့်ပါ ။

တံခွန်မရှိသောဘုရား ၊ အလံမရှိသောရထား

လင်မရှိသော မိန်းမ မတင့်တယ်ဟု ဆိုစကားရှိ၏ ။

အလားတူ အင်တာနက်မရသော ကွန်ပျူတာမှာလည်း ၊ Core 2 Duo ပင်ဖြစ်လင့်ကစား မတင့်တယ်ပေ၊ ထိုနည်းတူ အင်တာနက်မရသော ကွန်ပျူတာမှာ ၊ အတောင်ပါပြီး မပျံသန်းနိုင်သော ပင်ဂွင်းငှက်ကဲ့ သို့ ယက်ကန်ယက်ကန်ဖြစ်နေကြောင်း ထပ်လောင်းသိစေချင်ပါသည် ။

မျှော်တာများလို့ ဘလော့ဂါ(Blogger) များလည်း ၊ ပို့စ်မတင်လို့ တစ်မျိုးထင်ခံရတော့မည် ၊ ဟီးရိုးဂိမ်မာများလည်း တန်(Dan)တက်ဖို့ ရန်သတ်ချင်လှပြီ ၊ ဂူးဂဲလ်ချက် သမားလည်း အရူးအမဲနှပ်စားသို့ လွမ်းနေ သည် ၊ ရဟူး မက်ဆင်ဂျာကိုလည်း အထူးမမြင်တာကြာပြီ ၊ နက်လော့ (Netlog) မှာ လက်ဆော့ချင်သူ များလည်း ၊ အရက်မော့နေရပြီ ၊ ဒေါင်းလုပ်ချထားသော ဇာတ်ကားများလည်း ကုန်နေပြီ ၊ သီချင်းအသစ် ကို စာရင်းမလှစ်ရတာလည်း ကြာပြီ ၊ ဘောပွဲသတင်းဝဘ်ဆိုဒ် မဖတ်လိုက်ရတာကြာလို့ ဟာနေပါသည်၊ သို့သော်လည်း သင့်အားအ၀ါကဒ်နှင့် တစ်ခါထပ် သတိပေးပြီး၊ လယ်ဗယ်ညီအောင် ပယ်နယ်တီလည်း မတောင်းပါ ။

အဆောင်သားအားလုံး “ အောက်အီးလည်းမတွန် ၊ အစာလည်းမစား ၊ ကော်နက်ရှင်ကိုလွမ်းလို့လား” ဟုမေးရမလောက်ဖြစ်နေသည်ကို မြင်စေချင်ပါသည် ။ သို့ဂလိုအရေးကြောင့် ပုဂ္ဂိုလ်ရေးကိုဘေးချိတ်ပြီး ကျုပ်တို့အိပ်ရေးပျက်အောင် အမြန်လာပါဟု ၊ ကြားရာအရပ်သို့ တအားမှာလျက်ရှိနေပါသည် ။ တစ်ခြား အဆောင်တွေမှာ အလန်ဆုံးဆိုတဲ့ အမြန်နှုန်း(Speed)ကို မမှီလည်းနေပါ ၊ အသင့်အမြန်နှုန်း လိပ်နဲ့စပ် လည်း အကျင့်တန်မုန်း စိတ်ဓာတ်မပျက်ပါ ၊ အကြောင်းမဟုတ်ပါက ဒေါင်းလုပ်(download)လည်း မချ တော့ပါဟု ကျုပ်တို့အာမခံပါတယ် ။ တောင်းဆိုး ပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိပေမယ့် ကော်နက်ရှင်ဆိုး ၊ စပိ (Speed)ဆိုးကိုတော့ ပစ်ရိုးထုံးစံမရှိပါ ။ သင်ဘယ်အချိန် ဆိုင်းနီးအပ်(singing up)မလဲလို့ ပဒိုင်းသီးနှပ်စားထား သလိုမျှော်နေပါတယ် ၊

နေ့ညတွင်တွင် ၊ ကော်နက်ရှင်ကို ၊ ထင်မြင်ယောင်ယမ်း ၊ တွင်တွင်လွမ်းကာ ၊ ရင်မှာလွမ်းရင် ၊

မျှော်တိုင်းမြင်လို့ ၊ လက်ညှိုးညွှန်ရာ ၊ ကော်နက်ရှင် ဖြစ်ပါစေသား အရှင်ဘုရား လို့ ၊ ဒတ္တ ရဲ့

ကဗျာစာသားလို ၊ အိပ်မပျော် စားမ၀င် ၊ ကော်နက်ရှင် ကိုသာလွမ်းနေပါသောကြောင့်

အင်တာနက် ရောက်လေရာသို့ ၊ ရင်နာလျက် တစ်ခေါက်တစ်လေလာဖို့ ၊ သစ္စာကမ္ဘာ တည်ရန်၊

Credit @ double t
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: Seeker on June 07, 2011, 09:37:27 AM
ကိုဒေါက်လမ်း ဘယ်ျဌာနေများရောက်နေလို့ ယခုလို့ တမ်းတကြေကွဲနေတာပါလိမ့်။။။
မဟုတ်မှ လွဲရော(မဟုတ်မှတော့ လွဲပီပေါ့) ဘန်းကျော်ကိုရောက်နေတာတော့မဖြစ်တန်ရာ...............။
ကြည့်ရတာ ဘန်းကျော်ဌာနေက ကောင်မလေးနဲ့ မျဉ်းကြောင်း( အွန်လိုင်း) ပေါ်မှာမတွေ့ရလို့များ စိတ်နာပီး ရင်ဖွဲ့စာတမ်းတွေပေါ်ထွက်လာဟန်တူပါရဲ့။
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on June 07, 2011, 10:33:41 AM
ရှူး ....တိုးတိုး
ကျနော်က ဘန်းကျော်မှာမဟုတ်ပဲ ဘန်းဘေးနားမှာရောက်နေသူပါ။
ဘန်းကျော်က လူတွေကို ကိုယ်ချင်းစာလွန်းလို့ပါဗျာ။
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on June 09, 2011, 04:34:12 AM
အလုပ်ခွင်အတွင်း ရှင်သန်နေထိုင်နည်း

၁။ အသင်သည် ဟောခန်းအတွင်း ဟိုမှ သည်မှ ဖြတ်လျှောက်သောအခါ လက်ထဲတွင်

စာရွက် တစ်ရွက် အမြဲပါပါစေ။ လက်ထဲမှာ စာရွက်တစ်ရွက်နဲ့ ဟိုမှ သည်မှ

ဖြတ်လျှောက်သူသည် အများအမြင်တွင် အရေးပေါ် အစည်းဝေးအတွက် အလုပ်

ကြိုးစားနေသရောင် ထင်စေ၏။ စာရွက် မပါတဲ့သူကတော့ ကော်ဖီဆိုင် သွားမည့်

အလား ဆင်တူသည်။ အဲ..သတင်းစာကို ကိုင်ပြီး ဖြတ်လျှောက်သူကတော့ ရေအိမ်

သွားမည့်သူဖြစ်၏။

 

၂။ သာမာန် အလုပ်ဖြစ်သော်ညား အလုပ်များ နေသည်၊ ကြိုစားနေသည်ဟု

အများထင်အောင် ကွန်ပျူတာကို သဲကြီးမဲကြီးကြည့် ကာ လုပ်ပါ။ အများအမြင်တွင်

တင့်တယ်၏။ အလုပ်မရှိက မိမိ ပါစင်နယ် မေးချက်ခြင်း။ မိမိ လစာတွက်ခြင်း

များ လုပ်နိုင်သည်။ ချက်တင် ၀င်ပါက သတိထားပါ။ တစ်ယောက်ထဲ

မရယ်မိပါစေနှင့်။

 

၃။ လုံးဝအလုပ်မရှိသည့်အခါ မိမိ ၀က်ဘလော့၏ တန်းပလိတ်ပြင်ခြင်း။ ဘလော့

နှင့်ပတ်သက်သော နည်းပညာ လေ့လာခြင်များ လုပ်ပါ။ သင်၏ အထက် အကြီးကဲ (သို့)

သဌေးမှ တွေ့ရှိသွားပါက ရှေ့လာမည့် ပရောချက် အတွက် နည်းပညာ ဆော့ဝဲအသစ်များ

လေ့လာနေသည်ဟု ဖြေပါ။ သင့်အားချီးကျူး ပေလိမ့်မည်။

 

၎။ သင်၏စားပွဲအား စာရွက်များ ဖိုင်များဖြင့် ရှုပ်ပွနေပါစေ။ ဧကန် ထိုသူသည်

အလုပ်များသောသူဖြစ်ပေသည်။ အလုပ်ဖေါ်တစ်စုံတစ်ဦး သင့်စားပွဲနား ကပ်လာပါက

“အရမ်း အလုပ်များတာ.. ရှင်းဖို့အချိန်မရဘူး” စသည် အိုက်တင် ဖြင့် ပြောပါ။

ထိုသို့ပြောရင်း စာရွက် တစ်ခုအားရှာနေပါ။ လက်တစ်ဖက်က မောက်စ်ကို မလွှတ်

ပါနှင့်။

 

၅။ အလုပ်အား အခြားသူများထက် စောရောက်အောင် လေ့ကျင့်ထားပါ။ (အီးမေးချက်ပါ)

ထမင်းစားချိန် များတွင် အခြားသူများ ထသွားလဲ မိမိသည် အလုပ်များနေသေးသည်

သကဲ့သို့ အခန်းထဲမှ နောက်ဆုံးထွက်ပါ။ (ဂျီ တော့ခ် မှ သူငယ်ချင်းများအား

နှုတ်ဆက်ပါ)

 

မိတ်ရွှေ အားလုံးပဲ အလုပ်ထဲမှာ အဆင်ပြေကြပါစေ။

 

From Chocolate City Blog, posted by may thuzar kyaw
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: maryar on June 09, 2011, 10:50:26 PM
ကျန်သေးတယ်
မျက်မှန်လေးတပ်ပြီး ကွန်ပျူတာကို စူးစူးစိုက်စိုက်ကြည့်
အဖြူအမည်းဘဲ ပါတဲ့ ပေ့ခ်ျတွေ ဘရောက်စာပေါ်မှာ တင်
ပီးမှ အောက်လေးမှာ ဂျီတော့ခ်ကို သေးသေးဖွင့်ပီး
မျက်မှောင်ကျုံ့ပြီး သဲကြီးမဲကြီး စာရိုက်
ထမင်းစားချိန်ကျရင် ၅ မိနစ်တန်သည် ၁၀ မိနစ် တန်သည် စောင့်ခိုင်း
အဟီး

Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on June 12, 2011, 01:42:03 AM
ဖိုးသူတော်ဆိုတာ ဘုန်းကြီးကျောင်းတွေမှာ ဆွမ်းခံဆွမ်းသိမ်း၊ ဘုန်းကြီးဝေယျာဝစ္စ ကျောင်းဝေယျာဝစ္စလုပ်ပေးရင်း နေတဲ့ များသောအားဖြင့် သားထောက်သမီးခံလည်းမရှိ၊ ဘုန်းကြီးဝတ်ဖို့ရာကျတော့လည်း သီလမနိုင်၊ စာပေကျန်းဂန်မတတ်တဲ့သူတွေပါ။ ဒါပေမယ့် သူတို့က နေကုန်နေခန်းကျောင်းမှာ ရွတ်သံဖတ်သံတွေကြားနေတော့ ပါဠိပါဒ်သားလေးလည်း မတောက်တခေါက်တော့ တတ်တာပေါ့။ ရေရေရာရာ မဟုတ်ပါဘူး။ ဒါပေမယ့် စာဆိုတာ နည်းနည်းလေးတတ်လာရင် ရေးချင်ချွတ်ချင်တဲ့ ၀ါသနာလည်းထုံလာတာမို့ ဇရပ်နံရံ သုဿာန်အုတ်ဂူတွေပေါ်မှာ တောင်တလုံး မြောက်တလုံး လျှောက်ရေးတော့တာပဲ။ သူတို့ရေးတဲ့စာတွေကလည်း ဖိုးသူတော် အချင်းချင်းသာ နားလည်နိုင်တာ။ ဟိုမရောက်ဒီမရောက်ရယ်။ တခါက ဖိုးသူတော်တစ်ယောက် သေတဲ့အခါ သူ့အခန်းထဲက စာတစ်စောင်ထွက်လာသတဲ့။ ရေးထားတာက “ထသောရာဇ သုဒ္ဒဿကို မုနိသုဒ္ဒာ ဒယေးယျာတိ” တဲ့။ ဘုန်းကြီးလည်း အနက်မဖော်နိုင်ဘူး။ တခြားရွာကျောင်းက ဖိုးသူတော် ခေါ် အဖတ်ခိုင်းမှ ရှင်းသွားတယ်။ “ထသောရာဇ ထနှင့်စသောမင်း = ထမင်း၊ သုဒ္ဒဿ = တစ်ဆယ့်ခြောက် = ၆ + ၁၀၊ ထမင်းခြောက် အချိန်တစ်ဆယ်ကို၊ မုနိသုဒ္ဒာ မိနုနှင့် သာဒုတ်တို့အား ဒယေးယျာတိ ခွဲဝေပေးခြမ်းပါလော့” တဲ့။ သူ့တူတွေတူမတွေကို ဆွမ်းကျန်အခြောက်လှန်းပြီး အမွေခွဲပေးထားသကိုးဗျ။ ခုခေတ်မှာလည်း စာမျက်နှာပေါ်မှာ အင်တာနက်ပေါ်မှာ ဖိုးသူတော်လက်ရာတွေ ဖောချင်းသောချင်း ဖတ်နေရပြီး အဲဒါတွေကို ဘုရားရှိခိုးအမှတ်နဲ့ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား လိုက်အော်ဆိုနေရင် ရှက်စရာကြီးမို့လို့ အနက်ပြန်ပေးလိုက်မယ်နော်။ တော်ကြာ ငရဲငအုံတွေ ကြီးနေမှဖြင့်။ တို့ကတော့ ဖိုးသူတော်အချင်းချင်းမို့ ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေ မြင်ပြီးသားပါကွယ်။ ဒီလောက်နိဒါန်းချီနေရင် ဘာပြောတော့မလဲ ပေါက်ပြီလား။ မမီသေးရင် စကိတ်ဘုတ်ပေါ်တက် လေယာဉ်ပျံစင်းလုံးငှားပြီးသာ လိုက်ခဲ့ပေတော့။

            ငယ်ငယ်ကဖတ်ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ကို မှတ်မိသလောက် ပြန်ရေးပြပါဦးမယ်။ အစအဆုံးတော့ မရတော့ဘူး။ အိုလှပြီလေ။

“ဆရာဝန်ကြီး ဦးဇီးကွက်

 အမ်ဘီဘီအက်စ် အိတ်ခ်စ်ဝိုင်ဇက်

 တနေ့သောနံနက်ခင်းမှာ

 မောင်မောင်ကျီးညိုရောက်လို့လာ

 လုပ်ပါ နှုတ်ပါ ထုတ်ပါဦး

 ကျွန်တော့်ဖင်က လောက်စာလုံး .....” ဆိုတာလေ။

ဇာတ်ကြောင်းကတော့ ဖင်ဝမှာ လောက်စာလုံးတစ်နေတဲ့ ကျီးကန်းကလေးကို ဒေါက်တာဇီးကွက်က ရေအိုင်ထဲစိမ် ရွှံတွေပျော်အောင်စောင့်ပြီး ထွက်သွားစေတဲ့အခါ ကျီးမသားက ဆေးတစ်လုံးမှ မပေးလို့ ဆေးကုတာမဟုတ်ဘူးဆ်ုပြီး ညစ်ကန်ကန်တဲ့အကြောင်းပါ။ ဒီပုံပြင်ကလေးမှာ ပြောချင်တာက ဆေးကုထုံးဆိုတာ သန်းခေါင်းလောက် လောက်စာလုံးလောက်ကနေ လက်ခုပ်ကြီးနဲ့ အပြည့်ဆေးတွေပေးမှ ဆေးကုတယ်လို့ မခေါ်ဘူးလို့  ရှင်းပြချင်တာပါ။ လည်ချောင်းဝမှာ ကျပ်စေ့ကြီးတစ်နေတဲ့ကလေး၊ နှာခေါင်းထဲမှာ မြေပဲဆန်ကြီးဝင်နေတဲ့ကလေး၊ နားထဲမှာ ပိတုန်းကြီးထုတ်မရတဲ့ကလေး၊ ဘောင်းဘီဇစ်ညပ်လို့ တန်းလန်းကြီးငိုနေတဲ့ကလေးတွေကို မဟော်သထာကိုင်လျက်မွေးလာတဲ့ နတ်ဆေးကြီးနဲ့ ကုလို့မရပါဘူး။ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တွေ့ရင် ဘာမှ မခက်ဘူး။ ယူပစ်လိုက်သလို ချက်ချင်းပျောက်တယ်။ တကယ်လည်း ယူပစ်လိုက်ပေသကိုး။ သူလုပ်တော့လည်း လွယ်လွယ်လေးပါလားဟဲ့။ ဒါများ ဘာခက်တာမှတ်လို့လို့ထင်ရင် စမ်းကြည့်စမ်းပါလေ။ ဒီအလုပ်မျိးကို သိန်းချီတန်တဲ့ ဆေးတွေမသောက်ရလို့ တန်ဖိုးမရှိဘူး။ ကုထုံးမမြောက်ဘူးလို့ထင်နေရင် တနေ့ကိုယ်တိုင် ငါးရိုးမျက် လက်တိုဖြစ်လာတဲ့အခါ သိပါလိမ့်မယ်။

           တခါတခါမှာတော့ ဆေးမပေးယုံတင်မဟုတ်ဘူး။ ဘာမှမလုပ်ပဲ ပစ်ထားရတာကိုက ကုထုံးခင်ဗျ။ အနီးကပ်စောင့်ကြည့်ပြီး အချိန်တစ်ခုစောင့်နေရတာလည်း ရှိတာပဲ။ ဆရာဝန်ဆိုတာ ဘယ်ရောဂါကို ဘာလုပ်မှဖြစ်မယ်လို့ သိရသလိုပဲ ဘယ်အချိန်မှာတော့ ဘာမှလုပ်စရာမလိုဘူးလို့လည်း သိရပါတယ်။ လောက်ကိုင်မှာတုန်းက ကလေးမလေးတစ်ယောက် အိမ်ပေါ်ကလိမ့်ကျပြီးခေါင်းမှာ အာလူးသီးထွက်သွားလို့ ဆေးရုံလာပြပါတယ်။ သတိလည်းရတယ်။ အန်လည်းမအန်ဘူး။ နည်းနည်းလေး မှိုင်သွားတာတစ်ခုပဲ။ မိဘကတော့ စိတ်ပူတာပေါ့လေ။ အဖေလုပ်တဲ့သူက လားရှိုးမှာ အရာရှိဆိုတော့ သူ့ဆီခေါ်ချင်တာပေါ့။ “လွှတ်သာလွှတ်လိုက်၊ မြန်မြန်သာလွှတ်လိုက်။ ပြဿနာတက်ရင် ကိုယ့်ခေါင်းကျနေမယ်” လို့ အတင်းကို တိုက်တိုက်တွန်းတွန်း လုပ်နေသူတွေကို ဆန့်ကျင်ပြီး “ဟိုရောက်ရင်လည်း စောင့်ကြည့်မှာ။ ဒီမှာလည်း စောင့်ကြည့်နေသားပဲ။ လိုတဲ့အခါလွှတ်မယ်” ဆိုပြီး ကိုယ်တိုင်ပဲ စောင့်ကြည့်ခဲ့ပါတယ်။ အချိန်တန်လို့ အားလုံးကောင်းကောင်းမွန်မွန်နဲ့ ပြန်ဆင်းသွားတဲ့အခါ ကိုယ့်ကို ကျေးဇူးတင်ပါတယ်တောင် ပြောမသွားပါဘူး။ ဘာမှလည်းလုပ်မပေးဘူးလို့ ထင်ပုံရပါတယ်။ မလွှဲပဲ ကိုယ်တိုင်စောင့်ကြည့်ပေးလိုက်လို့ ကားစင်းလုံးငှားရမယ့်ဒုက္ခ၊ ဆိုင်ပိတ်လို့ထိခိုက်မယ့်စီးပွား။ သွားရေးလာရေး နေရေးထိုင်ရေးခက်မှာတွေ သက်သာသွားတယ်ဆိုတာ တွေးမှ မတွေးမိပဲကိုး။ ကိစ္စမရှိပါဘူး။ ကိုယ်လုပ်လိုက်တဲ့အမှု ကိုယ့်ဘာသာကျေနပ်နေတာ သူတို့သိဖို့မလိုပါဘူး။ အဲဒီအချိန်မှာ သတိထားမိသွားတာကတော့ ဘာမှမလုပ်တာဟာလည်းပဲ ထိရောက်တဲ့ကုထုံးတစ်ခုပဲလို့။

           ဒါပေမယ့် တချို့လူနာတွေဘက်မှာတော့ ရောဂါကြောင့်ဖြစ်ရတဲ့ဝေဒနာအပြင် ဥစ္စာကြောင့်စိတ်ထဲမှာ အသည်းတယားတယားဖြစ်နေရတဲ့ ခံစားချက်ကလည်းရှိနေလေတော့ တဗျင်းဗျင်း ကုတ်ထည့်လိုက်ရမှပဲ အယားပြေသွားမယ့်ပုံရှိပါတယ်။ ဒါလည်း ဘာခက်တာလိုက်လို့ကွယ်။ ဆေးကုရင်း ကုတ်တံရောင်းပေးလိုက်ရင် သူလည်းအယားပြေ ကိုယ်လည်းနားအေးပေါ့။ ဒါကြောင့် ကျွန်တော်တို့ဆရာဝန်များဟာ လူပြိန်းကြိုက၊် ခေါ်တောကြိုက်၊ တောကတက်လာတဲ့ သူကြီးကတော်ကြိုက်ကုထုံးကလေးတွေကိုလည်း ရောဂါကို ကုဖို့မဟုတ်သော်ငြား ယားနာကိုကုဖို့ သိထားဖို့လိုလာတာပေါ့။ အဲဒီအတတ်တွေက ကျွန်တော်တို့ အလုပ်ထဲက မြန်မာဆရာဝန်တွေထက်၊ အပြင်ဆေးခန်းက ဈေးကွက်ထဲက သမားဟူးရားကြီးတွေ အိမ်နီးချင်းနိုင်ငံတွေက ဆေးကုစားတဲ့ ယောဆရာကြီးတွေက ပိုပြီးတတ်ကျွမ်းပါတယ်။ လွယ်လွယ်လုပ်ပေးရင် တန်ဖိုးမသိတဲ့သူတွေကို ခဲရာခဲဆစ် ပညာစွမ်းတွေပြရတာပေါ့။ ခုနတုန်းက လည်ချောင်းထဲကကျပ်စေ့ကို ဆတ်ကနဲ ကောက်ထုတ်နိုင်သော်ငြား ဗီဒီယိုကင်မလာကြီးနဲ့ ဖေတို့မေတို့ကို အသည်းတယားယား ဘုရားဘုရားနဲ့တနေအောင်ပြထားပြီး နိုင်ငံခြားက ဒေါ်လာသိန်းချီတန်တဲ့ စက်ကြီးနဲ့ ထုတ်ပေးလိုက်တယ်ဆိုရင် ပွဲသိမ်းပြီ စိုးရေ။ ဘောက်ချာပို့လိုက်မယ်။ သွေးကျဆေးလေးသောက်ပြီး ဖတ်လိုက်နော်ပဲ။ လေးစားပါတယ်ဗျာ။ အဲဒါလည်း ပညာပဲဟာ။ ဒါပေမယ့် အဲဒီဂေါ်ရင်ဂျီကြိုက်ဆရာကြီးတွေနဲ့ ယှဉ်ပြီး အလကားမတ်တင်း ရွှံ့ရုပ်နဲ့ ကြွက်သေအောင်ကုပေးနေတဲ့သူတွေကို သူတိုလောက်မတတ်တဲ့ အနုတ်စုတ်ဂုတ်စုတ်ဆရာတွေပါလားရယ်လို့ အထင်သေးလာရင်တော့ ကြက်တူရွေးပြောသလို “နင့်ဘကြီးက နင့်ထက်တောင် တတ်သေးသကွယ်” လို့ ပြောချင်ပါတယ်။

          စိတ်ဆိုးလို့ပြောတာမဟုတ်ဘူးနော်။ အစကတည်းက ပြောခဲ့ပါတယ်။ ရှေ့နေလိုက်နေတာပါလို့။ သိတယ်မဟုတ်လား။ ခုတလော ဆရာဝန်တွေကလည်း တာစားနေပါဘိသနဲ့။  မီဒီယာအပေါင်းတို့၏ ပို့သသောမေတ္တာတွေကလည်း ရှိနေလေတော့ ကြည်စေအေးစေ ဖြစ်သွားအောင် ဆယ်တန်းအောင်စရာမလို၊ အပျိုဖြစ်ရမည်။ ရုပ်ချောရမည်။ဆိုပြီး ကြော်ငြာနဲ့ခေါ်ထားတဲ့ ဂျာနယ်လစ် သူငယ်မကလေးတွေကို အီစီကလီထုပြီး မျှောထားရင်ကောင်းမလားလို့။ တို့လည်းဘ၀သစ်ကို ပြန်စလို့ရပါတယ်။ မင်းသွားချင်တယ်ဆိုသွားလိုက်ပေါ့။ (သွားလိုက်တော့ မင်းသွားလိုက်တော့ မဟုတ်ဘူးနော်)

          ကိုယ့်ရဲဘော်အပေါင်းတို့ကိုလည်း သတိပေးတပ်လှန့်ရပါဦးမယ်လေ။ ကိုယ်တို့တွေက ဆယ်လီဗျစ်တီဖြစ်လာပြီဆိုတော့ နေတာ သွားတာ ပြောတာ ဆိုတာကလေးတွေ ဆင်ခြင်နိုင်မှ တန်ကာကျတော့မယ်ဗျို့။ ချိုပြုံးသီချင်းထဲကလို ဒဿဂီရိမျက်နှာငှားပြီး မျက်လုံးပေါင်းများစွာနဲ့ ကြည့်နေခိုက်မှာ လူနာကို ဆေးကုရုံတင်မဟုတ်ပဲ စကားလက်ဆုံကလေးတွေ ပြောလို့ ကိုယ်ဘာလုပ်နေသလဲ။ ဘာဆက်လုပ်ဖို့လိုသလဲ။ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ သူတို့ကို သိစေအပ်ဖို့ လိုလာပါပြီ။ မင်းကဆရာလား ငါက ဆရာလား ဆိုတဲ့ စကားတွေ ပြောနိုင်တဲ့ ခေတ်က ကုန်သွားပြီဗျ။

           ဘာလေးဖြစ်လိုက်ဖြစ်လိုက် ကျီးကန်းများအာသလို ပိတ်ပိတ်ပြီး ကာနေတာပဲ လို့တော့ မထင်လိုက်နဲ့ဦးနော်။ ကိုယ့်ဘက်မှာလည်း သူများတွေ စွပ်စွဲနေသလို ချို့ယွင်းချက်တွေ ရှိတန်သလောက်ရှိတာ ၀န်ခံပါတယ်။ ဒီစာတွေရေးနေရတာဟာ ကိုယ့်အပြစ်ကိုယ် ဖုံးပြီး သူများတကာအပေါ် အပြစ်ပုံချဖို့မဟုတ်ပါဘူး။ ကိုယ့်ဘက်က ပြင်စရာရှိတာလေးတွေကိုလည်း မသိမသာတော့ ပြောထားမိပါတယ်။ တော်တော်ကြာ ကျီးတောဝင်မရ ဒေါင်းတောဝင်မရနဲ့ ဖြစ်နေမှာစိုးလို့ အရိပ်နေနေ အခက်ချိုးချိုးတော့ ရေးလို့မရဘူးပေါ့။ သူများတကာ ဘာမသိညာမသိနဲ့ ဖိုးသူတော်သေတမ်းစာတွေ တောရမ်းမယ်ဖွဲ့ ရေးနေခိုက်မှာ ဒီကလည်း မနေနိုင်မထိုင်နိုင် ငွေမြိုင်တုတ်နဲ့ထိုးတဲ့စာမျိုး ရေးသလိုဖြစ်ရင် သွေးပုချိ။ သွေးပုချိ။ နောက်မှ မိနုတို့ သာဒုတ်တို့ဆီက ထမခြောက်နည်းနည်း တောင်းစားတော့မယ်။

Credit @ dr soe min
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ရဲရဲ on June 13, 2011, 09:48:34 AM
www.mandalaygazette.com မှာ ဖတ်ရတာလေးတွေ့သွားတော့ ရယ်ရတာ မနေနီိုင်လို့ သူငယ်ချင်းတွေကိုဖတ်စေချင်လို့တင်လိုက်တာပါ.........


'''''လူတစ်ယောက်မှာဖြစ်စဉ်ပြောင်းလဲမူတွေအများကြီးရှိပါတယ်။ဒါပေ့မယ်ဒီဖြစ်စဉ်တွေကိုမသိလိုက်မသိဘာသာနေနေကြ
တာများပါတယ်။ဖြစ်ပျက်နေသောပြောင်းလဲမူသဘောတရားများကိုလိုက်ရှာကြည့်လျှင်အများကြီးတွေ့နိုင်ပါတယ်။လူများလုပ်
ပြတာကိုလိုက်ပြီးအံသြနေပေမယ့်ကိုယ်ကိုပြန်ကြည့်ရင်အံသြစရာအများကြီးကိုတွေးနိုင်ပါတယ်။ဥပမာပြောရရင်ကျွန်တော်တို့ရှိ
မှာပေါက်တဲ့ဆံပင်ဆိုတာကိုသေချာကြည့်မယ်ဆိုရင်ဒီကောင်ဟာလည်းအံသြစရာတွေကိုတွေနိုင်ပါတယ်။ဘာကြောင့်ဆိုတော့
ကျွန်တော်စားသုံးတဲ့အစားအစာထဲမှာဆံပင်နဲ့ပက်သက်တာဘာမှမပါလို့ပဲ။ဘာကြောင့်ဒီဆံပင်တွေဟာရှည်လာတယ်လက်သည်း
ခြေသည်းတွေဟာရှည်လာတယ်ဆိုတာကလည်းထူးခြားမူဆိုတာကိုတွေ့နိုင်ပါတယ်။ကျွန်တော်တို့တွေဆံပင်စားလို့ဆံပင်ရှည်လာ
သလားလက်သည်းခြေသည်းတွေစားလို့လက်သည်းခြေသည်းတွေရှည်လာသလားဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။ဒါပေ့မယ်
ကျွန်တော်တို့စားတဲဟာတွေကသက်သက်။နောက်ပြီးကျွန်တော်စားတာကပျော့ပျောင်းပြီးအရသာရှိတဲ့ဟာကိုစားရတာပါ။ဘယ်လိုလဲတော့မသိဘူး။
နောက်ပြီးကျွန်တော်ခန္နကိုယ်ကိုပဲသေချာခွဲခြားကြည့်မယ်ဆိုရင်အံသြစရာတွေအများကြီးရှိတာကိုတွေ့နိုင်ပါတယ်။
နောက်ပြီးတော့ရှာဖွေကြည့်မယ်ဆိုရင်အများကြီးတွေ့နိုင်ပါတယ်။ဒါကကျွန်တော်သိတာလေးကိုရေးပြီးတင်
လိုက်တာပါ။'''''
အထက်ပါစာသားဟာ အဲ့ဒီ ဆိုဒ် မှာ ပိုစ့်တင်သွားတဲ့ သူရဲ့ စားသားပါ အောက်မှာ အဲ့ဒီ ပိုစ်တင်တဲ့ သူကို ၀င်ပြီးကော်မန့်ပေးသွားကြတဲ့သူများရဲ့စာများကိုဖတ်ကြည့်တော်မူပါဦးခင်ဗျာ…

‘’’’’’ အံ့ဖွယ်သရဲရှိပါပေစွ
မဖြစ်ဘူးဘဲဖြစ်ပါပေစွ
ဖြစ်တောင့်ဖြစ်ခဲရှိပါပေစွ
ကျုပ်သောက်တုန်းက ထန်းရည်တွေပါ ဘယ့်နှယ်ကြောင့် ရှူရှူးတွေဖြစ်ကုန်တယ်မသိ
ကျုပ်စားတုန်းက ထမင်းတွေပါ အီအီးတွေဘယ်ကလာတယ်မသိ
ခပ်ဆင်ဆင်လေးတူတာတစ်ခုတော့ရှိတယ် ကျုပ်ရှူရှိုက်လိုက်တုန်းက
သန့်စင်တဲ့ အောက်စီဂျင်ဓာတ်ငွေ့တွေဟာ
ကျုပ်အီးပေါက်လိုက်တော့
တော်တော်နံတာဘဲ’’’’’

ကျန်တော်မှာဖြင့် ဖတ်ပြီးရယ်လိုက်ရတာဗျာ ပိုစ့်တင်တဲ့သူကိုလည်း ကျေးဇူးတင်ပါတယ် ဘာလို့လဲဆိုတော့ သူဒီလိုအူကြောင်ကြောင်တွေးနိုင်လို့သာ ကျတော်တို့ဒီလိုရယ် ရအောင် ဖြစ်ပေါလာတာလေ…..အဟီး
အထက်ပါကော်မန့်ပေးသူရဲ့ စာကိုကျတော်ကလည်းထပ်ဆက်ချင်ပါသေးတယ်ခင်ဗျာ……

ကျတော်တို့စားတုန်းက အမာတစ်မျိုး အပျော့တစ်မျိုးရယ်ပါ တစ်ခါမှ အရိုးများကို မျိုမချခဲ့ပါဘူး ဘာကြောင့်များ ကျတော်တို့အရိုးတွေ ရှည်လာပါလိမ့်……..
ငယ်ငယ်က ရွေပန်းလေးများကိုလည်းမစားခဲ့ပါဘူး ဘာကြောင့်များ ရွေပန်းလေးတွေကြီးထွားလာပါလိမ့်
…………အများကြီးပဲ နောက်ထပ် ……….မရေးနိုငိတော့ဘူး …………..ဘာပဲပြောပြောအဲ့ဒီဆိုက်မှာပိုစ့်တင်သွားတဲ့ ပညာရှင်ကြီးအား လေးစားသမှူဖြင့်ဒီစာလေးအား ဖော်ပြလိုက်ရပါကြောင်း………………..ထပ်လောင်းပြောကြားကာ အံဖွယ် သရဲ့မှုဖြင့် ကျတော်ဇော်ရဲ တစ်ယောက် ငုပ်တုပ်မေ့နေကြောင်းပါချင်ဗျာ

Title: Re: နှစ်သက်မိသော သရော်စာများ
Post by: dardardar on June 13, 2011, 11:28:01 AM
ဟုတ်ပ  အကိုဂျီး ဇော်ရဲ  ရယ်

နာလဲ နီပိုစ့်ဖတ်ပီး  ဒီစာကြောင်းလေးတွေ့တော့ ပေါက်ပေါက်ချာချာ တခုတွေးမိသား   :)   ဒါမျိုးဆို ခေါင်းကချက်ချင်းထွက်  အံ့ရော

Quote
ကျွန်တော်တို့တွေဆံပင်စားလို့ဆံပင်ရှည်လာ သလား     လက်သည်းခြေသည်းတွေစားလို့လက်သည်းခြေသည်းတွေရှည်လာသလားဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။

ဒါပေ့မယ်  ကျွန်တော်တို့စားတဲဟာတွေကသက်သက်။

  ဟုတ်ပ  နီတို့နာတို့  လဲ  ကို့ဟာကို မထုတ်လုပ်ရပဲ  ဘယ်လိုများ ဖြစ်လာပါလိမ့်ပေါ့   8)  စဉ်းစားစရာပဲ

အံ့ဖွယ်သရဲပါပဲတော်  ခွိခွိ

လောင်ကလပ်စိန် ဒါဒါ   ;D ;D
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: သရဲ on June 13, 2011, 12:53:59 PM
ဟုတ်ပ  အကိုဂျီး ဇော်ရဲ  ရယ်

နာလဲ နီပိုစ့်ဖတ်ပီး  ဒီစာကြောင်းလေးတွေ့တော့ ပေါက်ပေါက်ချာချာ တခုတွေးမိသား   :)   ဒါမျိုးဆို ခေါင်းကချက်ချင်းထွက်  အံ့ရော

Quote
ကျွန်တော်တို့တွေဆံပင်စားလို့ဆံပင်ရှည်လာ သလား     လက်သည်းခြေသည်းတွေစားလို့လက်သည်းခြေသည်းတွေရှည်လာသလားဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။

ဒါပေ့မယ်  ကျွန်တော်တို့စားတဲဟာတွေကသက်သက်။

  ဟုတ်ပ  နီတို့နာတို့  လဲ  ကို့ဟာကို မထုတ်လုပ်ရပဲ  ဘယ်လိုများ ဖြစ်လာပါလိမ့်ပေါ့   8)  စဉ်းစားစရာပဲ

အံ့ဖွယ်သရဲပါပဲတော်  ခွိခွိ

လောင်ကလပ်စိန် ဒါဒါ   ;D ;D

  အံ့ဖွယ်သရဲပါပဲတော်  ခွိခွိ

နီတို့ဘာသာနင်တို့ ဆံပင်စားတာနဲ့ခြေသည်းစားတာနဲ့  ငါက ဘာကိစ္စ အံဖွယ် သရဲ ဖြစ်သွားတုန်း နံမည် လာဖျက်နေတယ် နောက်ခါ ဆို အံကျော်သရဲတွေ လာတော့ မယ် ..အေးချေနေ...
 :P :P
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: tatkyatgyi on June 13, 2011, 02:05:25 PM
ငါ့ညီ ဒီဗဲ ချပ် ထဲမှာ ပဲ အောင်းနေပြီး  ပို့စ် မတင်စဖူး အတင်ထူးလို့ လာကြည့် ပါတယ် ဘာများလဲ လို့၊ ဟင်းးးး

 >:( >:( >:(
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: imail on June 13, 2011, 07:24:46 PM
ကိုသရဲ ချက်ထဲနေပြီး ပိုစ်တင်တာ ရှားတယ်
စားမယ်၊ အိပ်မယ်၊ မေထုန်မှီဝဲမယ် မဟုတ်ဘူး။
သောက်မယ်၊ ချက်မယ်၊ မေထုန်မှီဝဲမယ် ဟီဟိ  :P
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: maryar on June 14, 2011, 02:46:13 AM
ကိုသရဲ ချက်ထဲနေပြီး ပိုစ်တင်တာ ရှားတယ်
စားမယ်၊ အိပ်မယ်၊ မေထုန်မှီဝဲမယ် မဟုတ်ဘူး။
သောက်မယ်၊ ချက်မယ်၊ မေထုန်မှီဝဲမယ် ဟီဟိ  :P

မမအေးက အထင်ကြီးနေတယ်
သောက်မယ် စားမယ် အိပ်မယ်တော့ ထားလိုက်
တမီးအကို အဲ့လောက် အဖြစ်မရှိ
အဟိ
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on June 14, 2011, 11:09:22 PM
အိုဘားမား လက်ဖက်ရည်ဆိုင်ဖွင့်ခြင်း

(၁)

အိုဘားမားသည် ၎င်းနေထိုင်သမှုပြုရာ ထုံးဖြူသုတ်ထားသည့် အိမ်ဟောင်းကြီးရှေ့တွင် “အိုတီး-(O-Tea)”အမည်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုကို ဖွင့်လှစ်လိုက်သည်။ အဆိုပါ အိုတီးလက်ဖက်ရည်ဆိုင်အား သူ၏မိတ်ဆွေအပေါင်းအသင်းများ၏ ၀ိုင်းဝန်းတိုက်တွန်း လှုံ့ဆော်မှုကြောင့် ဖွင့်လှစ်ဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။

 

(၂)

ထိုအချိန်က မြန်မာဟူသည့် လူညိုများနေထိုင်ရာ အရှေ့ပိုင်းရွာငယ်လေးတစ်ခုတွင် “လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု”ဆိုသော ယဉ်ကျေးမှုတစ်ရပ် အတော်အတန်ကြီးမားထွန်းကားလျှက်ရှိလေသည်။ ယင်းရွာငယ်လေးရှိ ရွာသူရွာသားအတော်များများမှာ နာရီ၊ စက္ကန့်၊ မိနစ်များစွာကို လက်ဖက်ရည်ဆိုင်များထဲတွင် တမ်းတမ်းစွဲစွဲ ပြွတ်ပြွတ်သိပ်သိပ် အချိန်ပေးထိုင်တတ်ကြကြောင်း သတင်းများကြားရစဉ်က အိုဘားမားကြီးတစ်ယောက် အံ့အားကြီးစွာဖြစ်ရလေ၏။

“အချိန်သည်ငွေ”ဟူ၍ သူတို့အနောက်ပိုင်းရွာသားများ အားသွန်ခွန်စိုက် ကြိုးစားလှုပ်ရှား၍ ငွေရရှိအောင် အချိန်ကိုပေးဆပ်နေကြရသည့် ကာလတွင် မြန်မာလူညိုများမှာကား ငွေများပစ်ပေး၍ပင် အချိန်ကို ၀ယ်ယူစည်းစိမ်ယစ်နေကြပါတကားဟု အထင်ကြီးလေးစားစိတ်လည်း အံ့ဘနန်းဖြစ်ပေါ်ရချေသည်။

မြန်မာရွာသို့ အလည်အပတ် အပျင်းပြေအပျော်ခရီးထွက်ဖူးကြသော သူ၏မိတ်ဆွေကြီးများကလည်း မြန်မာ့လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုအကြောင်းကို မစားရ၀ခမန်း ပြန်လည်ဖောက်သည်ချလေ့ရှိကြသဖြင့် လက်ဖက်ရည်ဆိုင်ဟူသည့်အရာအား အိုဘားမားကြီး စတင်စိတ်ဝင်စားခဲ့ရလေတော့သည်။

“ဒီလိုဗျာ... အဲဒီက လက်ဖက်ရည်ဆိုင်တွေဆိုတာ... ကျုပ်တို့ဆီမှာရှိတဲ့ ကဖေးဆိုင်တွေလိုပါပဲ။ ဒါပေမယ့် ဒီမှာလို သောက်စရာရှိတာတစ်ခွက်သောက်၊ ပြောစရာရှိတာထိုင်ပြောပြီး ပြန်သွားကြတာမျိုးမဟုတ်ပေဘူး အိုကြီးရဲ့။ သူတို့လက်ဖက်ရည်ဆိုင်တွေက လက်ဖက်ရည်တစ်ခွက်သောက်၊ အဲ... သုံးခွက်လည်းထိုင်သောက်ချင်သောက်၊ ပြီးရင် ရေနွေးတစ်အိုးပြီးတစ်အိုးသောက်ပြီး တစ်နေကုန်တစ်နေခမ်း စပ်မိစပ်ရာ ကွိစိကွစတွေကိုချည်း အချိန်ပေးထိုင်ပြောကြရတာကိုးဗျ။ ဆိုင်ရှင်တွေကလည်း ကြိုက်သလောက်ထိုင် ဘာမှမပြောတဲ့အပြင် သီချင်းလေး၊ ဗီဒီယိုလေး၊ ဘောပွဲလေးတွေပါ ပြပေးထားသေးတာဗျို့... ကျုပ်တော့အဲဒီမြင်ကွင်းတွေကြည့်ပြီး လူဖြစ်ရကျိုးနပ်လှချည်ကြရဲ့တကားလို့တောင် စိတ်ထဲကတွေးမိသေးတယ်” ဟု ရွာပေါင်းစုံမှပြဿနာများကို ဒိုင်ခံရှင်းလင်းပေးနေရသည့် တောင်ကိုရီးယားရွာသားကြီး ကုလဘန်ကီမွန်းကြီးက သူမြန်မာရွာကိုအလည်ရောက်ခဲ့စဉ်က မြင်ကွင်းကို ပြောပြခဲ့ဖူးရာ အိုဘားမားကြီး ပါးစပ်ဟောင်းလောင်းကလေးဖြင့် နားထောင်ခဲ့ရဖူးလေသည်။

ထိုသို့ဖြင့် ယူအက်စ်အေ ရွာလူကြီး အိုဘားမားတစ်ယောက် လက်ဖက်ရည်ဆိုင်နှင့်ပတ်သက်သော အချက်အလက်များကို ဟိုမေးဒီမြန်းဖြင့် လေ့လာရလေသည်။

 

(၃)

သူ့ရွာကိုရောက်နေကြသော မြန်မာရွာသားများ၏ ရှင်းပြချက်တို့အပြင် မြန်မာရွာဆီသို့ အပျော်ခရီးထွက်ဖူးကုန်ကြသော ကုလအဖွဲ့မှရောင်းရင်းများ၊ သူ့တပည့်ကျော်များ၏ စီကာပတ်ကုံးပြောပြချက်များကို နားထောင်ရင်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်လိုစိတ်များ တဖွားဖွားပေါ်လာရတော့သည်။ သူ့မဟေသီ မီလ်ရှဲအိုဘားမားကလည်း လက်ဖက်ရည်ဆိုင်ဖွင့်ပါက ကုန်ကျမည့်စရိတ်နှင့် ပြန်ရမည့်အမြတ်ငွေတို့ကို မည်သို့မည်ပုံတွက်ချက်လိုက်သည်မသိ။ စာရင်းပေါင်းသော် အိုဘားမား၏ ရွာလူကြီးဝင်ငွေ၊ အတ္ထုပတ္တိစာအုပ်များရောင်းရငွေ၊ အောက်ဆိုက်ရငွေတို့ထက်ပင် ဖွတ်ကလိကဒင်္ဂါးပေါင်း ဘီလီယံသန်းနှင့်ချီထွက်ပေါ်လာ၍ ၀မ်းသာအားရပင် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ရေး မဟာစီမံကိန်းကြီးကို အမြန်ဆုံးအကောင်အထည်ဖော်ပါရန် အိုဘားမားကြီးအား နှစ်ကိုယ်ကြားတစ်ချက်လွှတ်အမိန့်ထုတ်လိုက်လေတော့သည်။

ထို့အပြင် မကြာသေးမီကလေးကပင် မြန်မာရွာသို့ အလည်အပတ်သွားရောက်ခဲ့သော သူ့ပြိုင်ဖက်ရဲဘော်ကြီး ဘုရားဒကာဂျွန်မက်ကိန်းက “မင်း ဒီရွာကို ရွာလူကြီးအဖြစ်တာဝန်ယူနေပြီးတော့ လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်တောင် ဖြစ်မြောက်အောင်မဖွင့်နိုင်ဘူးဆိုတော့ နောက်လာမယ့်ရွေးကောက်ပွဲမှာ ခွေးဖြစ်မယ့်ကိန်းမြင်နေသကွယ့်” ဟုအဓိပ္ပာယ်ရသည့် စကားလုံးကြီးများဖြင့် အိမ်ရှေ့မှလှမ်းအော်သွားသေးတာမို့ အိုဘားမားတစ်ယောက် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ရေးစီမံကိန်းကို စိတ်ဒုံးဒုံးချ ဆုံးဖြတ်အကောင်အထည်ဖော်ပါတော့၏။

တဆက်တည်းမှာပင် မြန်မာ့လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုအကြောင်းကို ရပ်ကျော်ရွာကျော်သတင်းမီဒီယာကြီးများက စာဖြင့်တဖုံ၊ ရုပ်သံဖြင့်တစ်မျိုး နေ့စဉ်ရက်ဆက်ဖော်ပြလာကြတာကြောင့် သူ့ရွာကြီးရှိ ရွာသူရွာသားများမှာ လက်ဖက်ရည်ဆိုင်ပိုးဝင်ကာ လှုပ်လှုပ်ရွရွဖြစ်လာကြလေသည်။ သတင်းများတွင်လည်း မြန်မာ့လက်ဖက်ရည်ဆိုင်အကြောင်း၊ သတင်းများ၊ ဆောင်းပါးများကို ဓာတ်ပုံများဝေေ၀ဆာဆာဖြင့် မြန်မာရွာသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ရိုက်ကူးတင်ဆက်ဖော်ပြလာကြသည်။ ရွာသူရွာသားတချို့ကလည်း ရွံ့ပုပ်ရောင်လက်ဖက်ရည်ခွက်ပုံများကိုရေးဆွဲထားသော ဆိုင်းဘုတ်များ၊ ဗီနိုင်းများကို ကိုင်ဆောင်ကာ သူနေထိုင်ရာ ထုံးဖြူသုတ်အိမ်ဟောင်းကြီးတစ်ဝိုက် စီတန်းလှည့်လည်ရင်း “We Can Change”၊ “We Can Change” ၊ “We Can Change”၊ ဟူ၍ အားတိုင်းယားတိုင်း လာလာအော်ဟစ်နေကြလေသည်။

“လက်ဖက်ရည်ဆိုင်ဖွင့်မယ်ဆိုရင်၊ စားပွဲနဲ့ ခုံပုလေးတွေလိုပါမယ်။ လက်ဖက်ရည်ခွက်သေးသေးလေးတွေလိုပါမယ်။ ရေနွေးကြမ်းအိုးနဲ့ ရေနွေးပန်းကန်လုံးတွေလိုပါမယ်။ နို့ဆီနို့စိမ်း၊ လက်ဖက်ခြောက်စသဖြင့်လိုအပ်ပါမယ်။ လူအနေနဲ့ အဖျော်ဆရာ၊ အကြော်ဆရာနဲ့ စားပွဲထိုးကလေးတွေလိုအပ်ပါမယ်။ ဆေးလိပ်ကိုလည်း တစ်လိပ်ချင်းရောင်းချပေးနိုင်ရပါမယ်။ သီချင်းဖွင့်ရပါမယ်။ ဘောပွဲပြရပါမယ်။ ရှယ်ဆိုရင်ဇွန်းတပ်ပေးပြီး ရိုးရိုးဆိုရင် ဇွန်းမထည့်ရပါဘူး။ ပလိန်းလို့ပြောရင် ကော်ဖီမစ်ထုပ်ကိုရေနွေးနဲ့ချပေးရပါမယ်.................. ” စသည့် အစီရင်ခံစာအပြည့်အစုံတစ်ခုအား မြန်မာရွာတွင်နေထိုင်သည့် သံတိုသံစရောင်းသူတပည့်ကျော်တစ်ဦးက လှမ်းပို့ပေးလိုက်သောအခါ လိုအပ်သောပစ္စည်းပစ္စယများကို ချက်ချင်းစုဆောင်းလိုက်ခြင်းအားဖြင့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်ရန် အဆင်သင့်ဖြစ်သွားပြီဖြစ်သည်။

သူ၏ ကျေးရွာအုပ်ချုပ်ရေးရုံးမှ လက်အောက်လူကြီးများကလည်း ဤကဲ့သို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်လှစ်လိုက်ခြင်းအားဖြင့် လူပေါင်းများစွာသည် လက်ဖက်ရည်သောက်ရင်း အချိန်ကုန်ခံကြတော့မည်ဖြစ်ရာ ကျွန်ုပ်တို့ရွာကြီးတွင်ဖြစ်ပေါ်လျှက်ရှိသည့် အလုပ်လက်မဲ့ပြဿနာကြီးအားအလိုလိုဖြေရှင်းနိုင်တော့မည်ဖြစ်ပါကြောင်း၊ ပင်စင်စားအဘိုးကြီးအဘွားကြီးများကလည်း လုပ်စရာမရှိတိုင်းလက်ဖက်ရည်ဆိုင်လာထိုင်နေတော့မည်ဖြစ်သဖြင့် ပင်စင်လစာပြဿနာများကိုလည်း အလိုလိုမေ့လျော့သွားကြလိမ့်မည်ဖြစ်ပါ ကြောင်းဖြင့် အဖက်ဖက်မှဝိုင်းဝန်း၍ အချွန်ဖြင့်မ ကြလေကုန်၏။

ထိုသို့ဖြင့်...... ထိုသို့ဖြင့်

“အိုတီး” ဟု အမည်သမုတ်သည့်လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်မှာ ယူအက်စ်အေဆိုသည့်ရွာကြီးရှိ ထုံးဖြူသုတ်ထားသောအိမ်ဟောင်းကြီးရှေ့တွင် အောင်မြင်စွာပေါ်ထွက်လာခဲ့လေတော့သည်။

 

(၄)

အဆိုပါ အိုတီးလက်ဖက်ရည်ဆိုင်ဖွင့်ပွဲသို့ ကျေးရွာအသီးသီးမှ ရပ်ရွာခေါင်းဆောင်ကြီးများ တက်ရောက်ချီးမြှင့်ကြပြီး ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် ဖဲကြိုးဖြတ်စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သောကြောင့် မီဒီယာများတွင် အအောင်မြင်ဆုံး ဆိုင်သစ်ဖွင့်ပွဲတစ်ခုအဖြစ် ဝေေ၀ဆာဆာဖော်ပြပါရှိလာလေ၏။ ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် တည်ခင်းဧည့်ခံသော ပထမဆုံးလက်ဖက်ရည်တစ်ခွက်ကို တစ်ငုံသောက်ကြည့်သော အင်္ဂလန်ကျေးရွာလူကြီး အမျိုးသမီးကြီး ၀ိတိုရိယအဲလိဇဘက်ပင်လျှင် အရသာထူးကဲသောလက်ဖက်ရည်ချိုဆိမ့်ကြောင့် အင်တန်နှစ်ခြိုက်စွာဖြင့် “အိုး... ဂွတ်... အိုး..အိုး..ဂွတ်” ဟူ၍ စိတ်လွတ်ကိုယ်လွတ်မြည်ကြွေးမိလေ၏။ ယူအက်စ်အေရွာသားအပေါင်းတို့မှာကားမူ ၀မ်းမြောက်ဝမ်းသာအားပေးလိုက်ကြသည်မှာ ဆိုဖွယ်ရာပင်မရှိပြီ။

ဆိုင်ဖွင့်သည့်နေ့မှာပင် လက်ဖက်ရည်ခွက်ပေါင်း တစ်သန်းကျော်ရောင်းချလိုက်ရလေရာ ကောင်တာနောက်မှာထိုင်၍ ပိုက်ဆံသိမ်းနေသော မီရှဲလ်အိုဘားမားတစ်ယောက် ပြုံးပန်းပီတိဂွမ်းဆီထိကာ “အဟိ..အဟိ..ခွိခွိခွိ” ဖြင့် အူမြူးနေပေတော့သည်။

ဆိုင်ဖွင့်ပွဲအခမ်းအနားအား ရုပ်သံအသီးသီးမှ Live ထုတ်လွှင့်ပြသရာ စောင့်ကြည့်သူပေါင်း သန်းတစ်ထောင်တိတိရှိလေကြောင်း Time အမည်ရှိလက်ကမ်းစာစောင်တစ်ခုတွင် ဖော်ပြပါရှိလာ၏။ အိုဘားမားပါးစပ်လည်း နားရွက်တက်ချိတ်နေပါတော့၏။

အိုတီးလက်ဖက်ရည်ဆိုင်တွင် အိုစပါယ်ရှယ် အစားအသောက်များမှာ လွန်စွာမှ လူကြိုက်များလှသည်။ ထိုအရာများကား အိုတီးရှယ်လက်ဖက်ရည်၊ အိုကြာကွေး၊ မီရှဲလ်ပလာတာ၊ အိုရှဲစမူဆာတို့ပင်ဖြစ်ကြသည်။ လက်ဖက်ရည်စားပွဲများကို ဆိုင်အတွင်းမှာသာမက ဆိုင်အပြင်ဖက် ထင်းရှူးပင်များအောက်တွင်လည်း ခင်းကျင်းထားရှိသည်။

အိုဘားမားမှာလည်း အိုတီးလက်ဖက်ရည်ဆိုင်ကို အနောက်ပိုင်းတခွင် စတင်ဖွင့်လှစ်သူအနေနှင့် ဟုန်းဟုန်းတောက်နာမည်ကျော်ကာ ဂရင်းနစ်စံချိန်တင်သွားလေသည်။ ရွာအသီးသီးရှိ ကျောင်းသင်ခန်းစာများတွင်လည်း “ယူအက်စ်အေရွာကြီးမှာ ပထမဆုံး လက်ဖက်ရည်ဆိုင်ဖွင့်လှစ်သူအမည်နှင့် ဆိုင်အမည်ကိုဖော်ပြပါ” စသဖြင့် ထည့်သွင်းသင်ကြားကြရသည့်အဆင့်ထိ ရောက်ရှိခဲ့လေသည်။

ယူအက်စ်အေရွာကြီးသို့ အလည်အပတ်လာရောက်ကြကုန်သော လူများမှာလည်း အိုတီးလက်ဖက်ရည်ဆိုင်နောက်ခံနှင့် ဓာတ်ပုံရိုက်ပါမှ လူရာဝင်ရသလိုလိုဖြစ်ကုန်ကြသည်။

 

(၅)

အိုဘားမားနှင့် ဇနီးသည်မီရှဲလ်တို့ ကောင်တာဘေးတွင် တိုးတိုးတွတ်တွတ် စကားများနေကြသည်။ မီရှဲလ်က -

“ရှင်က ဒီရွာကလူကြီးပဲ... သူတို့ကို လက်မခံလို့ရတာပဲ”

အိုဘားမားက စိတ်ကျဉ်းကျပ်နေသည့်မျက်နှာမည်းလေးဖြင့်-

“မဖြစ်ပေဘူးကွ... သူတို့တွေက ငါ့ရဲ့မိတ်ဆွေတွေ။ ပြီးတော့ ဒီလူတွေက သူတို့ရွာမှာ ရွာလူကြီးတွေပဲ။ လောလောဆယ်တော့ ဒို့ဆိုင်လေးကိုမထိခိုက်သရွေ့နည်းနည်းတော့ စောင့်ကြည့်ပါဦးကွာ”

“သတိတော့ထားနော် ကိုကိုဘား... ကျွန်မကတော့ အဲဒီလူတွေကို သိပ်မသင်္ကာဘူး။ အာမက်ဒီနီဂျက်ဆိုတဲ့လူကို ပိုကြည့်မရဘူး”

အကြောင်းမူကား အိုတီးလက်ဖက်ရည်ဆိုင်ဖွင့်ပြီး နှစ်ပတ်အကြာတွင် ဆိုင်၏မလှမ်းမကမ်း၌ အီရန်ကျေးရွာမှ ရွာလူကြီး အာမက်ဒီနီဂျက်ဆိုသည့်ပါးသိုင်းမွေးနှင့်လူက “ကွမ်းမှာဘုရင်၊ အာမက်သခင်”ဟူသည့် ကွမ်းယာဆိုင်လာဖွင့်သောကြောင်းဖြစ်သည်။ သူနှင့် မရှေးမနှောင်းမှာပင် တရုတ်ရွာမှ ဟူကျင်တောင်ဆိုသည့်အဘိုးကြီးကလည်း “အသားကိုယူ၊ အဆီကိုစား၊ ပေါက်ဖော်အာရှကျား”အမည်ဖြင့် ၀က်သားတုတ်ထိုးဆိုင်လာဖွင့်လေသည်။ အိုဘားမားလည်း ကိုယ့်လိုလက်ဖက်ရည်ဆိုင်လာဖွင့်တာမှမဟုတ်ဘဲလေ ဆိုပြီး ဒီတိုင်းကြည့်နေလိုက်၏။

ဟူကျင်တောင်၏ ၀က်သားတုတ်ထိုးဆိုင်ကြောင့် အိုဘားမား၏ ဖောက်သည်ကောင်မလေးတချို့လျော့နည်းသွားတာ သိပ်ကိစ္စမရှိပေမယ့် အာမက်ဒီနီဂျက်၏ ကွမ်းယာဆိုင်ကြောင့် သူ့ရွာရှိရွာသားတော်တော်များများ ကွမ်းစားတတ်ကုန်သည်။ လူကြီးလူငယ်များ၏ ပါးစပ်တွင် ကွမ်းသွေးများနီရဲစွာမြင်လာရသည်။ ဘီကလင်တန်၊ ဟီလာရင်ကလင်တန်လင်မယားဆိုလည်း အမြဲကွမ်းပလုတ်ပလောင်းတွေဖြစ်နေသည်။ သူနေထိုင်ရာ ထုံးဖြူသုတ်အိမ်ကြီး ပတ်ပတ်လည်မှာ ကွမ်းတံတွေးများ တဗျစ်ဗျစ် လာထွေးထားကြတာကိုလည်း နေ့တိုင်းရှင်းလင်းနေရသည်။

အိမ်နှင့်ရန်ဖြစ်ကာ ထွက်ပြေးလာသော အိမ်ခြေရာမဲ့ သက်ဆင်ဆိုသည့် ထိုင်းရွာသားတစ်ဦးကို စားပွဲထိုးခေါင်းဆောင်ခန့်ပြီး အောက်ခြေသိမ်းအလုပ်များကို ကြီးကြပ်ရှင်းလင်းခိုင်းထားရသည်။ အရေးထဲမှာ အိန္ဒိယကျေးရွာမှ မန်မိုဟာဆင်းန်ခေါင်းဆောင်သော နွားနို့ပို့သည့်ဘာဘူကြီးတွေကလည်း နွားနို့ထဲ ရေတွေအဆမတန်ရောလာကြသဖြင့် သတိပေးထားရသေးသည်။

 

(၆)

အိုတီး လက်ဖက်ရည်ဆိုင်လေးထဲမှာ လူစည်ကားနေသည်။ လင်းဆေးလိုဟန်၊ ဘရစ်တနီစပီးယား၊ အင်ဂျလီနာဂျိုလီ၊ ဂျနီဖာလိုပက်ဇ် တို့ဝိုင်းက ကျယ်လောင်ကျယ်လောင်ဖြင့် လေပန်းနေကြ၏။ ဒီကောင်မလေးတွေက မူးယစ်ဆေးနည်းနည်းသုံးထားပုံရသည်။ သူမတို့ဝိုင်းကို အက်ဖ်ဘီအိုင်နှင့် စီအိုင်အေသတင်းပေးများက တခြားဝိုင်းမှနေလှမ်းအကဲခတ်နေကြသည်။ ဂျိုလီက အီကြာကွေးကြီးတစ်ချောင်းကို ပါးစပ်ထဲအတင်းထိုးထည့်ပြီး အကဲခတ်နေသည့် ငနဲများကိုလှောင်ပြနေသည်။

“ဘုန်း”

ဆိုင်ထဲကိုဘောလုံးတစ်လုံးဝင်လာပြီး ဆိုင်နံရံကိုထိမိသံဖြစ်သည်။ မီရှဲလ်က ကောင်တာမှနေ အပြင်သို့လှမ်းအော်သည်။

“ဟဲ့.... ရွန်းနီတို့ ဘက်ခမ်းတို့၊ ဒိုလေးတို့ ဒရော့ဘာတို့ .. ဆိုင်နဲ့ဝေးဝေးမှာသွားကစားကြကွယ်... ဒီမှာ စားသောက်သူတွေရှိနေတယ်”

ဆိုင်ထဲရှိချောင်ကျကျဝိုင်းတစ်ခုမှာတော့ မြောက်ကိုရီးယားအဘိုးကြီး ကင်ဂျုံအီးတစ်ယောက်တည်းထိုင်နေသည်။ ညကများထား၍ အရက်နာကျနေပုံလည်းရသည်။ သူ့ဝိုင်းကို ကွမ်းယာသည်အာမက်ဒီနီဂျက် ခဏလာထိုင်ပြီး တိုးတိုးကျိတ်ကျိတ်စကားပြော၍ ဟိုကြည့်ဒီကြည့်ပြန်ထွက်သွားတာကို တွေ့လိုက်ရသဖြင်
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: sysattux on June 15, 2011, 09:46:52 AM
ကျန်နေတဲ့အပိုင်းလေး ဆက်ပေးလိုက်တယ် ဒေါက်တာရေ....

အိုဘားမား လက်ဖက်ရည်ဆိုင်ဖွင့်ခြင်း

ဆိုင်ထဲရှိချောင်ကျကျဝိုင်းတစ်ခုမှာတော့ မြောက်ကိုရီးယားအဘိုးကြီး ကင်ဂျုံအီးတစ်ယောက်တည်းထိုင်နေသည်။ ညကများထား၍ အရက်နာကျနေပုံလည်းရသည်။ သူ့ဝိုင်းကို ကွမ်းယာသည်အာမက်ဒီနီဂျက် ခဏလာထိုင်ပြီး တိုးတိုးကျိတ်ကျိတ်စကားပြော၍ ဟိုကြည့်ဒီကြည့်ပြန်ထွက်သွားတာကို တွေ့လိုက်ရသဖြင့် အိုဘားမားနည်းနည်းမသင်္ကာဖြစ်သွားသည်။

ဆိုင်ထဲသို့ အာရပ်သုံးဦးဝင်လာသည်။ “ချိုဆိမ့်သုံးခွက်”ဟုမှာပြီး ၀ိုင်းအလွတ်တစ်ခုမှာဝင်ထိုင်ကာ ကောင်တာဖက်လှည့်၍ “ အိုမာကြီးအခွေဖွင့်ပေးပါဦး” ဟုတောင်းဆိုတာကြောင့် မီရှဲလ် စီဒီစက်ကိုဖွင့်လိုက်၏။ အိုမာကြီးဆိုတာ မကြာသေးမီက သေဆုံးသွားသော အိုစမာဘင်လာဒင်ကိုချစ်စနိုးခေါ်ကြခြင်းဖြစ်သည်။ ဘင်ဘာဒင်မသေမီနောက်ဆုံးထုတ်သွားခဲ့သော “အကြမ်းပတမ်းဖက်ပစ်လိုက်မယ်” ဟူသည့် ရော့ခ်သီချင်းခွေမှာ လူငယ်များကြားရေပန်းစားလျှက်ရှိလေသည်။

“သေနတ်ကလေးကိုဆွဲ... မူရာမများတဲ့ ဒို့က... အကြမ်းဖက်မှာပဲ... ဟူးရေး... ၀ါး ဂါး.ဂရား” ဆိုပြီးရော့ခ်ကာကြီး အိုစမာ၏ ကျယ်လောင်သောသီချင်းသံကြီးထွက်လာပြီးနောက်မှာ လက်လှုပ်ခြေလှုပ်ဖြင့် စည်းဝါးလိုက်နေကြသော အာရပ်သုံးဦးကိုအိုဘားမားကြည့်နေစဉ်မှာပင် ဆိုင်ရှေ့သို့ ပိုလာဝက်ဝံတံဆိပ်ကပ်ဂျစ်ကားလေးတစ်စီးထိုးရပ်လာလေသည်။ ဆင်းလာသူများက ရုရှားရွာမှရွာလူကြီးနှစ်ဦးဖြစ်သော မက်ဒီဗက်နှင့် ဗလာဒီမာပူတင်တို့ပင်ဖြစ်သည်။

သူတို့နှစ်ဦးက အိုဘားမားဆီလျှောက်လာပြီးနှုတ်ဆက်ကြသည်။ မက်ဒီဗက်က-

“ဒီလိုအိုဘားမားရဲ့... ဒီက ကျုပ်ဆရာ ဗလာဒီမာပူတင်ကြီးက ခင်ဗျားဆိုင်ဘေးမှာ ဆိုင်တစ်ဆိုင်ဖွင့်ချင်လို့တဲ့... အဲဒါ ကျုပ်လိုက်ပြောပေးတာ”

အိုဘားမားတုန်လှုပ်စွာဖြင့်- “ဟင်.... ပူတင်က ဆိုင်ဖွင့်မယ်.. ဟုတ်လား... ဘာ..ဘာဆိုင်တုန်း”

“ပူတီ ဆိုင်လေ... ရုရှားဝက်ဝံလေးပူတင်ရဲ့ပူတီ ဆိုပြီးဖွင့်မလို့... အဲဒါနေရာတစ်နေရာပေးလိုက်စမ်းပါဗျာ... ခင်ဗျားအာဖဂန်လွင်ပြင်မှာ အမဲလိုက်ထွက်ရင်သုံးလို့ရအောင် ကျုပ် ဒုံးကျည်လေးတစ်လုံးပို့လိုက်ပါ့မယ်”

“ဟင်.. အမဲလိုက်ဖို့ ဒုံးကျည်....”

ပြောချင်ရာပြောပြီး ပြန်ထွက်သွားသော မက်ဒီဗက်ကိုကြည့်ကာ အိုဘားမား ပါးစပ်ဟောင်းလောင်းလေးဖြစ်နေသည်ကို ပူတင်ကြီးက နဖူးပြောင်ကလေးပွတ်ကာပွတ်ကာဖြင့် ပြုံးပြုံးကြီးကြည့်နေလေသည်။ အိုဘားမားတစ်ဖြည်းဖြည်းနှင့် ဒေါပွလာသည်။

“တောက်... ဘယ်လိုလူတွေလဲ.... ဟိုတစ်နေ့ကပဲ ပြင်သစ်ရွာက ဆာကိုဇီဆိုတဲ့ကောင် အနှိပ်ခန်းလာဖွင့်ထားသေးတယ်.... ပါကစ္စတန်က ပါဗက်ဇ်မူရှာရက်ဖ်ဆိုတဲ့ငနဲကလည်း အာဖဂန်က ဟာမစ်ကာဇိုင်းဆိုတဲ့လူနဲ့ပေါင်းပြီး ဘိလိယက်ခုံလာထောင်သေးတယ်.... ခု နောက်တစ်ယောက်ထပ်လာပြန်ပြီ... ဂျပန်က အကီဟီတို ဆိုတဲ့ဂျပုအဘိုးကြီးလည်း ဆူနာမီဒုက္ခသည်တွေအတွက်ဆိုပြီး လက်ဖက်ရည်တွေဝယ်သွားတာ ခုထိအကြွေးလာမပေးသေးဘူး... တောက်”





(၇)

အိုတီးလက်ဖက်ရည်ဆိုင်ဖွင့်ထားသည်မှာ တစ်လတင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ အိုဘားမားတို့လင်မယားလည်း ၀င်ငွေအကောင်းဆုံးစာရင်းဝင်များဖြစ်ကာ ရွာတကာမှာအချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာကြလေသည်။ နေ့စဉ်ဝင်ငွေရလာကြသော်လည်း သူ့ရွာကြီးရှိလူများမှာ တဖြည်းဖြည်းနှင့်မသိမသာ ပျက်စီးစပြုလာလေသည်။ ပူတင်ဆိုတဲ့ရုရှားက ပူတီရောင်းသလိုလိုနှင့် ဗော်ဒကာဟုခေါ်သော ရုရှားဘီအီးများကို အရက်ပုန်းရောင်းလျှက်ရှိရာ တစ်ရွာလုံးအရက်သမား ကွမ်းသမား ဘိလိယက်သမားတွေ ဖြစ်ကုန်ကြသည်။ စားပွဲထိုးခေါင်းခန့်ထားသော သက်ဆင်ဆိုတဲ့ကောင်က သူမသိအောင် “ချဲထီ”ဟုခေါ်သည့်လောင်းကစားတစ်ရပ်ကို ကြိတ်လုပ်နေသည်ဟု စီအိုင်အေမှသတင်းရပြီးနောက် ဂုတ်ကိုဆွဲကာ ဆိုင်ကကန်ထုတ်လိုက်ရသေးသည်။

ရွာသူရွာသားလူငယ်များမှာလည်း ပူတင်၏ အရက်ဆိုင်မှာ တစ်လုံးဝင်မော့။ အာမက်ဒီနီဂျက်၏ ကွမ်းယာတစ်ထုတ်ဝယ်ဝါးကာ မူရှာရက်ဖ်နှင့် ဟာမစ်ကာဇိုင်းတို့၏ ဘိလိယက်ခုံမှာတစ်ပွဲဝင်ထိုးကြ။ ဒီကြားထဲ သက်ဆင်ဆီမှ ချဲထီတစ်ကွက်လောက်ပေါက်လိုက် လို့ကတော့ ဆာကိုဇီရဲ့ အနှိပ်ခန်းထဲကို ရောက်ရောက်သွားကြတော့သည်။ တလောကလည်း ၀က်သားအသိုးတွေကို လောဘကြီးပြီး ခပ်တည်တည်ရောင်းချရာမှ ကောင်မလေးများ ချီးပန်းကုန်ကြသဖြင့် ဟူကျင်တောင်အဘိုးကြီးကို ၀မ်နင်ထုတ်ထားရသေးသည်။

အဲဒါတွေကြောင့်ပင် အိုဘားမားတစ်ယောက် စိတ်ညစ်နေရသည်။ မနေ့ညက ကင်ဂျုံအီအဘိုးကြီးကို ကောင်မလေးဆယ်ယောက်နှင့် ရွာထိပ်တွင် တွေ့ရာမှ မသင်္ကာ၍ ရွာလုံခြုံရေးများကပ်သွားကြရာ ကင်ဂျုံအီကြီး ဖိနပ်လေးခါးကြားထိုးပြီး သုတ်ခနဲလစ်ပြေးသွားသဖြင့် ရွာသူကလေးဆယ်ဦးကို လူကုန်ကူးခံရမည့်ဘေးမှ လက်မတင်လေး ကယ်တင်လိုက်နိုင်လေသည်။ ထိုစဉ် ရုတ်ရုတ်သဲသဲအသံကြား၍ လှမ်းကြည့်လိုက်ရာ သူ့ဆိုင်မှာ ထိုင်နေကျ အာရပ်သုံးဦးကို အက်ဖ်ဘီအိုင်နှင့် စီအိုင်အေအဖွဲ့ဝင်များက လက်ပြန်ကြိုးတုပ်ဖမ်းဆီးလာတာ တွေ့လိုက်ရသည်။ အိုဘားမားလည်း ထိုင်ရာမှထလိုက်ရသည်။

“ဘာဖြစ်လာကြတာလဲဟေ့”

“ဒီကောင်သုံးကောင် လူကြီးမင်းရဲ့ အိမ်ဖြူကြီးကို လေးခွနဲ့လှမ်းပစ်နေကြလို့ ဖမ်းလာတာပါ။ မှန်နှစ်ချပ်ကွဲသွားပြီ”

“ဟေ... ”

အာရပ်သုံးဦးကို စစ်ကြည့်လိုက်တော့ အာရပ်ယောင်ဆောင်ထားသော သူခိုးဓားပြသုံးကောင်ဖြစ်နေလေသည်။ တစ်ယောက်က သူ့နာမည်ကို “ဆိုမာလီ”ဟုပြောသည်။ နောက်တစ်ယောက်က “တာလီဘန်”ဟုဆိုသည်။ နောက်တစ်ယောက်ကတော့ “အယ်ကိုင်ဒါ”ဟု သိရသည်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ကဗျာဆရာများဟု အခိုင်အမာပြောဆိုနေကြသည်။ “စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်..... သူတည်းတစ်ယောက်၊ ကောင်းမှုရောက်ဖို့.... အို...နေခြည်ကလည်း မထိုးရပါသလား....” စသဖြင့် ပါးစပ်ထဲပေါ်ရာ ကဗျာများကို တစ်ယောက်တစ်ပေါက် ကောက်ရွတ်ပြလိုက်ကြသေးသည်။ တကယ်တမ်းတွင် သူတို့သုံးယောက်မှာ နှလုံးသားနုနယ်လှသည့် ကဗျာဆရာစင်စစ်များပင်ဖြစ်ပါကြောင်း၊ အိမ်ဖြူကြီးကို လေးခွနှင့်ပစ်တာကလည်း “ပါဖောင့်မဲန့်” အနုပညာတစ်ရပ်ကို တင်ဆက်ကြခြင်းပင်ဖြစ်ပါကြောင်း တောင်ပြောမြောက်ပြော လျှောက်ပြောကြသည်။ သို့နှင့် အိုဘားမားကလည်း ကဗျာဆရာများကိုခံစားနားလည်စွာဖြင့် ထိပ်တုံးလေးပဲခတ်လိုက်ရလေသည်။

ပြဿနာတစ်ခုရှင်းလို့မပြီးသေးခင်မှာပဲ အရပ်ထဲမှ ဇာတ်သမ လင်းဆေးလိုဟန်နှင့် ဘရစ်တနီစပီးယားတို့ အူရားဖားယားပြေးလာပြီး အာမက်ဒီနီဂျက်၏ ကွမ်းယာဆိုင်နောက်ဖက်တွင် မသင်္ကာစရာများတွေ့ခဲ့ကြောင်း၊ဓာတ်ငွေ့လိုလိုအငွေ့များလည်း ထွက်နေပြီး အနံ့အသက်မှာ ပြင်းထန်စူးရှလှကြောင်း၊ အထဲမှ “ပြာကျအောင်တော့မလုပ်နဲ့” ဟူသော အသံကြီးကိုလည်း ကြားခဲ့ရကြောင်း အိုဘားမားကိုတိုင်ကြသည်။ အိုဘားမားနှင့် တာဝန်ရှိသူများလည်း ပျာယာခတ်သွားသည်။ တခဏချင်းမှာပင် ---

“အာမက်ဒီနီဂျက်ရဲ့ ကွမ်းယာဆိုင်ထဲမှာ နြူကလီးယားလက်နက်တပ်ဆင်နေတယ်” ဟုသော သတင်းက တစ်ရွာလုံးပျံ့နှံ့သွားပြီး ပြေးကြလွှားကြနှင့် ရှုက်ယှက်ခတ်ကုန်တော့သည်။

အိုဘားမားခေါင်းဆောင်သော ကျေးရွာလုံခြုံရေးတပ်ဖွဲ့များ အာမက်ဒီနီဂျက်၏ ကွမ်းယာဆိုင်ကို ချက်ချင်းဝင်စီးလိုက်သည်။ ကွမ်းယာဆိုင်ပတ်ပတ်လည် ထွက်ပေါက်မရှိအောင်ဝိုင်းလိုက်ပြီး နောက်ဖက်တံခါးချပ်လေးကို ခြေနှင့်ကန်ဖွင့်လိုက်တော့ အထဲမှာ ပြောင်းတစ်ချောင်းဖြင့် ဆေးခြောက်ခိုးရှုနေကြသော အာမက်ဒီနီဂျက်နှင့် ဆုငွေထုတ်ခံထားရသည့် လစ်ဗျားရွာမှတောပုန်းကြီးကဒါဖီတို့ကို မျက်လုံးလေးကလယ်ကလယ်နှင့်တွေ့လိုက်ရသည်။

အာမက်ဒီနီဂျက်နှင့် ကဒါဖီက ဖမ်းဆီးခေါ်ဆောင်ရာနောက်လိုက်လာရင်း မကျေမချမ်းနှင့်ရေရွတ်သွားသည်။

“တောက်... ကောင်မတွေ... သူတို့ကိုဆေးပေးမရှုခိုင်းတာနဲ့ပဲ ငါတို့ကိုချောက်ချတယ်”



(၈)

အိုတီးလက်ဖက်ရည်ဆိုင်လေးကို ရာသက်ပန်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရုပ်သံမီဒီယာများမှတဆင့် ကြေငြာလိုက်ပြီးတာနှင့် တဆက်တည်းပင် အိမ်ဖြူကြီးပတ်ပတ်လည်မှာလာဖွင့်ထားကြသော တခြားရွာများမှ ဆိုင်ခန်းများအားလုံးကို ဘော်ဒိုဇာဖြင့် ကော်ထိုးကာ အားလုံးဖျက်ဆီးပစ်လိုက်သည်။ ဆိုင်ပိုင်ရှင်အသီးသီးကိုလည်း တင်းတင်းမာမာရာဇသံပေးကာ ယူအက်စ်အေရွာကြီးမှ မောင်းထုတ်လိုက်သည်။

ခုတော့ ထုံးဖြူသုတ်ထားသည့်အိမ်ကြီးတစ်ဝိုက်မှာ ယခင်အတိုင်းပင် ပြန်လည် ရှင်းလင်းသွားပြီဖြစ်သည်။

အိမ်ဖြူကြီး ၀ရန်တာမှရပ်ရင်း အိုဘားမား သက်ပြင်းမောကြီးချလိုက်မိသည်။ စိတ်ထဲမှလည်း----

“တကယ်တော့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုဆိုတာ ငါတို့နဲ့ဘယ်လိုမှမအပ်စပ်ပါလားကွယ်.... ပြဿနာပေါင်းသောင်းခြောက်ထောင်တို့ စုဝေးရာနေရာဌာနကြီးကို လက်ဖက်ရည်ဆိုင်လို့ ခေါ်ဆိုကြသလားပဲ” ဟု တွေးတောဆင်ခြင် သံဝေဂရမိသည်။ ရွာလူကြီးတစ်ယောက်အနေဖြင့် ကိုယ့်အိနြေ္ဒနှင့်ကိုယ်မနေတတ်ဘဲ ဟိုစပ်စပ်ဒီစပ်စပ် ဆတ်ဆော့ချင်၊ ကမြင်းကြောလေးထချင်သော ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသဖြစ်မိသည်။

ဘာပဲဖြစ်ဖြစ် ယူအက်စ်အေရွာလူကြီးအဖြစ်က အနားယူပြီးလျှင်တော့ မြန်မာလူညိုများနေထိုင်ရာ ရွာငယ်လေးရှိ တက္ကသိုလ်ဟောင်းကြီးထဲမှ ကမ္ဘာကျော် “ဦးချစ်” လက်ဖက်ရည်ဆိုင်လေးသို့ မီရှဲလ်နှင့် သမီးများကိုခေါ်ကာ တစ်ခေါက်လောက် အရောက်သွားဖြစ်အောင်ကြိုးစားဦးမည်ဟု အိုဘားမားဆုံးဖြတ်လိုက်သည်။ ဦးချစ်ဆိုင်မဟုတ်ရင်တောင်မှ လှည်းတန်းဆိုတဲ့အရပ်က ..ရွှေ...ဆိုတဲ့.. လက်ဖက်ရည်ဆိုင်လေးလောက်ဖြစ်ဖြစ်ပေါ့လေ။ ။
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on June 16, 2011, 01:52:36 AM
တင်တုန်းကတော့ အပြည့်ပဲ ဘယ်လိုဖြစ်ပြီး ကျန်ကျန်ခဲ့လဲမသိဘူး
အရမ်းရှည်သွားလို့များလားမသိ?
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on June 23, 2011, 05:32:44 AM
ကိုပြုံး ကိုလစ် တို့ရေ ကြိုက်ရင် လက်တို့လိုက် အပိုလေးတွေလုပ်ထားလိုက်မယ်။
ဂိဂိ ကိုဇော်ရဲ ကိုကိုကြီး ကိုထွန်းအေးနဲ့ ကိုဖိုးသက် တို့ပါစာရင်းပေးထားလို့ရတယ်နော်။
ဟီးဟီး
မာယာကော ဆံပင်မွှေးလေးတစ်ချောင်းလောက် မပေးချင်ဘူးလား ?  ဟဲဟဲ ဟဲဟဲ

https://www.facebook.com/video/video.php?v=156917551044397&oid=118623724873243&comments
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: kyawkyawlwin on June 23, 2011, 11:07:47 AM
မေးလ် ထဲကိုရောက်လာတာလေးပါ..ခေါင်းစဉ်နဲ့ မဆိုင်ရင်ေ၇ွှ့ ပေးကြပါ အကိုတို့ ရေ....

Facebook ၏အလှပဂေးများကိုလိုက်လံငမ်းမောကြည့်ရှုရာမှရရှိလာသောဓါတ်ပုံပညာရပ်ဆိုင်ရာ ဗဟုသုတများကို နောင်လာနောက်သားများအတုယူနိုင်ရန်ဖော်ပြအပ်ပါသည်။ - အသုံးအများဆုံးနည်းလေးကတော့ နှုတ်ခမ်းလေးကိုစူရင်စူ၊ ပါးလေးကိုဖောင်းရင်ဖောင်း၊ ဒါမှမဟုတ် လျှာကလေးကိုတစ်လစ်တစ်လစ်လုပ်လိုက်ပါ။ ဒါမှမဟုတ်လည်း ၃ခုလုံးပြိုင်လုပ်ချင်လဲရပါတယ်။ ပိုလှချင်သေးရင်တော့ လက်ညှိုးနဲ့ ပါး ဒါမှမဟုတ် နှုတ်ခမ်းကိုထောက်လိုက်ပါ။ ပြီးတော့ ရိုးသားသယောင်ယောင် (သို့) အံသြသယောင်ယောင် (သို့) Feel တက်နေသယောင်ယောင်မျက်နှာပေးလုပ်ချင်လဲရပါတယ်။ စိတ်ကျေနပ်ပြီဆိုရင်တော့ Camera မီးကျွမ်းအောင်ရိုက်လို့ရပါပြီ။ ဒီရုပ်ဒီရည်နဲ့ ပုံ ၁၀၀ ရိုက်ရင် ၁ပုံတော့လှမှာပဲ။ အင်း၊ ကြိုက်တဲ့ပုံရပြီဆိုရင်တော့ မြန်မြန်သာ Upload လုပ်ပေတော့။ အစ်ကိုကာလသားတွေမြန်မြန်ငမ်းလို့ရအောင်။ - နောက်တစ်နည်းကတော့ ကိုင်းထူထူနဲ့မျက်မှန်၊ ဒါမှမဟုတ် မှန်မပါတဲ့မျက်မှန်တပ်ပြီးရိုက်နည်းပါပဲ။ ကိုင်းကအရောင်စုံဆိုရင်ပိုတောင်ကောင်းသေး။ ဘာကြောင့်ဒီနည်းကိုသုံးသင့်လဲဆိုရင် မျက်မှန်ကိုင်းကထူတော့ မျက်နှာပေါ်က တင်းတိပ်၊ ဝက်ခြံ၊ ကြက်ခြံတွေကို ဖုံးပြီးသားဖြစ်သွားတာပေါ့ကွယ်။ ပြီးတော့ မျက်မှန်ကိုပဲ အာရုံရောက်နေကြတော့ ကိုယ်မလှတာလူသတိမထားမိဘူးပေါ့။ ဒါတောင်အဆင်မပြေသေးဘူးဆိုရင်တော့ မျက်နှာတစ်ဝက်လောက်ဖုံးတဲ့ နေကာမျက်မှန်ကြီးတွေတပ်ပြီးရိုက်လို့ရပါသေးတယ်။ အခြောက်ကြီးဆိုရင်တောင်လူသိမှာမဟုတ်ဘူး။ ပြီးတော့ ပျားလိုလို၊ ယင်ကောင်လိုလို၊ ပုတုန်းလိုလိုနဲ့ လူတောင်ရှိန်သေး။ - ပိုလှချင်ပါသေးတယ်ဆိုရင်တော့ ဟိုဂျပန်ကာတွန်းကားတွေထဲကလို မျက်ဆံကြီးကြီး အရောင်တောက်တောက်တွေနဲ့ မျက်ကပ်မှန်တွေတပ်ပြီးရိုက်လို့ရပါသေးတယ်။ လန်းလွန်းလို့ ကိုယ့်ရုပ်ကိုယ်တောင်မှတ်မိမှာမဟုတ်ဘူး။ အဲဒီမျက်လုံးတွေကြိုက်တဲ့ကောင်လေးနဲ့တွေ့လို့ ရည်းစားရရင်တော့မပူပါနဲ့။ မျက်ကပ်မှန်ကို အိပ်တဲ့အချိန်ကျမှချွတ်ပေါ့။ အိပ်တဲ့အချိန်ဆိုတော့သူလည်း မျက်လုံးကိုစိတ်ဝင်စားမှာမဟုတ်ပါဘူး၊ (တစ်ခြားစိတ်ဝင်စားစရာတွေရှိတာကိုး)။ - အော်၊ ပြီးတော့ မျက်လုံးကြီးကြီးနဲ့တော့လှချင်တယ်၊ ဒါပေမယ့် မျက်ကပ်မှန်မတပ်ချင်ဖူးဆိုလဲ တစ်နည်းရှိသေးတယ်။ အိမ်မှာသကြားရှိတယ်ဟုတ်? အင်း၊ အဲဒီသကြားကို လက်ဘက်ရည်ဇွန်းတစ်ဇွန်းလောက်ခပ်ပြီး စားပွဲပေါ်မှာတင်၊ ပြီးရင် ဘူးအလွတ်တစ်လုံးနဲ့ စောင့်နေ။ ခဏနေ ပုရွက်ဆိတ်တွေလာလိမ့်မယ်။ သူတို့ကိုဘူးနဲ့ဖမ်းပြီး တစ်နေ့တစ်ဘူးမှီဝဲဗျ။ ဘာကောင်းလဲဆိုတော့ မသိဘူးလေ၊ လူကြီးတွေပြောတာက ပုရွက်ဆိတ်စားရင် မျက်လုံးပြူးတယ်ဆို။ - နောက်ထပ်တစ်နည်းကတော့ အိမ်မှာ မွှေးပွရုပ်တွေရှိရုံနဲ့ အလုပ်ဖြစ်ပါတယ်။ လုပ်ရမှာက ညဝတ်အင်္ကျီကိုဝတ်၊ ပြီးတော့ဆိုဖာ၊ ဒါမှမဟုတ် ကုတင်ပေါ်မှာထိုင်၊ အရုပ်ကလေးကို ချစ်စဖွယ်ပိုက်ပြီး အိမ်ကလူတစ်ယောက်ယောက်ကို Camera ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင်ဟာ ချစ်စရာ့အရွယ် နို့နံ့မစင်သေးတဲ့ကလေးမငယ်စတိုင် ဓါတ်ပုံတစ်ပုံရဲ့ ဂုဏ်ယူဖွယ်ပိုင်ရှင်ဖြစ်သွားပါပြီ။ သူများတွေလည်းဂုဏ်ယူလို့ရအောင် Facebook မှာတင်ဖို့မမေ့နဲ့အုံးနော်။ - တကယ်လို့ Cute ဖြစ်တာမကြိုက်ပဲ ပူစပ်ပူလောင် Hot & Sexy ကိုကြိုက်ပါတယ်ဆိုရင်တော့ပထမဆုံး Stocking တစ်ထည်ရှာပါ၊ အပေါက်တွေပါရင်ပိုကောင်းပါတယ်။ ပြီးတော့အခုဝတ်နေတဲ့အင်္ကျီထက် ၄ ဆိုဒ်လောက်သေးတဲ့အင်္ကျီကိုရှာပါ။ အဲဒါတွေဝတ်ဆင်လိုက်ရင်တော့ မယ်စကြာဝဠာရှူံးလောက်တဲ့၊ ကိုယ့်မှာရှိနေမှန်းတောင်မသိငုပ်လျှိုးနေခဲ့တဲ့ ကျပ်ထုပ်တင်းရင်းနေတဲ့အလှတွေပေါ်ထွက်လာပါလိမ့်မယ်။ ဓါတ်ပုံရိုက်ရင်လည်း ဒီအလှတွေပေါ်အောင်လို့ Camera ကို အပေါ်ကနေချိန်ပြီးရိုက်ပါ။ ရှုခင်းကောင်းတာပေါ့။ ဒါမှမဟုတ်ရင်လည်းမှန်ထဲကနေတစ်ဆင့် Angle ပေါင်းစုံကနေစမ်းပြီးရိုက်ကြည့်ပါ။ ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီး ကိုယ်ကိုတိုင်တောင် မရိုးမရွဖြစ်လာပြီ ဆိုရင်တော့ သင်ဟာနောက်ထပ်ဂုဏ်ယူဖွယ်ရာ ကောက်ညှင်းထုပ်ဓါတ်ပုံ၏ပိုင်ရှင်ဖြစ်သွား ပြီဆိုတာ သိရှိလိုက်ပါတော့။ ပြီးတော့ဒီနေရာမှာယူတတ်ရင်ရမယ့်အခွင့်အရေးလေးတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ Camera အစား Phone နဲ့ဓါတ်ပုံရိုက်တာပါပဲ။ မှန်ထဲမှာရိုက်တာဆိုတော့ ဓါတ်ပုံထဲမှာ သင့် Phone လဲပါလာမယ်လေ။ သင့်၏ တန်ဖိုးကြီးပြီး ဖန်ရှင်စုံပေသော iPhone 10Gs (သို့) HTC Superhero OMFG! (သို့) Sony Ericsson Zeperia Z20 (သို့) Nokia N-Gazillion အစရှိသောအမျိုးကောင်းသား/သမီး Handsetတို့ကိုအသင်၏ခန္ဓာကိုယ်အလှနောက်ခံထားကာ တစ်ကမ္ဘာလုံးမနာလိုအားကျကြောင်းငှာ ကြွားဝါပြသမည့်အရေး ဤနှယ်ကောင်းမွန်သောအခွင့်အရေးထူးကြီးအား အဘယ်မှာတွေ့ရပါညားအံ့။ ထို့ကြောင့်ဤအခွင့်အရေးထူးကြီးအား လက်မလွတ်ရလေအောင် အမိအရယူပါလေ။ - ဒီလိုအံ့မခန်းဓါတ်ပုံတွေရိုက်မယ်ဆိုရင် Setting ကောင်းကောင်းလိုပါတယ်။ Facebook မှာ popular ဖြစ်နေတဲ့နေရာတွေကတော့ Photo studio၊ ပန်းခြံပေါင်းစုံ၊ အဆောက်အဦးများ၏အပေါ်ဆုံးထပ်၊ အင်တာနက်ဆိုင်၊ hotel & restaurants တွေမှာရှိတဲ့ ကျွန်တော့်အခန်းထက်တောင်ကောင်းတဲ့ အဆင့်မှီအိမ်သာကြီးများ၊ ပြီးတော့ အိပ်ခန်း၊ ရေချိုးခန်း အစရှိသဖြင့်ပါပါတယ်။ ကိုယ်ဥာဏ်ရှိရင်ရှိသလောက် ဆန်းသစ်တီထွင်ရိုက်ကူးလို့ရတဲ့အတွက် အကျယ်တဝင့် မညွှန်ကြားတော့ပါဘူး။ - နောက်ဆုံးအနေနဲ့ ဓါတ်ပုံရိုက်ပြီးလို့ Profile Picture တင်တော့မယ်ဆိုရင်တော့ photo frame၊ ဒါမှမဟုတ် စာလေးတွေ၊ အသည်းပုံလေးတွေမပါရင်မပြီးပါဘူး။ တွေ့ရတတ်တဲ့ စာလေးတွေကတော့ "ZOMG I’m sO fUCkiNg CuTE!!!!!1122@@", "I miss you so much that I'm posting my cute/revealing photos on Facebook", "I am so hot I'm jealous of myself", "Your boobs are smaller than mine bwaa haa haa" အစရှိသဖြင့်ဖြစ်ပါတယ်. အထက်ပါညွှန်ကြားချက်တွေကိုလိုက်နာခဲ့မယ်ဆိုရင်တော့ သင်ဟာ Friends ရာ၊ ထောင်ချီပိုင်ဆိုင်တဲ့ Facebooker တစ်ယောက်အဖြစ်ကိုမကြာမီရောက်ရှိပါတော့မယ်။ အဲဒီ Friends တွေထဲမှာ ပုရိသတွေကတော့ 99.9999999999% ဆိုတာပြောစရာလိုမယ်မထင်ပါဘူး (အဲဒီလိုဖြစ်အောင် လုပ်ထားတာပဲ ဟာပဲ ဟာပဲ ဟာကို)။ ထပ်ပြီးဂုဏ်ယူစရာကတော့ သင်ဟာဒီပုရိသတွေရဲ့ comment တွေနဲ့ ချီးမြောက်မှုတွေကြားမှာ မျက်နှာပန်းပွင့်လန်းလာတော့မှာ မလွဲဧကန်ပါပဲ။ အဲဒီလို ချီးကျူးဂုဏ်ပြုမှုတွေကို ကြိုတင်ခံစားလို့ရအောင် comment နမူနာလေးတွေကို ကျွန်တော့်ရဲ့မှတ်ချက်လေးတွေနဲ့အတူ ဖေါ်ပြပေးပြီး ဒီ Guide ကိုနိဂုံးချုပ်အပ်ပါတယ်။ • "လန်းတယ်နော်" (“ဟုတ်၊ ကျေးဇူးနော်”) • "so beauty" (English လိုပြောပြီးအထင်ကြီးလဲခံချင်သေး၊ Grammar ကလဲမပိုင်) • "စားချင်စရာကြီး" (အတော်ပဲ toilet က flush လုပ်လို့မရတာနဲ့) • “ဘယ်လိုကြည်ကြည်အမြဲလှတယ်” (မြန်မာစာလုံးတောင်မှန်အောင်မပေါင်းဘူး) • သြော်--- သဘာဝတရားကို ပိုပြီးပြည့်စုံလှပသွားအောင် လှပနေသူပါလားနော် (“သဘာဝတရားကို အကျည်းတန်အောင် ပေါရဲသူပါလားနော်”) • _____ ရဲ့ပါးပေါ်က မှဲ. လေးဖြစ်ချင်လိုက်တာ (“ဟင့်အင်း၊ ကျွန်မကမှဲ့ရုပ်ဆိုးကြီးလိုချင်ဘူး”) • ကြည့်ကောင်းလို့ ______ ရဲ့ ပုံကို desktop မှာတင်ထားလိုက်ပြီ (“ရှင့် PC က Core i7 မဟုတ်ရင်တော့ sorry ပဲ) • BeeeeeeeeeeeeeeOoooooooooooooTeeeeeeeeeeeeeeeeeeeeFuuuuuuuuuuuuuuuuuuuLLLLLLLLLLLLLLLLLL!! ;) (“Sorry but I don’t talk to people who have trouble spelling.”) ကဲတော်လောက်ပါပြီ၊ ဆက်ရေးလို့ကတော့ပြီးတော့မှာမဟုတ်ဘူး။ ဒါတောင်ဒီ comment တွေက တစ်ယောက်ထဲဆီကယူထားတာ၊ ဘယ်သူလဲဆိုရင်တော့ပြောပြဘူး :P Disclaimer: ဤဆောင်းပါးကိုမည်သူတစ်ဦးတစ်ယောက်ကိုမျှ နာကျင်ထိခိုက်စေလိုသောရည်ရွယ်ချက်ဖြင့် ရေးသားခြင်းမဟုတ်ပါ။ အပျော်သဘောဖြင့်သာရည်ရွယ်ပါသည်။ တိုက်ဆိုင်မှုမရှိကခွင့်လွှတ်စေလိုပါသည် :P
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on June 27, 2011, 08:57:12 AM
ခုနစ်ရက်သားသမီးအပေါင်းတို့၏ အကျိုးငှာဤစာကို ရေးသားလိုက်ရသည်။

 

နေ့စဉ်ရက်ဆက် တစ်နေ့တစ်ခါ Facebook စစ်ပါ။

Request များကို စီစစ်ပါ။ လက်ခံလိုလျှင် လက်ခံပါ။ လက်မခံလိုလျှင် ပယ်လိုက်ပါ။ ကြိုးရှည်ရှည်နဲ့ လှန်မထားပါနဲ့။

ပရိသတ် ၅၀၀၀ ကျော်အောင် စွံသူများ Page လုပ်ကြပါ။

တစ်နေ့တစ်မျိုး မရိုးရအောင် status message တင်ပါ။

တစ်ပတ်တစ်ခါ မရိုးရအောင် profile photo ပြောင်းပါ။

တစ်လတစ်ခါ မမှတ်မိအောင် နာမည် ပြောင်းပါ။

 

စင်ကာပူမှ Web Developer မိသက် Facebook မတက်သဖြင့် သူဌေးမှ အင်တာနက်သုံး၍ အလုပ်မလုပ်ဟုထင်ကာ အလုပ်ဖြုတ်လိုက်သဖြင့် လှိုင်သာယာတွင် အကြော်ဆိုင်ဖွင့်နေရသည်။

ချင်းမိုင်မှ မင်းခိုင် သူဌေး Request ကို မစီစစ်ပဲ Reject လုပ်သဖြင့် အမြင်ကတ်ပုဒ်မဖြင့် အလုပ်ပြုတ်ကာ လယ်ဝေး တွင် ဆိုင်ကယ် ကယ်ရီပြေး နေရသည်။

မလေးမှ သာအေး ဓာတ်ပုံမပြောင်း၊ နာမည် မပြောင်းသဖြင့် အော်ပရာစီဝင်ရာ လူကိုမှတ်မိသဖြင့် ပါသွားရာ မြန်မာနိုင်ငံပြန်ပို့ခံရပြီး ယခု ကမ်းနားလမ်းမှာ ကုန်တွေထမ်းနေရသည်။

 

စလုံးမှ ဖြူလုံး Facebook တွင် Post အတင်များသဖြင့် စာမေးပွဲဖြေပြီးနောက်နေ့ အလုပ်တန်းရသည်။

ဘန်ကောက်မှ မောင်ဘောက် သူငယ်များအရေအတွက်ကို ပတ်လည်ထိုးသဖြင့် ထိုင်းထီပေါက်သည်။

မလေးရှားနေ ကိုအေးငွေ တစ်လတစ်ခါ နာမည်ပြောင်းသဖြင့် သုံးနှစ်အထိ အိုဗာစတေးနေနိုင်သည်။

 

ဤစာကို သူငယ်ချင်း (၇) ယောက်၏ Wall တွင်ဖြန့်ဝေပါ။

 

ထောက်ကြန့်လမ်းဆုံ က ဂျမ်းဘုံ မဖြန့်ဝေသဖြင့် အင်တာနက်ဆိုင်မှအထွက် ခွေးဆွဲခံရသည်။ (လိုင်းမကောင်းလို့ သုံးဖို့စောင့်ရင်းမိုးချုပ်သွားတာ)

တာမွေဈေးမှ မမြအေး ဖြန့်ဝေသဖြင့် ဘတ်စ်ကား စပယ်ယာမှ အသစ်စက်စက် ၁၀၀ တန်ပြန်အမ်းငွေရခဲ့သည်။

 

မြစ်ကြီးနားမှ မိဆွာနား မဖြန့်ဝေသဖြင့် ၃ ရက်ထမင်းမစားရဖြစ်ခဲ့သည်။ (ခေါက်ဆွဲနဲ့ ဒံပေါက်ပဲစားနေတာလေ)

တောင်ကြီးမှ လျောင်ကီး ဖြန့်ဝေသဖြင့် ခေါက်ဆွဲဆိုင်ရောင်းကောင်းသည်။ (ကြော်ငြာပါ ထည့်ဝေတာကိုး)

 

မိတ္ထီလာမှ မနီလာ မဖြန့်ဝေသဖြင့် အိမ်မီးလောင်သည်။ (တော်သေးတာပေါ့.. ကစားစရာအိမ်ဖြစ်နေလို့)

လက်ပံတန်းမှ လှလှသန်း ဖြန့်ဝေသဖြင့် အမေရိကန် DV ပေါက်သည်။

 

ဤသည်ကား မှော်ဘီမှ ဂေါ်ဖီစားကာ တော်ကီပွားသော ပထမံ ဆြာသိန်း အိပ်မက်အလိုတည်း..

(မော်ပီ ဆရာသိန်းနှင့် လုံးဝ အမျိုးမတော်ပါ) (နာမည်များတိုက်ဆိုင်သွားလျှင် ခွင့်လွှတ်ပါရန်..)

 

(Credit to Than Htike Aung)
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ရဲရဲ on July 07, 2011, 09:15:05 AM
အခုရက်ပိုင်း ခတ်စားနေသာ သတင်းစာမှာပါသော်ကြော်ညာတစ်ပုဒ်
*************၀မ်းချုပ်ကြောင်း****************
...............မငိုပါနဲ့တော့ သမီးလေး ဘီဘီကွေး(မအမခ-၀၀၀၀၀)..............
..............တစ်ဘာသာမှ အောင်မှတ်ရအောင်မဖြေနိုင်လည်း မနည်းပါဘူး.............
.............ဖေဖေနဲ့မေမေ ၀မ်းချုပ်ကြေနပ်မိပါတယ်......................


အောင်မှတ်မရလို့ နောက်နှစ်ကျရင် မောင်အောင်မှတ်နဲ့ပေးစားပါမယ်(ဤကား ပိုစ့်တင်သူ၏အာဘော်သက်သက်)
ခက်ဆစ်အဓိပ္ပါယ်ဖွင့်ဆိုချက် မအမခ=မအောင်မချင်း
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ရဲရဲ on July 15, 2011, 08:45:43 AM
အင်တာနက်မှ လျှောက်သွားရင် တွေ့မိခဲ့ တဲ့ video ဖိုင်လေးပါ ဘာမှဝင်ပြောစရာမလိုအောင်ကောင်းလွန်းပါတယ် ဗျာ...........
http://www.youtube.com/watch?v=P5_Msrdg3Hk&feature=player_embedded              ကြည့်ကြပါဦး
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ကိုစိုင်း on August 24, 2011, 02:57:33 PM
မေး- စာမေးပွဲဖြေရတော့မယ်နော်။ ဘာတွေပြင်ဆင်နေပြီလဲ

ဖြေ- အချိန်မီ ဆရာ့ထဲကို ကိုယ့်ခုံနံပါတ်လေး ပါသွားအောင် ကျူရှင်လခ သွင်းနေပါတယ်။ နောက်တစ်ခုကတော့ ဆရာတွေ လိပ်စာကို စုဆောင်း နေပါတယ်။ ဒါမှလည်း စာမေးပွဲပြီးပြီးချင်း ကန်တော့လို့ ရအောင်ပါ။ ကန်တော့ဖို့ ပိုက်ဆံကိုတော့ ဟိုနေ့ကမှ အိမ်ကို လှမ်းပြီး ဖုန်းဆက် ပြောထားပါတယ်။ လောလောဆယ် စာတော့ မလုပ်ဖြစ်သေးဘူး။

မေး-ဒါကနောက်ဆုံးနှစ်လည်းဖြစ် တယ် ဒီစာမေးပွဲအောင်ရင် ဘွဲ့လည်းရတော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ

ဖြေ-သိပ်ကိုဝမ်းနည်းပြီး ယူကြုံးမရဖြစ်မိပါတယ်။ ဘာလို့လည်းဆိုတော့ တကယ်လို့ ဘွဲ့ရခဲ့ရင် ကျွန်တော့်အနေနဲ့က တရားဝင် လိုင်စင်ရ အလုပ်လက်မဲ့ တစ်ယောက် ဖြစ်သွားပါပြီ။ အခုက ကျောင်းတက်နေတာဆိုတော့ ဘာပြောပြော ကျောင်းသားဘ၀ ဆိုတော့ အိမ်က ထောက်ပံ့ပေးနေဆဲပါ ဒါပေမဲ့ ကျောင်းပြီးသွားရင်တော့ လုံးဝကို supply တွေ ပိတ်ကုန်မှာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော့ အနေနဲ့ကတော့ ကျောင်းတော်ကြီးကို လွမ်းတာတို့၊ သူငယ်ချင်းတွေကို တမ်းတတာတို့၊ ချစ်သူလေးကို ခွဲရမှာတို့ထက် သောက်သုံးမကျတဲ့ ကောင်ကြီးဖြစ်သွားပြီဆိုပြီး ၀မ်းနည်းမိပါတယ်။

မေး- ကျောင်းသားဘ၀ဆိုတာကလေ တောက်ပတဲ့ အနာဂတ်တွေ ရှိတယ်လို့ဆိုတယ်။ ဒီတော့ မောင်လေးရဲ့ အနာဂတ်ကိုရော ဘယ်လိုစိတ်ကူးထားလဲ။ အမေရီကားမှာဆိုရင် University Graduate တွေဟာ များသောအားဖြင့် နိုင်ငံတော်နဲ့ဆိုင်တဲ့နေရာတွေတို့ ဘာတို့တွေတောင်ရောက်ကြတယ်လေ မောင်လေးတို့ရော။

ဖြေ- ဒါမျိုးစဉ်းစားဖို့ တော်တော်လေးကို ခက်ပါတယ်။ တစ်နေ့သင်လိုက်တဲ့ စာတွေကို တစ်နေ့စာတစ်နေ့ မှန်မှန်လုပ်ရအောင် မီးမလာလို့ စိတ်ညစ်ရပါတယ်။ တကယ်ဆိုရင် နေ့သင်တဲ့စာတွေကို ပြန်လုပ်ဖို့ ညကိုတော့ မီးလာပေးစေချင်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံတော်နဲ့ ဆိုင်တဲ့ ရာထူးမျိုးတွေကို စိတ်ကူးဖို့နေနေသာသာ လက်တစ်ဖက်က ထမင်းချိုင့်ကိုကိုင်ပြီး လက်တစ်ဖက်က ကားကလက်တန်းကို ကိုင်ထားပြီးစီးရတဲ့ မူဆယ်လားရှိုးဘက်က ၀က်တင်တဲ့ကားတွေလို ကျောင်းကားတွေကို နေ့တိုင်းစီးနင်းကျော်ဖြတ်နေရတာ အရင်ပြီးဆုံးစေချင်ပါတယ်။ ကျန်တာဘာကိုမှ စိတ်မကူးပါဘူး။ အသက်မပျောက်ဘဲ အိမ်ပြန်ရောက်လာရင် ကျေနပ်နေပါတယ်။
 
 မေး- ကျောင်းသားဆိုတာက များသောအားဖြင့် အရပ်သားတွေနဲ့ ကွဲပြားတတ်တယ်လေ။ မောင်လေးရဲ့ ကျောင်းသားတစ်ဦးပုံစံကိုပြောပေးပါဦး။

ဖြေ-အရပ်သားနဲ့တော့ ကွာသွားတယ်ဗျ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကလို ကွဲပြားခြားနားသွားတာ မဟုတ်ဘူး ပြောင်းပြန်ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ အရပ်သားတော်တော်များများကတော့ မြို့တော်ကြီးတွေထဲမှာ နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေဆိုတာက များသောအားဖြင့် တောကြီးမျက်မဲလို နေရာတွေ မြို့ပြင်တွေ ကျေးလက်တွေမှာ နေရတာများတော့ အများကြီးကို ကွဲပြားသွားပါတယ်။ ဒီတော့ ပြောရရင် ကျွန်တော်တို့တွေက အရပ်သားတွေနဲ့ ဘာမှမဆိုင်တော့လောက်အောင်ကို မိုက်ရိုင်းသွားကြတော့တာပေါ့။

မေး- အခုကိုယ်က ကျောင်းပြီးတော့မယ်ဆိုတော့ သူများနိုင်ငံကလို ကျောင်းပြီးရင် သူတို့ဆီမှာ လာလုပ်ဖို့ ကမ်းလှမ်းတာတို့ ဘာတို့ရှိနေပြီလား

ဖြေ- အခုထက်ထိတော့ အဲဒါမျိုးမရှိသေးပါဘူး။ ဒါပေမယ့် ဟိုနေ့က ပါချုပ်ရုံးရှေ့မှာ ကပ်ထားတာကတော့ ဒီကနေ ဘွဲ့ရသွားတဲ့ ကျောင်းသားတွေကို ဗထူးဗိုလ်သင်တန်းကျောင်းမှာ တက်ဖို့ခေါ်ထားတဲ့ စာတော့တွေ့ပါတယ်။ OTS လို့ခေါ်တာပေါ့ဗျာ။ ဒါလောက်ပါပဲ၊ သိပ်တော့ မထူးဆန်းပါဘူး။ ဘာလို့လဲ ဆိုတော့ အလုပ်ရရေးမရရေးသည် ကျောင်းနဲ့ မဆိုင်ပါဘူး။ အလုပ်ရှင်တွေအနေနဲ့ကရော ပြီးတော့ အစိုးရပြန်တမ်းဝင်စာမေးပွဲလို့ ခေါ်တဲ့ PSC စာမေးပွဲအနေနဲ့ရော ကျောင်းသားတွေကို ဘွဲ့ရပြီးပြီးခြင်း ခန့်မှာမဟုတ်ပါဘူး။ ဘွဲ့ရတာသည် အလုပ်ရဖို့ အထောက်အကူကောင်းတစ်ခု မဟုတ်ပါဘူး။ တကယ်ကို ကျောင်းပြီးပြီးချင်း အလုပ်တန်းရတာတို့ ဘာတို့ဆိုတာက လုပ်ငန်းရှင်တစ်ယောက်ယောက်နဲ့ အမျိုးနီးစပ်တော်နေသလား ဥပမာပြောရရင် လုပ်ငန်းရှင်တစ်ယောက်ကိုးကွယ်နေတဲ့ ဘကြီးဘုန်းကြီးနဲ့ကို ကိုယ်ကခင်နေရင်လောက်ဆိုရင်ကိုဖြစ်ပါတယ်။ စောစောကပြောတဲ့ PSC စာမေးပွဲဆိုတာကတော့ ဖြစ်နိုင်ရင် ကံစမ်းမဲပေါ့နော်။ လူ ၁၂ ဦးစာခေါ်တယ်ဆိုရင် များသောအားဖြင့် ၁၀ ဦးလောက်က ဖြေဖြေ မဖြေဖြေ အလုပ်ရကြမှာဖြစ်ပြီးသားပါ။ ကျန်တဲ့ ၂ နေရာစာကိုတော့ ကျွန်တော်တို့ ဘွဲ့ရ ပညာတတ် အယောက် ၅၀ လောက်က ကံစမ်းကြပါတယ်။

မေး- ကျောင်းမှာ ဆရာပြန်လုပ်ဖို့ ရည်ရွယ်ချက်ရှိပါသေးလား

ဖြေ- လုံးဝကိုမရှိပါဘူးခင်ဗျာ။ တကယ်ကို မရှိတာပါ။ မသိတဲ့သူတွေက မတတ်တဲ့သူတွေကို ပြန်သင်ပေးရတာလောက် စိတ်ကုန်စရာမရှိပါဘူး။ ပြီးတော့ ကျွန်တော်က စာသင်တယ်ဆိုရင် စာဘဲသင်ချင်တာပါ။ ကြက်ဆူပင်စိုက်ရတာတို့၊ မိုးရာသီ သစ်ပင်စိုက်ရတာတို့၊ ဂိတ်ဂျူတီစောင့်ရတာတို့ မလုပ်ချင်ပါဘူး။

မေး- ကိုယ်ယူုထားတဲ့ မေဂျာနဲ့ ကိုက်ညီတဲ့ အလုပ်ကို စိတ်ကူးနေပါသလား

ဖြေ-လုံးဝကို စိတ်မကူးပါဘူး။ လုပ်စားလို့ လည်းမရပါဘူး။ လုပ်စားစရာ နေရာလည်း မရှိပါဘူး။ မိဘလက်ငုတ်စီးပွားရေးဖြစ်ဖြစ် တစ်ခြားတစ်ခုဖြစ်ဖြစ် စိတ်ကူးရပါလိမ့်မယ်။ ကုန်ကုန်ပြောရရင် လမ်းဘေးပလက်ဖေါင်းမှာ ခိုးကူးခွေလေးတွေ ချရောင်းဖြစ်ချင်လည်းရောင်းဖြစ်မှာပါ လမ်းဘေးကွမ်းယာဆိုင်လေး တစ်ဆိုင်လောက်ဖွင့်ဖြစ်ရင်လည်း ဖွင့်ဖြစ်မှာပါ။ သေသေချာချာတော့ မပြောနိုင်သေးပါဘူး။

မေး-မောင်လေးရဲ့ ပညာ အပေါ်သုံးသပ်ချက်ကလေး သိပါရစေ။
 
ဖြေ-တချို့တွေကပြောကြပါတယ် ပညာစီးပွား ဆိုတာပေါ့။ ဒီနေ့ခေတ်ပညာရေးက စီးပွားရေးဆန်လာတယ်တဲ့။ အကောင်းမြင်တဲ့သူရှိသလို အဆိုးမြင်တဲ့ သူတွေလည်းရှိပါတယ်။ ဘာပြောပြောပေါ့ ပညာရေးမှာ ငွေကအဓိကဆိုတာတော့ အားလုံးကို သိစေချင်ပါတယ်။ ပြောရရင် ဆရာလူထုစိန်ဝင်း ပြောပြောနေကြပေါ့။ ပညာသင်တာ စဉ်းစားတတ်စေချင်လို့တဲ့ ဒါပေမယ့် စဉ်းစားလို့ မရပါဘူး။ ကျွန်တော်သိလိုက်ရတဲ့ ပညာ ဆိုတာကတော့ မူလတန်းကနေ ဒီနေ့အထိ အလွတ်တွေကျက်ပြီး အလွတ်တွေချရေးပြီး အောင်မြင်လာတာပါဘဲ။ အခုနေ ကျွန်တော့်ကို အလွတ်ကျက်ခဲ့တဲ့ စာတွေ ဖြေနိုင်ခဲ့တဲ့ စာတွေကို ပြန်မေးကြည့်ပါ ကျွန်တော် မြန်မာလို တစ်လုံးမှ မသိပါဘူး။ ဒါပေမယ့် ချရေးခိုင်းရင်တော့ ကောင်းကောင်းကို ရေးပြနိုင်ပါတယ်။

မေး- မကြာခင် နိုင်ငံတော်သစ်ကို တည်ဆောင်ကြတော့မယ်လေ။ ကျောင်းသားတစ်ယောက်အနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။ ကိုယ့်တိုင်းပြည် ကို့လူမျိုးအတွက်ပေါ့။

 ဖြေ-ဘာမှမပြင်ဆင်ထားပါဘူး။ ထမင်းနပ်မှန်အောင်စားချင်ရင် ဒါမျိုးတွေ မမေးပါနဲ့လား။ တကယ်တော့ ဒါတွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မတော်ရဲ့ အလုပ်သက်သက်ဖြစ်ပါတယ်။ ဘယ်သူဘဲ တက်တက်ပေါ့နော် ရပ်ကွက်ထဲက ပဲပြုတ်သည်တွေလဲ ပဲပြုတ်ဆက်ရောင်းကြမှာပဲ၊ ဆိုက်ကားဆရာတွေလည်း ဆိုက်ကားဆက်နင်းကြမှာပဲ။ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကုလားကြီးကို ကုလားကြီးလို့ခေါ်ခေါ် မာမူကြီးလို့ခေါ်ခေါ် အရားကြီးလို့ခေါ်ခေါ် ကုလားက ကုလားပါပဲ။ ကျွန်တော်ဘာမှမပြင်ဆင်ထားပါဘူး။ ဒါတွေက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တပ်မတော်ကြီးရဲ့ တာဝန်သာဖြစ်ပါတယ်။ ပိုက်ဆံမရှိ အင်အားမတောင့်ဘဲနဲ့ အခြေအနေကို ကြိုတင်မသုံးသပ်ဘဲနဲ့ ၀င်ပြိုင်ဖို့ကြိုးစားတဲ့ ပါတီငယ်လေးတွေကိုတော့ သနားပါတယ်။ စိတ်မကောင်းဘူး။ အခုကို အဖြေက ရှင်းနေပြီလေ ပါတီလေးတွေက ပိုက်ဆံမရှိလို့ ညည်းတွားနေကြချိန်မှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေကတော့ စီးပွားရေလုပ်ငန်းရှင် အကြီးစားကြီးတွေဖြစ်နေကြပါတယ်။ ဒီတော့ ကျောင်းသားဆိုတာကရော ဘာများတတ်နိုင်နေဦးမှာလဲဗျာ။

အခုလိုဖြေကြားပေးတာကျေးဇူးအထူးတင်ပါတယ် မောင်လေးရယ်

ကျွန်တော်ကလည်း အခုလိုမေးမြန်းပေးတဲ့ ရိုက်စား အပတ်စဉ်ထုတ်ဂျာနယ်က အစ်မကို ကျေးဇူးအထူးတင်ပါတယ်။ 


သူငယ်ချင်းတစ်ယောက်ပို့တဲ့ mail တစ်စောင်ထဲကပါ ဘယ်သူရေးတာလဲတော့ မသိပါဘူး.
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: kyawkyawlwin on August 26, 2011, 09:40:20 AM
ဧရာဝတီ Blog မှာတွေ့ တာလေးပါ.. မင်းတုန်းမင်းလက်ထက် ဖေ့စ်ဘွတ်တော်ရှိခဲ့လျှင်... တဲ. သဘောကျလို့ share လိုက်တာပါ...

(http://img161.imagevenue.com/loc70/th_325487380_299088_269220426423170_100000056448369_1126845_6569237_n_123_70lo.jpg) (http://img161.imagevenue.com/img.php?image=325487380_299088_269220426423170_100000056448369_1126845_6569237_n_123_70lo.jpg)
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on September 07, 2011, 12:38:34 AM
: မှုန်ကုတ်နှင့် မညားခင်ကျားအရှင်ဖမ်းရမဲ့ ဒါးနားယားသိုင်းကွက်ကြီး

 

သောက်ခွက်ကပြောင်လွန်းချော်လွန်းလို့ သူငယ်ချင်းတွေက အရွဲ့တိုက်ပြီး ပေးထားတဲ့ မှုန်ကုတ် (ခေါ်) စိုးကျော်ကျော်ရဲဟိန်းသူ သင်္ဘောကို သုံးနှစ်ဆက်တိုက် စီးပြီးပြန်လာတဲ့ သင်္ဘောသီးနုနုဖတ်ဖတ်လေး၊ သူ့ ကောင်မလေးနာမည်က နိုဝင်ဘာမေနှင်းဖြူ (ခေါ်) ခင်ကမ္ဘာကျော်၊ ငယ်ငယ်က ကမ္ဘာကျော်ရင် နာမည် ကြီးတယ်ဆိုလို့ ကမ္ဘာလုံးကို ခွ ခွ ကျော်နေတာနဲ့ ခင်ကမ္ဘာကျော် လို့ အိမ်နာမည်ပေးထားတာ၊ အခု ခင်ကမ္ဘာကျော်လေးလည်း ကိုnn ပြောခဲ့သလို အင်္ဂလန်ကို ဘင်သံနဲ့ သွားပြီး သုံးနှစ်တာ ပညာသင်ကြား၊ ဟိုမှာ မနေချင်လို့ မြန်မာပြည်ရောက်လာတဲ့အချိန် ဟိုးအရင်က ကွန်ပျူတာသင်တန်းမှာ ဆုံဖူးခဲ့တဲ့ မှုန်ကုတ် နဲ့ ပြန်တွေ့ပြီး ချစ်သူတွေဖြစ်ခဲ့ပါတယ်၊ ခင်ကမ္ဘာကျော် လဲ အကြောင်းမသိလို့ မှုန်ကုတ်ကို ချစ်ခဲ့မိတာပါ။

 

မှုန်ကုတ် က မျက်နှာရူး၊ ကျန်တဲ့ဆွေမျိုးသားချင်းတွေကလည်း တစ်ယောက်တစ်မျိုးစီ အကြောင်းလေး တွေနဲ့၊ တစ်ခါ မှုန်ကုတ် သူ့ဦးကြီး ခရီးဆောင်အိတ်လိုချင်တယ်ဆိုလို့ မြို့ထဲကိုလိုက်ပို့ရတယ် ဆိုင်ရောက် တော့ အရောင်းသမားက

“ဦးလေး သည်အိတ်က ရှယ်နော် ဦးလေး လွယ်သွားလို့လဲရတယ် ဘီးလေးတွေပါတော့ မလွယ်ချင်ရင်လဲ ဆွဲသွားလို့ရတယ်လေ”

“မဟုတ်ဘူးကွ ငါလိုချင်တာ ရိုးရိုးနဲ့ခိုင်ခိုင်ခန့်ခန့်အိတ်မျိုးပဲလိုချင်တာ”

“ဟုတ်ပါတယ်ဦးလေးရဲ့ သည်အိတ်က ခိုင်သလားမမေးနဲ့ အဲသည့်အပြင် ဘီးလေးတွေပါတော့ . . .”

“ဟေ့ကောင် ငါလိုချင်တာ အိတ်၊ တွန်းသွားဆွဲသွားမှာလဲမဟုတ်ဘူး၊ အဝတ်အစား နှစ်စုံသုံးစုံထည့်ပြီး လွယ်မှာ အဲသည်တော့ မင်းသိပ်ကြိုက်နေရင် မင်းဘီးတွေ မင်းအကုန်ဖြုတ်ယူထားလိုက်”

ဒါက မှုန်ကုတ်ရဲ့ ဦးကြီး၊ ရှိသေးတယ်။

 

မှုန်ကုတ်ရဲ့အစ်ကို နဲ့ အဖိုး ကတော့တစ်မျိုး တစ်နေ့တော့

“အခု ကျွန်တော် အရွယ်ရောက်နေပြီ ဖိုးဖိုး၊ လွတ်လွတ်လပ်လပ်နေချင်တယ်၊ မိန်းခလေးချောချောလေး တွေ တစ်ယောက်ပြီးတစ်ယောက်နဲ့ လျှောက်လည်ချင်တယ်၊ ကျွန်တော်လုပ်မှာတွေကို ဖိုးဖိုး မကျေနပ်လို့ ဆူမယ်ဆိုရင်တော့ အိမ်မှာမနေဘူး အခုဆင်းမယ်ဗျာ”

“ငါ့ကိုလည်း ခေါ်သွားပါမြေးရယ်၊ ဖိုးဖိုး နဲ့ မင်း တစ်စိတ်ထဲ တစ်ဝမ်းထဲပါဘဲ”

 

မှုန်ကုတ်နဲ့ ပတ်သက်လို့ကတော့ ပြောစရာတွေက အများကြီးပါ၊ ထားလိုက်ပါတော့၊ ခင်ကမ္ဘာကျော်လေး အကြောင်းဆက်ပြောပါဦးမယ်။

 

ချစ်သက်တမ်း သုံးလပြည့်တော့ ခင်ကမ္ဘာကျော် သူ့မာမီကို ပြောရတော့တာပေါ့၊ မာမီရယ်ရှာမပေးပါနဲ့ မီးမီးမှာ ချစ်သူရှိနေပြီ၊ မှုန်ကုတ်ရဲ့ယောက္ခမလောင်းကြီး ဒေါ်မျိုးမြင့်မြတ်သူ ဒေါသတကြီးဖြစ်ရပြီ၊ အင်္ဂလန်မှာ ဘင်သံနဲ့စာသင်လာတဲ့ သူတို့ရဲ့သမီးလေး ဘာမဟုတ်တဲ့ သင်္ဘောသီးကိုကြိုက်ရမလား ပေါ့လေ၊ နောက်ပြီး နေတဲ့ရပ်ကွက်ချင်းကလည်း အခြေအနေချင်းတူတာမဟုတ်ဘူးလေ၊ သူတို့နေတဲ့ ရပ်ကွက်ကြီးက ဝင်းကြီးခြံကြီးတွေချည်း၊ ကန်ထရိုက်တိုက်ဘယ်လောက်ကျယ်ကျယ် ခိုအိမ်လို့ ထင်နေတဲ့ အနေအထား၊ သမက်တော်ရမည့် သူက ခိုအိမ်တောင်မှ ခိုအိမ်ကျဉ်းကျဉ်းလေးမှာ နေနေရတာ၊ ဒါပေမဲ့ လေ ဒါပေမဲ့ပေါ့ သမီး ကြိုက်နေတော့လဲ နောက်မှ ပုံစံဝင်အောင်လုပ်ယူတော့မယ်ဆိုပြီး မှုန်ကုတ်ကို အကဲခတ်ဖို့ သူတို့ခြံကျယ်ကြီးကို လာခဲ့ဖို့ သမီးလေးနဲ့ အမှာတော်ပါးလိုက်ပါတော့တယ်။

 

မှုန်ကုတ် မှုန်ကုတ် အချိန်တန်အရွယ်ရောက်လာလို့သာ မိန်းမယူချင်လာတာ၊ နယူးတက်ခနော်လော်ဂျီ တွေနဲ့ စောင့်နေတဲ့ သူရဲ့ယောက္ခမကြီးလောင်းကြီး ရဲ့ ကြောက်မက်ဖွယ် ရင်တုန်စရာ ပွဲချင်းပြီး သိုင်းကွက် တွေကို မသိသေးတော့ သောက်ခွက်ပြောင်နိုင်သေးတာပေါ့လေ။

ရိုးသားတဲ့ ဖိုးသင်္ဘောသီးလေး ပုံဖမ်းပြီး ပိုးတွဲလုံချည်ကို ဒေါင့်တန်းဆွဲဝတ်၊ တိုက်ပုံ၊ ကော်လံကတုံး ဘိတ်သိတ်ဆရာစတိုင်နဲ့ မြောက်ကြွ မြောက်ကြွ ချစ်သူလေးရဲ့ အိမ်ကြီးမဟာဆီကို ခခကြီးငှားစီးပြီး မြန်းခဲ့ပါတော့တယ်။

 

ဒေါ်မျိုးမြင့်မြတ်သူ သူတို့ရဲ့ ခြံကြီးမဟာရှေု့ကို ဖုန်းဒိုင်းဖုန်းဒိုင်းနဲ့ ခခကားစုတ်ကြီး စီးပြီးရောက်လာတဲ့ မျက်နှာရူး မှုန်ကုတ်ကို ခြံတံခါးကြီးဖွင့်ပေးဖို့ ခြံစောင့်ဥယျာဉ်မှုး ဦးကိုကိုကြီးကို အမိန့်တော်ပါးလိုက်ပါတယ်၊ မှုန်ကုတ် ကားပေါ်ကဆင်းဆင်းချင်း သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် လုံချည်ကိုပြင်ဝတ်ပါတယ်၊ ဒေါင့်တန်း ဆွဲကနေ ဒေါင့်တန်းဆွဲပဲဖြစ်သွားပါတယ်၊ ဘာပဲဖြစ်ဖြစ်လေ ကျေနပ်တော့သွားပါတယ်။

ခြံကြီးကအတော်ကျယ်တော့ ခြေလှမ်းတွေအများကြီးလျှောက်ပြီးဝင်ရပါတယ်၊ ရောက်ပါပြီ၊ တိုက်ကြီးမဟာ ရှေ့ရဲ့ သံပန်းတံခါးမကြီး၊ မှုန်ကုတ် တံခါးအဝမှာရပ်ရင်း အကဲခတ်လိုက်တော့ ဆိုဖာကြီးပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ သူ၏ယောက္ခမလောင်းကြီးတို့စုံတွဲ၊ သူ့ချစ်ချစ်လေးက ဓါတ်ပုံတွေကြိုပြထားလို့ သိနေတာ၊ နောက်ပြီးလျှာကြီးတန်းလန်းနဲ့ အဲလ်ဇေးရှင်းခွေးကြီးက ဧည့်ခန်းဆီသွားမဲ့လမ်းမှာ ငုတ်တုတ်ကြီး၊ မှုန်ကုတ် ဒါကြီးတော့ ကျွတ်ပါတယ်၊ မျက်နှာကို အတတ်နိုင်ဆုံး အချိုသာဆုံးထားပြီး ယဉ်ကျေးပျူငှာစွာနဲ့

“အန်တီ အန်တီ ခွေးကြီးက ကိုက်တတ်ပါသလားခင်ဗျာ”

“အော် ဟော် မောင်စိုးကျော်ကျော်ရဲဟိန်းသူ လား၊ အန်တီတို့လည်း သည်ကောင်ကြီး ကိုက်တတ်သလား မကိုက်တတ်သလား သိချင်နေတာကွဲ့ ဝယ်ထားတာ သုံးလေးရက်ရှိပဲသေးတယ်လေ၊ အခုတော့ မင်း အိမ်ကိုလာလည်တာနဲ့ စမ်းကြည့်ဖို့အတော်ဖြစ်သွားတာပေါ့ကွယ်”

မှုန်ကုတ် မျက်လုံးမျက်ဆံပြူးဖြစ်သွားပြီး

“ဟုတ် ဟုတ် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်တီ”

 

ဒေါ်မျိုးမြင့်မြတ်သူရဲ့ ဘေးမှာထိုင်နေတဲ့ ခင်ပွန်းဖြစ်သူ ဦးထွဋ်ခေါင်နန်း မျက်ခုံးကြီးတွေ ပင့်တက်သွားပါ တော့တယ်၊ ဒါ ကျေးဇူးတင်စရာမှမဟုတ်တာလေ၊ ဒေါ်မျိုးမြင့်မြတ်သူကတော့ သမက်လောင်းလေးကို ဂွင်ရှိတုန်း ဆက်လက်ပြီး ငုတ်တုတ်ခံစေတော့ သိုင်းကွက်ကြီးတစ်ကွက်ကို ဆက်လွှတ်လိုက်ပါတယ်

“အမလေး အရပ်ကသာပုတာ နာမည်ကျတော့ ရှည်လျှားထွေပြားလှချည်လား”

အဖေ အမေ ပေးတဲ့နာမည်၊ အသားလွတ်ကြီး သားကိုလာဖဲ့နေတယ်၊ အရပ်ပုတယ်ဆိုတာကလည်း အော်ပု၊ အင်ပုမဟုတ်ဘူး၊ မွေးထဲကပုတာ၊ အခုလည်းပုမှာဘဲ၊ နောက်လည်းပုမှာဘဲ၊ ဘာဘဲဖြစ်ဖြစ်လေ မှုန်ကုတ် မေတ္တာမပျက်ပါဘူး၊ ချစ်ချစ်လေးရဲ့ မေမေလေ၊ နောက်ဆို ကိုယ့်မေမေ ဖြစ်တော့မှာ။

 

ဦးထွဋ်ခေါင်နန်းကတော့ စိတ်ပူလှပြီ၊ သမီးလေးကို မှုန်ကုတ်က အခုချက်ခြင်း ခေါ်သွားမယ်ဆိုရင်တောင် သူတို့က ကကဖိုးပါပေးပြီး အဝတ်အစားတွေနဲ့ တစ်ခါထဲထည့်ပေးလိုက်ချင်တာ၊ ဟုတ်တယ်လေ အင်္ဂလန် မှာ ဖက်ရှင်ကျောင်းတက်လာသလား ထင်ရတယ်၊ ဝယ်လိုက်တဲ့အဝတ်အစားကလည်း ဘီဒိုကြီးလေးလုံး တောင်မလောက်၊ ဒါတင်လားမဟုတ်သေး၊ ဖိနပ်ကလည်း အရံတစ်ရာနီးနီးရှိတယ်၊ နှုတ်ခမ်းနီ မိတ်ကပ် လိုင်နာ ဖေရှယ်ဖုန်း ရှန်ပူး ဘာညာကွိကွတွေ မှန်တင်ခုံပေါ်မှာ အပြည့်၊ အဲဒါကိုမလောက်သေးလို့ သပ်သပ် ကို ရှိုးကေ့စ်ကြီးနဲ့ ကျပ်သပ်နေအောင်ထည့်ထားရတာ၊ သူတို့ခံနေရတဲ့ သည်ဒါဏ်ကြီးကို မိုက်မိုက်မဲမဲ အစားဝင်ခံမဲ့ သူငယ်လေးရှိတုန်း အဆင်ပြေပြေလေး ဖြစ်ချင်တယ်။

 

သူ့ တုန်းကလည်း ကြည့်ဦးလေ သူက ဒေါ်မျိုးမြင့်မြတ်သူကို လူကြီးတွေအလစ်မှာ ခိုးပြေးလာတာ၊ သူတို့ ပြေးတဲ့နေရာရောက်လာလို့ လေးဘီးသမားကို (ထိုစဉ်က လေးဘီးကားများမှာ အငှားကားများဖြစ်ပါသည်) ကားခထုတ်ပေးမယ်လုပ်တော့ သူ့ယောက္ခမလောင်း အဖွားကြီးက ပေးပြီးလွှတ်လိုက်တာတဲ့၊ အမှာတောင် ပါးလိုက်သေးတယ်၊ စိတ်မပူနဲ့၊ လိုက်မရှာဘူး၊ ဖုန်းဆက်ပါ၊ နောက်တစ်လကျော်လောက်မှ လူကြီးစုံရာနဲ့ လာ တောင်းတဲ့။

သမီးလေး ခင်ကမ္ဘာကျော်ကလည်း အမေတူသမီးလားမသိ၊ လှတာမလှတာ အပထား၊ အလှအပကတော့ အရမ်းကြိုက်၊ ဦးထွဋ်ခေါင်နန်း၊ မှုန်ကုတ်ကိုကြည့်ရင်း သည်ကောင်တော်တော်တုန်းတဲ့အကောင်ဘဲ၊ ခြေမြန်လက်မြန် ခိုးပြေးသွားပါတော့လားဟု စိတ်ထဲကတွေးနေ၏။

 

ဟုတ်ဟုတ် မဟုတ်ဟုတ် ပေးစားဖို့ ဆုံးဖြတ်ပြီးဖြစ်ပေမဲ့ ဝတ္တရားအရ ဦးထွဋ်ခေါင်နန်း မှုန်ကုတ်ကို မေးခွန်း ကြီး သုံးခွန်းမေးရပါတော့တယ်၊

“မောင်ရင် မင်း သောက်တတ်လားကွ”

“ဟုတ်ကဲ့ခင်ဗျာ နဲနဲပါးပါးပါ ဝီစကီလောက်ပါဘဲ ခင်ဗျာ”

“အေးကွာ ကောင်းတာပေါ့ လူငယ်ဆိုတော့ သည်လောက်တော့ရှိမှာပေါ့၊ လောင်းကစားရောကွ”

“ဂျပန်ရောက်တုန်းက ပါချင်းကိုးမှာ ဒေါ်လာသုံးရာကျော် မှတ်မှတ်ရရ ရှုံးဖူးပါတယ်ခင်ဗျာ မကောင်းမှန်း သိလို့ နားလိုက်ပါတယ်”

“အေးကွာ တော်တာပေါ့ လူငယ်ဆိုတော့ သည်လောက်တော့ရှိမှာပေါ့ ဒါနဲ့ မောင်ရင် မိန်းမကိစ္စရော”

“ဝါသနာနဲနဲ ပါ ပါတယ်ခင်ဗျာ၊ A to Z ကို ကြောက်လို့ လုံးဝကင်းနေတာပါ”

“အေးကွာ ကောင်းတာပေါ့ လူငယ်ပေမဲ့”

ဒေါ်မျိုးမြင့်မြတ်သူ ဦးထွဋ်ခေါင်နန်းကို အသာလက်ကုတ်ပြီး နားခိုင်းလိုက်ပါတယ်၊ သမက်လောင်းနဲ့ ယောက္ခမအဖိုးကြီး လိုင်းကအတော်တူနေတယ်၊ သမီးကြီးယောက်ျား ဆရာဝန်ကြီးနဲ့ တစ်ခြားစီ၊ သည် တစ်ခါ သူမအလှည့်

“မောင်စိုးကျော်ကျော်ရဲဟိန်းသူ”

“ခင်ဗျာ”

“သည်ခေတ်ကြီးက မင်္ဂလာဆောင်မယ်ဆို ဒါးနားယား ကို သိမှကွဲ့”

“ခင်ဗျာ ဘာကိုပြောတာပါလဲ မေမေ”

ဒေါ်မျိုးမြင့်မြတ်သူ သူမကို မှုန်ကုတ်က မေမေ ခေါ်လိုက်လို့ အတန်ငယ်တော့ ကျေနပ်သွား၏၊ သမက်ကြီး တုန်းက အန်တီ အန်တီနဲ့ တစ်အန်တီထဲ အန်တီနေလို့ အန်တောင်အန်ချင်နေခဲ့တာ၊ သည်ကောင်လေးက လူရိပ်လူကဲနပ်ပုံရတယ်၊ ဒါပေမဲ့ ဒါပေမဲ့လေ သူမတို့ရဲ့ အသိုင်းအဝိုင်းကြီးမှာ ဒါးနားယားသိုင်းကွက်ကြီးမှ မပြနိုင်ရင် လူရာမဝင်ဘူးလေ၊ သည်တော့ သမက်လောင်းလေးကိုတော့ သဘောကျနေပေမဲ့ ဒါးနားယား သိုင်းကွက်ကြီးကို သိသွားအောင် တကွက်ပြီးတစ်ကွက်ပြရတော့မှာပေါ့၊

“မောင်စိုးကျော်ကျော်ရဲဟိန်းသူ ရေ”

“ခင်ဗျာ မေမေ”

“ဒါး ဆိုတာ ထရိတ်ဒါးဟော်တယ်ကြီးမှာ စေ့စပ်ဖို့ပြောတာကွဲ့ အန်တီတို့က သိပ်လည်းအကျယ်ချဲ့ မနေ ချင်ပါဘူး၊ ဆွေမျိုးကလည်း သိပ်မများတော့ လူတစ်ထောင်လောက်ဆို တော်ပါပြီနော်”

မှုန်ကုတ်ဆိုတဲ့ငကြောင်ကလည်း စိတ်ထဲကနေတွက်တာ၊ လူတစ်ထောင်ကို ရေသန့်ဗူးဝေရင် ဘယ် လောက်ကုန်မယ်ဆိုတာကို တွက်နေတာ၊ သူက ဟော်တယ်မှာ ရေသန့်ဗူးလောက်ကိုသာ တောင်း သောက်ဖူးတာ၊ သူ့အတွက် နဲ့ မေကမ္ဘာအတွက် ချန်လိုက်ရင် နှစ်ဗူးတော့သက်သာသွားမယ်လို့ တွေးနေ သေးတယ်၊ ပြီးတော့မှ စပ်ဖြဲဖြဲနဲ့

“ရပါတယ် မေမေ၊ သည်လောက်က အသေးအဖွဲပါ”

ဒေါ်မျိုးမြင့်မြတ်သူ သက်ပြင်းကိုမသိမသာချလိုက်ရင်း

“နား ဆိုတာ ဆီဒိုးနားဟော်တယ်ကြီးမှာ သားနဲ့သမီး လက်ထပ်ကြမှာပေါ့ကွယ်၊ ဒါလည်း အန်တီတို့ လူအများကြီး မဖိတ်ချင်ပါဘူး အပိုတွေ၊ လူငါးထောင် လိုလိုပိုပိုခြောက်ထောင်လောက်ဆိုတော်ပါပြီ”

ရေသန့်ဗူး မှုန်ကုတ်ကလည်း အင်း မင်္ဂလာဆောင်ဆိုတော့ ရေသန့်ဗူးနဲ့တင် မကောင်းတော့ဘူးလေ၊ သည်တော့ သူတို့နားက မင်္ဂလာဆောင်တွေလို ရေခဲမုန့် နဲ့ ဝေဖာနှစ်ချပ် ကျွေးဖို့ စိတ်ကူးလိုက်ပါတယ်၊ သူ့သူငယ်ချင်းတွေတုန်းကလိုဘဲ ခပ်ညံ့ညံ့ ရေခဲမုန့် ကို အော်ဒါမှာရင် ဘာမှမကျလောက်ဖူးတွေးပြီး

“အိုကေ အိုကေ မေမေ၊ သည်လောက်ကတော့ သား ကမ္ဘာတစ်ပတ် ပတ်လိုက်ရင်ရပါတယ်”

အားလုံးပေါင်း သိန်းသုံးရာကနေ သိန်းငါးရာနီးနီးကုန်မဲ့ ဒါးနားယားသိုင်းကွက်ကြီးရဲ့ နောက်ဆုံးတိုက်ကွက် ကို ထုတ်သုံးဖို့ ဒေါ်မျိုးမြင့်မြတ်သူ နောက်ထပ်သက်ပြင်းကိုချလိုက်ရင်း

“ဒါကနောက်ဆုံးပါကွယ်၊ ယားဆိုတာက အင်းယားလိပ်မှာ မိတ်ရင်းဆွေရင်းတွေကို ဒင်နာကျွေးဖို့ပါကွယ်၊ ဒါလည်း မဖိတ်မဖြစ် ဧည့်သည်လေးနှစ်ထောင်လောက်တော့ ဖိတ်မှ သင့်တော်မယ်လေ နော်”

သည်တစ်ခါ ဝေဖာမှုန်ကုတ် စဉ်းစားရပြီ၊ ဒင်နာဆိုတာ သူတစ်ခါမှ စားဖူးတာမဟုတ်၊ အင်းယားလိပ်ဆိုတာ ကလည်း သူကြားသာကြားဖူးတာ တစ်ခါမှ ရောက်ဖူးတာမဟုတ်၊ ဘယ်လိုနေရာမျိုးလဲဆိုတာတော့ သူနဲနဲ သိပါတယ်၊ သည်တော့ ဖြစ်ချင်ရာဖြစ် ကုန်ကုန်ခမ်းခမ်း ဒင်နာမှာ မုန့်ဖက်ထုပ်ဝေဖို့ စိတ်ကူးလိုက်တယ်၊ မုန့်ဖက်ထုပ်ကိုတော့ သူ့အမျိုးတွေကို ကိုယ်တိုင်ထုပ်ခိုင်းမယ်လို့ စိတ်ကူးလိုက်ပြီး

“မေမေ ဒင်နာကို သားကိုယ်တိုင် စီစဉ်လိုက်ပါမယ်” ဟူသတည်း။

 

ဤတွင် ရေသန့်ဗူးမှုန်ကုတ် နှင့် မညားခင်ကကျားအရှင်ဖမ်းရမဲ့ ဒါးနားယားသိုင်းကွက်ကြီး နားပါတယ်၊ မရယ်ရဘူး ပြောတဲ့လူတွေ မိန်းမ၊ ယောက်ျား၊ ဗေလုဝ၊ ဒေါ်ဂွက်ထော်နဲ့ ညားကြပါစေသတည်း။

 

ဝန်ခံချက်၊ ဖတ်ဖူးသော စာတချို့မှ အတွေးလေးများကိုလည်း ယူထားပါတယ်။

စာရေးသူ - kokogyie's fb
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: dardardar on September 07, 2011, 08:09:54 AM
မ   ရီ   ရ   ဘူး     >:(    >:(

 ဗေလုဝပဲ ယူမယ်    ;D

ဗေလုဝ ကိုယူမှ ရီရဦးမယ်



ဒေါက်တာလမ်း ရေးထားတာ မဟုတ်လို့ ပြောတာ ကိုဂျီးလမ်း ရေးရင်အားပေးမှာပါ (ဒီလိုလဲ ပြန်ပင့်သွားဦးမှ) ဟီဟီ   အဲ    kokogyieဆိုတာ ကက တော့ မဟုတ်လောက်ပါဘူးနော် ဟုတ်ရင်အကြောင်းပြန်

ကိုလမ်း ရေ မတွေ့တာကြာပီနေားD
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ဖရာရှက် on September 07, 2011, 08:21:31 AM
မ   ရီ   ရ   ဘူး     >:(    >:(

 ဗေလုဝပဲ ယူမယ်    ;D

ဗေလုဝ ကိုယူမှ ရီရဦးမယ်



ဒေါက်တာလမ်း ရေးထားတာ မဟုတ်လို့ ပြောတာ ကိုဂျီးလမ်း ရေးရင်အားပေးမှာပါ (ဒီလိုလဲ ပြန်ပင့်သွားဦးမှ) ဟီဟီ   အဲ    kokogyieဆိုတာ ကက တော့ မဟုတ်လောက်ပါဘူးနော် ဟုတ်ရင်အကြောင်းပြန်

ကိုလမ်း ရေ မတွေ့တာကြာပီနေားD

ရယ်ချင်လို့ ဗေလုဝ ယူရအုန်းမယ်
ဗေလုဝ ဆိုတာ ဟို ပိန်ပိန်နဲ့ သရုပ်ဆောင်ကို ပြောတာလား
စဉ်းစားပါအုန်း ဒါဒါရယ်
ဟိုက ခြေသလုံးသေးသေးနဲ့ ရယ်ချိန်မရမှာစိုးတယ်

ခင်လို့ပါ လို့နဲ့ပိတ်လိုက်ဦးမယ်
စိတ်ဆိုးရဘူးဗျ
 :-\
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ဖရာရှက် on September 07, 2011, 03:21:40 PM
ငရဲပြည် နဲ့ နတ်ပြည် အထူးအမြန်ရထားလမ်းကြီး

တစ်နေ့မှာ နတ်ပြည်ကသိကြားမင်းနဲ့ ငရဲပြည်ကငရဲမင်းတို့ တွေ့ဆုံပြီး နတ်ပြည်နဲ့ ငရဲပြည်ကိုတိုက်ရိုက်ဆက်သွယ်ပေးမယ့် အထူးအမြန်ရထားလမ်းကြီး တစ်လမ်းအမြန်ဖောက်ဖို့ သဘောတူသတဲ့..။ ကြားဘူတာအနေနဲ့
လူ့ပြည်ကိုသတ်မှတ်ပြီး နှစ်ဖက်ရဲ့ လမ်းဖောက်လုပ်ရေးရဲ့ ဆုံမှတ်ကလည်း
လူ့ပြည်ပဲဖြစ်ပါတယ်တဲ့..။ ငရဲပြည်ကဖောက်လာတဲ့လမ်းပိုင်းနဲ့
နတ်ပြည်ကဖောက်လာတဲ့လမ်းပိုင်း နှစ်ဖက်ဟာ အလယ်ဖြစ်တဲ့
လူ့ပြည်မှာလာဆုံမယ်ဆိုပြီး သဘောတူကြသတဲ့..။

ဒီလိုနဲ့ ငရဲမင်းကြီးလည်း အားကြိုးမာန်တက်နဲ့ ဖောက်လိုက်တာ တစ်ပါတ်လောက်ကြာတော့ လူ့ပြည်ရောက်ဖို့ လမ်းခုလတ်ကို ရောက်လာရောတဲ့..။
“ငါ့ဖက်ကတောင် ဒီလောက်ပြီးနေပြီဆိုတော့ နတ်ပြည်ဖက်ကလည်း တော်တော်ပြီးလောက်ပြီ”
..ဆိုပြီး အပေါ်ကိုမော့ကြည့်တော့..
ဘာလုပ်ငန်းမှမစသေးတာတွေ့သတဲ့..။ ဒါနဲ့
“သူတို့ဖက်က ပြီးတယ်မပြီးတယ်က သူတို့အပိုင်းပဲ..။ ကိုယ့်ဖက်ကတော့ တာဝန်ကျေဖို့လိုတယ်”
…လို့
စိတ်ကတွေးပြီး ရထားလမ်းကြီးဆက်ဖောက်တာပေါ့..။
နောက်တစ်ပါတ်လောက်ထပ်ကြာတော့
ငရဲမင်းကြီးရဲ့ ရထားလမ်းကြီးက သတ်မှတ်ဆုံရပ်ဖြစ်တဲ့
လူ့ပြည်ကိုရောက်လာပါရော…။ ဒီတော့ ငရဲမင်းကြီးလည်း အပေါ်ကိုတစ်ခါ
ထပ်မော့ကြည့်တော့ နတ်ပြည်ဖက်က ဘာလှုပ်လှုပ်ရှားရှားရှိတယ်မှ မတွေ့တော့
နဲနဲတင်းသွားတယ်..။
“ဒီလောက်ဖြစ်တဲ့ သိကြားမင်းဆိုတဲ့ကောင်..အလကားရေသာခိုနေတယ်.. မထူးဘူး..တစ်ခါတည်းဖောက်လက်စနဲ့ ငါကပဲဒီလမ်းကို
နတ်ပြည်အထိအပြီးဖောက်လိုက်တော့မယ်..”
.ဆိုပြီး ဒေါနဲ့မောနဲ့အမိန့်ပေးပြီး
ဆက်ဖောက်လိုက်တဲ့ ရထားလမ်းကြီးလည်း နောက်နှစ်ပါတ်လောက်ကြတော့
နတ်ပြည်တံခါးဝထိ ရောက်လေရော ဆိုပဲ…။

ဒါနဲ့ ငရဲမင်းကြီးလည်း သိကြားမင်းကိုတွေ့ပြီး ပွမ်တော့တာပေါ့…။
“ခင်ဗျားကြီးကပြောတော့ တစ်မျိုး.. လုပ်တော့တစ်မျိုး..။ ခုပေးမယ်ပြောပြီး အချိန်ဆွဲနေတာ.. နှစ်တွေလည်းမနဲတော့ဘူး… ဘာဖြစ်တယ်ညာဖြစ်တယ်…”
..ပေါ့..။
ဒီတော့ သိကြားမင်းက လေသံအေးလေးနဲ့ပြန်ဖြေရှင်းပါတယ်..။

“အင်း…ခင်ဗျားပြောတော့လည်း ခံရတော့မှာပဲဗျ..။ မတတ်နိုင်ဘူးလေဗျာ..။
အင်ဂျင်နီယာတို့၊ဆောက်လုပ်ရေးအရာရှိတို့၊ကန်ထရိုက်တို့ ဆိုတာ သေရင်ခင်ဗျားဆီပဲ ရောက်တာကလား..။ ကျူပ်ဆီမှာ အဲလိုကောင်တွေမရှိတော့
အလုပ်ဘယ်ကစလုပ်ရမှန်းကိုမသိတာ..။ ”
…တဲ့ဗျား…။

ကဲမခက်ပေဘူးလား
ဒီမြန်မာနိုင်ငံကအင်ဂျင်နီယာတွေ..တိုက်လေးတွေကိုကောင်းကောင်းဆောက်ပေးပြီး
နတ်ပြည်လေးတော့ တက်ပေးပါဦးလို့......................
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ဖရာရှက် on September 10, 2011, 01:43:36 PM

 ၉၀ ရာနှုန်း   ၉၀ ရာနှုန်း  ၉၀ ရာနှုန်း

 
 ၉၀ % သော ယောက်ျားများဟာ  တစ်စုံတစ်ခုသွားဝယ်ဖြစ်ရင်လည်း မိန်းမတို့ရဲ့ စေခိုင်းမှုကြောင့်ဖြစ်တယ်။  :-\
 
 ၉၀ % သော ယောက်ျားများဟာ ယောက္ခမအိမ်ကို အလည်အပတ် မသွားချင်ကြဘူး။  
၉၀ %က သွားဖြစ်ရင်လည်း ဇနီးကို မျက်နှာသာ ပေးခြင်းတာဖြစ်တယ်။  ;)
 
 ၉၀ % သော ယောက်ျားများဟာ သူဌေးအိပ်မက်ကို မက်တတ်ကြတယ်။ ချမ်းသာရင် သားသမီးကလွဲလို့ အရာအားလုံးကို လဲပစ်ချင်ကြတယ်။ ဒါပေမဲ့ ယောက်ျား  
၉၀ % က ဘယ်သူမှ မလဲဖြစ် ကြဘူး။ 8)
 
 ၉၀ % သော ယောက်ျားများဟာ မိန်းကလေးတွေနား ချည်းကပ်ပြီး ကိုယ့်ရဲ့ ကောင်းတဲ့ အပြုအမှုနဲ့ မိန်းကလေးတွေကို စောင့်ရှောက်ရဖို့ မျှော်လင့်တတ်ကြတယ်။ ဒါပေမဲ့  
၉၀ % က မျှော်လင့်ချက် မပြည့်ခဲ့ကြဘူး။  :-*
 
 ၉၀ % သော ယောက်ျားများဟာ တဏှာနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်ကြတယ်။ ဒါပေမဲ့  
၉၀ % က သူတို့ စိတ်ကူးယဉ်တဲ့ အထဲမှာ အိမ်က မိန်းမ ပါမနေဘူး။  :P
 
 ၉၀ % သော ယောက်ျားများဟာ ကိုယ်လုပ်သမျှ အကောင်းချည်းလို့ ထင်ကြပေမဲ့  
၉၀ % က မိန်းမတွေရဲ့ အပြစ်ပြောတာကို ခံရတယ်။  >:(
 
 ၉၀ % သော ယောက်ျားများဟာ မိန်းမကို ပစိပစပ်များတယ်လို့ ထင်ကြပေမဲ့  
၉၀ % က အဲဒီ ပစိပစပ်ကိုပဲ နားထောင်နေရတယ်။  :-[
 
 ၉၀ % သော ယောက်ျားများဟာ ကိုယ့်ရဲ့ အားနည်းချက်ကို သိတယ်။ ဒါပေမဲ့  
၉၀ % က ပြုပြင်လို့ မရခဲ့ဘူး။  :)
 
 ၉၀ % သော ယောက်ျားများဟာ မိန်းမလှလေးကို မြင်ရင်  
၉၀ % က သူဘယ်သူနဲ့ ဖြစ်နေလဲ။ ငါ မရလိုက်တာ နာသကွာဟု တွေးတတ်ကြသည်။ :(

Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ဖရာရှက် on September 12, 2011, 09:31:09 AM

" မြန်မာပြည်မှာ နေရတာ ကောင်းတယ်။ "


မန်ကျည်းယို၊ ဇီးယို၊ မက်မန်းပေါင်း၊ဂွေးသီးချဉ်စပ်၊ရှောက်ပေါင်း ဘာစားမလဲ စားချင်တာစား။
လက်တွန်းလှည်းထဲထည့် အဖုံးမပါ ဘာမပါနဲ့ လေဓာတ်ရေဓာတ် နေဓာတ်ကို သဘာဝကျကျ ရယူထားတဲ့ မြန်မာကြိုက် သွားရည်စာလေးတွေ။
ဘာမဆလာတွေသုံး၊ ဘာ အရောင်တင်မှုန့်တွေသုံး၊ ဘာ ငံပြာရည်တွေ သုံးထားလည်းတော့ မသိဘူး။

ချဉ်ငန်စပ် ရောင်းနေတဲ့လူရဲ့ ချွေးစက်တွေတောင် ပါချင်ပါဦးမှာ။
ဘယ်လောက် သဘာဝနဲ့နီး စပ်သလဲ။ နိုင်ငံခြားမှာရလို့လား။
တွေဝေမနေနဲ့ တရုတ်တန်းသွား တုတ်ထိုးလေးစားကြည့် လိုက်ဦး။
ဝက်တစ်ကောင်လုံး အမွှေးတောင် စားမရလို့ ချန်ထား ရတာ။ ဘာနဲ့ သေလို့ သေမှန်း မသိတဲ့ ဝက်တွေလည်း ပါချင်ပါဦးမှာပဲ။
အရသာ ရှိလေစွ။ မနေ့က တနေ့ကရောင်းမကုန် တဲ့ အသားတွေလည်း ရောထည့် မူးမူးနဲ့ တွယ်သာ တွယ်လိုက်။ ဘာမှတောင် သိလိုက်မှာ မဟုတ် ဘူး။
တုတ်ထိုးစားပြီး အဆီတစ် နေရင် လမ်းဘေးက ဖျော်ရည်လေးဝယ်သောက်လိုက်ဦး။
ဟိုကိုင်ဒီကိုင် ကိုင်ထားတဲ့ လက်လေးနဲ့ အားပါးတရ ညှစ်ဖျော် ထားတဲ့ သံပုရာသီး ဖျော်ရည်လေးကို ဘာရေနဲ့ လုပ်ထားမှန်း မသိတဲ့ ရေခဲနဲ့
ခပ်ဆဆမွှေ၊အခါတစ်သောင်းလောက် ဆေး ထားပြီးသား ခွက်ဆေးရည်နဲ့ ဆေးထားတဲ့ ဖန်ခွက်မှာထည့်။
မော့ပေရော့ လတ်လတ်ဆတ်ဆတ်။ တော်ပြီလား ကြံရည်လေးလည်း သောက်သွားဦး။

ယင်ကောင်က တလောင်းလောင်းနဲ့ အဖတ်စစ်တဲ့ အဝတ်က ဘယ်နှစ်ရက် မလျှော်ဘဲထားတဲ့ လက်နှီးစုတ်မှန်း မသိဘူး။
ကြံတွေ ဘယ်က ယူလာသလဲ ဆိုတာလည်း ကြည့်လိုက်ဦး ခြေနင်းပတ်မှာ ပိုးလိုးပက်လက်။
မြေဓာတ်ကို အပြည့်အဝ ယူ ထားတာ။ ရလား စင်္ကာပူမှာ။
ကြာပါတယ် အဆင်ပြေတုန်း လက်သုပ်စုံလေးပါ ဆွဲလိုက်။
ကားတွေက ဘေးနားမှာ တဝီဝီ၊လက်တဝါးစာ ထိုင်ခုံပေါ်က ကျွံ ထွက် နေတဲ့ဖင် ကားနဲ့ မချိတ်မိရင် ကံကောင်း။
အမယ်ငရုတ်ဆီတွေများ ဘယ်သူက တားထားထား စားနေကြတာက တရွှဲရွှဲနဲ့ နီရဲနေတာပဲ။
နယ်ဖတ်နေတဲ့ လက်ကြီး ကြည့်ပြန်တော့ ဂျုံနယ်သမား လိုပဲ။
တခါနယ်ပြီးတိုင်း ပလုံဆိုဘေးနားက ရေပုံးခပ်စုတ်စုတ်ထဲ လက်ကို ဆင်းစိမ်လိုက်သေးတယ်။
ပြီးရင် ဂျီးဗလပွနဲ့လက်နှီးစုတ်ကို သုတ်တယ်။
ကံကောင်းရင် အန်တီ နှံ့နှံ့လေး နယ်ပေး နော်။
ဒါမှစားကောင်းတာဆိုတဲ့ သောက်ပျင်းထူထူ မိန်းမတွေကို စားရင်းသောက်ရင်း ငေးလို့ရသေးတယ်။ဒါပေမယ့် လည်း အဲလိုနေရာတွေ သိပ်ကြာကြာမနေနဲ့။
လူဗွက်ပေါက်နေတဲ့ လမ်းတလျှောက်ကြော်လှော်နေကြတဲ့ ဆီပူအိုးတွေ ဆီပူအိုးတွေ ဆိုတာ။
ဖိုင်နယ်ဒစ်စတီနေရှင်း နောက်ဆက်တွဲတွေ မြန်မာပြည်မှာ ရိုက်ကောင်း ရိုက်နေရဦးမယ်။
အိမ်ပြန်တဲ့အခါလည်းလမ်းလျှောက်ပြန်ဖို့တော့ မစဉ်းစားနဲ့။
ကားပေါ်ကနေ ပြစ်ခနဲ ထွေးလိုက်တဲ့ ကွမ်းသွေးတွေ သလိပ်ဖတ်တွေ ထိနေမယ်။
လိုင်းကားလေးနဲ့ပြန်။ ကားနဲ့ ပြန်တယ်ဆိုပြီးတော့ ဟိုဟိုဒီဒီလျှောက်မကိုင်နဲ့ဦး၊ သူများရဲ့ပီကေဖတ်တွေ၊ ချွဲတွေ လက်မှာ ပေကုန်မယ်။
အိမ်ပြန်ရောက်ရင် ညဘက် အင်စတန့်ကော်ဖီလေးလည်း သောက်လိုက်ဦး။ ဘာဓာတ်တွေ ဘယ်လိုအချိုးနဲ့ ပါနေမှန်းတော့ မသိဘူး။

သောက်ကောင်းတာပဲ။ သေကာမှ သေရော။
ကြော်ငြာထားတာတွေကလည်း အလွန်။ မျိုမချပါနဲ့ငုံထားပါ ဆိုလား ဘာလား။ ထားတော့ ကော်ဖီမကြိုက်ရင် ဘီယာဆိုင်သွား။
အိမ်မှာနေလဲမီးပျက်နေမှာပဲ။
မထူးဘူး လင်းလင်းချင်းချင်း ရှိတဲ့ ဘီယာဆိုင် လေးသွားပြီး အချိန်ဖြုန်းလိုက်။တစ်ခွက် ၇၀၀ သောက်လိုက်စမ်းပါ ၆ခွက်လောက်တော့။ ဘာအရေးလဲ။ အသားကင်တွေ စားရင်ကင်ဆာဖြစ်တယ်ဆိုတာ မိုးလုံးပြည့် မုသာဝါဒတွေပဲ ဖြစ်မှာပဲ။
ဒီတော့ ဝက်နံကင်လေး၊ကြက်ဖင်ဆီဖူးကင်လေး၊ ငါး ကင်လေး နဲ့ ဆွဲပစ်လိုက်။
အချိန်မတော် ပြန်လာလို့ အိမ်ကတံခါးမဖွင့်ပေးဘူးလား။
အနှိပ်ခန်း သွားအိပ်လို့ ရသေးတယ်။
မှိုလိုပေါက်နေတာ ဘာအရေး လဲ။
ဝါသနာပါရင် ဝါသနာပါရင်.. အင်း အခန်းထဲ ထမင်းဟင်း မှာစားလို့ ရသေးတယ်လို့ပြောမလို့။
ကဲ အိမ်ပြန်ရောက်ပြီး စာအုပ် လေးဖတ်ရင်း ခံတွင်းလေးဟာလာရင် လက်ဖက်သုတ်လေးဝါးချင်ဝါးလို့ ရသေးတယ်။
အောင်မလေး ဆိုးဆေးတွေ စိမ်ဆေး တွေဆိုတာ အခုမှ ကြောက်နေကြတာ ကိုယ့်လူ။
တမြန်နှစ်က ကျုပ်ကြီးတော်ကြီး သေတုန်းက ဘာမှန်းတောင် မသိလိုက်ဘူး။
ဒီလိုပဲ ဘာမှမသိသေးတော့ သေရိုးသေစဉ်ပေါ့။
မြေချတော့တောင် သူကြိုက်တတ်တဲ့ လက်ဖက်လေးထည့်ပေးလိုက်သေးတယ်။ လက်ဖက်သားလေးတွေဆိုတာ ဝင်းလို့။
အညွန့်လေးတွေဆိုတာတောင့်လို့ ကော့လို့။ အလောင်းပြန်တူးပြီး တရားစွဲရ အခုဆို နိုင်ချင်နိုင်ဦးမှာပ။
ဘာအရေးလဲ။
ကိုယ်ကြိုက်တာလေးစားပြီး သေသွားတာ ကျေနပ်စရာကြီး မဟုတ်ဘူးလား။


Credit to ( မူရင်းရေးသားသူ ဖော်ပြမထား၍ ထိုသူကိုပဲ ရည်ရွယ်ပါသည်။ )


Title: Re: နှစ်သက်မိသော သရော်စာများ
Post by: lu soe lay on September 15, 2011, 09:38:31 PM
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ.၀န်ဆောင်မူတွေကို တော်တော်ဒေါသထွက်ပေါက်ကွဲနေတဲ့  ဂျာမာန်စစ်ဗိုလ်ချုပ် ဟစ်တလာရဲ.မူဗီပါ
ဒေါင်းပြီးသာကြည်ကြပါဗျာ


http://ifile.it/jm1lckd/MPT%20%20%20Hitler_s%20Secret%20%28Myanmar%20Subtitled%29.flv


ဒေါက်တာချက်ကြီး
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ဖရာရှက် on September 16, 2011, 07:04:32 AM
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ.၀န်ဆောင်မူတွေကို တော်တော်ဒေါသထွက်ပေါက်ကွဲနေတဲ့  ဂျာမာန်စစ်ဗိုလ်ချုပ် ဟစ်တလာရဲ.မူဗီပါ
ဒေါင်းပြီးသာကြည်ကြပါဗျာ

http://ifile.it/jm1lckd/MPT%20%20%20Hitler_s%20Secret%20%28Myanmar%20Subtitled%29.flv

ဒေါက်တာချက်ကြီး

တိုက်ရိုက်ကြည့်ချင်ရင် ဒီကိုသွားလိုက်ဗျာ။

ကြည့်ဖူးကြမလားတော့ မသိဘူးဗျာ
မကြည့်ရသေးသူများအတွက် လင်ခ် အောက်မှာဗျာ

http://www.youtube.com/watch?v=5BUoJtoycaM&feature=youtu.be




Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ဖရာရှက် on September 20, 2011, 08:01:59 AM

ယောက်ျားတွေ ဘာကြောင့်လိမ်ပြောကြ တာလဲ ?

ဘာ့ကြောင့် ..... ဘာ့ကြောင့်.... လိမ် ရတာလဲ ....အောက်တွင် ဖတ်ကြည့်လိုက်ပါ ခင်ဗျား။ .......

တနေ့ သောအခါ သစ်ခုတ်သမား တစ်ယောက် သည် မြစ်ကမ်းနဘေးရှိ သစ်ပင်ကိုခုတ်ရင်း အရှိန်လွန်ကာ ပုဆိန် ရေထဲသို့ ပြုတ်ကျသွားလေသည်။
ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏…
ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..
မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား
သစ်ခုတ်သမား – ကျွန်တော့် ပုဆိန် ရေထဲပြုတ်ကျသွားလို့ပါ.. ထိုပုဆိန်နဲ့ပဲ ကျွန်တော် သက်မွေးရတာပါ အရှင်.. အသစ်လဲမ၀ယ်နိုင်ပါဘူး…
ဟုအမှန်အတိုင်းဖြေလိုက်တော့ မြစ်စောင့်နတ်လဲ ကိုယ်ရောင်ဖျောက်ပြီး ..
ခဏအကြာ ရွှေပုဆိန် နဲ့ ပြန်ရောက်လာပြီး
မြစ်စောင့်နတ် – ဒါသင့်ပုဆိန်လား
သစ်ခုတ်သမား – မဟုတ်ပါဘူး
ထိုအခါ မြစ်စောင့်နတ် လဲ ငွေပုဆိန်ကိုပြပြီး
မြစ်စောင့်နတ် – ဒါရောသင့်ပုဆိန်လား
သစ်ခုတ်သမား – မဟုတ်ပါဘူး
ထိုအခါ မြစ်စောင့်နတ်လဲ သံပုဆိန်ကို ပြပြီး
မြစ်စောင့်နတ် – ဒါရော သင့်ပုဆိန်လား
သစ်ခုတ်သမား – ဟုတ်ပါတယ် ..ကျွန်တော်မျိုး ပုဆိန်ပါ
ဟုဖြေလိုက်သော် မြစ်စောင့်နတ် လည်း ကျေနပ်ပြီး သစ်ခုတ်သမား ၏ ရိုးသားမှုကို အသိအမှတ်ပြုသော အားဖြင့်
ပုဆိန်သုံးလက်စလုံးကို သစ်ခုတ်သမားအားပေးလိုက်လေသည်….
ကာလအတန်ကြာသော် ထိုသစ်ခုတ်သမား တို့ လင်မယားသည် မြစ်ကမ်းနဘေးတွင်လမ်းလျှေက်နေစဉ် သူ၏ဇနီးမှာ ခြေချော်ပြီး ရေထဲသို့ပြုတ်ကျသွားလေသည်…
ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ၀မ်းနည်းစွာ ငိုကြွေးလေ၏…
ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..
မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရတာလဲ အသင်လူသား
သစ်ခုတ်သမား – ကျွန်တော့်မိန်းမရေထဲပြုတ်ကျသွားလို့ပါ အရှင်
ဟုအမှန်အတိုင်းဖြေလိုက်တော့ မြစ်စောင့်နတ်လဲ ကိုယ်ရောင်ဖျောက်ပြီး ..
ခဏအကြာ “တင်ဇာဝင့်ကျော်” နဲ့ ပြန်ရောက်လာပြီး
မြစ်စောင့်နတ် – ဒါသင့် မိန်းမလား  ဟုမေးသော်
သစ်ခုတ်သမား – ဟုတ်ပါသည် အရှင်နတ်မင်းကြီး
ထိုအခါမြစ်စောင့်နတ်လဲ ဒေါသထွက်ပြီး .. “သင် လိမ်ပေသည် မမှန်စကားကိုဆိုလေသည်” 
ဟုပြောသော်
သစ်ခုတ်သမားက
“ခွင့်လွတ်ပါ.. အရှင် နတ်မင်းကြီး … ကျွန်တော်လိမ်ချင်လို့ လိမ်ရခြင်းမဟုတ်ပါ…အကယ်၍ “တင်ဇာဝင့်ကျော်” ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် ..
နတ်မင်းကြီး လည်း “မိုဟေကို” ကိုပြပေလိမ့်မည်… အကယ်၍ “မိုဟေကို” ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် ..
နတ်မင်းကြီး လည်း ကျွန်တော် မိန်းမ ကိုပြပေလိမ့်မည်…
ထိုအခါ ကျွန်တော်မျိုးက အမှန်အတိုင်း ဟုတ်ပါသည် ဟုဖြေသော်
အရှင်နတ်မင်းကြီး က ကျွန်တော့်ကို မိန်းမသုံးယောက်စလုံးပေးပေလိမ့်မည် …။
အရှင်နတ်မင်းကြီး ကျွန်တော်မျိုးသည် အလွန်ဆင်းရဲ ပါသည် ထိုကြောင့် ဘယ်လိုမှ မိန်းမသုံယောက်ဝမ်းဝအောင် ရှာမကျွေးနိုင်ပါ ..
ထိုကြောင့် “တင်ဇာဝင့်ကျော်” ကို ကျွန်တော့် မိန်းမ ပါဟု ဖြေလိုက်ရခြင်းဖြစ်ပါတယ် ”
ထိုအခါ မြစ်စောင့်နတ် လဲ လွန်စွာ ကျေနပ်ပြီး သစ်ခုတ်သမား ၏ ရိုးသားမှုကို ဂုဏ်ပြုသောအားဖြင့် မိန်းမသုံးယောက်လုံး ကိုပေးပြီး
အသက်စာ စာမကုန်သော စည်းစိမ်တို့ကို ပါပေးလိုက်လေသည်.. ။
ဤ ပုံပြင်လေး ၏ အဓိက ရည်ရွယ်ချက်ကတော့ … ယောကျာ်းမျာ  လိမ်ပြောသည်ဆိုရာတွင် လိမ်ချင်၍ မဟုတ်ပဲ….
လက်ရှိ ပကတိ အခြေအနေအရ ရိုးသားစွာ လိမ်ခြင်း ဖြစ်ပါကြောင်း …..
 “အဖြူရောင် မုသား” များသာဖြစ်ကြောင်းသိစေလို၍ ဖြစ်ပါသည် …..

ဟီး ဟီး
(သဘောတူသော ကျောင်းတော်သားများ ဩဘာပေး ဗုတ်ကြပါခင်ဗျား။ )

 ;D ;D ;D
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ဖရာရှက် on September 30, 2011, 04:15:52 PM
;D
(ရေးသူ မသိ၊ ဖော်ဝဒ်မေးလ်)
နေ့တိုင်းပွားရင်း ပျော်ရွင်နိုင်ကြပါစေ......

*မေတ္တာပွားနည်း*

??? ဒို့ပြည်မြန်မာ အိမ်တကာ ကွန်ပျူတာ ရှိပါစေ......

 :( မရှိသူများ ဆိုင်မှာသွား တော်ကီ (talking) ပွားနိုင်စေ...။

 :) ပီစီ (PC) တစ်လုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ....

 :-\ ပီစီ (PC) ၏ ရန် ဗိုင်းရပ်(စ်)ဒါဏ် တွန်းလှန်နိုင်ပါစေ.....။

 :-* “ အွန်လိုင်း” တက်လာ များသူငါ “ကြူ” နိုင်ကြပါစေ.....

 :'( “ ကြူ သူ”တိုင်းဟာ အမြဲသာ ရင်ထဲရှိပါစေ။

 ;D “chatting” ထိုင်စဉ် ပြုံးပျော်ရွှင် အဆင်ပြေပါစေ....

 :( “ချက်ချိန်”တိုင်းတွင် အမြဲပင် “ကွန်နက်ရှင်” (connection) ကောင်းပါစေ။

 8) “ ဘလော့ဂ် ” ရောက်လာမိတ်သဟာ ကျန်းမာကြပါစေ...

 >:( စပ်မိစပ်ရာ ဗလချာ ....ရေးနိုင်ကြပါစေ....။

 >:( “ ဘလော့ဂ်ဂါ ”အချင်းချင်း ရန်စောင်ခြင်း လွတ်ကင်းကြပါစေ.....

 :P “ ချိန်း၊ချက် ” ရန်ရှာ၊ ပြဿနာ...ရှောင်နိုင်ကြပါစေ...။

 :) ခြိမ်းခြောက်လိုချင်း အချင်းချင်း ကင်းရှင်းကြပါစေ....

 :( ကိုယ့်ထက်သာသူ...ကိုယ့်အောက်လူ ကူညီနိုင်ပါစေ...။

 :-* ဒို့ မေတ္တာစွမ်း နှစ်ခါနမ်း... (အာ...ရောကုန်ပီ sorry) ကမ္ဘာလွှမ်း အေးချမ်းကြပါစေ....။

 ;D မေတ္တာရေချမ်းကိုယ်စီဖြန်း..... အရမ်းလန်းပါစေ...။ 



Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ဖရာရှက် on October 22, 2011, 05:27:14 PM
မြန်မာဆိုတာ ဒီလို

ပြည်သူ့ သဘောထား

၁။   ယဉ်ကျေးလိမ္မာ များထက်သာ      ဒို့မြန်မာ
၂။   မျိုးကောင်းသားများ မွေးဖွားရာ      ဒို့မြန်မာ
၃။   ကိုယ်ချင်းစာတရား ထားတတ်တာ      ဒို့မြန်မာ
၎။   ကူညီဖို့ရာ လက်မနှေးတတ်တာ      ဒို့မြန်မာ
၅။   အညှိုးအတေးမကြီးတတ်တာ      ဒို့မြန်မာ
၆။   အမှတ်မရှိ သနားတတ်တာ      ဒို့မြန်မာ
၇။   အမြဲလိုလို အားနာတတ်တာ      ဒို့မြန်မာ
၈။   ဘာတွေဖြစ်ဖြစ် ပြုံးနေတတ်တာ      ဒို့မြန်မာ
၉။   ရှေ့နောက် မတူ အလယ်ထိုင်လွဲ ဇွဲမလျှော့တာ      ဒို့မြန်မာ
၁၀။  အမှားအမှန် မဝေဖန် ခေါင်းငုံ့ခံတာ      ဒို့မြန်မာ
၁၁။  နဲနဲလုပ်ငြား များများကြွား မှတ်သား      ဒို့မြန်မာ
၁၂။  ငါနဲ့မတူ ငါ့ရန်သူ မှတ်ယူ      ဒို့မြန်မာ
၁၃။  သူများကောင်းစား မနာလိုပွါး      ဒို့မြန်မာ
၁၄။  သူများအပေါ်ကောင်း အချင်းချင်းထောင်း      ဒို့မြန်မာ
၁၅။  မဆင်ခြင်ပါ အထင်ကြီးတတ်တာ      ဒို့မြန်မာ
၁၆။  ဘယ်လိုနှိပ်စက် မနာတတ်တာ      ဒို့မြန်မာ
၁၇။  ရှိရှိ မရှိရှိ ကြွားဝါတတ်တာ      ဒို့မြန်မာ
၁၈။  သာပေါင်းညာစား ပြောဆိုတတ်တာ      ဒို့မြန်မာ
၁၉။  ဟို ဒီ အကြောင်းပြ အပျင်းကြီးတတ်တာ      ဒို့မြန်မာ
၂၀။  ရာထူးဂုဏ်သိမ် အလွန်မက်တာ      ဒို့မြန်မာ
၂၁။  ရိုးသားသူများ လူ့ငနွား အခေါ်ခံရတတ်တာ       ဒို့မြန်မာ



စီးပွါးရေး ဦးတည်ချက်

၂၂။  လေယာဉ်ပျံ ပိုင်ရှင်များပေါ်လို့လာ      အဲဒါဒို့မြန်မာ
၂၃။  ခရက်ဒစ်ကဒ် မသုံးပါ လက်ငင်းရှင်းတာ      ဒို့မြန်မာ
၂၄။  ဟန်းဖုန်း ၁လုံး ၁သန်းနီးနီးတန်တာ      ဒို့မြန်မာ
၂၅။  ပုခုံး အပွင့်ရှိမှ အလုပ်ဖြစ်တာ      ဒို့မြန်မာ
၂၆။  တံခါးဖွင့်စီပွါး ကျင့်သုံးကာ ရေ တွေလောင်းရတာ      ဒို့မြန်မာ
၂၇။  ကပ်ပွါးသမားများ ချမ်းသာတာ      ဒို့မြန်မာ
၂၈။  စက်မှုဇုံထုတ် ကားဟောင်းများ ဈေးကောင်းရတာ      ဒို့မြန်မာ
၂၉။  တိုရိုတာက ရွှေပြည်သာ ဖြစ်တာ      ဒို့မြန်မာ
၃၀။  ဝစ်သောက်ကားများ ဝန်ကြီးကားဖြစ်လာတာ      ဒို့မြန်မာ
၃၁။  လိတ်တက်ကားစီး ဝန်ကြီးသားသမီး ဒီလိုဖြစ်တာ         ဒို့မြန်မာ
၃၂။  လူကြီးအမျိုးများ ကောင်းကောင်းဝါး စားပိုးနင့်တာ      ဒို့မြန်မာ
၃၃။  စီးပွါးဖြစ်ရာ လိုက်လုပ်တတ်တာ      ဒို့မြန်မာ
၃၄။  ပိုက်ဆံဈေးကျ သုံးမရ အပြုံးမပျက်တာ      ဒို့မြန်မာ
၃၅။  စီးပွါးပိတ်ဆို့ အမေရိကန်တို့ ဂရုမစိုက်တာ      ဒို့မြန်မာ
၃၆။  ရပ်ကွက် ၁ခု ပတ်၃ခု ဖွင့်လို့ဖြစ်တာ      ဒို့မြန်မာ
၃၇။  တောင်သူလယ်သမား ဘိန်းစိုက်စား စီးပွါးတက်တာ      ဒို့မြန်မာ
၃၈။  လူတွေပေါ်များ အလုပ်ရှား နိုင်ငံခြားသွား အလုပ်သမားဖြစ်လာ      ဒို့မြန်မာ
၃၉။  ချမ်းသာသူများ အလုပ်မရှား စီးရီး ထုတ်တာ      ဒို့မြန်မာ




ပညာရေး ဦးတည်ချက်

၄၀။  ပညာတတ်များ ထောင်ပို့ထား      ဒို့မြန်မာ
၄၁။  ဖတ်တတ်ရုံလေး သင်ကာပေး ဆိုးရွားနေတာ      ဒို့မြန်မာ
၄၂။  ဘွဲ့ရသော်ငြား အလုပ်ရှား မှတ်ထားအဲဒါ      ဒို့မြန်မာ   
(မှတ်ချက်    အချစ်တက္ကသိုလ် ကဘွဲ့ရလျှင်တော့ အလုပ် မရှားပါခင်ဗျား။)
၄၃။  ၁၀တန်းအောင်များ နိုင်ငံခြားသွား တက္ကသိုလ်မတက်တာ      ဒို့မြန်မာ
၄၄။  တက္ကသိုလ်ကျောင်းသား မှန်ခဲ့ငြား ဖဲရိုက်တတ်တာ      ဒို့မြန်မာ
၄၅။  တနှစ်ဆယ်ရက် အဝေးသင်တက် အောင်ချက်ကောင်းတာ      ဒို့မြန်မာ
၄၆။  သမိုင်းကြောင်းများ ပုံပြင်အလား သင်ကြားကြတာ      ဒို့မြန်မာ





ကျန်းမာရေး ဦးတည်ချက်

နိုင်ငံရေး ဦးတည်ချက်

  ;D  ( ခံစားချက် တူကြမယ်ဆိုလျှင် ဩဘာပေးနိုင်ပါတယ် ခင်ဗျား။ )   ;D
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ဖရာရှက် on October 27, 2011, 01:43:57 PM
မြန်မာဆိုတာ ဒီလို

 :-[
(click to show/hide)
[/spoiler]

 :-[

မပြီးသေးတာ ဆက်ရိုက်ပါဦးမယ်

ကျန်းမာရေး ဦးတည်ချက်


၄၇။ ၁နေ့ ၂ခါ ၂လုံးရောဂါ အမြဲဖြစ်တာ        ဒို့မြန်မာ
၄၈။  ဆေးဝါးမရှိပါ နိုင်ငံအဝှမ်း ဆေးရုံမှာ        ဒို့မြန်မာ
၄၉။  A ကိုက်သူများ ပေါကြွယ်လာ        ဒို့မြန်မာ



အားကစားဦးတည်ချက်


၅၀။  ဘော်လုံးကန်ပွဲ သောက်ရှက်ကွဲလဲ စိတ်မနာနိုင်တာ        ဒို့မြန်မာ
၅၁။  ဘော်လုံးပွဲမှာ အမြဲသာ စောက်တလွဲဖြစ်တာ        ဒို့မြန်မာ



ဘာသာရေး ဦးတည်ချက်


၅၂။  ဗုဒ္ဓသာသနာ ထွန်းကားရာ        ဒို့မြန်မာ
၅၃။  ကျောင်းကန်ဘုရားပေါလှတာ        ဒို့မြန်မာ
၅၄။  အလှူဒါန ရက်ရောတာ        ဒို့မြန်မာ
၅၅။  နေရာတိုင်းလို လှုစေလို ကောက်ခံတတ်တာ        ဒို့မြန်မာ
၅၆။  ကိစ္စပြီးအောင် အရက် လက်ဆောင် ကန်တော့ရတာ        ဒို့မြန်မာ
၅၇။  နိဗ္ဗာန်ရောက်ကြောင်း တရားကောင်း ချဲအတိတ်ကောက်တတ်တာ        ဒို့မြန်မာ
၅၈။  ချဲပေါက်ဖို့အကြောင်း ဆုတွေတောင်း ဘုရားကိုပါ နားငြီးစေတာ        ဒို့မြန်မာ
၅၉။ ​‌​နတ်ပန်းမညှိုး ဘုရားပန်းညှိုး စင်းစားစရာ        ဒို့မြန်မာ
၆၀။  ကြွားဝါဖို့အရေး အလှုပေး ယဉ်ကျေးလိမ္မာ        ဒို့မြန်မာ
၆၁။  ဗေဒင်စကား ထင်ယောင်မှား ယတြာခြေတာ        ဒို့မြန်မာ
၆၂။  များများလှုမှ နိဗ္ဗာန်ရ ထင်ကြ        ဒို့မြန်မာ
၆၃။  လော်နဲ့အော်မှ စိတ်တိုင်းကြ ဓလေ့ဖြစ်လာ အဲဒါ        ဒို့မြန်မာ
၆၄။  လှူယောင် ဟန်ထွင် သရုပ်ပြင် ပေါ်တင်လုပ်တတ်ကြတာ        ဒို့မြန်မာ



လူမှုရေး ဦးတည်ချက်


၆၅။  ကူညီသယောင် အယောင်ဆောင် မျက်နှာပြောင်တာ        ဒို့မြန်မာ
၆၆။  ဟိုစပ်စပ် ဒီစပ်စပ် အကုန်တတ် ဆရာများတာ        ဒို့မြန်မာ
၆၇။  မသိလဲ လက်ခံ နားမလည်လဲ ပြန်မမေး ခေါင်းညှိတ်လက်ခံ လမ်းကြောင်းမှန်လို့ မှတ်သားတတ်တာ        ဒို့မြန်မာ
၆၈။  ရုံးကိစ္စများ အခါခါသွား ပွဲစားရှိမှ အဆင်ပြေကြ အဲဒါ[/color]        ဒို့မြန်မာ
၆၉။  စစ်ကားရိုက်သွား သရုပ်ဆောင်များ အကယ်ဒမီရတာ        ဒို့မြန်မာ
၇၀။  မီးမလာပဲ အမှောင်ထဲ ဖဲရိုက်တတ်ကြတာ        ဒို့မြန်မာ
၇၁။  ယဉ်ကျေးမှုလဲ မြင့်ခဲ့ဘူးတာ        ဒို့မြန်မာ
၇၂။  ၂၄နာရီ မီးပျက်သော်လဲ မမှုပဲ ဖြစ်သလိုနေခဲ့တာ        ဒို့မြန်မာ
၇၃။  ပိုက်ဆံတောင်းတာ ဝန်ထမ်း အကျင့်ဖြစ်နေတာ အဲဒါ        ဒို့မြန်မာ
၇၄။  ရုံးဝန်ထမ်းတွေ လက်ဖက်ရည်သောက်တာ (အကို လက်ဖက်ရည်ဖိုးလေး မ စပါဦး) အဲဒါလဲ        ဒို့မြန်မာ
၇၅။  အသင်းဖွဲ့လဲ စိတ်ဝမ်းကွဲ ကြာကြာမမြဲတာ        ဒို့မြန်မာ
၇၆။  သင်္ကြန်တွင်းဆို အသေပျော်တာ        ဒို့မြန်မာ
၇၇။  ဝက်ဆိုဒ်အများစု အဘမ်းခံရတာ        ဒို့မြန်မာ
၇၈။  တီထွင်ခံစား မရေးအား ကော်ပီသီချင်းများ ဆိုတာ        ဒို့မြန်မာ
၇၉။  ဗီဒီယို ၁ကား ၃ရက် နဲ့များ ခံစားရိုက်ထုတ်နိုင်တာ        ဒို့မြန်မာ
၈၀။  ဘတ်စကားပေါ် အထောက်တော် အလွန်ပေါ်များနေတာ        ဒို့မြန်မာ
၈၁။  လမ်းဘေးတိုင်းမှာ ဆိုင်ကွမ်းယာ တွေ့မြင်ရတာ        ဒို့မြန်မာ
၈၂။  တောင်းစားသူများ လွန်ပေါများ နေရာတိုင်းမှာ တွေ့နိုင်တာ အဲဒါ        ဒို့မြန်မာ
၈၃။  လက်ဖက်ရယ်ဆိုင် ကြည့် ကြည့်ပါ အချိန်မရွေး စည်ကားဆဲ အဲဒါလဲ        ဒို့မြန်မာ
၈၄။  လက်ညှိုးထိုး မလွဲသွား ဘီယာဆိုင်များ လူအမြဲမပြတ်နေတာ        ဒို့မြန်မာ
၈၅။  အင်တာနက် ကွန်နက်ရှင် စပိမကောင်းတာ        ဒို့မြန်မာ
၈၆။  ချစ်ကြိုက်ကွဲညားဇာတ်လမ်းများ မရိုးအီပဲ အားပေးနိုင်တာ        ဒို့မြန်မာ
၈၇။  ကိုရီးယားကား ဇာတ်လမ်းများ ကြီးငယ်မရွေး အချိန်တိုင်းအားပေးတာ        ဒို့မြန်မာ
၈၈။  ကူးခွေထွက်တော့ မတရား ကွန်ပြူတာဆော့ဝဲ အလကားသုံးတော့တရားတတ်တာ        ဒို့မြန်မာ



နိုင်ငံရေး ဦးတည်ချက်

၈၉။  x​‌​xxxx
၉၀။  xxxxx
၁၀၀။ ဟီး အချစ်တက္ကသိုလ်ကျောင်းသား မို့သိဘူးဗျာ


  ;D  ( ခံစားချက် တူကြမယ်ဆိုလျှင် ဩဘာပေးနိုင်ပါတယ် ခင်ဗျား။ )   ;D
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ဖရာရှက် on November 05, 2011, 07:52:35 AM
လူငယ်တွေထဲက ဟာသာ အတိုအထွာ

(သူငယ်ချင်းတစ်ယောက်၏ စာသားအား သမလာပါသည်၊ အားမနာ လျှာမကျိုး ဝေဖန်နိုင်ကြပါသည်)

:-\ဘ၀ဆက်တိုင်း..... အင်္ဂလန်မှာ ဘောလုံး သမား...
ကိုရီးယားမှာ မင်းသား...
ဂျပန်မှာ ယာကူဇာ...
ယူအက်စ်မှာ မာဖီးယား...
မြန်မာ နိုင်ငံမှာ လူကြီးသား
ဖြစ်ပါရစေ အရှင်ဘုရား။  :-\


 >:("ကတုံး တုံးပြီး တောထွက်မယ် ဆိုတော့လဲ တောက ပြုန်းနေပြီ...
အင်းလေးကန်ထဲခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေမယ် ဆိုတော့လဲ.... ရေက မရှိ
shockရိုက်ပြီး suicide လုပ်မယ် ဆိုတော့လဲ မီးက မလာ...၊
ဆေးဝယ်သောက်ပြီးကိစ္စတုံးမယ် ဆိုတော့ အတုဖြစ်နေ...."
ဒါနဲ့ အကြံပေးလိုက်ပါတယ်..
လမ်းကြောင်းလာတဲ့ အချိန်မှာ လမ်းပိတ် ရပ်နေလိုက် အသေ တိုက်သတ်လိမ့်မယ်၊
မသေသေး ဘူးလား မပူနဲ့ သေနတ်နဲ့ဆင်းပစ်လိမ့်မယ် လို့  >:(


 ;D"“ပျော်ပျော်နေ သေခဲ … မော်တော်နေ ရေထဲ …
အိမ်မှာနေ အမေဆဲ … ရန်ကုန်မှာနေ ဗုံးကွဲ … နေပြည်တော်မှာနေ အသားမည်း …
အမြင့်ဆုံးကိုတက် အချစ်ဆုံးကို ဖက်ပြီး အော်လိုက်မယ် … မီးလာပြီ …
မီးလာပြီ … ဟေး”  ;D

Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ivory on November 06, 2011, 12:35:02 PM
ကျွန်ုပ်တို့သည် မြန်မာလူမျိုးများ မဟုတ်ကြပါ
BSN Asia-Pacific
(ရေးသူ- အာဏာဂျူး)


ကျွန်ုပ်တို့ ယိုးဒယားဂျာ (့Yodayagya)လူမျိုးများသည် ထိုင်းနိုင်ငံ အနောက်ပိုင်း၊ မြန်မာနိုင်ငံနှင့် နယ်ချင်း ထိစပ်သော နေရာများတွင် အဓိက နေထိုင်ကြပါသည်။ ကျွန်ုပ်တို့သည် မြန်မာလူမျိုးများနှင့် ရုပ်ချင်း ဆင်တူသလိုလို ရှိသော်လည်း မြန်မာပြည်သား၊ မြန်မာ လူမျိုးများ မဟုတ်ကြပါ။ လူမျိုးရေး အစွန်းရောက်သည့် racist ထိုင်းလူမျိုးများက ကျွန်ုပ်တို့ကို ဖမာ့ (မြန်မာလူမျိုး)ဟု လွဲမှားစွာ စွပ်စွဲ ပြောဆိုကြပါသည်။ ထိုင်းလွှတ်တော်တွင်လည်း ယိုးဒယားဂျာ လူမျိုးဟူ၍ မရှိကြောင်း မျက်စိ စုံမှိတ်ကာ ငြင်းနေကြပြီး ထိုင်းနိုင်ငံသားမဟုတ်သော နိုင်ငံခြားသားများဟု ပြောနေကြပါသည်။

ထိုင်းနိုင်ငံတွင် ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများ မရှိကြောင်း မည်သူမှ ငြင်းလို့မရပါ။ ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံ များစွာကို သွားကြည့်လျှင် ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများကို တွေ့ရမည်သာ ဖြစ်ပါသည်။ ထိုင်းများကသာ လူမျိုးရေး မုန်းတီးမှုဖြင့် ဖမာ့ (မြန်မာလူမျိုး) ဟူ၍ မဟုတ်မမှန် ပြောဆိုနေကြခြင်းသာ ဖြစ်ပါသည်။

ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ဝင်ရောက်လာသော မြန်မာလူမျိုးများ မဟုတ်ကြပါ။ ထိုင်းတို့က မလိုမုန်းထားစွာဖြင့် တရားမ၀င် ခိုးဝင်လာသော နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများ (illegal migrant workers) ဟု မဟုတ်မှန် ပြောဆိုနေကြခြင်းသာ ဖြစ်ပါသည်။ လူ့အခွင့်အရေး အဖွဲ့များနှင့် နိုင်ငံတကာ ဖိအားကြောင့်သာ ကျွန်ုပ်တို့ကို အလုပ်သမား မှတ်ပုံတင် ထုတ်ပေးထားခြင်း ဖြစ်ပါသည်။ သို့သော် ယခုထက်တိုင် ထိုင်းနိုင်ငံသား အဖြစ် အသိအမှတ်မပြုကြပါ။ နိုင်ငံသား အဖြစ် အသိအမှတ်ပြုခြင်း မခံရဘဲ ဖိနှိပ်မှုများနှင့် ရင်ဆိုင် ကြုံတွေ့နေကြရပါသည်။ အမှန်မှာ ကျွန်ုပ်တို့ ယိုးဒယားဂျာ များသည် ထိုင်းလူမျိုးများ ထိုင်းနိုင်ငံအတွင်းသို့ မ၀င်ရောက်မီ ထောင်စုနှစ်ပေါင်း များစွာကပင် အခြေချ နေထိုင်ခဲ့ကြသော ကျောက်ခေတ်လူသားမှ ဆင်းသက်သည့် ဘူမိနက်သန် ထိုင်းတိုင်းရင်းသား လူမျိုးများ ဖြစ်ကြပါသည်။

ကျွန်ုပ်တို့သည် လွန်ခဲ့သော နှစ်သောင်းဂဏန်း အချိန်ကပင် ထိုင်းနိုင်ငံအတွင်းရှိ လန်ရုံရီယင်ဂူ၊ ၀ိဥာဉ်ဂူ အစရှိသော ဂူများတွင် ကျောက်ခေတ် လူသားများ အဖြစ် ဂူအောင်း နေထိုင်ခဲ့ကြသော ထိုင်းတိုင်းရင်းသား စစ်စစ်များ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ ဘိုးဘေး ကျောက်ခေတ် လူသား ယိုးဒယားဂျာများသည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ရှိ ထိုင်းလူမျိုးဖြစ်သော လူသားစားသည့် သီရိအိုးခွက်ပန်းကန် ဘုရင်မကို တိုက်ခိုက် အောင်နိုင်ပြီးနောက် ပလက်တီနမ် တောင်ထိပ်နှင့် ပဏ္ဍိတ (ပန်တစ်ပလာဇာ) တောင်ထိပ်တို့တွင် အခြေချ နေထိုင်ခဲ့ကြပါသည်။ ထို့နောက်တွင် အင်္ဂလန်နိုင်ငံမှ အရှေ့တောင်အာရှသို့ ကုန်သွယ် သွားလာသည့် အင်္ဂလိပ် သင်္ဘောများ ထိုင်းနိုင်ငံ ကမ်းခြေတွင် သင်္ဘောပျက်ပြီးနောက် ထိုင်းနိုင်ငံတွင် အင်္ဂလိပ်လူမျိုးများ အခြေချ ခဲ့ရာမှ ဒေသခံ လူမျိုးများနှင့် ရောနှောပြီး ယိုးဒယားဂျာ လူမျိုးများ ဖြစ်ပေါ်လာပါသည်။

ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများမှာ ဖမာ့ (မြန်မာလူမျိုး) မဟုတ်ဘဲ အင်္ဂလိပ်မှ ဆင်းသက်ကြောင်းကို သက်သေပြနိုင်ပါသည်။ ကျွန်ုပ်တို့ ဘာသာစကားတွင် ခေါ်ဆိုသော မော်တော်ကား၊ တီဗွီ၊ အင်တာနက်၊ ကွန်ပျူတာ၊ ရေဒီယို ဆိုသည့် ဝေါဟာရများမှာ အင်္ဂလိပ် ဝေါဟာရများ ဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့ အင်္ဂလိပ်က ဆင်းသက်ကြောင်းကို မယုံနိုင်ဖွယ် မရှိပါ။

ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများသည် တစ်ဦးနှင့် တစ်ဦး မျက်နှာသွင်ပြင်များ မတူကြပါ။ မျက်နှာ ၀ိုင်းသူက ၀ိုင်းပြီး မျက်နှာ ပြားသူက ပြားပါသည်။ အချို့မှာ နှာခေါင်းရှည်ပြီး အချို့ နှာခေါင်းတိုပါသည်။ အချို့ အရပ်ရှည်ပြီး အချို့ အရပ်ပုပါသည်။ အချို့မှာ အသား ဖြူသော်လည်း၊ အချို့မှာ အသားညိုပြီး အချို့ အသားမဲပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့မှာ မြန်မာလူမျိုးက ဆင်းသက်လာသည်ဟု ပြောဆိုခြင်းမှာ လုံးဝ ယုတ္တိ မတန်ပါ။ ကျွန်ုပ်တို့သည် အင်္ဂလိပ်လူမျိုး၊ ပြင်သစ်လူမျိုး၊ စပိန်လူမျိုး၊ ဂျပန်လူမျိုး၊ တရုတ်လူမျိုး၊ ကိုးရီးယား လူမျိုး၊ တိဗက်လူမျိုး၊ ဗီယက်နမ်လူမျိုး၊ ထိုင်းလူမျိုး၊ ကမ္ဗောဒီးယားလူမျိုး၊ အိန္ဒိယလူမျိုးတို့ ရောနှောရာမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့ ယိုးဒယားဂျာ ဘာသာစကားမှာ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ မလေး၊ အင်ဒိုနီးရှား၊ အခြားသော လူမျိုး တစ်ရာ့တစ်ပါး၏ ဘာသာစကားများ ရောစပ်ရာမှ ဆင်းသက်လာခြင်း သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဘာသာစကားရှိ ကွန်ပျူတာဟူသော အင်္ဂလိပ်ဝေါဟာရ၊ ဆူရှီဟူသော ဂျပန်ဝေါဟာရ၊ အီကြာကွေး ဟူသော တရုတ်ဝေါဟာရ၊ ဘရာဇီယာ ဟူသော ပြင်သစ် ဝေါဟာရ၊ ပလာတာ ဟူသော အိန္ဒိယ ဝေါဟာရ၊ ဒူးရင်းသီး ဟူသော မလေးဝေါဟာရ၊ အရက်ဟူသော အင်ဒိုနီးရှား ဝေါဟာရများကို ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့ ပြောဆိုသော ဘာသာစကားမှာ မြန်မာစကား မဟုတ်ကြောင်း သိသာ ထင်ရှားပါသည်။

လူအများက ကျွန်ုပ်တို့ပြောဆိုသော ဘာသာစကားမှာ မြန်မာစကား ဖြစ်ပြီး ကျွန်ုပ်တို့မှာ မြန်မာလူမျိုးဖြစ်သည်ဟု ပြောဆိုကြခြင်းမှာ လုံးဝ မှားယွင်းပါသည်။ မြန်မာစကားနှင့် ဆင်တူသလိုလို ရှိသော်လည်း ကျွန်ုပ်တို့ ပြောဆိုသော စကားမှာ မြန်မာစကား မဟုတ်ပါ။ ယိုးဒယားဂျာလစ်ရှ် (Yodayagya'lish) သာ ဖြစ်ပါသည်။ ယိုးဒယားဂျာလစ်ရှ်ကို လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က ကျွန်ုပ်တို့ တီထွင်ခဲ့ကြပါသည်။ ကျွန်ုပ်တို့၏ ဘာသာစကားကို အင်္ဂလိပ်အက္ခရာဟု လူသိများသည့် ရောမအက္ခရာဖြင့် ရေးသားပါသည်။ အင်တာနက် ချက်တင်များတွင် ကြည့်လျှင် ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများသည် မြန်မာဘာသာစကား မဟုတ်သည့် nay kaung lar ဟူသော ယိုးဒယားဂျာလစ်ရှ် ဘာသာစကားဖြင့် ပြောဆိုကြပါသည်။ အဆိုပါ ယိုးဒယားဂျာ စကားသည် မြန်မာစကား "နေကောင်းလား" နှင့် လုံးဝ တူညီမှု မရှိသောကြောင့် ကျွန်ုပ်တို့သည် ဖမာ့ (မြန်မာလူမျိုးများ) လုံးဝ မဟုတ်ပါ။

ကျွန်ုပ်တို့သည် ထိုင်းလူမျိုးများကဲ့သို့ပင် ခေါက်ပေါင်စားပါသည်။ ကွစ်တီယို စားပါသည်။ ဂျင်းဘောင်းဘီ ၀တ်ပါသည်။ စကတ် ၀တ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မြန်မာလူမျိုးနှင့် မတူပါ။ ထိုင်းလူမျိုးများ ဖြစ်ကြပါသည်။

ယိုးဒယားဂျာ ဟူသော လူမျိုးသည် ထိုင်းနိုင်ငံရှိ တိုင်းရင်းသား (၁၆၂၂၂၈)မျိုး တွင် ပါဝင်ခြင်း မရှိကြောင်း ထိုင်းအစိုးရက ကြေညာထားပြီး၊ ယိုးဒယားဂျာ လူမျိုး ထိုင်းနိုင်ငံတွင် မရှိဟု ပြောနေကြပါသည်။ အမှန်မှာ ယိုးဒယားဟူသော ဝေါဟာရကို ၁၆ ရာစု မြန်မာရာဇ၀င်များတွင် အတိအကျ ဖော်ပြထားပါသည်။ ယိုးဒယား ဟူသော ဝေါဟာရ ဆင်းသက်လာသည့် အယုဒ္ဒယ ဟူသော ဝေါဟာရကို အေဒီ ၁၃၅၀ ခုနှစ်ကတည်းကပင် ထိုင်းနိုင်ငံ သမိုင်းမှတ်တမ်းများတွင် တွေ့ရပါသည်။ ထိုင်းပညာရှင်များက ယိုးဒယားဂျာ ဟူသော ဝေါဟာရမှာ ၂၀၁၁ ရောက်မှသာ တီထွင်ဖန်တီးထားသော ဝေါဟာရဟု ပြောကြသော်လည်း အထက်ပါ သမိုင်းအထောက်အထားများအရ ယိုးဒယား ဟူသော ဝေါဟာရ ရှိခဲ့ကြောင်းကို မည်သူမျှ မငြင်းဆိုနိုင်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း ၀င်ရောက်လာသော မြန်မာလူမျိုးများ မဟုတ်ကြပါ၊ ထိုင်းနိုင်ငံ၏ တိုင်းရင်းသား လူမျိုး စစ်စစ် ဖြစ်သော ယိုးဒယားဂျာ လူမျိုးများသာ ဖြစ်ကြပါသည်။

ကျွန်ုပ်တို့သည် ယခင်က ထိုင်းနိုင်ငံအနှံ့နေထိုင်ခဲ့ပြီး ထိုင်းများထက် လူဦးရေ များပြားပါသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်များ ကျူးကျော်ဝင်ရောက်ချိန်တွင် ထိုင်းအာဏာရှင် ဗိုလ်ချုပ်မှူးကြီး လွန်ပီးပူ ဆွန်ဂရမ်က လူမျိုးတုန်းအောင် သတ်ဖြတ်မှုကြောင့် ယခုအခါ ယိုးဒယားဂျာ လူမျိုး နှစ်သန်းခန့်သာ ကျန်ပါတော့သည်။ သန်းပေါင်း ၆၀ နီးပါးမှာ ထိုင်းနိုင်ငံအတွင်းမှ ထွက်ပြေးသွားကြရပြီး ယခုအခါ မြန်မာနိုင်ငံတွင် နေထိုင်လျက် ရှိကြပါသည်။ (ဤအချက်က ထိုင်းနိုင်ငံရှိ ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများသည် မြန်မာပြည်မှ ရွှေ့ပြောင်းဝင်ရောက် လာခြင်း မဟုတ်ဘဲ မြန်မာပြည်ရှိ မြန်မာလူမျိုးများသည်သာလျှင် ကျွန်ုပ်တို့ မူလ နေထိုင်ရာ ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ပြောင်းရွှေ့ သွားကြခြင်း ဖြစ်ကြောင်း ခိုင်မာစွာ သက်သေပြနေပါသည်။) ကျွန်ုပ်တို့သည် ယခင်က ထိုင်းနိုင်ငံ တ၀န်းတွင် လူဦးရေ အများဆုံး ဖြစ်သည့် တိုင်းရင်းသား လူမျိုးအဖြစ် နေထိုင်ခဲ့ကြသော်လည်း ယခုအခါ မြန်မာနိုင်ငံ နယ်စပ် တစ်လျှောက်တွင်သာ အများစု နေထိုင်ကြသည့် minority ဘ၀သို့ ရောက်ရှိရပါတော့သည်။ အခြားသော ယိုးဒယားဂျာ လူမျိုးများမှာ စင်ကာပူသို့ အဓိက ထွက်ပြေးကြပြီး ပင်နီစူဠ တောင်ထိပ်တွင် နေထိုင်ကြပါသည်။ ထိုင်းနိုင်ငံတွင် ဖိနှိပ်ခံရသည့် အတွက် ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမ အများစုမှာ မလေးရှား၊ အမေရိကား၊ အင်္ဂလန်၊ သြစတြေးလျ အစရှိသည့် နိုင်ငံများသို့ ထွက်ပြေးသွားကြပါသည်။ သို့သော် မြန်မာအစိုးရက ကျွန်ုပ်တို့ကို မြန်မာဟု အသိအမှတ်မပြုပါ။ အသိအမှတ် မပြုသောကြောင့်သာ မြန်မာသံရုံးက ကျွန်ုပ်တို့ကို အကာအကွယ် မပေးဘဲ ငွေညှစ်နေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာတစ်လွှားရှိ ကျွန်ုပ်တို့ ညီနောင်များမှာ နိုင်ငံမဲ့ လူမျိုး (stateless people) ဖြစ်နေကြပါသည်။ ကျွန်ုပ်တို့ကို မြန်မာလူမျိုးများဟုလည်း မဟုတ်မမှန် ပြောဆိုခြင်းကို ခံနေကြသည်မှာ လွန်စွာ မှားယွင်းပါသည်။

လွန်ခဲ့သော အနှစ် ၂၀ ၀န်းကျင်က ကျွန်ုပ်တို့ ယိုးဒယားဂျာ လူမျိုးများကို ထိုစဉ်က အုပ်ချုပ်ခဲ့သည့် ထိုင်းအစိုးရက တိုင်းရင်းသား လူမျိုးအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ပါသည်။ ထိုင်းနိုင်ငံတော် အသံလွှင့်ဌာန ဖြစ်သည့် Radio Thailand က ဥဒုံဌာနီ အသံလွှင့်စခန်းမှ တစ်ဆင့် ကျွန်ုပ်တို့ လူမျိုးများ ပြောဆိုသည့် ဘာသာစကားဖြင့် တစ်နေ့လျှင် ၁၅ မိနစ်စီ အသံလွှင့် ပေးခဲ့ပါသည်။ ရေဒီယိုမှပင် ကျွန်ုပ်တို့၏ ဘာသာစကားဖြင့် အသံလွှင့်ခဲ့သည်ကို ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့မှာ ထိုင်းနိုင်ငံ၏ တိုင်းရင်းသား လူမျိုး စစ်စစ် ဖြစ်ကြောင်း လုံးဝ သိသာ ထင်ရှားပါသည်။ ယခု racist အစိုးရများ အာဏာရရှိပြီး နောက်ပိုင်း မှသာ ထိုအစီအစဉ်ကို အသံ မလွှင့်တော့ပါ။ ကျွန်ုပ်တို့ကို တိုင်းရင်းသား အဖြစ်မှ ပယ်ဖျက်လိုက်ပါသည်။

နောက်တက်လာသည့် ထိုင်းအစိုးရသည် ကျွန်ုပ်တို့ကို နိုင်ငံခြားသား မြန်မာလူမျိုးများဟု သတ်မှတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြုလုပ်လျက် ရှိကြပါသည်။ လွတ်လပ်စွာ သွားလာနိုင်ခွင့် မရှိပါ။ အလုပ်သမားကတ် မပါလျှင် ဖမ်းဆီး ထောင်ချခြင်း၊ ငွေညှစ်ခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်းများ ပြုလုပ်လျက် ရှိပါသည်။ ယိုးဒယားဂျာ လူမျိုးများ တရားဝင် မြေပိုင်ဆိုင်ခွင့်၊ အိမ်ရာ ပိုင်ဆိုင်ခွင့်များ မရှိပါ။ ထိုင်းတောင်ပိုင်းတွင် ကျွန်ုပ်တို့ တိုင်းရင်းသား ယိုးဒယားဂျာ လူမျိုးများကို နိုင်ငံခြားသား မြန်မာများဟု မဟုတ်မမှန် သတ်မှတ်ပြီးနောက် ဆိုင်ကယ်စီးခွင့်၊ စက်ဘီး စီးခွင့်များကို ပိတ်ပင်ထားပါသည်။ နယ်မြေကျော်ပြီး ခရီးသွားလာခွင့်များကိုလည်း ကန့်သတ်ထားပါသည်။ ရက်စက်သော ထိုင်းအစိုးရသည် ဘာသာရေး ဖိနှိပ်မှုများလည်း ပြုလုပ်ပါသည်။ ယိုးဒယားဂျာ ရဟန်းသံဃာများကို ထိုင်းသာသနာရေး ၀န်ကြီးဌာနက နိုင်ငံခြားသားများ ဟု သတ်မှတ်ပြီး ကျောင်းထိုင်ဘုန်းကြီး ဖြစ်ခွင့် မပေးပါ။ မြန်မာဘုန်းကြီးကျောင်း ၉၀ ကျော်ကို ထိုင်းအစိုးရက အတင်းအကျပ် သိမ်းပိုက်ပြီး၊ ထိုင်းဘုန်းကြီးများကို ကျောင်းထိုင်ခိုင်းပါသည်။ ဘာသာရေး နှိပ်ကွပ်မှု ဖြစ်ပါသည်။ ဘုန်းကြီးများကို အတင်းအကျပ် မျက်ခုံးမွေး ရိတ်ခိုင်းခြင်းများ ပြုလုပ်နေပါသည်။ ထို့ပြင် ကျွန်ုပ်တို့ ရဟန်းသံဃာများကို အ၀ါရောင် သင်္ကန်းများကို အတင်းအကျပ် ၀တ်ဆင်ခိုင်းပြီး၊ သစ်ခေါက်ဆိုးရောင် သင်္ကန်းများကို ၀တ်ဆင်ခွင့် မပြုပါ။ ဤသည်မှ ထိုင်းအစိုးရ၏ ဘာသာရေး နှိပ်ကွပ်မှုများ ဖြစ်ကြပါသည်။ ယိုးဒယားဂျာ လူမျိုးများကို နိုင်ငံခြားသား မြန်မာများဟု သတ်မှတ်သည့် အတွက် ကျွန်ုပ်တို့ သည် ထိုင်းနိုင်ငံတွင် မဲပေးခွင့် မရရှိကြပါ။ နိုင်ငံရေး ပါတီများ ထူထောင်ခွင့်လည်း မရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုင်းနိုင်ငံတိုင်းရင်းသား စစ်စစ်များ ဖြစ်ကြသော်လည်း မြန်မာလူမျိုးများဟု မဟုတ်မမှန် သတ်မှတ် ခံနေရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရပါသည်။

(ဆောင်းပါးရှင် အာဏာဂျူးမှာ အထက်တန်းကျောင်းထွက် အရူးလက်မှတ်ရ ပုဂ္ဂိုလ်ဖြစ်ပြီး၊ တံတားကလေး အရူးတက္ကသိုလ်မှ ဘီအေ(အရူး)ဘွဲ့နှင့် ရွာသာကြီး အရူးတက္ကသိုလ်မှ အမ်အေ(အရူး)ဘွဲ့များကို ရရှိခဲ့သည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာ အရူးများ တက္ကသိုလ်တွင် ပီအိပ်ခ်ျဒီ(အရူး)ဘွဲ့အတွက် သုတေသန စာတမ်းပြုစုနေပြီး အထက်ပါ ဆောင်းပါးမှာ အရူးလက်မှတ်ရ အာဏာဂျူး၏ သုတသန စာတမ်းမှ ကောက်နုတ်ချက် ဖြစ်ပါသည်။ နိုင်ငံတကာ ဥပဒေအရ အရူးများ၏ ပေါက်တတ်ကရ ထင်ရာမြင်ရာ ရေးသားချက်များကို တရားစွဲဆို၍ မရပါ။ :D)

ရီစရာအရမ်းကောင်းလို့ပြန်ရှဲပေးလိုက်တာပါ..... :) :) :) :) :)
စာရေးသူကရိုဟင်ဂျာပြသာနာတွေဖြစ်နေချိန်မှာယပလက်ကမြန်မာတွေအတွက်ခံစားပြီင်္းရေးထားတယ်လို့ထင်ပါတယ်....

ဒီနေရာကကူးယူဖေါ်ပြပေးပါတယ်။(http://www.burmastrangenews.com/)
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on November 12, 2011, 04:23:22 AM
 နာရီကြည့်စရာမလိုပဲ ကြက်ကလေး ငှက်ကလေးများတောင် သူ့အချိန်သူသိပြီး ပြုနေကျအမှုတို့ကို သူ့ဘာသာမှန်မှန်လုပ်နေကြသော အရပ်မို့ ကိုယ်လည်း ရောက်နေကျအချိန် ဆေးရုံပေါ်ရောက်ရစမြဲ ဖြစ်သည်။ စမ္ပာနဂိုရ်ဆေးရုံ ပြည်သူ့ဆေးရုံရှေ့တွင်လည်း လူနာများတဖွဲဖွဲ ရောက်နှင့်ပြီလေ။ တာဝန်ကျဆရာမများကလည်း မီးခိုးတလူလူနှင့်ဆိုင်ကယ်သံ ဖွတ်ချက်ဖွတ်ချက် ကြားသည်နှင့် ခေါင်းပေါ်အဖြူဆောင်းကလေးတင်သူတင်၊ ပေတံဘောပင် ပြင်သူပြင်၊ တနေကုန် အော်နိုင်ဟစ်နိုင်ရန် လည်ချောင်းရှင်းသူရှင်းဖြင့် ဆရာဝန်ရောက်ကြောင်း လူနာများကို သိသာစေသည်။ လူနာများကလည်း လှုပ်လှုပ်ရှားရှားဖြစ်လာပြီး စာအုပ်ထပ်ထားသောနေရာတွင် ရွစိရွစိ တန်းစီကြပြန်သည်။ နံမည်ခေါ်တုန်း မကြားမိရင် နောက်ဆုံးရောက်သွားမှာ ကြောက်ရသည်ကော။
          `ဆေးရုံတက်မယ့်လူနာတွေနဲ့ အရေးကြီး အသည်းအသန်လူနာတွေပဲ အရင် ကြည့်သွားမယ်။ ကျန်တာ ပြန်လာမှ ဆက်ကြည့်မယ်။ ဒီနေ့ အစည်းအဝေးသွားရမှာ။´
          မထူးဆန်းသော ဖြစ်ရိုးဖြစ်စဉ်မို့ သူနာပြုဆရာမကြီးက အဆင်ပြေအောင် စီမံခန့်ခွဲရင်း..
          `ညက မွေးလူနာတစ်ယောက် တင်ထားတယ်ဆရာရေ။ လက်နှစ်လုံးလောက် လိုသေးတယ်။ FHS (ကလေးနှလုံးခုန်နှုန်း) လည်း ကောင်းပါတယ်။ သားဦးကိုယ်ဝန်၊ နေ့စေ့လစေ့ပါ။ Synto (သားအိမ်ညှစ်ဆေး) တင်ထားပေးရမလား။ ဆရာပြန်လာရင် အတော်လောက်နေမှာပါ။´
          ´ခေါင်းထွက်ခါနီးရင် ကျွန်တော့်ဆီဖုန်းဆက်လိုက်။ ခင်ဗျားမဆက်နဲ့။ စစ္စတာအော်ပီကျယ်ကို ဆက်ခိုင်း။ အကျယ်ကြီးအော်ပြောခိုင်း။ ကျွန်တော် စပီကာဖွင့်ထားမယ်။ ကလေးထွက်ထွက် မထွက်ထွက်၊ နောက်တစ်နာရီလောက်ဆိုဆက်လိုက်။ ဆရာရေ ကလေးထွက်နေပြီ။ အခုချက်ခြင်းပြန်လာပါလို့ နှစ်ခါ သုံးခါအော်လိုက်။´
          `ပေါက်ပြီဆရာ။ ပေါက်ပြီ။ ခါတိုင်းလည်း ဒိလိုပဲ လုပ်နေကျ။ ဒီတစ်ခါ ဘာအစည်းအဝေးတုန်း။´
          `ဟ .. ထုံးစံအတိုင်း မအေးဖွံ့ မြင့်မြင့်စန်း လမ်း၃၀ လေ။ မအေးဖွံ့ရုံးက အစည်းအဝေး။´
          `ဘယ်သူတုန်းဆရာရဲ့ မအေးဖွံ့။ ကျွန်မလည်း မကြားဖူးပါဘူး။´
          ´ထူလှချည်လား။ စမ္ပာနဂိုရ်မြို့နယ်…´
          `သိပြီ။ သိပြီ။ အောင်မယ် .. အဲဒါ ကျွန်မက ထူတာမဟုတ်ဘူးဆရာရဲ့။ ဆရာကသာ ထူတာ။ အဲဒီအဖွဲ့အစည်းကြီးက ရှိမှ မရှိတော့တာပဲ။ ဖျက်သိမ်းလိုက်ပြီကော။ ဆရာ အများကြီး ခေတ်နောက်ကျနေပြီ။´
          `ရော်.. နံမယ်နဲ့ လေသံတွေသာ ပြောင်းသွားတာပါဗျာ။ အကုန်လုံး အရင်လူတွေချည့်ပဲ။ ဘာထူးလို့လဲ။ အရာကြီး နဲ့ ကုလားကြီး။´
          `ခေတ်မီချင်လို့ ဒေစီစံတုတ်၊ မာဂရက်ဂွက်ထော် မှည့်ထားတာ။ ချက်စူတို့ ဗိုက်ပူတို့ ငယ်နံမယ်တွေ သွားခေါ်ရင် စိတ်ဆိုးမှာပေါ့ ဆရာရဲ့။ တို့ဆရာတော့ တောစော်နံနေပြီ။´
          `တော်ပြီဗျာ။ ခင်ဗျားနဲ့ ငြင်းနေရင် ဒီနေ့ ၀ဒ်ထဲ ရောင်းရမှာမဟုတ်ဘူး။ နောက်တစ်နာရီကြာရင်သာ ဖုန်းဆက်ဖို့ မမေ့နဲ့။ ဒါပဲ ဒါပဲ။´
          `ဖုန်းဆက်လိုက်ရမလား။ ဖုန်းဆက်လိုက်ရမလား´ ဟူသော ဆရာမကြီး အသံကို မသိချင်ယောင်ဆောင်လျက် သုတ်သုတ်သုတ်သုတ်နှင့် လုပ်စရာရှိသမျှတို့ကို ကုပ်ကုပ်ကုပ်ကုပ် လုပ်ပြီးသကာလ ဆိုင်ကယ်အစုတ်ကလေး ဘုတ်ဘုတ်ဘုတ်ဘုတ်နှင့် ထွက်လာသောအခါ ဆေးရုံကြီးမှာလည်း အရင်အတိုင်း လှုပ်လှုပ်လှုပ်လှုပ်ကျန်ခဲ့မည်ကို လှည့်မကြည့်ပဲ သိနေလေသည်။
                                      ================
          လူစုံနှင့်သော အစည်းအဝေးခန်းထဲသို့ အတန်းနောက်ကျသော ကျောင်းသားလေးပမာ နောက်နားက၀င်ထိုင်လိုက်သောအခါ မြင်ဖြစ်အောင်မြင်တတ်သော ဆရာများအတိုင်း..
          `ဆရာဝန်ကြီး ရောက်ပြီ။ ဒီနေ့ အစည်းအဝေးက ခင်ဗျားနဲ့ အဓိကဆွေးနွေးရမှာ။ ဆေးရုံကိစ္စတွေ ပြောစရာရှိတယ်။´
          (ဘယ်နေ့က အစည်းအဝေးတုန်းကရော ကိုယ်မပါပဲ နေခဲ့ပါလိမ့် ) ဟု တွေးရင်း..
          `ဟုတ်ကဲ့… ´
          (ဘာပြောပြော အဲဒါနဲ့စရတယ်။ မှတ်ထား)
          ´အရင်တစ်ပါတ်တုန်းက တောင်းထားတဲ့ စာရွက်စာတမ်းတွေ အကုန်ပို့လိုက်ပြီးပါပြီ။´
          `ဟုတ်တယ်။ အဲဒါတွေပဲ ပြောမလို့။ ကျွန်တော်တို့ စမ္ပာနဂိုရ်မြို့ကလေးကနေ ဂန္ဓာလရာဇ်တိုင်းအထိရောက်အောင် ပိုက်လိုင်းကြီးသွယ်ဖို့၊ ရထားလမ်းကြိးဖောက်ဖို့ ဗာရာဏသီပြည်က ကျွမ်းကျင်သူတွေနဲ့ စာချုပ်ချုပ်တဲ့အခါ သူတို့ ကုမ္ပဏီတွေကနေ ဒေသဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒေသခံတွေ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဖွတ်ကလိဒင်္ဂါး သန်းတစ်ထောင်တိတိ လှူပါမယ်တဲ့။ ခင်ဗျားတို့ ဆေးရုံကနေ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ စာရင်းပြုစုပြီး တင်ခိုင်းထားတာ အရင်တစ်ပါတ်တုန်းက ခင်ဗျားတင်တဲ့ စာရင်းထဲမှာ တန်ဖိုးသင့်ငွေတွေ မပါဘူး။ လိုတဲ့ပစ္စည်း အရေအတွက်နဲ့ တန်ရာတန်ဖိုးကို အကြမ်းဖြင်းသိရမှ ကျွန်တော်တို့ဘက်က သူတို့လှူမယ့် သန်းတစ်ထောင်နဲ့ ကွက်တိဖြစ်အောင် လိုတိုးပိုလျှော့ လုပ်လို့ရမှာပေါ့။ ခင်ဗျားတင်တဲ့ လျှောက်လွှာစာရွက်ကလေး နှစ်ရွက်နဲ့ သန်းတစ်ထောင်ဖိုးမပြည့်ရင် အလကားနေရင်း ကျွန်တော်တို့ နစ်နာနေပါ့မယ်ဗျာ။´
          (ဗုဒ္ဓော..။ ကိုယ့်ခေါင်းထဲက သိသမျှတော့ အဲဒါအကုန်ပဲလေ။ တန်ရာတန်ဖိုးဆိုတာက ပါရာစီတမောလောက်၊ ဆောမျုလောက်ပဲ ကိုယ်ကသိတာ။ မမြင်ဖူး မသုံးဖူးတဲ့ စက်ပစ္စည်း ကိရိယာတွေရဲ့ဈေးနှုန်းကိုသိချင် ဒေင်ဆရာဆီသွားမေးရမယ် ထင်ပါရဲ့။ နေပါစေလေ။ ဟန်ကိုယ့်ဖို့တဲ့။ ဒီလိုပဲ ဆက်ရွှီးရတာပ။)
          `အဲဒီကိစ္စကတော့ ဆေးကုမ္ပဏီတွေဆီမှာ အက်စတီမိတ်တင်ခိုင်းလိုက်ပါ့မယ်။ ကျွန်တော့်အနေနဲ့ အတိအကျ ခန့်မှန်းပေးဖို့ ခက်ပါတယ်။´
          `ခင်ဗျားကလည်း ကိုယ်သုံးမယ့် ပစ္စည်းမှ ကိုယ်တန်ဖိုးမသိဘူးဆိုရင် အလကားပေးမယ့်သူတွေ အားနာစရာကြီးဗျာ။ ခင်ဗျားဟာခင်ဗျား စုံစမ်းပြီး ပြန်တင်။ သန်းတစ်ထောင်မပြည့်သေးရင် တခြားဟာတွေ စဉ်းစားပြီးတင်။ ဆင်ဖြူတော် ပြုတ်စားချင်တောင် အိုးရှိမှ ဖြစ်တာဗျ။´
          (ခံလိုက်ဟ ။ ခံလိုက်ဟ။ ဒါပါနဲ့ဆို တင်တင်နေတာ လေးငါးခါမကတော့ဘူး။ စာရွက်ဖိုးတင် မနည်းရှိနေပြီ။ ပြီးကျ ဘာမှလည်း မဟုတ်ပဲနဲ့။)
          `ဟိုလေ…။ အဲဒီသန်းတစ်ထောင်လှူမယ့် အလှူရှင်ကြီးတွေဆီမှာ စက္ကူနဲ့ စာရေးကိရိယာစားရိတ် ကြိုတင်အသုံးငွေကလေးများ ထုတ်လို့ရမလားမသိဘူးနော်။´
          `ဆရာရယ်။ ငါးထောင်တန်ပေးမယ့်သူကို တံဆိပ်ေါင်းဖိုး ပြားငါးဆယ် အမ်းစရာမရှိလို့ ငြင်းလွှတ်ရမယ့်ပုံပေါက်နေပြီ။ မနောက်ပါနဲ့ဗျာ။´
          (တိန်..။ ခံရပြန်ပြီဟ။ အထွန့်တောင် မတက်ရဲတော့ဘူး။ စကားလမ်းကြောင်း ပြောင်းသွားအောင် တေတေဂနိတ်သိုင်းကွက်ကြီး ထုတ်သုံးလိုက်မယ်။ လာလေ့..။)
                                                =============
          `…………. ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးမှာ လမ်းပန်းဆက်သွယ်ရေးတွေ ချောမွေ့လာလို့ ဒေသထွက်ကုန်တွေကို ပြည်ပဈေးကွက်အထိအရောက်တင်ပို့ရောင်းချနိုင်လာတဲ့အခါ စီးပွားရေးအခွင့်အလမ်းသစ်တွေ အဆက်မပြတ် ထွက်ပေါ်လာပြီဖြစ်လို့ ကျွန်တော်တို့ဒေသ အနေနဲ့လည်း ထွက်ကုန် ထုတ်ကုန်သယံဇာတတွေ တိုးတက်လာအောင်…..´
          (တချက်လောက် အိပ်ငိုက်လိုက်တာ အိပ်မက်တွေ ဘာတွေတောင်မက်တယ်။ ထူးပါဘူး။ အပြင်မှာလည်း အိပ်မက်မက်ကောင်းတုန်း။ မီရာရထားနဲ့ အမြန်လိုက်မှ။ ဘာတဲ့ ဒေသထွက်ကုန်တဲ့။ ငရို့ဆီ ဘာတွေများ ပေါပါလိမ့်။ လုပ်စမ်းပါဦး။ သိပြီ။ သိပြိ။)
          `ဥက္ကဌကြီးခင်ဗျား။ ကျွန်တော်တို့ဒေသမျာ အလျှံပယ်ထွက်တဲ့ ဒေသထွက်ကုန်တွေ အများကြိးရှိတယ်လို့ ကြားဖူးပါတယ်။ ဥပမာ ရေထွက်ပစ္စည်းထဲကဆို ရေတက်ငါးဇင်ရိုင်းတွေ တယ်ပေါဆိုပဲ။ ဇွဲသီချင်းထဲမှာတောင် ပါသေး။ ပြီးတော့ ထီးတင်ထားတဲ့ တောင်ပို့ကြီးထဲက ဖွတ်တွေကလည်း အကောင်အကြီးကြီးနဲ့ ပေါမှပေါတဲ့။ အဲဒါတွေ ဂန္ဓာလရာဇ်ပြည်ကို ဂဏန်းကားနဲ့ အပြည့်တင်ရိုက်လို့ ရပါတယ်။´
          ထိုအခါ ကိုယ့်လိုပဲ အိပ်ငိုက်နေသော မွေး/ရေကြီးနှင့် သစ်တောကြီးတို့မှာ လှုပ်နှိုးလိုက်သလိုဖြစ်သွားပြိး..
          `ဟုတ်..။ ကျွန်တော်တို့ ဌာနအကြီးအကဲဆီမှာ တင်ပြပြီး ခွင့်ပြုမိန့်လျှောက်ထားနိုင်ပါတယ်။´
          သို့သော် ငါးလုပ်ငန်းဦးစီးကြီးကတဖန်..
          `ငါးဇင်ရိုင်းတွေ ရေခဲရိုက်ဖို့အတွက် ရေခဲစက် ရေသန့်စင်စက်တွေ လိုပါလိမ့်မယ်။ အဲဒီအတွက် .. မီး ….´
          ဆက်မပြောရဲတော့ပဲ အသံတိမ်ဝင်သွားလေသည်။ မီးလင်းရေးကော်မီတီဥက္ကဌကမူ မျက်ထောင့်နီကြီးနှင့် ကြည့်နေလေ၏။ နေနှင့်ဦး။ ညကျမှ ဒင်းတစ်အိမ်ထဲ ကွက်မှောင်ချထားလိုက်မယ်ဟု တွေးနေဟန်ရှိ၏။ ခြင်းဝိုင်းကလေးစည်လာပြီမို့ အားပေးချင်စိတ်က မနေနိုင်ပြန်…
          `ရေအားက စီမံကိန်းအင်ဂျင်နီယာကြီးကို တစ်ခုလောက် တင်ပြပါရစေ။ စီမံကိန်းမပြီးသေးခင် ဒေသတွင်းမီးသုံးစွဲမှု ဖူလုံအောင် ကျွန်တော်တို့ဆီမှာ ပေါပေါများများ ရနိုင်တဲ့ ကောက်ရိုးမီးမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်လို့ ရနိုင် မရနိုင် သိပါရစေ။ ဟုန်းကနဲတောက်ပြီး ငြိမ်းသွားတယ်ဆိုပေမယ့် အထင်သေးလို့မရဘူးလေ။ လူသန်းခြောက်ဆယ်ရှိရင် အဟုန်းပေါင်း သန်းခြောက်ဆယ် တက်လာမှာ..။ LED မီးသီးလေးလောက်တော့ ညလုံးပေါက်ထွန်းနိုင်လောက်တယ်။´
          နဂိုကမှ ဘတ်ဂျက်မကျသဖြင့် အေသင်ချိုဆွေသီချင်းကို ကာရာအိုကေဆိုင်မှ အပိုင်ဝယ်ပြီး အမုန်းဆွဲနေသူ စီ/အင်ကြီးက…
          `ခင်ဗျားအိမ်မှာ ရှိတဲ့ လူဆယ်ယောက် တပြိုင်တည်း ဟုန်းနိုင်တဲ့အခါ ကျုပ်ဆီလာခဲ့။ ဒိုင်နမိုဆင်ပေးလိုက်မယ်။´ ဟု ဘုတောလေသည်။
          ထိုအခါ ဈေးကွက်ဂျာနယ်၊ ကြိးပွားရေးမဂ္ဂဇင်းတို့ကို အရည်ကျိုသောက်ထားသူ ဥက္ကဌကြီးမှ…
          `အိုင်ဆေး။ ဒါက ဒီလိုရှိတယ်ဗျ။ ဒေသထွက်ကုန်ဆိုတဲ့နေရာမှာ ပုန်းပေါလအော ထွက်တိုင်းလည်း အကျိုးအမြတ်က များချင်မှများတာ။ အဓိက ကတော့ဗျာ။ ကိုယ့်ထွက်ကုန်ပစ္စည်းကို တန်ဖိုးမြင့်သထက်မြင့်အောင် စီးပွားရေးဗျူဟာတစ်ခုခုနဲ့ စွမ်းဆောင်နိုင်မှ စိးပွားဖြစ်မှာဗျ။ မားကက်တင်းပေါ့ဗျာ။ မားကက်တင်း..။´
          ထို့နောက် ပြောင်ရှင်း မင်းပိုင်သကွာဟူသော အပြုံးမျိုးဖြင့် သူ့စကားကို ထောက်ခံမည့်သူ စောင့်နေလေသည်။
          (ကြာရိုးကို ဒါမျိုး လာချိုးလို့ကတော့ ဒီက လွှတ်အသည်းယားပါသလေ။ ဘာရမလဲ။ လာမစနဲ့။ ဒါန။ ကြည့်ထားလိုက်။)
          `မှန်လိုက်တာ ဥက္ကဌရယ်။ အမြှော်အမြင် ရှိလိုက်လေ။ တကယ့်လက်တွေ့မှာ ကျွန်တော်တို့ စမ္ပာနဂိုရ်သားတွေလောက် ကုန်ပစ္စည်းတစ်ခုကို ဈေးမကောင်းကောင်းအောင် တင်ရိုက်တတ်တဲ့သူ ကမ္ဘာမှာ မပေါ်သေးဘူး။ ထွက်ကုန်အရောင်းအ၀ယ် စီမံခန့်ခွဲမှုကို နိုင်ငံတော်က စံနစ်တကျ စီမံခန့်ခွဲလိုက်ရင် တရုတ်ကြီးတွေ ဂျပန်ကြီးတွေတောင် နောက်ကောက်ကျပြီး ငိုင်ဆင်းသွားရတာ။ သူတို့ခမျာ ဖုန်းတွေ ကားတွေကို ထုတ်ရုံသာ ထုတ်တတ်တာ။ ကျုပ်တို့လို ဈေးကောင်းရအောင်မှ မရောင်းတတ်ပဲနဲ့။ သူတို့ကားတစ်စီးလုံးတန်ဖိုးက ဒီကလူကြီးလက်ရေးနဲ့ စာရွက်ကလေး တစ်ရွက်လောက်တောင် ဈေးမရှိဘူး။ မယုံရင် ဆူဇူကီးကုမ္ပဏီပိုင်ရှင်ကြီးကို စမ္ပာနဂိုရ်မှာ သူထုတ်ထားတဲ့ကား သူပြန်ဝယ်စီးခိုင်းလိုက်။ မျက်ဖြူဆိုက်မသွားတော့ ပြောချင်တိုင်းပြော။´
          ထိုအခါ စီးပွား/ကူးသန်းကြီးက အားတက်လာပြီး..
          `အဲဒီဗျူဟာအတိုင်းကစားရမှာဖြင့် ကျွန်တော်တို့ဆီမှာလည်း တနိုင်တပိုင် ထင်းပါမစ်၊ မှိုပါမစ်၊ မျှစ်ပါမစ်တွေ လျှောက်ခိုင်းရ မကောင်းဘူးလား။ သစ်တောကြီးက ဘယ်လို သဘောရသလဲ။´
          `အထက်ကို တင်ပြပြိး ကန့်ကွက်ရန်မရှိက အကြောင်းပြန်ပါ့မယ်။ သစ်ပါမစ် မဟုတ်ဘူးဆိုတော့ ဖြစ်နိုင်လောက်ပါရဲ့။´
          ဥက္ကဌကြီးမှ စကားလမ်းကြောင်းကို ပြန်လည်တည့်မတ်ရန် အချိန်ကျပြီဟု ယူဆကာ..
          
to be continue...
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on November 12, 2011, 07:15:22 AM
`ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုပြီးရင် ဆက်လက်ဆွေးနွေးရမယ့် အကြောင်းအရာကတော့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးပဲ ဖြစ်ပါတယ်။´
          ထိုအခါ ပညာရေးမှူးကြီးမှ
          ´ဒီနေရာမှာ ဆင်းရဲနွမ်းပါးမှုဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ကြမလဲဗျာ။ ကျွန်တော်တို့ဒေသရဲ့စံကို သူများတွေဆီ လိုက်တိုင်းလို့မရသလို သူများတိုင်းပြည်က စံတွေကိုလည်း ကျွန်တော်တို့ဆီမှာ လာတိုင်းလို့ ဘယ်ရပါ့မလဲ။´
          `ဟုတ်တာပေါ့ဗျာ။ ကျွန်တော်တို့အဘဆိုရင် ပါဂျဲရိုးကလေးတစ်စီးမှ မစီးနိုင်အောင် ဆင်းရဲရသလားဆိုပြီး စိတ်ဓါတ်တွေ ကျနေတာ။´ ဟာ စည်ပင်ကြီးမှ ၀င်ထောက်ခံလေသည်။
          `ဒါကတော့ဗျာ။ တစ်နေ့ထမင်းသုံးနပ်မှန်အောင်စားနိုင်ပြီး ပုဆိုး၊ ထမီ၊ ဘိနပ် စုံအောင် ၀တ်နိုင်ရင် ဘယ်ဆင်းရဲတယ် ပြောလို့ ဖြစ်မှာတုန်း။ ထမင်းတနပ် တစ်ထောင်နဲ့ တွက်ဦး။ စားစားရိတ်ချည့်ပဲ တနေ့ သုံးလေးဒေါ်လာ ၀င်ငွေရှိလို့ပေါ့။ ဒါဆို ဆင်းရဲတယ်လို့ မခေါ်နိုင်တော့ဘူးလေ။´ ရာဖြတ်ကြီးမှ အကဲဖြတ်၏။
          `ဒီလိုလုပ်ရအောင်ဗျာ။ စစ်တမ်းကောက်မှ ကိန်းဂဏန်းအတိအကျနဲ့ ထွက်လာမှာပေါ့။ လ၀ကကြီးနဲ့ ရာအိမ်မှူးကြီးက တနေ့သုံးခါ တစ်အိမ်တက်ဆင်း ထမင်းစားပြီးပြီလား။ ဘာဟင်းနဲ့ စားလဲ။ စာရင်းပြုစုလိုက်။ ၃ကြီမ်ပြည့်တဲ့သူကို ဆင်းရဲသားစာရင်းကထုတ်၊ နှစ်ကြိမ်ဆို အနည်းငယ်ဆင်းရဲ။ တစ်ကြိမ်တည်းစားရင် အလွန့်အလွန်ဆင်းရဲ။ ဥပုသ်သည်တွေတော့ မပါကြေးနော်။´
          ထို့နောက် ပြောင်ရှင်း မင်းပိုင်သကွာ ဟူသော အပြုံးမျိုးဖြင့် သူ့စကားကို ထောက်ခံမည့်သူ စောင့်နေလေသည်။ သို့သော် သာ-ထွန်း-ပြန့်ကြီးက သူ့ဘက်ကိုတော့ လုံအောင် ကာရပြန်လေသည်။
          `ဘုန်းကြီးကျောင်းတွေကိုလည်း ထည့်မကောက်ကြေးဗျာ။ သူတို့က ညစာဘုဉ်းပေးတာမှ မဟုတ်ပဲနဲ့။´
          လူ-ကယ်-ပံ့ကြီးကလည်း မနေသာတော့ပါ။
          `ကျောင်းအောက်မှာ ကပ်ရပ်တောင်းစားနေရတဲ့ အသည် ကယ်ပါတွေကတော့ ဘယ်နည်းနဲ့မှ လွတ်မှာ မဟုတ်ဘူးဗျ။ လူကြီးလာမယ်ဆိုရင်တော့ ဖွက်ထားလိုက်မယ်လေ။´
          ကယ်တင်ရှင်ကတော့ စည်ပင်ကြီးပဲ ဖြစ်ပါသည်။
          `လွယ်ပါတယ်ဗျာ။ သူတို့ကို လိုင်စင်ဓါတ်ပုံရိုက်၊ ကဒ်ပြားကလေးတစ်ခုစီလုပ်ပေးထား။ လည်ပင်းမှာ အလှူခံလုပ်သားများကောင်စီအသင်းဝင်လို့ ဆွဲပေးထားလိုက်။ အရပ်ထဲကလူတွေ ကယ်ပါ၊ သူတောင်းစား ခေါ်ရင် ဒဏ်ရိုက်လိုက်။ ဒါဆို သူတောင်းစားတို့ အလုပ်လက်မဲ့တို့ ဘယ်ရှိတော့မလဲ။ သူတို့လည်း သူတို့လုပ်အားနဲ့ တောင်းရမ်းရှာဖွေစားသောက်ရတာ။ နေ့စဉ်ဝင်ငွေရှိတယ်။´
          `ကောင်းလိုက်တဲ့ အိုင်ဒီယာဗျာ။ ဒါဆိုရင် သူတောင်းစားကင်းစင် စမ္ပာတခွင် ဆိုပြီး ဆိုင်းဘုတ်တစ်ခု၊ စမ္ပာနဂိုရ်တပြည်လုံး ဆင်းရဲနွမ်းပါးမှု လုံးဝ ပပျောက်ရမည်ဆိုပြီး ဆိုင်းဘုတ်တစ်ခု ရေးပြိးထောင်လို့ရပြီ။´
          ထို့နောက် ပြောင်ရှင်း မင်းပိုင်သကွာ ဟူသော အပြုံးမျိုးဖြင့်…
`        `နောက်တစ်ခုက ဒီနေ့ကမ္ဘာမှာ ဆက်သွယ်ရေးနဲ့ နည်းပညာတွေ ထွန်းကားပြီး အရှိန်အဟုန်နဲ့ လျှင်မြန်စွာ ပြောင်းလဲနေတဲ့ အိုင်တီခေတ်ကြီးကို ရောက်နေပြီဗျ။ ကျုပ်တို့ စမ္ပာနဂိုရ်မှာလည်း မျက်ခြေမပြတ်အောင် အမီလိုက်ဖို့ လိုတယ်။´
          (ရော်.. ခက်တော့နေပါပြီ။ ခရမ်းချဉ်မီးသီးမလင်းတဲ့ အရပ်မှာ အိုင်ပေါ့နာနို လာရောင်းနေပါပေါ့။ တစ်ရက်ခြားလာတဲ့မီးကလေးနဲ့ မိုးလေ၀သတောင် မှန်မှန်မကြည့်နိုင်။ အိုင်တီခေတ်ကြီးကို အမီလိုက်ရမယ်လား။ ရရမှာပေါ့.)
          `ဟုတ်ကဲ့..။ ဥက္ကဌရုံးမှာ အိုင်ပီစတား တစ်လုံးလောက် တပ်လိုက်ပါလားဗျာ။ မိတာ မမိတာ အပထား။ ဘာရယ်ဟုတ်ဘူးလေ။ လူရှိန်တာပေါ့။´
          `ခင်ဗျားတို့ အဲဒါတွေ ခက်တာပေါ့။ အင်တာနက်ဆိုင်သွားမှ အွန်လိုင်းပေါ်ကအကြောင်း သိရမှာလား။ ကျုပ်ဆို ဂျာနယ်အသစ်ထွက်တာနဲ့ ဆိုင်မှာ အလကားသွားဖတ်တယ်။ ဘာမဆို အကုန် အပ်တူဒိတ်။ ဟိုတလောက ခင်ဗျားတို့ အင်တာနက်ပေါ်မှာ ပွက်လောရိုက်နေတဲ့ ဤရာဝတေ ဂယက်ကြီးကြောင့် ကျုပ်တို့ စမ္ပာနဂိုရ်မှာ ဘာတွေ ပြင်ဆင်ထားရမယ်ဆိုတာတောင် အကုန်သိတယ်။ ရာသီဥတုတွေ ဖောက်ပြန်ပျက်စီးလာလို့ မိုးနဲ့နွားသိုး အစိုးမရရင် မြစ်ရေတွေ ခန်းချင်ခန်းမယ်။ လျှံချင် လျှံမယ်။ အရေးကြီးတာက ညောင်ဦးမှာ ကမ်းပါးပြိုတဲ့အခါ ကျုပ်တို့ စမ္ပာနဂိုရ်က နွားမတွေ ပေါင်ကျိုးတတ်သတဲ့။ ဒါကြောင့် ကျုပ်က စမ္ပာနဂိုရ် မြို့နယ်လုံးဆိုင်ရာ နွားမပျိုများ ကာကွယ်စောင့်ရှောက်ရေးအသင်းကြီး ဖွဲ့ပြီးသွားပြီဗျ။ ဘတ်ဂျက်တောင် ကျတော့မယ်။ အဲဒါ ဒဇက်ဆာ မဲနိတ်ဂျမန့် ခေါ်တယ်။ ဖြစ်ပြီးမှ လုပ်တာထက်စာရင် မဖြစ်ခင် ကြိုတင်ပြင်ဆင်ရတယ်လေ။´
          ထို့နောက်.. ပြောင်ရှင်း မင်း ပိုင်သကွာ ဟု ….။
          `နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ ကျွန်တော်တို့ သန့်ရှင်းသော ၀ိညာဉ်တော်  အဲလေ ဟုတ်ပေါင် စမ္ပာနဂိုရ်အစိုးရအဖွဲ့ကြီးအပေါ်မှာ ပြည်ပအားကိုး ပုဆိန်ရိုးတွေက မဟုတ်တမ်းတရား ထိပါး ပြောဆို ရေးသားနေတာတွေကို ကျွန်တော်တို့ကလည်း မီဒီယာနဲ့ပဲ ပြန်လည်တုန့်ပြန်ရမှာ ဖြစ်တယ်။ ပြန်/ဆက်ကြီးက ဦးဆောင်ပြီး ညနေလက်ဘက်ရည်ဆိုင်မှာ ဥက္ကဌကြီး ချောကြောင်း လှကြောင်း တော်ကြောင်း မှန်ကြောင်း လူမကြားကြားအောင် အော်ပြောရလိမ့်မယ်။ အား/ကာကြီးက ဥက္ကဌဖလား ဘောလုံးပွဲလုပ်ပြိး ရွှေရေသန့်ဗူးဆု ပေးမယ်လို့ သတင်းထုတ်ပြန်ပါ။ ဆက်သွယ်ရေးကြီး ရန်ကုန်ပြန်တဲ့အခါ နန္ဒာလှိုင်နဲ့ အေးအေးခိုင်ကို စမ္ပာနဂိုရ်မြို့ကြီးရဲ သတင်းပလင်းတွေကို တယ်လီဖုန်းတော်ကီ တစ်ခွေသွင်းလာခဲ့။ အစည်းအဝေးမှတ်တမ်းအားလုံးကို www.sanparnago.com မှာ တင်ထားလိုက်။ ရန်ကုန်က KMD တက်နေတဲ့ သင်တန်းသားတွေကို တနေ့သုံးခါ လိုက်ခ်လုပ်ခိုင်းပြီး ကွန်မန့်တွေ ထပ်ခါတလဲလဲ တင်ကြပစေ။ မှတ်မိပြီနော်။ နောက်တစ်ပါတ်။ ဒီအချိန်..။ ဒီနေရာမှာ..။ ဒါပဲ..။ ဒါပဲ..။´
          စကားအဆုံးတွင် ကျောင်းအုပ်ဆရာကြီးအရွယ် လူကြီးမင်းများအားလုံး ကျောင်းဆင်းခေါင်းလောင်းသံကြားသော သူငယ်တန်းကျောင်းသားလေးများသဖွယ် ၀မ်းသာအားရ တိုးဝှေ့ ထွက်လာကြလေသည်။ ထိုအခိုက် အလိုက်မသိသောအလှူခံမဏ္ဍပ်တစ်ခုမှ အမည်ဖော်ပြခွင့်မရှိတော့သော နိုင်ငံကျော်အဆိုတော်ကြီး၏ ထုတ်လွှင့်ခွင့်မပြုတော့သည့် လူကြိုက်များတေးသီချင်းတစ်ပုဒ်ကို ကျယ်ကျယ်လောင်လောင် ဖွင့်လိုက်သောအခါတွင်မူကား…။
          `စကားကမြင့်မိုရ် အကြွားကဖြင့်ပို.. ကတိတွေပေးထားတာလည်း လွန်နေပြီ ရှင့်အကို။ တနေ့ရွှေ တနေ့ငွေ တွေ့တဲ့အခါတိုင်း သူဆို..။ နောက်ကွယ်ကျရင် မေ့လို့နေတဲ့ ကိုလူပျို။ ဘ၀င်မကျလို့ ကျွန်မရင်ကဖို..။ အရင်လိုမဟုတ်သူ မောင့်ကို..။ ကြည့်ရတာ ခြေလှမ်းပျက်သကို။ ကျွန်မဘ၀င်ခိုက်အောင် ပြောလိုက်ပုံက စိန်နားကပ်ကြီး ပန်ရမလို …  စိန်နားကပ်ကြီး ပန်ရမလို။´
 
(စိတ်ကူးယဉ်ဇာတ်ကောင်များသာဖြစ်ပါ၍ အပြင်တွင် တကယ်မရှိပါကြောင်း)

Dr. soe min's fb
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ဖရာရှက် on November 27, 2011, 08:39:03 AM
 ;D

ဆက်သွယ်ရေးမှ တာဝန်ရှိလူကြီးမင်းများခင်ဗျား၊

နိုင်ငံအတွင်း တစ်ခုတည်းသော ဆက်သွယ်ရေးဌာနဖြစ်သည့် လူကြီးမင်းတို့၏ ၀န်ဆောင်မှုလုပ်ငန်းများကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူအပေါင်း သုံးစွဲနေရ သည်မှာ ငြင်းမရသောအချက် ဖြစ်ပါသည်။

ယခုအခါ တယ်လီဖုန်းများ ပေါလာသည်နှင့်အမျှ ခေါ်ဆိုရခက်ခဲမှုများ ကြုံတွေ့လာရပါသည်။


သူငယ်ချင်း တစ်ဦးကမူ ယခုအယူအဆမှာ မှားကြောင်း၊ ဖုန်းများ ရှားပါးပစ္စည်းဘ၀ကလည်း ဆက်သွယ်ရခက်ကြောင်း ပြောပါ သည်။

ထိုကိစ္စမှာ ယခုတင်ပြမည့်အထဲ မပါသဖြင့် နောင်မှ ဆွေးနွေးပါတော့မည်။

ယခု ကျွန်တော်တင်ပြလိုသည်မှာ တယ်လီဖုန်းဆက်သွယ်မှုခေါ်ဆိုခ နှုန်းထားများ လျှော့ချပေးရန် ဖြစ်ပါသည်။

လူကြီးမင်းတို့ဌာနမှ နိုင်ငံတကာနှင့်ယှဉ်လျှင် မြန်မာနိုင်ငံသည် ဖုန်းခေါ် ဆိုမှုနှုန်းထား သက်သာသည်ဟု ပြောဆိုထားသည်ကို ဂျာနယ်တစ်စောင်တွင် ဖတ်လိုက်ရပါသည်။

သို့သော် ကျွန်တော်တို့၏၀င်ငွေများမှာလည်း နိုင်ငံခြားကို မမီပါဟု ပထမအချက်အနေဖြင့် တင်ပြလိုပါသည်။

ထိုထက် အရေးကြီးသောအချက်မှာ တယ်လီဖုန်းခေါ်ဆိုခများကို လေးပုံ တစ်ပုံခန့်အထိ လျှော့ချပေးစေလိုပါသည်။

အဘယ်ကြောင့် ယခုကဲ့သို့ အရေးဆို တင်ပြရသည်ကို ရှင်းလင်းလိုပါသည်။

ကိစ္စတစ်ခုကြောင့် လက်ကိုင်ဖုန်းကို အသုံးပြု ဆက်ပါက ပထမခေါ်ဆိုမှုတွင် ကျွန်တော်၏အသံကို တစ်ဖက်မှကြားရ ပါသည်။

သို့သော် တစ်ဖက်မှအသံကို ကျွန်တော်မကြားရပါ။

ထို့ကြောင့် ဖုန်းကိုဒုတိယအကြိမ် ပြန်ခေါ်ရပါသည်။

ယခုတစ်ကြိမ်တွင်မူ တစ်ဖက်မှအသံကို ကျွန်တော်ကြားရပါသည်။

သို့သော် ကျွန်တော်၏အသံကို တစ်ဖက်မှ မကြားရပါ။

သို့နှင့် တတိယမ္ပိ ကြိုးစား ကြည့်သောအခါ ဟိုဘက် ဒီဘက်အသံ ကောင်းစွာကြားပြီး ပြောဆိုနိုင်ပါသည်။

သို့သော် ပြော၍မှ လိုရင်းမရောက်မီ တီ တီ တီ တီ ဟု အော်မြည်သံပေးကာ ဖုန်း ပြုတ်ကျသွားပါသည်။

တစ်ခါတစ်ရံ မည်သည့်အသံမှ မမြည်ဘဲ အသံပျောက် သွားတတ်ပါသည်။

တစ်ခါတစ်ရံ ပြောရင်း အသံတဖြည်းဖြည်း တိမ်ဝင်သွားတတ်ပါသည်။

ထို့ကြောင့် အဆိုပါ ပြောလက်စကိစ္စတစ်ခု ပြီးမြောက်ရန်အတွက် စတုတ္ထအကြိမ် ထပ်မံခေါ်ရပါသည်။

အနည်းဆုံး လေးခါခေါ်မှ အလုပ်ကိစ္စ တစ်ခု ပြီးမြောက်သည့်သဘော ဖြစ်နေပါသည်။

ထို့ကြောင့် တယ်လီဖုန်းခေါ်ဆိုမှု နှုန်းထားများကို လေးပုံတစ်ပုံ လျှော့ချ ပေးသင့်ကြောင်း တင်ပြလိုပါသည်။

ဒုတိယတင်ပြလိုသည်မှာ လူကြီးမင်း တို့ဌာနမှပင် ၀န်ဆောင်မှုပေးနေသော အင်တာနက်ကိစ္စဖြစ်ပါသည်။

အင်တာနက်ကို ယခင်ခေတ်က လျှပ်စစ်မီး အလှည့်ကျပေးနေသကဲ့သို့ ဆာဗာများ အလိုက် အလှည့်ကျပေးနေသည်ထင်ကြောင်း မိတ်ဆွေတစ်ဦးက ပြောပါသည်။

ထိုအချက်မှာ မဖြစ်နိုင်သော်လည်း ယခုအခါ ကျွန်တော်ပင်လျှင် ယုံချင်သလိုလို ဖြစ်လာပါသည်။

အဘယ်ကြောင့်ဆိုသော် အလုံတွင်နေသော ကျွန်တော်သည် ညဘက် အင်တာနက်သုံးရန်အတွက် ကွန်ပျူတာကိုဖွင့်ပြီး အနည်းဆုံး ၁၀ မိနစ်ခန့် စောင့်ရပါသည်။

DSL မီး မှိတ်တုတ်မှိတ်တုတ် အခြေအနေမှ ဘ၀ကူးပြီး တစ်သမတ်တည်း ငြိမ်သွားအောင် ဘုရားစာများ ရွတ်ဆိုပြီး အင်တာနက် ဆက်သွယ်မှုသေတ္တာ မိုဒန်းကို မေတ္တာပို့ရပါသေးသည်။

၁၀ မိနစ်ခန့်အကြာတွင် မီး အစိမ်း ငြိမ်သွားသည်နှင့် ဖွင့်လိုသော ၀က်ဘ်ဆိုက်ကို အမြန်ဖွင့်ရပါသည်။

သို့သော် မိမိကြည့်လိုသောဝက်ဘ်ဆိုက် မပွင့်မီမှာပင် DSL မီးသည် နဂိုဘ၀ ပြန်ပြောင်းကာ မှိတ်တုတ်မှိတ်တုတ်ဖြင့် ဆက်သွယ်မှု ပြန်လည်ပြတ်တောက် သွားပါသည်။

ခုတစ်မျိုး တော်ကြာ တစ်မျိုး၊ ခု စာကလေး၊ ခုဆီထမင်းကြော် ဆိုသည့်စကားများမှာ အင်တာနက်ကို ရည်ညွှန်းပြောဆိုထားသည် လားဟု စဉ်းစားစရာပင် ဖြစ်ပါတော့သည်။

အင်တာနက်သုံးစွဲရရန်မှာ ပါဝါမီး လင်းရမည်။ DSL မီးလည်းလင်းပြီး ငြိမ်နေရမည်။ ETH/ACT မီးစိမ်းလေးက တဖျတ်ဖျတ် လှုပ်နေရမည်ဟု သိထားသော်လည်း
ယခုအခါ ငြိမ်ရမည့် DSL မီးက မှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး မှိတ်တုတ် မှိတ်တုတ် ဖြစ်ရမည့် EHT/ACT မီးက ငြိမ်နေသဖြင့် ဟိုဟာပြုရမယ့်ဟာက ဟိုဟာမပြုဘဲ ဟိုဟာမပြုရမယ့်ဟာ ပြုနေတယ်ဟု ပြောရမလို ဖြစ်နေပါသည်။

တစ်ခါတစ်ရံ မီးသုံးလုံးစလုံးက ထေရ်ကြီးဝါကြီးများသဖွယ် ဣနြေ္ဒသိက္ခာအပြည့်ဖြင့် လင်းပြီး ခဏငြိမ်နေပါကလည်း သုံးမရပြန် တော့ပါ။

ထို့ ကြောင့် ဆင်ခြေဆင်လက်ပေးရန်ဟု ရမ်းသန်း ဘာသာပြန်လိုက်သော ကွန်ပလိန့်ဌာနသို့ ဖုန်းဆက်ရပြန်ပါသည်။

အဆိုပါဖုန်းမှာလည်း သုံးလေးကြိမ်ခေါ်မှ လိုရင်းရောက်ပြီး တစ်ဖက်မှ အခြေအနေကို မေးပါသည်။

ထို့နောက် ယင်းတို့ညွှန်ကြားသည့် အင်တာနက် အ၀င်ကြိုးကို စစ်ဆေးခြင်း၊ ညွှန်ကြားသည့်ပင်နံပါတ်များရိုက်ထည့်ခြင်းများ လုပ်ရ ပါသည်။

ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သော်လည်း မထူးသော် (ညွှန်ကြားချက်အတိုင်း လုပ်သဖြင့် တစ်ခါမှလည်း ပြန်ကောင်းလာခြင်းမျိုး မရှိဖူးပါ) ကွန်ပလိန့်နံပါတ်ဟုဆိုကာ နံပါတ်တစ်ခုမှတ်ခိုင်းပြီး နောက်နေ့ ရုံးချိန်တွင် ဆက်သွယ်ရန်ဖုန်းနံပါတ် တစ်ခု ပေးပါသည်။

နောက်နေ့ရုံးချိန်တွင် မဆက်သွယ်မီ အင်တာနက်ဖွင့် ကြည့်သောအခါ သူမဟုတ်သလိုဖြင့် ကောင်းနေသောကြောင့် အဆိုပါဌာနသို့ မဆက်သွယ်ဖြစ်တော့ပါ။

သို့သော် နောက်တစ်နေ့တွင် ယခင်အတိုင်း ရောဂါပြန်ဖောက်လာသဖြင့် ကွန်ပလိန့် လုပ်ရပြန်ပါသည်။

နောက်ဆုံးတွင် ကွန်ပလိန့်နံပါတ်များ တစ်ပြုံကြီးဖြင့်သာ ကျွန်တော့မှာ သုံးရလိုက် သုံးမရလိုက်ဖြင့် လုံးလည်လိုက်နေပါတော့သည်။

ထို့ထက်ပိုဆိုးသည်မှာ အီလက်ထရွန်း နစ်စာတိုက်ပုံးဟုခေါ်သော အီးမေးလ် ကို အင်တာနက်ဆိုင်တွင် ဖွင့်သုံးနေစဉ် ကွန်နက်ရှင် ကျသွားခြင်းဖြစ်ပါသည်။

မိမိ၏စာတိုက်ပုံးမှာ ပြန်မပိတ်ရသေးသဖြင့် မိမိ၏ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များ မပေါက်ကြားစေရန် အလို့ငှာ အဆိုပါ ဆိုင်တွင် သုံးလက်စ ကွန်ပျူတာရှေ့၌ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပြီး စောင့်ဆိုင်းရသည့်ဒုက္ခမှာ မသေးလှပါခင်ဗျား။

တစ်ခါကလည်း အင်တာနက်ဆိုင်တစ်ဆိုင်တွင် အသုံးပြုနေစဉ် မနေ့က ချိန်းတဲ့အချိန်လာပါတယ်၊ အင်တာနက် လိုင်းကျနေလို့ပါ၊ ဘယ်မှအလေလိုက် နေတာမဟုတ်ပါဘူး၊ ဘုရားစူး၊ မိုးကြိုး ပွတ်ရစေရဲ့ဟု လူငယ်တစ်ဦး ငိုသံပါကြီးဖြင့် ထုချေလွှာတင်သွင်း နေသည်ကို သနားစဖွယ် ကြားလိုက်ရပါသေးသည်။

ဗုဒ္ဓဘုရားရှင်သည် အိမ်ရှေ့စံဘ၀တွင် သူအို၊ သူနာ၊ သူသေတည်းဟူသော နိမိတ်ကြီးများကိုမြင်ပြီး အနိစ္စမမြဲပါလားဟု သံဝေဂရ တောထွက်ခဲ့သည်ဟု သိရပါသည်။

အကယ်၍သာ ထိုခေတ်တွင် အင်တာနက်သာရှိခဲ့ပါက ကွန်နက်ရှင် တက်လိုက်ကျလိုက်ကိုကြည့်ပြီး ကွန်နက်ရှင်မမြဲပါလားဟု တစ်ထိုင်တည်း အနိစ္စ မတည်မြဲခြင်းသဘောကို သိသွားနိုင်မည်ဟု ထင်မိပါသည်။

လွန်ခဲ့သော ဆယ်နှစ်မှစ၍ အင်တာနက်သုံးစွဲခဲ့သော ကျွန်တော်သည် မိမိ၏ အသက်အပိုင်းအခြားကို အင်တာနက်မှ အကြိမ်ကြိမ် ခိုးယူသည့်ဘေးနှင့် ကြုံတွေ့နေရပါသည်။

ထို့ကြောင့် မိမိ အလုပ်ပြီးမြောက်စေရန် အင်တာနက်ရှေ့တွင် သုံးရမည့် အချိန်လျှော့ချနိုင်ရေးအတွက် အင်တာနက်မြန်နှုန်းများ မြှင့်မပေးနိုင်လျှင်သော်မှ အသုံးပြုနေစဉ် ကွန်နက်ရှင်ပြတ်တောက်မသွားစေရေး ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား။

ကျွန်တော်၏တင်ပြချက်များနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးမည်ဆိုပါက လူကြီးမင်းတို့အပေါ် ကျွန်တော် သာမက တစ်ပြည်လုံးရှိ အင်တာနက် သုံးစွဲသူများ၊ တယ်လီဖုန်းသုံးစွဲသူများက အထူးကျေးဇူးတင်ရှိမည်မှာ အမှန်ပင် ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြအပ်ပါသည်။

(စာကြွင်း၊ ကျေးဇူးတင်ပါတယ်ဆိုသောစကားမှာ ဈေးအလွန်ပေါသော၊ ကုန်ကျစရိတ် အသက်သာဆုံးသော စကားဖြစ်သည်ဟု အစိုးရအရာရှိတစ်ဦးက ကျွန်တော့အား အငေါ်တူးပြီး ပြောဖူးသော်လည်း ကျွန်တော်တို့အနေဖြင့် ထိုစကားမှလွဲပြီး တခြားပြောစရာ စကား မရှိ သေးသဖြင့် သည်းခံပေးပါခင်ဗျား)။

 ;D
CREDIT To One Of the Journal from Myanmar
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ဖရာရှက် on December 19, 2011, 09:14:01 AM
ကျနော် ကြိုက်၍ ကျောင်းဝင်းမှာ ရှဲပါသည်ခင်ဗျ။
ရေးသူမှာ ယာမားရှီး   ပို့တင်ထားသူမှာ  ဒေါက်တာလွဏ်းဆွေ​‌​ ဖြစ်ပါသည်။
 (Credited to all.)
ဖိုရန် နှင့်ကိုက်ညီမှုမရှိဟုထင်ပါလျှင် ဖျက်ပစ်နိုင်ပါသည်။   

 
ဘရန်ဒီ မူးတဲ့ည

ယာမားရှီး

ဒီည မိုးတွေ ရွာလိုက်တာ တအားပဲ။ ပျင်းပျင်းရှိတာနဲ့ ရီဂျင်စီ (Regency) ဆိုတဲ့ ဘရန်ဒီတပြားနဲ့ ဇိမ်ယူနေတယ်။ လေကလေးအတိုက် မျက်စိတွေက မှေးလာတယ်။
အိမ်နားက ၀ယ်ထားတဲ့ ခွေးသားခြောက်အမြီးကလည်း ကောင်းလိုက်တာ။ ခွေးသားခြောက်လေးတကိုက်ကိုက် ဘရန်ဒီလေးတကြိုက် မော့လိုက်နဲ့ အိပ်ပျော်သွားတယ်။
*****

“ဆရာ ဆရာ”

နှိုးသံကြားတော့ မျက်လုံးဖွင့်ကြည့်တယ်။ လားလား နတ်မိမယ်လေးနှစ်ပါး ပါလား။ အဟဲ အမူးတောင် ပြေသွားတယ်။
တယောက်က မိုးဟေကိုနဲ့ ခပ်ဆင်ဆင်။ တယောက်က ၀တ်မှုန်ရွှေရည် အကြီးစား။

“ဘာကိစ္စတုန်း သမီးလေးတွေ”

ချိုချိုသာသာ မေးလိုက်တယ်။

“ဦးမင်းရဲက ခေါ်ခိုင်းလိုက်လို့ပါရှင်”

“ဦး သူ့ကို မသိပါလား”

“ဟိုရောက်ရင် သိမှာပါ အလုပ်အပ်မလို့ပါ”

“ဒါဆို လိုက်ရတာပေါ့”

ကျနော်က နာမည်ကြီး ဆောက်လုပ်ရေး ကန်ထရိုက်တာတဦး။ မချောနှစ်ယောက်နောက် ကောက်ကောက်ပါအောင် လိုက်သွားခဲ့တယ်။
ကားကြီးကလည်း ကောင်းလိုက်တာ။ ငြိမ့်နေရော။ မိုးဟေကိုက ကားမောင်းတယ်။
သူ့ဘေးမှာ ၀တ်မှုန်။ နောက်ခန်းမှာက ကျနော်။ မချောလေးတွေကို ရှုစားရင်း အိပ်ပျော်သွားပြန်ရော။

*****

နိုးလာတော့ ...

ဟင် ... ငါဘယ်ရောက်နေပါလိမ့်။ ဇာတ်ထဲက နတ်ဝတ်နတ်စားတွေ ၀တ်ထားပြီး လူဆိုးရုပ်ပေါက်နေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရတယ်။

“မိုးဟေကို …”

“တော်စမ်း မရှိတော့ဘူး၊ ခင်ဗျား အခု ငရဲပြည်ရောက်နေတာ”

“ဗျာ ... ငါ့မှာ ဘာအပြစ်ရှိလို့်တုန်း”

ကြောက်လန့်တကြား မေးလိုက်မိတယ်။

“ရှိရှိ မရှိရှိ ယမမင်းကြီးနဲ့ တွေ့လိုက်ပါ”

တယောက်က ပြောတယ်။

*****

“အိမ်း မောင်မင်း ငရဲပြည် ရောက်နေပြီ”

“ဗျာ မသေသေးဘဲနဲ့”

“မောင်မင်းကို ခေါ်တာက အလုပ်အပ်မလို့ပါ”

“ဘာအလုပ်များပါလိမ့်”

ယမမင်းကတောင် ခေါ်အလုပ်အပ်တော့ ငရဲကျစရာမရှိတော့ဘူးဆိုပြီး စိတ်အေးသွားတယ်။

“အလုပ်အကြောင်း မပြောခင် ငရဲပြည်ကြီးကို လှည့်ပတ်ကြည့်ရှုလိုက်ပါဦး၊ ဗဟုသုတပေါ့”

ယမမင်းကြီးက ပြောတယ်။

*****

(၁) ခိုင်းနွား

ငရဲမင်းကြီးနဲ့ ငရဲပြည်ကြီးကို လှည့်ပတ်ကြည့်ရှုလိုက်တယ်။

“ဒါက ငရဲကြီး ပထမထပ်”

“ဘာငရဲလို့ ခေါ်ပါသလဲ ယမမင်းကြီး”

“အရင်ကြည့်လိုက်ဦး”

ယမမင်းကြီးပြောမှ သေသေချာချာ ကြည့်မိတယ်။ ငရဲသားတွေ ပြေးနေလိုက်ကြတာ။
သူတို့အနောက်မှာက ကြောက်စရာ ကောင်းလွန်းတဲ့ ငရဲထိန်းတွေ လက်နက်ပေါင်းစုံကိုင်လို့ လိုက်ပစ်နေကြရော။ ငရဲခွေးတွေကလည်း လိုက်နေကြတယ်။

“ဒိုင်းဒိုင်း ၀ုန်းဝုန်း ဒက်ဒက် ဒက်ဒက် ဒုန်းဒုန်း အုန်းအုန်း”

ငရဲသားတွေ ပက်ပက်စက်စက်ကို သေကြတယ်။ ရုပ်ပျက်ဆင်းပျက်ကို သေကြတယ်။ အော်ဟစ်ညဉ်းတွားသံတွေက နားထဲမှာ အူထွက်သွားတယ်။
ခွေးတွေကလည်း လဲနေတဲ့ကောင်တွေကို ၀ိုင်းဆွဲကြတယ်။ စုတ်ပြတ်သွားအောင် ကိုက်ခဲကြတယ်။
ဟော ...။ သေပြီးသားကောင်တွေ ပြန်ရှင်လာပြန်ရော။ ရှင်လာပြန်တော့ ငရဲထိန်းတွေက လိုက်ပစ်ကြပြန်ရော။ သွေးသံရဲရဲနဲ့ သေကြပြန်ရော။ သနားစရာ ကောင်းလှပါတယ်။

“ကံမကုန်မချင်းတော့ ခံပေါ့”

ယမမင်းကြီးက ပြောတယ်။

“ဘာအပြစ်များ လုပ်မိလို့တုန်း ငရဲမင်းကြီးရယ်”

မေးမိတယ်။

“ဒီလိုမြင်ကွင်း မောင်မင်း ဘယ်မှာမြင်ဖူးသတုန်း”

သူ ပြန်မေးတယ်။

“မြင်ဖူးသလိုတော့ရှိသားပဲ ဘုရား”

“အိမ်း အဲဒီ ငရဲသားတွေဟာ အရင်ဘ၀က လက်နက်မဲ့တဲ့ လူတွေကို မတရား သတ်ဖြတ်ထားတဲ့အတွက် ငရဲခံနေကြရတာ။
ကျုပ်လုပ်တာ မဟုတ်ဖူးနော်။ သူတို့ မကောင်းတဲ့ စိတ်ကံကြောင့် ခံနေရတာ။ ဒီကောင်တွေက နိုင်ငံတကာက ငရဲသားတွေပေါ့။
လူထုက လက်နက်မဲ့ တောင်းဆိုဆန္ဒပြတာကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ကောင်တွေ အများကြီးပဲ။ အပြစ်ခံနေရတာ”

“ဘာငရဲလို့ နာမည်ပေးထားတာလဲ ယမမင်းကြီး”

“ခိုင်းနွားငရဲ။ အာဏာရှင်တိုင်းပြည်တွေမှာ ဒီအပြစ်ကျူးလွန်ကြတာ များတယ်။ အာဏာရှင်ခိုင်းလို့ လုပ်ရတာပါ။ နောက်မမိုက်တော့ပါလို့ အော်အော်နေကြတာ။
ဟိုဆက်ဒမ်တို့အဖွဲ့ဆို အသံကျယ်ဆုံး။ မောင်မင်း သံဝေဂယူနော်”

“မှန်ပါ့ဘုရား”

“ကဲ နောက်တထပ်။ ဓာတ်လှေကားနဲ့ ဆင်းကြရအောင်”

(၂) သစ်တော

ငရဲကြီးဒုတိယထပ် ရောက်ပြန်ပြီ။ ယမမင်းကြီးက ...

“ဒီငရဲကတော့ သစ်တောငရဲကွ”

ကြည့်လိုက်တော့ ငရဲထိန်းတွေက ငရဲသားတွေကို သစ်တုံးကြီးတွေကို လွှနဲ့ဖြတ်သလိုကို ဖြတ်နေကြတာ။
ငရဲသားတွေ သွေးစိမ်းရှင်ရှင်ထွက်ကာ အပိုင်းပိုင်း အတစ်တစ်ဖြစ်ကာ သေပွဲဝင်ကြတယ်။ နောက်ပြန်ရှင်လာကြပြန်ရော။
ငရဲထိန်းတွေက သစ်ပင်ခုတ်လှဲသလိုမျိုး လက်နက်ကြီးတွေနဲ့ ခုတ်လှဲပစ်တယ်။
နောက် အပိုင်းပိုင်း ခုတ်ထစ်ပြန်ရော။ နာကျင်စွာ အော်ဟစ်သံကြီးတွေ ပေါ်ထွက်လာတယ်။

သစ်တောတွေကို ခုတ်လှဲဖျက်ဆီးပြီး ကိုယ်ကျိုးမရှာတော့ပါဘူး။ ယမမင်းကြီးရေ။ သနားပါ။ တိုင်းပြည်တိုးတက်အောင် ၀င်ငွေရှာမိတာပါ။
ဆင်းရဲမွဲတေမှု ပပျောက်အောင်ပါဘုရား။ ကိုယ်ကျိုးနည်းနည်းလေးတော့ ပါတာပေါ့ဘုရား။ မိသားစုရှိလို့ပါ ဘုရား။ ပေါင်းစုံကို အော်နေကြရော။
ငရဲထိန်းတွေက ခပ်တည်တည်နဲ့ သစ်ပင်ကို အတုံးတုံး ဖြစ်သွားအောင် လုပ်သလိုမျိုး ခုတ်ထစ်နေကြတာ၊ လွှနဲ့ တဂျိဂျိ ဖြတ်ဆွဲနေကြတာ သွားတောင်ကျိန်းလာတယ်။
ဆက်မကြည့်ရဲတော့။ မြင်ဘူးတဲ့ သစ်သူဌေးကြီးတွေ ပါနေသလိုလို။ သြော် လူ့ဘ၀ ချမ်းသာတာ ခဏပါလား။
ငါ အဲဒီလောက် မမိုက်သေးလို့ တော်သေးတာပေါ့။ တွေးနေမိတယ်။ ကျောထဲတော့ တချမ်းချမ်း ...။

(၃) သန်းဥတုပ်

ဒုတိယအထပ်ပြီးတော့ တတိယအထပ် ရောက်ပြန်ရော။

“သန်းဥတုပ်ငရဲ” တဲ့ ယမမင်းကြီးက ပြောတယ်။

ပြေးနေလိုက်တာ။ ငရဲသားတွေ။ သူတို့နောက်ကိုတော့ သံတောင်ကြီးတွေက လိုက်နေရာ။ ဘယ်ပြေးပြေး မလွတ်။ အရပ်လေးမျက်နှာစလုံးမှာ သံတောင်ကြီးတွေက တလိမ့်လိမ့်နဲ့။
အိုး ... မီလာတဲ့အခါ ဖိပြားလိုက်တာများ။ ငရဲသားတွေမှာ သန်းဥတုတ်သလို သေကုန်ကြရော။ သေပြီးတော့ ပြန်ရှင်။ သံတောင်တွေက ဖိချေ။ ပြီးကို မပြီးတော့ဘူး။
လူတယောက်။ ကဒါဖီနဲ့ ဆင်တယ်။ မျက်နှာလေးထောင့်။ အရုပ်ဆိုးဆိုး။ အော်နေတာက စိတ်ဝင်စားစရာ။ နောက်ဆိုရင် လူတွေကို ဖိနှိပ်ပြီး မအုပ်ချုပ်တော့ပါဘူး။ နောင်တရပါပြီ။
သြော် ... သနားစရာကောင်းလိုက်တာ။ နောက်အော်သံတွေ ပျောက်သွားတယ်။ သံတောင်ကြီးတွေက ဖိချေလိုက်ပြန်ရော။
မင်းစည်းစိမ်ဆိုတာ သမုဒ္ဒရာအထက် ခဏပွက်တဲ့ ရေပွက်ပမာပါလားလို့ တွေးနေမိတယ်။

သန်းဥတုပ်ခံရပြီပေါ့ကွယ်။

(၄) မီး ၀ါး

လေးထပ်မြောက်။

အော်ဟစ်ငိုကြွေးသံတွေက အခုခေတ် ဆူညံဂီတအသံတွေထက် အဆပေါင်းများစွာ ကျယ်တယ်။ ငရဲသားတွေ အော်ဟစ် ငိုကြွေးနေကြတယ်။
မီိးတောက်တွေကလည်း ဟုန်းဟုန်းထနေတယ်။ သူတို့ကိုယ်ခန္ဓာတွေကို လောင်ကျွမ်းနေလိုက်တာ။
မျက်စိပေါက်၊ နှာခေါင်းပေါက်၊ ပါးစပ်ပေါက်၊ ဖင်ပေါက် ... စတဲ့ ဒွာရကိုးပေါက်အထဲ မီးလျှံတွေ အတင်းဝင်ပြီး လောင်ကျွမ်းနေရော။

“ဘယ်လိုလူတွေ ဒီငရဲရောက်လဲ ဘုရား”

ယမမင်းကြီးကို မေးလိုက်မိတယ်။

“သူများ မျက်ရည်ပေါက်ကြီးငယ်ကျအောင် လုပ်ခဲ့ကြတဲ့ကောင်တွေ ကျတဲ့ငရဲ။ သောက်မြင်ကပ်စရာ ကောင်းတယ်။ ဟိုကောင်တွေ အော်နေတာ နားထောင်ကြည့်စမ်း”

ကျနော် လစာမလောက်လို့ မှတ်ပုံတင်ထုတ်ပေးရမှာ ညစ်ထားမိတယ်။ သူများ မျက်ရည်ပေါက်ကြီးငယ် ကျစေမိတာ နောင်တရပါပြီဘုရား။ အား အား အား။ ပူလိုက်တာ။
အခုဆိုရင် လူ့ပြည်ကျန်ခဲ့တဲ့ ဘော်ဒါတွေ သွေးနှောနဲ့ပဲ လုပ်စားနေရပြီ။ ကျန်ဂွင်ပျောက်ပြီလို့ အော်နေကြတာ။ ကျနော်ထင်တယ်၊ ထိုင်းလ၀ကတွေ အများစုဖြစ်မယ်။
တော်တော်ဆိုးတဲ့ကောင်တွေ ခံရတာ နည်းသေး။

နောက် ငိုချင်းသည်တယောက်။ ကျနော်တို့က အီသီယိုပီးယားက အလွမ်းသမားလေးတွေပါ။ ပါမစ်ဗန်းပြ လုပ်စားလိုက်တာ ငါတို့တစုပဲ ချမ်းသာပြီး လူတွေ ငတ်ကုန်တာ နောင်တရပါပြီ။

ဗိုက်ဆာလွန်းလို့ အစာလေး နည်းနည်းကျွှေးပါလို့ ပါးစပ်ဟလိုက်တာနဲ့ မီးတောက်တွေက အတင်းတိုးဝင်သွားတယ်။ အစာအမှတ်နဲ့ ဟပ်လိုက်တော့။ အားပါးပါး ပူလိုက်တာ။ ရေရေပေးပါ။ ဒီလိုအော်လည်း ရေမရဘဲ မီးတောက်တွေက ပါးစပ်အထဲ ၀င်သွားပြန်ရော။ အောင်မြတ်လေး။ မီးကို စားနေရတဲ့ ဘ၀ပါလား။ သနားစရာ။

နောက်ငရဲသားတကောင် အော်နေတာက ...

နောက်စားရင်း မစစ်တော့ပါဘူး။ စစ်ရင်း မစားတော့ပါဘူး။ မီးတောက်မီးလျှံတွေက ပါးစပ်ပေါက်အထဲ ၀င်ရောက် လောင်ကျွမ်းနေတော့။ ဘရိတ်ဒန့်စ်ကသလို။
တီကောင် ဆားတွန့်သလို။ ကြည့်လို့ကိုမကောင်း။ ငိုနေရော။ ဆက်ငိုပေါ့လေ။
ဒီငရဲမှာ ငိုချင်းသည်တွေ များလှတယ်။ နောက်ထပ်မကြားချင်တော့။ စိတ်ညစ်လို့ ...။

“၀ါးငရဲပေါ့ ယမမင်းကြီး ဘုရား”

“ဟုတ်ပ”

“အခုတော့ မီးတွေ ၀ါးနေရတာ မြင်ပြီနော်။ မင်းလည်း သိပ်မ၀ါးနဲ့နော်”

“မ၀ါးရဲတော့ပါဘူး ဘုရား။ ကွမ်းယာတော့ ၀ါးခွင့်ပြုပါ ပါးစပ်နံလွန်းလို့ပါ”

“ဝေါ့”

ယမမင်းကြီး ကျနော့် အာပုတ်စော်မိပြီး အန်ချင်သွားပုံရတယ်။

“မြန်မြန်ဝါးစမ်းပါ”

အိတ်ကပ်အထဲက ကွမ်းယာထုတ်ပြီး ၀ါးလိုက်တယ်။

“ငါ့ တစ်ယာ ပေးစမ်း။ မြင်းဆေးတော့ မပါစေနဲ့နော်”

“မပါပါ ဘုရား”


(၅) မီးခိုး

ကွမ်းယာကိုယ်စီဝါးရင်း စက်လှေကားစီးကာ ငရဲကြီးငါးထပ်မြောက်ကို ရောက်ပြန်ရော။ မီးခိုးတွေနဲ့ ငရဲသားမဲမဲကြီးတွေကို တွေ့ပြန်တယ်။ အရုပ်အဆိုးဆုံး ငရဲသားတွေပဲ။
တခြားဘုံက ငရဲသားတွေ သူတို့ထက် ဖြောင့်တယ်။ ကယ်ကြပါ။ ကယ်ကြပါ။ သနားစဖွယ် အော်ဟစ်နေတဲ့ ငရဲသားတွေ။
အသက်ရှူလည်း ကျပ်နေကြတယ်။ မီးခိုးတွေက သူတို့တကိုယ်လုံးကို တိုးဝင်နေရော။ မီးခိုးဟပ်ပြီး မဲခြစ်တူးနေကြတယ်။

အော်သံတွေ ကြားနေရတယ်။

လူ့ဘ၀တုန်းက စက်ရုံကြီးတွေ၊ ရေနက်ဆိပ်ကမ်းကြီးတွေ၊ စက်မှုဇုန်ကြီးတွေ ဆောက်ပြီး စီးပွားရှာမိတာ နောင်တရပါပြီ။ ထိခိုက်တဲ့ လူတွေကိုလည်း လျော်ကြေးပေးပြီးပါပြီ။

“ဒီလောက်နဲ့ ရမလားကွ”

ယမမင်းကြီးက အမြင်ကပ်ကပ်နဲ့ ပြောလိုက်တယ်။ နှာခေါင်းရှည်ရှည် ငရဲသားတွေ ပိုများတယ်။

“မီခိုးငရဲပေါ့နော် ဘုရား”

“မောင်မင်း တော်လာပြီ”

“မှန်ပ။ သဘာ၀၀န်းကျင်ကို ဖျက်ဆီးပြီး စီးပွားရှာလိုစိတ် ပျောက်သွားပါပြီ ဘုရား”

“အိမ်း သာဓု သာဓု။ နှစ်ခွန်းပဲခေါ်မယ်”

(၆) ကြက်ကင်

သာဓုခေါ်ရင်း ခြောက်ထပ်မြောက်ဆီ ဆင်းကြပြန်တယ်။
ဒီငရဲမှာတော့ ငရဲသားတွေမှာ မီးဟုန်းဟုန်းတောက်လောင်နေတဲ့ သံချောင်းကြီးတွေအထဲ မလှုပ်နိုင်အောင် ထိုးစိုက်ထားခံရပြီး တကိုယ်လုံး ကြက်ကင်လို မီးမြှိုက်ခံနေရတယ်။
မီးမြှိုက်ထားတယ်ဆိုတော့ တကိုယ်လုံး အရေခွံတွေ လန်ပြီး ရဲရဲကို နီနေရော။ သွေးတွေ တစိုစိုနဲ့။ အရည်တွေ တရွှဲရွှဲ။ ရွံစရာကြီး။

“ဘယ်လိုလူတွေ ခံရတဲ့ ငရဲလဲ ဘုရား။ အော်တောင်မအော်နိုင်ကြပါလား”

“ရှင်းပါတယ်ကွာ။ ဒီကောင်တွေဟာ လူ့ဘ၀တုန်းက အပြစ်မဲ့လူတွေကို မလှုပ်နိုင်၊ မအော်နိုင်အောင် ဖမ်းဆီးနှိပ်စက်ခဲ့ကြတဲ့ ကောင်တွေပေါ့။
ဂျူးလူမျိုးတွေကို သတ်ဖြတ်ခဲ့တဲ့ ဟစ်တလာတို့လိုကောင်တွေ ဒီငရဲမှာ ရှိတယ်”

ဆက်ပြောတယ်။

“လူတွေကိုများ ကြက်ကလေး၊ ငှက်ကလေးလို ဖမ်းပြီး နှိပ်စက်ချင်တဲ့ကောင်တွေ။ ဒါတောင် မျိုးချစ်စိတ်တဲ့။
ထွီ ... ရွံစရာကောင်းလိုက်တာ။ မှတ်ထား မျိုးချစ်စိတ်ထက် လူချစ်စိတ်က ပိုအရေးကြီးတယ်ကွ။ သောက်ပေါ ဟစ်တလာ။ ခံရတာတောင် နည်းသေး။
သွားမယ်ကွာ။ လာမြန်မြန်။ အော်ဂလီဆန်လွန်းလို့။ ကြက်ကင်ငရဲတဲ့။ မှတ်”

(ရ) အဓမ္မ

ယမမင်းကြီးနောက် ခပ်ကုပ်ကုပ်လိုက်ရင်း သတ္တမမြောက်အထပ်ကို ရောက်သွားရော။ ပိုဆိုး။
ခြောက်ထပ်မြောက်ထက်သာတဲ့ ငရဲ။ သံတောင်ကြီးတတောင် မီးဟုန်းဟုန်းတောက်နေတယ်။ သံတောင်အောက်ခြေမှာတော့ သံတံကျင်တွေ စိုက်ထူထားတယ်။
ငရဲသားတွေကို ငရဲထိန်းတွေက သံတောင်ပေါ် ပစ္စည်းအထုပ်ထမ်းပြီး တက်ခိုင်းတယ်။ မတက်တဲ့ အကောင်တွေကို ရိုက်ပုတ်ကြိမ်းမောင်းတက်ခိုင်းတယ်။
သံတောင်ပေါ်လည်းရောက်ရော နာဂစ်ထက် အဆပေါင်းများစွာသာတဲ့ လေမုန်တိုင်းကြီးက တိုက်ချပစ်လိုက်တယ်။ ပြုတ်ကျလာကြရော။
တံကျင်ချွန်ချွန်အပေါ် ခြေကားယား လက်ကားယား ပြုတ်ကျ စူးကုန်ကြရော။ အား အား အား အော်နေကြရော။
နောက်မဆွဲတောပါ့ဘူးဆိုလား နောက်မဆဲတော့ပါဘူးဆိုလား ... စတဲ့ အသံတွေကို ကြားလိုက်မိသလို။

“ဘာငရဲလဲ ဘုရား”

“အဓမ္မ ငရဲပေါ့ကွ။ မင်းမြင်တယ်မဟုတ်လား။ အဓမ္မကို တောင်ပေါ် ရိုက်ပုတ်တင်နေတာ”

“နားလည်ပါပြီ ဘုရား”

“ကဲသွားစို့ အောက်ဆုံးအထပ်”

(၈) အ၀ီစိ

နာမည်အကြီးဆုံး အ၀ီစိတွင်း၊ အဲ ... အ၀ီစိငရဲ ရောက်ပေပြီ။ ဘာများ ထူးခြားပါလိမ့်။

ငရဲဘုံတခုလုံး မီးလျှံတွေ နေရာလွတ်ကို မရှိ။ တဆက်တည်း။ အပေါ်ဘုံတွေဆို မီးလွတ်တဲ့နေရာ ရှိသေးတယ်။ ငရဲတွေကလည်း တယောက်နဲ့တယောက် ထပ်နေရော။
ရေလောင်းအိမ်သာခေတ်ဆိုတော့ ချီးတွင်းအထဲကလောက်တွေ မြင်ဖူးသူ နည်းမယ်။ စိတ်ကူးနဲ့ မှန်းကြည့်လိုက်။
လောက်ကောင်တွေ ချီးတွင်းအထဲက ချီးတွေအကြား တိုးဝှေ့သွားနေသလိုမျိုး ငရဲသားတွေလည်း ပြည့်ကျပ်နေရော။ ဆင်းရဲဒုက္ခ ဘယ်လောက်များကြမလဲ။ စိထားတဲ့နေရာ ဖြစ်တယ်။
 မီးတောက်တွေ၊ ငရဲသားတွေနဲ့ ဆင်းရဲမွဲတေမှုတွေ နေရာလွတ်မရှိ ဆက်နေတဲ့ ကြောက်စရာအကောင်းဆုံး ငရဲပါလားလို့ တွေးမိနေတယ်။
ဒါတောင် နေရာလုနေတဲ့ ငရဲကောင်တွေက ရှိသေး။ အပူသက်သာမလား ဆိုပြီး။ ဘယ်လို ငရဲသားတွေပါလိမ့်ဟု တွေးနေမိတယ်။

ယမမင်းကြီး&#
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on January 06, 2012, 07:50:00 AM
ဗီလိမ်…..လူသတ်သမား…. လူယုတ်မာ…..


`ခင်တို့အိမ်က ခင့်ကိုအိမ်ထောင်ချပေးတော့မယ်တဲ့မောင်…. ဒုက္ခပါပဲ ဘယ်လိုလုပ်မလဲမောင်….´

`သမီး… မာမီတို့စီစဉ်တာကိုငြင်းဖို့စိတ်မကူးနဲ့နော်…. မိဘဆိုတာသားသမီးကို ဆင်စီးပြီးမြင်းရံတာပဲ မြင်ချင်တာ…..မောင် လမ်းမတော်သား က ဆရာဝန၊် မျိုးရိုး၊  ငွေရေးကြေးရေး ကအစပြောစရာတစ်ကွက်မှ မရှိဘူး မိဘမျက်နှာကို အိုးမဲမသုတ်နဲ့´

(စတိုင်ဘောင်းဘီနှင့် ရှပ်အင်္ကျီလက်ရှည်- နက်ကတိုင်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ.. မျက်မှန်တက်ထားသော အနှီသရုပ်ဆောင်ကို ဆရာဝန်ဟု သတ်မှတ်စေ။

မင်းသမီးလုပ်သူ မျက်စောင်းထိုးပြစေ။ မင်းသားလုပ်သူ အံကျိတ်ပြ တောက်ခတ်ပြစေ။ ပရိသတ်မှမေတ္တာပို့စေ။)


`ကိုယ်ဝန်နဲ့ ရေထမ်းရင်းချော်လဲတာပါ´

`အာ လူကဒီလောက်တောင် အဖျားတွေတက် သွေးဆုတ်ပြီး ဂယောင်ဂတန်းဖြစ်နေတာ´ အယ်နောက်ပြီး ဒီမရွေးရိုး ကြီးကမိန်းမကိုယ်ထဲက ထွက်လာတာလာလေ´

`အင်း….ဟုတ်မယ် ချော်လဲတုန်းက၀င်သွားတာဖြစ်မှာပေါ့။ ဆရာရယ်ကျွန်မတို့သမီးလေး ကိုတက်နိုင်မယ်ဆိုရင်ခွဲပြီး ကုပေးပါလား´

`ဒီဟာကကိုယ်ဝန်ဖျက်ချလို့ဖြစ်တာ တစ်ကိုယ်လုံးသွေးဆိပ်တွေတက်ပြီး ပိုးတွေပြန့် သွေးပေါင်တွေကျနေတာ… ချက်ချင်းခွဲရမည့် ကိစ္စမျိုးမဟုတ်ပါဘူး….´

`အမလေးအဖြစ်ဆိုးလှ ချည်ရဲ့ သမီးလေးရယ်….. ဆေးရုံလာတာတောင် အသက်မှီပါလား…. အဟာ့ဟား… ကျွန်မတို့သမီးကို သူတို့သတ်တာ…. အလကား လူသတ်သမား….´

(ခွဲချင်တာကိုမခွဲပဲ လက်ဆောင်ရထားသော ပိုးသတ်ဆေးများကို FOC ထိုးပေးလိုက်သော သူကိုဆရာဝန်ဟုခေါ်စေ။)


`ခင်ဗျားတို့ ဟာက အစပိုင်းမှာ ဗိုက်တပြင်လုံးနာတယ်ပြီးမှ ဗိုက်ညာဘက်အောက်က နေရာလေးကပဲ နာနေတာ ဖျားတယ်၊ အန်တယ်၊ သွေးဖြူဥလေးနည်းနည်းများနေတယ်၊ စမ်းကြည့်ချက်အရရော အူအတက်ရောင်တာပဲ´

`ခွဲမှရမှာလား ဆရာတခြားနည်းနဲ့မရနိုင်ဘူးလား´

`ဒီရောဂါမျိုးက ရောဂါရာဇ၀င်နဲ့ စမ်းသပ်တာနဲ့ပဲသိနိုင်တာ၊ ကုတဲ့နည်းလမ်းကလည်းခွဲတာပဲရှိတယ်´

`အမလေး အဖြစ်ဆိုလှချည်ရဲ့ ကျွန်မ သားလေးကို ရောဂါမှားတပ်ပြီးသတ်လိုက်ပါတယ်…အဲ့ အဟဲ့..အဲ…´

(ရောဂါဖြစ်စဉ်နှင့်စမ်းသက်မှုနှင့်သာ ခွဲခြားရသောရောဂါကြောင့် တစ်သက်လုံး အတွေ့အကြုံရင့် ဆရာကြီးအား ဆေးကုခွင့်သိမ်းစေ။ အတွေ့အကြုံနည်းသော နောက်လူများ ထိုသို့ကြုံတွေ့လာပါက ခေါင်းပန်းလှန်နည်း ဖြင့်သာဆုံးဖြတ်စေ။)

                   X                 X                 X                 X

`ကြက်ခြေနီ၊ တွေတာဝန်သိပြည်သူတွေက မီးလောင်လူနာများကိုတာဝန်သိစွာကူညီကြသော်လည်း အရေးပေါ် ဘေးအန္တရာယ်ကိုစီမံဆောင်ရွက်နေသူ Triage ဆရာဝန်၊ ဆရာမများက မျက်နှာတွင်ပြုးံရွှင်ခြင်း အလျှင်းမရှိပဲ ကုသနေခြင်း  မီးလောင် ဒဏ်ရာပိုးဝင်ပြီးဒုက္ခရောက်မှာစိုး၍ ဆိုကာသိချင်စပ်စု ကြကုန်သောလူများကိုဝင်ခွင့် မပြုသည့်အတွက် အလွန်တရာစိတ်ထားယုတ်မာသူများ ဖြစ်ကြသည်။ စပ်စပ်စုစု မေးချင်၊ ရေးချင်၊ အတင်းပြောချင်သူများကို လူနာ၏အတွင်းရေးဟုဆိုကာ မေးမြန်းမှုများကိုမဖြေသော လူယုတ်မာများ ဖြစ်ကြသည်။

မိမိလူနာဖြစ်သော်လည်း အထူးကြပ်မတ်ဆောင်ကဲ့သို့သော မိမိဌာနမဟုတ်သည့် ကိုယ်မကြွမ်းသည့် နေရာများပို့ရသည့် အခါတွင် လွှဲစာ ညွှန်းစာလေးသာရေးပေးပြီး ကိုယ်တိုင်ပါဝင်စွက်ဖက်ခြင်းမပြုသည့် လူယုတ်မာဖြစ်သည်။

                    X                  X                  X                  X

သို့နှင့် ခေတ်အဆက်ဆက် ရုပ်ရှင်ကားများတွင် မင်းသားမင်းသမီးတို့အတွက်ချစ်ခြင်းကို ခွဲသောဗီလိမ်မှသည်ယနေ့ အချိန်တွင် လူသတ်ကောင်အဖြစ်တစ်ဖုံ၊ လူယုတ်မာအဖြစ်တစ်မျိုး၊ အကျင်နာမဲ့သူအဖြစ် တစ်သွယ် ဆေးပညာအကြောင်း နကန်းတစ်လုံမှ မသိသည့် လေးခုမြောက်ဒုတ်ချောင်းကြီး၏ ကြုံရင်ကြုံသလိုရိုက်နှက်ခြင်းကိုခံရလေသတည်း။  

@kaung myat kyaw's fb
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: lukyi on January 10, 2012, 05:08:23 PM
သံတမန် နှင့် အပျိုစင်တို့၏ မိမိအကြိုက်နှင့် တုန့်ပြန်စကားခြားနားချက်
သံတမန်

မိမိ မကြိုက်သော အကြောင်းအရာကိစ္စတစ်ခုကို ပြောဆိုလာလျှင် အကူအညီတောင်းခံလာလျှင် ဘယ်တော့မှ ငြင်းပယ်လေ့မရှိ။ စဉ်းစားပေးမည်။ အကြောင်းပြန်မည်။ "NO" ဟု သုံးလေ့မရှိ။

 

မိမိ ကြိုက်နှစ်သက်သော လိုလားသော အကြောင်းအရာ ကိစ္စဆိုလျှင် ထောက်ခံသည်။ အကူအညီပေးသည်။ "YES" ဟု ပွင့်ပွင့်လင်းလင်းပြောသည်။

 

အပျိုစင်

မိမိ မကြိုက်သော ကောင်လေး တစ်ယောက်က ရည်းစားစကားလိုက်ပြောပါက တစ်ခါတည်း ငြင်းလွှတ်လိုက်မည်။ တစ်ဖက်သား မျှော်လင့်ချက်မရှိအောင် "NO" ဟု ပြတ်ပြတ်သားသား အဖြေပေးလိုက်မည်။

 

မိမိကြိုက်သော ကောင်လေး တစ်ယောက်က ရည်းစားစကား လိုက်ပြောပါက စဉ်းစားဦးမည်။ အချိန်စောင့်ပါ။ ကျောင်းပြီးမှ။ အလုပ်ရမှ စသည်ဖြင့် နည်းနည်း မူတတ်ကြသည်။ "YES" ဟု တိုက်ရိုက်ပြောလေ့မရှိ။

 

အချုပ်အားဖြင့် သံတမန်လောကတွင် "YES" သာရှိပြီး အပျိုစင် လောကတွင် "NO" သာရှိသည်။

ထိုကြောင့် သံတမန်လောကတွင် Yes မဟုတ်ပါက No ဖြစ်ရန်သေချာပြီး အပျိုစင်ကို ရည်းစားစကားလိုက်ပြောပါက No မဟုတ်လျှင် အခွင့်အလမ်းရှိနိုင်သည်....
@ဦးဦးမှော်ဆရာ
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: pelican on January 12, 2012, 08:23:01 PM
ဦးရုက္ခစိုးနှင့် ယဉ်ကျေးပျူငှာ ရွှေမြန်မာ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း အဲဇလုံ လေယာဉ်ကြီး ဆိုက်လေပြီ။ လေဆိပ်အတွင်း ဝင်လိုက်သည်နှင့် ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ အိုက်စပ်မွန်းကျပ်ခြင်းအရသာကို ခံစားလိုက်ရသည်။ လျှာရှည်သော ဖိုးရှုပ်က အလကား မနေ။ အနားတွင်တွေ့သည့် ရဲဝန်ထမ်းတဦးကို မေးလိုက်သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း အဲဇလုံ လေယာဉ်ကြီး ဆိုက်လေပြီ။ လေဆိပ်အတွင်း ဝင်လိုက်သည်နှင့် ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ အိုက်စပ်မွန်းကျပ်ခြင်းအရသာကို ခံစားလိုက်ရသည်။ လျှာရှည်သော ဖိုးရှုပ်က အလကား မနေ။ အနားတွင်တွေ့သည့် ရဲဝန်ထမ်းတဦးကို မေးလိုက်သည်။
ဖိုးရှုပ်။     ။ ဒီမှာနောင်ကြီး … လေဆိပ်က အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်နေပြီး အိုက်စပ်လို့ပါလား။ ဘယ်လိုဖြစ်တာလဲ။
ရဲ။     ။ အဲကွန်းပိတ်ထားတယ်။ ခင်ဗျား အေးတာကြိုက်ရင်တော့ ကိုယ့်ဘာသာ ယပ်သာခပ်နေတော့။
ဖိုးရှုပ်။     ။ အဲကွန်းက ဘာလို့ ပိတ်တာလဲဗျ။ တော်ကြာ နိုင်ငံခြားသားတွေနဲ့ အားနာစရာ။
ရဲ။     ။ (စိတ်မရှည်သလို ကြည့်ရင်း) အဲကွန်းအတွက်သုံးမယ့် ဆီတွေခိုးထုတ်ရောင်းထား … အဲ ယောင်လို့၊ ခင်ဗျား သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေမယ့် အလုပ်ကို တော်တော် အားပေးတဲ့သူပဲ။ နိုင်ငံခြားသားတွေက နားလည်မှုရှိတယ်။ ဘယ်သူမှ အိုက်တယ်မပြောဘူး။ ခင်ဗျား တယောက်တည်း အိုက်နေလို့ မနေတတ်ရင် ရေခဲတိုက်ထဲသွားနေ။
ရဲဝန်ထမ်းစကားကြောင့် ဖိုးရှုပ် ခေါင်းပုဝင်သွားသည်။ “သြော် ယဉ်ကျေးပျူငှာ ရွှေမြန်မာပါလား” ဟု တယောက်တည်း စဉ်းစားနေစဉ် အနားတွင် ကြွက်စုတ်တို့မရှိတော့။ ကြည့်လိုက်တော့ လူဝင်မှုကြီးကြပ်ရေး တွင် တန်းစီနေသည်။ လူဝင်မှုကြီးကြပ်ရေး အရာရှိဖြစ်သူက ကြွက်စုတ်၏ နိုင်ငံကူးလက်မှတ်ကို သေချာစေ့ငုစွာ ကြည့်နေ၏။
လူဝင်အရာရှိ။     ။ ခင်ဗျား မြန်မာပြည် မပြန်တာ အတော်ကြာပြီနော်။
ကြွက်စုတ်။     ။ ဟုတ်ကဲ့ ၁၀ နှစ် ကျော်ပါပြီ။ တကယ်တော့ အရင်က ဟိုကဒီက ပြန်ပါတယ်။ ဟိုက ဒီက ဆိုတာ အထင်မလွဲပါနဲ့၊ ဦးရုက္ခစိုးနဲ့ နတ်ကြုံလိုက်တာကို ပြောတာပါ။ အခုလို အဲဇလုံနဲ့ ပြန်တာက ဒါပထမဆုံးပါ။ ဒါကလည်း တိုင်းပြည်ကြီး ပြောင်းလဲနေပြီဆိုလို့ ကြည့်ချင်လွန်းလို့ ပြန်တာပါ။
လူဝင်အရာရှိ။     ။ လျှာရှည်လိုက်တာ မိချောင်းသားရယ်။ အေးလေ … ရားဘာဒယ်၊ ရားဘာဒယ် (ရပါတယ်ကို ဝမ်းသာ အားရ ပြောခြင်းဖြစ်သည်) ဒါပေမယ့်  ၁၀ နှစ်တောင် ပြည်တွင်း ပြန်မလာတဲ့သူဆိုတော့ လက်ဆောင်လေး ဘာလေးတော့ ပါမှာပေါ့နော်။
ချိုသာစွာမေးသည် အရာရှိကိုကြည့်ရင် ကြွက်စုတ်အားတက်သွားသည်။ စိတ်ထဲမှလည်း “ယဉ်ကျေးပျူငှာ ရွှေမြန်မာဆိုတာ ဒါမျိုး” ဟု တွေးလိုက်သည်။
ကြွက်စုတ်။     ။ ဟာ ပါပါတယ်။ ရွာက ကြီးတော်ကြီးက ညောင်းတတ်လို့ ထိုင်းရိုးရာ ကျပ်ထုပ်က တခု၊ အရက်ကြိုက်တတ်တဲ့ ဘကြီးအတွက် ထိုင်း တောအရက် တပုလင်း … ပြီးတော့ …။
လူဝင်အရာရှိ။     ။ အဲဒါတွေကို ပြောတာမဟုတ်ဘူး။ ကျုပ်ပြောတာက လက်ဆောင် ဘတ်ငွေလေးဘာလေး ဟဲဟဲ။
ကြွက်စုတ်။     ။ သြော် ဒါလား ပါပါတယ်၊ ပါပါတယ်။
လူဝင်အရာရှိ။     ။ (ခပ်တိုးတိုးလေသံဖြင့်) ဒါဆိုလုပ်လေဗျာ။ ကျုပ်ကို ဘတ်ငွေလေး ဘာလေး ပေးခဲ့ပါဦး။
ကြွက်စုတ်။     ။ ဘတ်ငွေ ပေးခဲ့ရမယ်ဟုတ်လား။
ကြွက်စုတ်က အူကြောင်ကြောင်လုပ်နေသဖြင့် ဦးရုက္ခစိုးက တံတောင်ဖြင့်တွတ်လိုက်ရာ အိတ်ထဲမှာ ၁၀ ဘတ်စေ့ တစေ့ကို အယောင်ယောင်အမှားမှားဖြင့် ထုတ်ပေးလိုက်သည်။
လူဝင်အရာရှိ။     ။ ဟင် ဒါပဲလားဗျ။
ကြွက်စုတ်။     ။ ဘုရားစူးရပါစေ့ဗျာ။ ကျုပ်မှာ ဘတ်ငွေဆိုလို့ ဒါပဲပါပါတယ်။ အဲဒါ ဖိုးရှုပ်မသိအောင် ဘတ်ထားတဲ့ ငွေလေးပါ။
ကြွက်စုတ်၏ ခုနစ်သံချီအသံကြောင့် လူဝင်မှုကြီးကြပ်ရေးအရာရှိလည်း လန့်သွားပြီး ဘေးဘယ်ညာကိုကြည့်ကာ ဘတ်ငွေ ၁၀ ကို ယူ၍ နိုင်ငံကူးလက်မှတ်ကို ဆောင့်ကြီးအောင့်ကြီး ပြန်ပေးလိုက်ကာ လွှတ်ပေးလိုက်သည်။ ဦးရုက္ခစိုးက ကိုယ်ယောင် ဖျောက်ထားသောကြောင့် မင်သေသေဖြင့် ကြွက်စုတ်ဘေးက ဝင်လိုက်လာသည်။
ဖိုးရှုပ်လည်း တဘက်က လူဝင်မှုကြီးကြပ်ရေး အရာရှိမ တဦးကို ဘတ်ငွေ ၂၀ ပေးကာ ဖြတ်သန်း လာခဲ့သည်။ သူလည်း အယ်ချုပ်ကြီးအိတ်ထဲက ဘတ်လာသည့် ဘတ် ၂၀ ဖြစ်သည်။
လေဆိပ်ထဲကထွက်လာတော့ ရန်ကုန်လေကို တဝကြီးရှုလိုက်ရာ မီးခိုးနံ့များကြောင့် ၂ ဦးနှင့်တပါး ချောင်းတဟွတ်ဟွတ် ဆိုးကြလေတော့သည်။ သူတို့ရှေ့တွင် တက္ကစီတစီးက “ဖုန်းဒိုင်း ဖုန်းဒိုင်း” အသံမျိုးစုံမြည်ကာ လာရပ်သည်။ တက္ကစီဒရိုင်ဘာ ဆင်းလာပြီး သူတို့လက်ထဲက အထုပ်များကို ရိုသေစွာ ယူ၍ ကားပေါ်သို့တင်လိုက်သည်။
ရုက္ခစိုး။     ။ ဒီလိုတော့လည်း ရန်ကုန်သားတွေက ဧည့်ဝတ်ကျေကြသားပဲကွ။ ဒါမျိုးကို ယဉ်ကျေးပျူငှာ ရွှေမြန်မာလို့ ခေါ်တယ် သိလား။
ဒရိုင်ဘာ။     ။ ကားပေါ် ကြွကြပါခင်ဗျ။
ဖိုးရှုပ်နှင့် ကြွက်စုတ်မှာ ဒရိုင်ဘာဖြစ်သူ၍ ယဉ်ကျေးပျူငှာသော ပုံစံကြောင့် စိတ်ကြီးဝင်ပြီး ကားပေါ်တက်ထိုင် လိုက်သည်။ ဦးရုက္ခစိုးလည်း မနေသာတော့ဘဲ လိုက်တက်လိုက်ရသည်။ ကားနောက်ခန်းတွင် ထိုင်လိုက်သော ဖိုးရှုပ်မှာ “အောင်မလေးဗျ” ဟု ရုတ်တရက် အော်လိုက်သဖြင့် အားလုံး လန့်သွားကြ၏။
ဒရိုင်ဘာ။     ။ ဆိုဖာစုတ်ပြီး စပရိန်ထွက်နေလို့ပါ။ နည်းနည်းလောက် ရှောင်ထိုင်လိုက်။ အားလုံးအဆင်ပြေ သွားမယ်။
ဒရိုင်ဘာ ပြောသည့်အတိုင်း ဖိုးရှုပ်က ထိုင်လိုက်စဉ် ကြွက်စုတ်က တံခါး ပိတ်မရဘဲ ဖြစ်နေသည်။ ဒရိုင်ဘာက တံခါးကို အပြင်မှ လာပိတ်ကာ ဝါယာကြိုးဖြင့် သေချာစွာ ချည်တုပ်ရင်း “အားလုံး အဆင်ပြေသွားပါပြီ ခင်ဗျာ။ ဘယ်ကို ပို့ပေးရပါမလဲ” ဟု မေးလိုက်သည်။
ရုက္ခစိုး။     ။ ဈေးသိပ်မကြီးတဲ့ ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်း တခုခုကို ပို့ပါ။
ဒရိုင်ဘာ။     ။ ဟိုဟာရတဲ့ တည်းခိုးခန်းရှိတယ် ဆရာတို့။ ဈေးလည်း သိပ်မကြီးစေရဘူး။ မှတ်ပုံတင်လည်း ပြစရာ မလိုအောင် ကျနော် စီစဉ်ပေးလို့ရတယ်။
ဒရိုင်ဘာက ပြောရင်းဆိုရင်း ကားပြူတင်းပေါက်မှ ကွမ်းတံတွေးကို လမ်းပေါ်သို့ ပြစ်ခနဲ လှမ်းထွေးလိုက်သေးသည်။
ကြွက်စုတ်။     ။ ဟိုဟာဆိုတာ ဘာလဲဟင် … ရေပူရေအေးရတာကို ပြောတာလား။
ဒရိုင်ဘာ။     ။ ဟာ ကိုယ့်ဆရာကလည်း ပိန်းလိုက်တာ။ ဟိုဟာဆိုတာ ဟိုဟာပေါ့ဗျာ။ ဘာညာကွိကွပေါ့။
ဖိုးရှုပ်က ရုတ်တရက်သဘောပေါက် သွားပြီး “ဟာ ရတယ်၊ ရတယ်။ ကျနော်တို့ကို အသင့်အတင့် ဟိုတယ် တခုခုသာ ပို့ပေးပါ” ဟု ပြောလိုက်သည်။ ကားသမားက ကားကို ဆောင့်ထွက်လိုက်ရာ “ဖုန်းဒိုင်း” သံစုံမြည်၍ ထွက်ခွာသွားသည်။ ကားက လမ်းလျှောက် တဂျုံးဂျုံးမြည်နေသည်။
ဒရိုင်ဘာ။     ။ ဟဲဟဲ … ကျနော့်ကားက သိပ်မဆိုးပါဘူး။ လမ်းတွေက ချိုင့်တွေချည်းပဲမို့လို့ပါ။
ကားပေါ်တွင် သူတို့အားလုံး ယိမ်းထိုးနေကြသည်။ ကားက မီးပွိုင့်ကို ပွတ်ကာသီကာ ကျော်ဖြတ်သည်။ သူ့ကားကို ကားတစီးစီးကျော်ဖြတ်သွားလျှင် ဒရိုင်ဘာက ဆဲသည်။ ဒီလိုနှင့် အလတ်စား ဟိုတယ်တခု ရှေ့တွင် ကားဘရိတ်ကို ဆောင့်အုပ်လိုက်တော့သည်။
ကြွက်စုတ်။     ။ ဘယ်လောက်ကျလဲ။
ဒရိုင်ဘာ။     ။ တသောင်းခွဲ ကျပါတယ်။
ဖိုးရှုပ်။     ။ ဟာ များလိုက်တာဗျာ။ ခင်ဗျား တက္ကစီမှာ မီတာမပါဘူးလား ကြည့်ရအောင်။
ဒရိုင်ဘာက ဖိုးရှုပ်အား မျက်ထောင့်နီဖြင့် ကြည့်၍ “ခင်ဗျား ရူးနေလား။ ဒီလောက်စုတ်နေတဲ့ကား ဘယ်လိုလုပ် မီတာ တပ်မှာလဲ။ ရုတ်ရုတ်ရုတ်ရုတ်တော့ မလုပ်နဲ့၊ ပေး တသောင်းခွဲ” ဟု ပြောလိုက်သည်။
ရုက္ခစိုး။     ။ နည်းနည်းလောက် လျှော့ပေးလိုက်ပါ ငါ့တူရယ်။
ဒရိုင်ဘာ။     ။ ခင်ဗျားက ဘယ်ဇာတ်ထဲကလဲ အဘိုးကြီး။ ကြောင်တောင်တောင်မလုပ်ပါနဲ့။ တပြားမှ မလျှော့ပေးနိုင်ဘူး။ ကားပေါ်မတက်ခင် ကတော့ ဈေးမမေးဘဲနဲ့။
ဖိုးရှုပ်။     ။ ဒါကတော့ ခင်ဗျားက ကျနော်တို့ အထုပ်တွေကို ယူပြီး ကားပေါ်တင်လိုက်တာကိုး။ မေးချိန်မှမရတာ။
ဒရိုင်ဘာ။     ။ ဟာ … ခင်ဗျားတို့ တောသားတွေပဲ။ ဒါ ရန်ကုန်ဗျ။ ရန်ကုန်။ တောမဟုတ်ဘူး။ အူကြောင်ကြောင် လာမလုပ်နဲ့ အကုန်လုံး ပြဿနာ တက်သွားမယ် ဘာသိလဲ။
ဒရိုင်ဘာက စွတ်ဟောက်နေသဖြင့် အကျယ်အကျယ် မငြိမ်းဖွယ်များ ဖြစ်လာမည်ကို စိုးရိမ်သော ဦးရုက္ခစိုးမှာ မြန်မာကျပ်ငွေ ၅ ထောင်တန် ၃ ရွက်ကို အပ်ချလောင်းဟု မန်း၍ ပေးလိုက်မှ ကားကို ဆောင့်ထွက်ကာ “ဖုန်းဒိုင်း” သံစုံမြည်၍ မောင်းထွက် သွားလေတော့သတည်း။      ။

@By featured, ရန်ကုန်သားတာတေ


 
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on January 15, 2012, 12:55:42 AM
ကျွန်တော်တို့ မြန်မာနိုင်ငံက ဝန်ထမ်းဆရာဝန်လင်မယားတွေ နိုင်ငံခြားကို တူစုံယှဉ်တွဲခရီးထွက်ခွင့် မရှိဘူးတဲ့ခင်ဗျ။
 
ဆေးကျောင်းသူကျောင်းသားဘဝမှာ သမီးရည်းစား၊ ကျောင်းပြီးလို့ နှစ်ယောက်လုံးအလုပ်ထဲဝင်ကြတော့ လက်ထပ်ကြ၊ ပြီးတော့ ဖူးခက်ကို ဟန်းနီးမွန်းထွက်ဆိုတာ လွန်းထားထား ဝတ္ထုထဲမှာတော့ ဖတ်ဖူးသား။ ဘဲဒီး ဂဒိုမန်းတစ် (Very romantic!)
 
တကယ့်လက်တွေ့မှာတော့ အဲလောက် ပိုက်ဆံရှိတဲ့ မြန်မာဝန်ထမ်းဆရာဝန်ပေါက်စစုံတွဲတကယ်ရှိရင် ဂင်းနစ် - အဲလေ၊ ဖူးခက်ကိုလည်း ဟန်းနီးမွန်းခရီးထွက်မယ်ဆိုရင် တစ်ယောက်တစ်လှည့် သွားရပါလိမ့်မယ်ခင်ဗျား။ (“ကိုကို့ ပတ်စ်ပို့ ပြန်အပ်မှ မိုမို့ပတ်စ်ပို့ ထုတ်ပေးမယ်တဲ့ ကိုကိုရယ်။ ကိုကို ဟန်းနီးမွန်းထွက်နှင့်တဲ့အချိန် ကိုကို့ ဆေးရုံဂျူတီတွေကိုမိုမို relieving ဆင်းပေးထားမယ်နော်။ ပြီးမှ မိုမို တစ်လှည့် သွားမယ်။ ကိုကို့ရဲ့ ဟန်းနီးမွန်း ဂျူတီတွေကိုလည်း မိုမို ဟိုမှာပဲ relieving ရှာလိုက်မယ်နော်။”) - ဟုတ်ပေါင်၊ ပြောရင်းနဲ့ ရှုပ်ကုန်ပြီ။
 
 
သြော် - ဒီလို မဟာဗျူဟာမြောက် ပေါလစိ (policy) ချထားရတဲ့ အကြောင်းရင်းကတော့ လင်မယားနှစ်ယောက် အတူ ပေးထွက်လိုက်ရင် ပြန်မလာတော့မယ့် ဖြစ်နိုင်ချေ များလို့ပါတဲ့ခင်ဗျာ။ တစ်ယောက်ကို ပြည်ထွက်ခွင့်မပေးဘဲ နိုင်ငံအကျယ်ချုပ်နဲ့ ထားထားရင်တော့ ထွက်သွားတဲ့ တစ်ယောက်ကလည်း အချိန်တန်ရင် မဖြစ်မနေ ပြန်လာရမှာပဲဆိုတဲ့ အင်မတန် သမာသမတ်ကျတဲ့ အိုင်ဒီယာခင်ဗျ။ (“မင်းမိန်းမနဲ့ ဒီဘဝမှာ ပြန်တွေ့ချင်သေးတယ်ဆိုရင် သင်တန်းပြီးတာနဲ့ ဒီကို တန်းတန်းကြီး ပြန်ခဲ့တော့။”)
 
စူဠလိပ် ရေထဲလွှတ်ရရင်တောင် လိပ်ခွံတော့ ချွတ်ပြီးထားခဲ့ဦးဆိုတဲ့ အိုင်ဒီယာဗျ။
 
“အိုင်ဆေး ဦးဘချစ်၊ ခင်ဗျားတို့ ချစ်ခြင်းကို မခွဲချင်ဘူးဗျာ နော်။ ဒါပေမယ့် ခင်ဗျား ကျုပ်ကို နောင် ဒုက္ခမပေးရဲအောင်တော့ကာ မမြဝင်းကို ကျုပ် ခေါ်ထားရလိမ့်မယ်ဗျ … ဟွန်းဟွန်း …” ဆိုတဲ့ ဗိုလ်အောင်ဒင့် အိုင်ဒီယာမျိုးဗျ။ (ဗိုလ်အောင်ဒင် = ဓားပြဗိုလ်။)
 
ဒါဟာ Social kidnapping လူမှုရေးပြန်ပေးဆွဲခြင်းပဲဗျ။ အခု နိုင်ငံတော်က ဖော်ဆောင်နေတဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသလားလို့ပဲ။ (ဒီမိုကရေစီကျင့်စဉ်က ဖြောင့်ဖြောင့်ကြီးဆိုရင်ပေါ့လေ အဟီး။)
 
အိုင်ဆေး … တစ်ဖက်နိုင်ငံမှာ သင်တန်းသွားတက်ရမယ့် ကိုယ့်ဇနီးကိုယ် စိတ်မချလို့ လိုက်ပို့ချင်တယ်ဗျာ။ ဟိုမှာလည်း ရောက်တုန်းရောက်ခိုက် လေးငါးရက်လောက် အတူလည်လိုက် ပတ်လိုက်ချင်သေးတယ်ဆိုရင် နှစ်ယောက်လုံး ပတ်စ်ပို့ပြိုင်တူရအောင် ဘယ်လိုလုပ်ရမလဲ။
 
မူနဲ့ လွတ်အောင်ဆိုရင် လင်မယား မဟုတ်မှပဲ ရမှာပေါ့။ ဒီတော့ကာ “နှစ်ဦးသဘောတူ (ခေတ္တ) ကွာရှင်းပြတ်စဲ ပြီးစီးခြင်း” ဆိုပြီး ကြေညာလိုက်ဗျာ။
 
          “ကျွန်တော်တို့ လင်မယားမဟုတ်တော့ဘူးခင်ဗျ။ သူလည်း သူ့ကိစ္စနဲ့သူ နိုင်ငံခြားသွားမှာ။ ကျွန်တော်လည်း ကျွန်တော့်ကိစ္စနဲ့ ကျွန်တော်ပဲ။”
          “သြော် လေယာဉ်တစ်စီးတည်း ထိုင်ခုံနံပါတ် ကပ်လျက် ဖြစ်နေတာကတော့ အခင်မင် မပျက်အောင်လို့ပါ ခင်ဗျာ။”
          (“ဟိုရောက်တော့လည်း ဟိုတယ်တစ်ခန်း နှစ်ယောက် အစုအစပ်ငှားပြီး … ဟဲဟဲဟဲဟဲ … အခင်မင်မပျက်ပေါ့ခင်ဗျာ။”) - စိတ်ထဲမှ ကြုံးဝါးခြင်း။
 
ပတ်စ်ပို့ ရပြီဆိုတော့မှ…
“နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲပြီးစီးခြင်း ပြီးစီးသွားပါ၍ ဒုတိယမ္ပိ လက်ထပ်ပြီးစီးခြင်း။”
“ဒုတိယမြောက် ဟန်းနီးမွန်းခရီးကို ဖြစ်မြောက်အောင် အဖက်ဖက်မှ ဝိုင်းဝန်းဖိအားပေး ပေးပါသော တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း ...”
 
ဟုတ်တယ်လေ။ ဒီလို ကြံတီးကြံဖန် ရူးတူးပေါတော လျှောက်စဉ်းစားပြီး လိုက်လုပ်ပေးမှ ကျင့်သုံးနေဆဲ ပေါလစိ (policy) တွေနဲ့ ရှေ့သွားနောက်လိုက်၊ သူ့အရပ်နဲ့ သူ့ဇာတ်၊ အိုးရွဲ့နဲ့ စလောင်းရွဲ့၊ ဘုန်းကြီးရူးနဲ့ လှေလူး လိုက်ဖက်ညီတော့မပေါ့လို့။ ဘယ့်နှယ့်လဲဦးဘချစ်ကဲ့ … ဟွန်းဟွန်း …
 
PS:  မိန်းမရေ ကို့ကို ဂယ်ချစ်ရင် အထက်လူကြီးတွေ မသိအောင် လာခိုးပါ။ စနေနေ့ည ကိုးနာရီ တံတားဦးလေဆိပ်ကစောင့်မယ်။ ဟိုကနေ ကို့အတွက် ပတ်စ်ပို့အတု လုပ်ခဲ့ဦး။ ရင်တွေခုန်လိုက်တာနော် … အဟိ။


@dr aung khine's fb
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on January 17, 2012, 02:50:19 AM
ရာဇ၀င် ရှိပါတယ်

တခါက လူနှစ်ယောက်ရှိတယ်။ တယောက်က မျက်စိမမြင်တဲ့သူ။ ဒါပေမယ့် ဉာဏ်တော့ရှိတယ်။ သူ့ နာမည်က ဖိုးဉာဏ် တဲ့၊ နောက်တယောက်တော့ ဗလကောင်းကောင်းနဲ့ လူပဲ။ ဆိုးတာက သူကဉာဏ်တော့မရှိဘူး။ အဲ့ သူသိတာတခုတော့ ရှိတယ်အဲ့ဒါ ဖိုးဉာဏ်ကို ဆရာတင်ရမယ် ဆိုတာပဲ။
သူ့ နာမည် ဗလတဲ့။ သူတို့က အတွဲတော့ညီသား။ ဗလ က ဖိုးဉာဏ် ကို ကုန်းပိုးပြီးသွားတတ်သလို ဖိုးဉာဏ်တော့ ဗလ ပြောတာနားထောင်ပြီး ဆုံးဖြတ်ပေးတတ်တယ်။ ဘယ်လောက်တောင် လဲဆိုတော့ တခါက သူတို ညပိုင်းကြီးပြန်လာတာ ဗလ က …
“ဟေ့ကောင် ဖိုးဉာဏ်ငါတို့ဆီကို ခပ်လင်းလင်းဟာကြီးနှစ်ခု ပြေးဝင်လာတယ်”
ဖိုးဉာဏ် ကစဉ်းစားပြီး
“ဘယ်လိုဟာလဲ ဟ”
“ခပ်လင်းလင်းနဲ့ အသံတွေလဲ ထွက်နေတယ် နှာမူတ်သံကြီးနဲ့ ငါတို့နဲ့တောင် အတော်နီးလာပြီ”
“လင်းလဲ လင်းတယ် အသံလဲထွက်နေတယ် ဟုတ်လား”
“အေး ငါတို့နဲ့တောင် သိပ်မကွာတော့ဘူး”
“ဘယ်လိုအသံလဲကွ”
“တ တီတီတပွမ်ပွမ်နဲ့ ကွ”
“ဟာ …. မင်း အဘ … အဲ့ဒါ… ကားဟ… ရှောင်ရှောင်…”
အသေအလဲရှောင်လို့ မတိုက်မိပေမယ့် နှစ်ယောက်လုံး လမ်းဘေးကို ဒိုင်ဗင်ပစ်လိုက်ရလို့ အကွဲကွဲ အပြဲပြဲပဲ။ အဲ့လိုနှစ် ယောက်ပါ။ ဒါပေမယ်အပေးအယူတော့ဖြောင်လို့။ အဲ့လိုနဲ့ တနေ့ညတညမှာ သူတို့ အိမ်အပြန်မှာ အပင်ကြီးတပင်ကြီး အောက် ကဖြတ်ပြန်ရတယ်။
အဲ့အပင်မှာ ညဂျူတီကျတဲ့ သရဲတကောင် ရောက်နေတယ်။ သူ့တာဝန်က ဒီညမှာ ဒီအပင်အောက်ကိုဖြတ်တဲ့ လူနှစ် ယောက်ကို ခြောက်ရမှာ။ တခါတည်း နှစ်ယောက်ကိုတွေ့တော့ ပိုင်ပြီပေါ့  ပိုတဲ့အချိန်ကို ဘီယာဆိုင်ထိုင်မယ်၊ မာဆတ် သွားမယ်ပေါ။ ဒါကြောင့် ၀ုန်းထခနဲခုန်ချပြီး သူရဲ့ကြောက်စရာကောင်းတဲ့ လက်တွေကို ဆန့်ထုတ်လိုက်တယ်။ ဗလ က သူရှေ့ရောက်လာတဲ့ သရဲကို သေချာကြည့်ပြီး …
“ဖိုးဉာဏ်ရေ ငါတို့ရှေ့ကို အဖြူရောင်အ၀တ်နဲ့လူတယောက် ခြေကားယား လက်ကားယား လုပ်နေတယ်”
“ဟေ …. မော်တော်ပီကယ်နေမှာပါကွာ သူတို့ဖလားကြီးတောင် ပါဦးမယ် ”
“အဖြူရောင်အ၀တ်က အစုတ်စုတ်အပြတ်ပြတ်နဲ့ကွ”
“အော် ၀န်ထမ်းနေမှာပေါ့”
“ မျက်လုံးပြူးကြီးနဲ့ ဟ ”
“ဝေဖန်ရေးဆရာ နေမှာဟ”
“လျှာကလဲ တတောင် လောက်ထွက်နေတယ်”
“ကျူရှင်ဆရာနေမှာ”
သူတို့ပြောနေတာတွေ ကြားပြီး ကြာတော့ သရဲလဲစိတ်က မရှည်တော့ဘူး။
“ဟိတ်လူတွေကြောက်ကြလေဗျာ ကျုပ်က တစ္တေ ခင်ဗျားတို့တွေ ကိုခြောက်နေတာ”
“ဖိုးဉာဏ်ရေ ငါတို့ကို သူက တစ္ဆေခြောက်နေတာတဲ့”
“အာ သူက သရဲဆိုတိုင်း ယုံလို့မရဘူးကွ ဒီခေတ်ကြီးက အလိမ်အညာတွေများတယ်။ သူ့မှာ ဘာအထောက်အထားပါ လဲ၊ မေးကြည့်ကွာ”
သရဲလဲ အတော်တင်းနေပြီ ဒါနဲ သူ့ရဲ့ သရဲမှတ်ပုံတင်ကတ်ပြားကို ပြလိုက်တယ်။ သူ့ဘ၀သက်တမ်းမှာ ဒီလိုကတ်ပြား ပြပြီး ခြောက်ရတဲ့ လူမျိုးမတွေ့ဖူးဘူး။ ဗလ က မှတ်ပုံတင်ကိုကြည့်ပြီး
“ကတ်ပြားကတော့ဟုတ်တယ် ပုံက၀ါးနေတယ်ကွ”
“ပုံက၀ါးတယ်ဆိုတော့ ယုံလို့မရသေးဘူး ပြီးတော့ အဲ့ ကတ်ပြားကို ငါကမြင်ရတာ မဟုတ်ဘူး။ ဗလ ဒီကောင် ကြည့်ရ တာ မသင်္ကာစရာဘဲကွ၊ ကြာတယ်ကွာ ဒီကောင်ကို မင်းချုပ်ထားလိုက်စမ်းကွာ”
ဒါမျိုးကတော့ ဗလတို့ ဘာသွက်သလဲမမေးနဲ့ ချုပ်ထားလိုက်တာ သရဲခမျာ ယှက်ကန်ယှက်ကန်နဲ့ မိပါရော။
“ဟေ့… လူတွေ…. ကျုပ်က… သ… ရဲနော်.. ကျုပ်… ကိုင်လိုက်ရမလား”
“အောင်မာ အခုထိ သရဲက တပြားသားမှ မလျော့သေးဘူး…၊ အေး မင်းကိုငါမေးမယ် မင်းသရဲ ဆိုသိရမယ် လူဟာသေ ရင် ဒွါရကိုးပေါက်က အသက်ထွက်တယ်လို့ဆိုတယ်၊ မင်းဟာ သေဖူးတဲ့ သရဲ ဆိုတော့ သိရမယ်၊ ပြော မင်း ဘယ်အ ပေါက်ကထွက်သလဲအသက်။”
သရဲ လဲ အတော် ညစ်သွားတယ်၊ ကို့ဟာကို ဘယ်က ထွက်မှန်းမသိဘူး။ ဒါနဲ့ ရမ်းဖြီး လိုက်တယ်။
“ နာ… နား … က… ထွက်တာ”
ဒီအခါဖိုး ဉာဏ်က တောက်တချက် ပြင်းပြင်းခေါက်ပြီး
“လူ့ရဲ့ မြင့်မြတ်တဲ့ နားနှခေါင်းထွက်ရင် ကောင်းတဲ့ဘုံရောက်တယ် ကွ။ ဟေ့ကောင်ဗလ ဒီကောင်လူလိမ်ကွ ချကွာ”
ဘာပြောကောင်းမလဲ ဗလ သမလိုက်တာ သရဲ ခွေခွေ လေးကျန်ခဲ့တယ်။
ဒီဇာတ်ကပြီးမသွားခဲ့ဘူး။တစ္ဆေလောကမှာ ဂယက်ထသွားတယ်။ သရဲတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြတယ်။ ငါတို့က ဘာလဲ ဘာတွေလဲ ဘာကောင်တွေလဲ။ ဆောက်တည်ရာမရ ဖြစ်ကုန်တယ်။ တစ္ဆေအကြီးအကဲကြီးကတော့
ပြောရှာပါတယ်…
“တို့တွေက သရဲတွေပါ သံသယ မရှိကြပါနဲ့”
ဒါပေမယ့် သူစကား ဘယ်သူမှနားမထောင်ကြဘူး ။ခေါင်းဆောင်ကြီးလဲ တဖွဖွပြောရင်း သူ့ဘ၀ နောက်ဆုံးအချိန် ရောက်တော့ သေတမ်းစာမှာ မှာခဲ့တယ်။
မျက်စိ မမြင်တဲ့သူနဲ့ ဉာဏ်နည်းတဲ့ သူတွေကို ဘယ်တော့မှ မခြောက်ပါနဲ့တဲ့။ ခုချိန်ထိ ဘယ်မျက်မမြင် ဘယ်အရူးကိုမှ
တစ္ဆေခြောက်တယ်လို့ မကြားမိတာ အမှန်ပါပဲ ။
cupid boy (from mail group)
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: drlanmadawthar on January 20, 2012, 02:47:48 PM
ဆိုးပေ

ဒီကိစ္စ ဆိုးပေ မြို့တက်သင်တန်းတက်ရာကစသည်။
 
ဆိုးပေတို့သင်တန်းက ညစ်ပါတ်သည်လို့ဆိုးပေအမေကပြောသည် အီးတွေဝမ်းတွေပါသည် လို့လည်းသိရသည်။ ဘာဘဲဖြစ်ဖြစ် အရင်တုန်းကဆိုးပေ ပွင့်လင်းတတ်သည်။အသံကျယ်ကျယ်ပြောတတ်သည်။ ဒါပေမယ့်မြို့သင်တန်းကပြန်လာတော့ ဇာတ်မင်းသားပုံပေါက်လာသည် ။ စကားပြောလျှင် နုတ်ဖျားနှင့် ဇာတ်မင်းသားလိုလိုပြောတတ်လာသည်။ သူပြောတော့ပညာရှိတွေဒီလိုပြောသည်ဆိုဘဲ။
 
ဒီကြားထဲ ဘိုစကားတွေညှပ်ပြီး ကြီးကြီးကျယ်ကျယ်တွေပြောလာပြန်သည်။ ပရောဂျက် ဆိုပြောပြောနေသဖြင့် ပရောဂဆရာက သူ့ဂွင်လုမည်ဟုထင်ပြီးမကြည်။ကလေးတွေ ထုတ်ဆီးတိုးနေသည့်ကြားထဲ ဂိမ်းသီအိုရီဝင်ပြောပြန်သည်။ဝင်းဝင်းတို့အမေက အိမ်လာတိုင်သည် ရွာထဲဝင်းဝင်းသီအိုရီ(win-win) လျှောက်ပြောနေ၍ ၀င်းဝင်းတို့အရှက်ရသဖြင့်ဖြစ်သည်။စီဘယ်ဆိုရှိက်ရတီဆိုတာ ဆိုးပေပါးစပ်ကထွက်နေကြ။ ဒီလိုနားမလည်သော အရာများပြောသဖြင့် အိမ်ဆွမ်းခံကြွနေကျ ကိုယ်တော်လည်းမလာတော့ လဘက်ရည်ဆိုင်ရှင်က သူလာလျှင်လူရှင်းသဖြင့်ဆိုးပေ အားလက်လန်သည်။ ဆိုးပေအားရွာရှိကလေးလူကြီး ဆိုးပေအားရှောင်ကြသည်။ နောက်ဆိုးပေ မြို့ပြန်ပြေးသည်။
 
သိပ်မကြာ ဆိုးပေပြန်ရောက်လာတော့ သူဟာအမတ်လောင်းဖြစ်သည်ဟုပြောပြန်သည်။ ပုတ်သင်ညိုပါတီကဖြစ်သည်ဟုသိရသည်။ သူမဲဆွယ်သည်ကို သူ့အမျိုးတွေမနေရ တစ်အုပ်လုံးလိုက်ရသည်။ ရွာရှိ နွားလှည်းနှင့်ထရော်လာဂျီတွေကို အစိုးရကိုဝယ်ခိုင်းပြီး ကားသေးသေးလေးတွေသွင်းပေးမယ်လို့ ပြောပြန်သည်။ ရွာသားတွေ ကားမောင်းသင်ဖို့ လိုင်းကားဆရာ ကိုပြားကို အပူကပ်ကြသည်။သို့သော်ဆိုးပေ ကိုခွေးကိုရှုံးသည် ။ ရွာသားတွေမဲမထည့်၍ရှုံးရသည်လို့ ပြသနာရှာ သည် ။ဆိုးပေအဖေက ဆိုးပေကိုနဘမ်အုပ်သည် ငါးသိန်းကုန်၍ဖြစ်သည်။ဆိုပေ လူတွေကိုမကြေနပ် ထို့နောက်ဆိုးပေ စကားသိပ်မပြောတော့ ။ရွာဝမ်းသာသည်။
 
နည်းနည်းကြာပြီးတစ်ရက် ဆိုးပေအမေ အော်ပြီးရွာထဲပြေးနေသည် ။ ဆိုပေ စာထားခဲ့သည်ဟုသိရသည် ။နောက်ဘ၀သမ္မတဖြစ်အောင် ရွာဘေးကဧရာဝတီမြစ်ထဲခုန်ချတော့မည်ဟုရေးခဲ့သည်။ ရွာသားတွေ အမျိုးတွေမြစ်ဆီပြေးကြသည်။ ဟိုရောက်တော့ ရင်ခေါင်းလောက်ရှိတဲ့မြစ်ထဲမှာ ဆိုးပေငိုနေသည်။ အကြောင်းအရင်းက ဧရာဝတီဖြစ်ရေနည်းသည်ကို သူ့သင်တန်းက သင်မပေးခဲ့၍ဖြစ်သည်။
 
အံဖွယ်ဆိုးပေပါတကား ရွာအကြောင်း မြစ်အကြောင်း မြို့သင်တန်းက သူ့မပြောပြခဲ့ပါလား....။
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: minthowae on February 04, 2012, 10:13:35 AM
(http://is200.imagesocket.com/thumbs/2012/02/03/2430631-imh8.jpg) (http://www.imagesocket.com/photos/guest/2430631)
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: virus2030 on February 08, 2012, 01:32:58 PM
  နှစ်သက်မိလို. ပြန် Share ပေးလိုက်ပါ၏ ။  ;D ;D ;D

က ကလေးငယ် အမြည်းဝယ်..။
ခ ခရမ်းသီးအရက်မြည်း..။
ဂ ဂဏာန်းကြော်အရက်နဲ့ဆော်..။
င ငပိထောင်းမြည်းလို့ကောင်း..။
စ စခန်းမှာ မူးလိုပါ..။
ဆ ဆရာကြီး အရက်သမားကြီး..။
ဇ ဇရက်ကြော် ဂွတ်တယ်နော်..။
ည ညနေခင်း သောက်ပွဲဆင်း...။
တ တောအရက် မိုက်တဲ့ကွဲ့..။
ထ ထန်းရည် သောက်မပြေ..။
ဒ ဒညင်းကြော် မိုက်တယ်နော်...။
ဓ ဓနိရည် သောက်မယ်လေ..။
န နံကင် မြည်းလိုက်ချင်..။
ပ ပုစွန်သုတ် အမြည်းလုပ်...။
ဖ ဖဲထုတ် အဖော်လုပ်..။
ဗ ဗရာကြော် မြည်းမယ်နော်..။
ဘ ဘီယာ သောက်မယ်ကွာ..။
မ မရမ်းသီး မြည်းသာမြည်း..။
ယ ယုန်ဟင်း ပွဲတော်ခင်း..။
ရ ရိုးရာ သောက်ပွဲပါ..။
လ လူငယ် သောက်မယ်ကွယ်..။
ဝ ၀ီစကီ လွမ်းပါသည်..။
သ သူငယ်ချင်း အရက်သမားအသင်း..။
ဟ ဟားဟား
အ အိမ်အပြန် မူးလို့အန်....

(အရက်သမားကြီးတစ်ဦး၏ အိပ်ဖွင့်ကဗျာ) XD
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ဖိုးစိန် on March 02, 2012, 09:36:39 PM
(http://thumbnails33.imagebam.com/17773/945f64177725078.jpg) (http://www.imagebam.com/image/945f64177725078)


သဘောကျလို့ FACEBOOK ကနေ ပြန်ရှဲလိုက်ပါဒယ်
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: shwekatsee on April 22, 2012, 11:07:18 PM
“ချစ်ရပါသာ ပိန်တာရိုးမလေး ဂွိစိန်သို့”
သို့ \\\

ချစ်လှစွာသော ပိန်တာရိုးမလေး ဂွိစိန်water………(water=ရေလို့ဖတ်ပါ)

ကိုယ် ဂွိအတွက် စာရေးလိုက်ပါတယ်။ ခေါင်းက အိမ်မှာ ကျန်ခဲ့လို့ ကိုယ်ကပဲ ရေးရတာပါ…အဲ စစချင်းမှာပဲ ရှုပ်ကုန်ပြီ။ ကိုယ် ဂွိကို စွဲလမ်းရတဲ့ သမုဒယ ချစ်ခြင်းတွေအဖြစ် နှလုံးသားနဲ့ ရင်း ရေးထားတာပါ(အမှန်က ကီးဘုတ်နဲ့ လက်ကွက်ရိုက်ပြီ ရေးထားတာ အဟီး)။ ဒီစာကို ဂွိနှလုံးသားနဲ့ မဖတ်ပါနဲ့။ အင်..ဘယ်လိုကြီးလဲလို့ မတွေးနဲ့အုံး။ နှလုံးသားက မျက်စိမှ မရှိတာ ဘယ်လိုလို့ ဖတ်လို့ရမှာလဲ မဟုတ်ဘူးလား။ အဲ့ဒါကြောင့် ဂွိကို မျက်စိနဲ့ ဖတ်ပြီး နှလုံးသားနဲ့ ခံစားစေချင်တယ်။ ဂွိခံစားဖို့အတွက် ခွက်တစ်လုံး ပို့လိုက်မယ် အဲ ယောင်သွားလို့ အဟီး။

ဂွိရယ်(ရယ်ပါဆို မရယ်ဘူး ရိုက်လိုက်ရမလား)… ငါရဲ့ ရင်ထဲမှာ မင်းကို ဘယ်လောက်မြတ်နိုင်းသလဲ သိလား။ အင်း ငါမှ မပြောရသေးတာ ဂွိက ဘယ်လိုလို့ သိမှာလဲနော်။ ကိုယ်ရဲ့ အိမ်မက်တွေထဲမှာ ဂွိ နင်အမြဲပါတယ်။ ပါတယ်ဆိုလို့ ချီးပုံ အကြီးကြီးလို့ မထင်နဲ့ အုံး။ အင်း ငါပြောမှ ပိုထင်ကုန်ပြီ အဟီး။ အိမ်မက်ထဲမှာတော့ ဂွိနဲ့ ကိုယ်နဲ့ပေါင်းရင်တော့ သုံးယောက်ပေါ့နော်။ တော်လိုက်တဲ့ ပညာရှိကြီး တစ်နဲ့ တစ်ပေါင်းတာ သုံးရတယ်လို့ ရွဲ့ မပြောနဲ့အုံး။ ကိုယ်နဲ့ မင်းနဲ့ အိမ်မက်ထဲမှာ ပေါင်းရတော့ ကလေးလေး တစ်ယောက်မွေးတယ်လေ။ အဲ့တော့ ကိုယ်နဲ့ မင်းနဲ့ ပေါင်းတာ ကလေး တစ်ယောက်တိုးတော့ သုံးယောက်ပေါ့နော် သိပြီလား ခိခိ။ ကိုယ်တော်တယ်မှတ်လား ဂွိရ။ ဂွိဟာ သူများတွေ အတွက်တော့ ကမဋ္ဌာန်းရုပ်ဖြစ်ပေမဲ့ ကိုယ့်အတွက်တော့ အမဲရိုးလေးလိုပါပဲနော်။ အရိုးကြိုက်တတ်တဲ့ ကိုယ့်အတွက်တော့ ဂွိက လူမြင်တာနဲ့ ကိုက်ချင်စရာ ရုပ်ပေါက်တယ်ဟိဟိ။ ပြောနေရင်းနဲ့တောင် ဂွိမျက်နှာ မြင်ယောင်ရင်း အရိုးကိုက်ချင်လာပြီ…ဂလု။ တံတွေးကို မနည်းမြိုချရတယ်။

ဂွိရေ… ကိုယ့်ရဲ့ အသည်းထဲ၊ နှလုံးသားထဲ၊ ကျောက်ကပ်ထဲ၊ ကလီစာထဲ၊ အူသိမ်၊ အူမချေးခါးမကျန် ချစ်နေခဲ့ရတော့ အမုန်းတွေ မရလိုဘူးနော်။ ဂွိသာ မုန်းရင် ဒီကမ္ဘာပေါ်မှာ မသာတစ်ယောက်တိုးသွားမယ် သိလား။ တော်ကြာ ဂွိတရားခံဖြစ်မှာနော်။ အဲ့တော့ ကိုယ်သေရတာ ဂွိကြောင့်လို့ မဖြစ်ရအောင် ပြန်ချစ်လှည့်ပါကွာ။ ကိုယ်လို ဥစ္စာချော ရုပ်ပေါလေးကို သနားစိတ်နဲ့ ချစ်ကြည့်စမ်းလှည့်ပါ။ မီးခြစ်နဲ့ အုန်းခြစ်နဲ့ သခွားခြစ်နဲ့တော့ မချစ်နဲ့နော်။ ငိုလိုက်မှာ သိလား။ ကိုယ်က အသည်းနုတယ်။ လေတိုက်ရင်တောင် နှလုံးရောဂါဖောက်တတ်တဲ့အထိ အသည်းက နူတာ အဲ မှားလို့ နုတာ အဟီး။ သူငယ်ချင်းတွေက ပြောကြတယ် သိလား။ ဂွိနဲ့ ကိုယ်နဲ့ ချစ်သူတွေဖြစ်ရင် ရာဝင်အိုးမှာ ပီကေ ကပ်သလိုဖြစ်မှာတဲ့။ ကိုယ့်ကိုယ် ရာဝင်အိုးနဲ့ နှိုင်းပြီး ဂွိကို ပီကေနဲ့ နှိုင်းတာ ဒါနှိုင်းစရာလား အဲ့ဒီအရာတွေ သိက္ခာကျတာပေါ့နော်..ဟုတ်ဘူးလား ဂွိရ။

ကိုယ့်ကိုလေ“ ဂွိနဲ့ မင်းလက်ထပ်ရင် နွားဖြစ်မှာ ကျိန်သေးတယ်”တဲ့ ဘေးလူတွေက ပြောကြတယ်။ ဖြစ်ဖြစ်ပေါ့…ဂွိရာ။ မိန်းမမြင်ရင် ယောက်ျားတွေက ချိုပေါက်ချင်ကျတာချည်းပဲဟာ…ဘွတ်အဲ… အဲ နာတောင် နွားဘ၀ မြန်မြန်ရောက်သွားပါလားဟ။ ဂွိကို ချစ်တဲ့အတွက် ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘူး ဘွတ်အဲမယ်။ အဲ…ဆက်ချစ်မယ်။ ဘာဖြစ်သလဲ။ ဘာဖြစ်သလဲ။

ကိုယ်နဲ့ ဂွိနဲ့ ဟိုမရောက် ဒီမရောက် တောမရောက် တောင်မရောက် ဖြစ်နေသေးတာမို့ သူများတွေက ပြောကြတယ် သိလား။ “မင်းကို ကောင်မလေးက ပါချင်နေတာ မင်းက မဟလို့တဲ့” အဲ့လို အပြစ်တွေ စုပြီး တင်ကြတယ်လေ။ အဲ့တော့ ဂွိရယ် မအောင့်အီးနိုင်လို့ ဂွိပါချတော့မယ်ဆိုရင်လည်း ကိုယ့်ကို ကြိုပြောပေါ့နော်။ ကိုယ် ကြွပ်ကြွပ်အိတ်ကြီးကြီး ပို့လိုက်မယ် သိလား။ အားရပါးရသာ…ပါနော် အားနားစရာ မလိုပါဘူး… ဂွိ အဟိ။

ဂွိအကြောင်းကို တွေးလိုက်တိုင်း ညညဆို ကိုယ်အိပ်လို့ မရဘူး။ ကုတင်အောက်က ဂျပိုးတွေက အရမ်း အရမ်းကိုက်တာပဲ။ အဲ ဟုတ်ပါဘူး။ သိပ်ချစ်လို့ ခံစာချက်တွေ ပြန်တွေးနေလို့နော် အဟီး။ အဲ့ဒီအတွက်ပဲ ဂွိကို တံတွေးစွတ်ပိတ်ထားတဲ့ စာအိတ်ကလေးနဲ့ ရင်ဖွင့်မိတာပါ။ ဒီချစ်သ၀ဏ်လွှာဖတ်ပြီးရင်တော့ ဂွိကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ပေါက် အဲ ကိုယ့်ကို အဖြေပေးနိုင်အောင်လို့ပါ။ ဒါပဲနော်… ဖတ်ပြီးတာနဲ့ ဂွိ ချက်ခြင်း ချစ်တယ် အဖြေပေးရမယ်။ ချစ်တယ်လို့ ပြန်မပြောရင်တော့ ဂွိတော့ ကိုယ့်ရဲ့ ကျိန်စာစူးမှာပဲ။ ဘာကျိန်စာလဲ ဟုတ်လား။ သိချင်တယ်ပေါ့ ဟုတ်လား။ မပြောပါဘူး။ သိချင်ရင် ဖတ်ကြည့်။ အောက်မှာ ရေးထားတယ်။

“ဒီစာဖတ်ပြီး ငါ့ကို ချစ်တယ် မပြောသူများသည်

ဖတ်သည့်နေမှ စလို့ ထမင်းစားတိုင်း ခဲကိုက်မိပါစေ

ယောက်ျားယူတိုင်း အခြောက်မနဲ့ ညားပါစေ

လမ်းလျှောက်သွားတိုင်း ခွေးချီးပုံ နင်းမိပါစေ

ဘတ်စ်စကားစီးတိုင်း ပိုက်ဆံ အတန်ကြီး ကုန်ပါစေ

ဤကား အတိုချုံး ငါ၏ ကျိန်စာပင်တည်”

တွေ့လား…ဂွိ။ ဒါကြောင့် ကိုယ့်ကို ချစ်တယ်လို့ အဖြေ ဖတ်ပြီးပြီးချင် ပေးခိုင်းတာပါ။ အတိုချုံးကျိန်စာတောင် အဲ့လောက် ဆိုးနေရင် အကျယ်ချဲ့လိုက်ပါက ဂွိရဲ့ မျက်ရည် ဘူးသီးလုံးလောက် ငိုချင်းချသွားနိုင်တယ်။ ဒါကြောင့် ဂွိက ကိုယ့်ကို ပြန်ချစ်တာပဲ လိုချင်တယ်။ ဒါကြောင့် ကိုယ့်ကို အဖေ မြန်မြန်လာပေး အဲမှားလို့……..အဖြေ မြန်မြန်လာပေး….အဖြေမြန်မြန်လာပေး…အဖြေမြန်မြန်လာပေးနော်။ မပေးရင်တော့ ဟင်းဟင်း။ သိတယ်မှတ်လား။

အင်း…ဒါကတော့ နိဂုံးမှာ ဂွိအတွက် စပ်ထားတဲ့ ကဗျာ။ သေချာဖတ်နော်..ဂွိ။

“ဂွိသို့ သတိပေးလွှာ ဤကဗျာ”

အရိုးဖြင့်ဖွဲ့စည်း မဒီပျိုဂွိစိန်

ချစ်ရတာ ရင်မှာပျို့တက်လို့

သ၀ဏ်လွှာ အော့အန်မိတယ်

“ချစ်ပါတယ်” မြန်အဖြေ

လိုချင်တယ်…. အခု

မရရင် လည်ပင်းကို ညှစ်ကာ

ဒယ်အိုးထဲ ပစ်ကာသွင်း

မီးဖိုပေါ် ကြာကြာတင်လို့

အရိုးစွပ်ပြုတ် လုပ်သောက်ပစ်မယ်

ငါ့….ဘာမှတ်သလဲ ဟင်း ဟင်း ။ ။

တစ်နေ့ထက် တစ်နေ့

သတ်ပစ်ချင်လောက်အောင် ချစ်တဲ့

မင်းရဲ့ ၀က်ပုတ်

စေပိုင်ထွဋ်(ပုသိမ်)

*** တစ်ချက်ပြုံးလိုက်တိုင်း ကောင်းမွန်ခြင်းများ ဒီရေအလား တိုးပါစေသော်***
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: shwekatsee on April 24, 2012, 12:10:32 PM
မို့ ထဲမှာ ဖရိုဖရဲနဲ့  ဆုံကြမယ်ဟေ့ ...

(ဆံပင်တွေ ထိုးလို့ ထောင်လောင် ဘောင်းB ကြပ်ထုတ် ဂြိုလ်သားရုပ်နဲ့ )

ဗိုလ်တစ်ထောင်မှာ ဟိုကောင်တွေကိုဝင်ခေါ်မယ်ကွာ..
...
(ဘယ်ကောင်တွေပါလိမ့်)

ရေကျော်က မေသော်လေးကလည်း ကိုကိုနဲ့ တူတူဂွမ်းချင်လို့  လိုက်မယ်နော် တဲ့ ...

( ဂွမ်းမယ်ဆိုတာ တခြားဟုတ်ဘူးနော်... တူးပို့  တူးပို့ လုပ်မှာကိုပြောတာနော ...)

စကော့ဈေးမှာတော့ အပေါ့လေးသွားချင်လို့  ရေနဲ့ ရောလွှတ်လိုက်တာ ပူခနဲပဲပေါ့..

(ကြုံဖူးတယ်မလားဟွေ)

လမ်းမတော်မှာတော့ အရမ်းပျော်တာပဲ ကိုကိုရယ် ဆိုပဲ...

(ဟွန့် .. မိတဆိုးလေး...မှားသွားလို့  မိဆိုးလေး ...မိဆိုးလေး..)

လသာမှာ အမပါလို့  သိပ်မကဲနဲ့ အုံးတဲ့လေ..

(လုပ်ပီ...ရှုတ်ထုတ်)

ထော်လီကွေ့ မှာတော့ တော်ပြီဟေ့ဆိုပြီး သူ့ အမကိုတွန်းချထားခဲ့ပါလေရော..

( အွန့် ...သေပီဆရာ..)

အလုံ ငုဝါလမ်းမှာတော့ ဘယ်သူ့ ဟာမှန်းမသိအောင်ကို မူးနေရောပေါ့..

( သူ့ ဟာလိုလို ကိုယ့်ဟာလိုလို လိုလိုတွေဖြစ်နေပီ )

ကြည့်မြင်တိုင်မှာတော့ မိရင်ကိုင်မယ်ဟဆိုပြီး ဆွဲပါလေရော...

(ကားလက်ရန်းသံတိုင်ကို ...သံတိုင်ကို..)

ဆရာစံလမ်းမှာတော့ ကဗျာဆန်တဲ့ slang တွေနဲ့  ကြူပြီရင်း ကြူပေါ့...

( ဦးကြူကြီး အမှတ်တံဆိပ် နှာရှူဆေး..သုံးကြည့်နော်..)

ရှစ်မိုင်မှာတော့ အချစ်တွေရိုင်လာပြီ .. ရိုင်လာပြီ..

( ရိုင်ရုံတင်ဟုတ်ဘူး လဲပါလဲတော့မယ်..ကွဲနေပီလေ..)

ပြည်လမ်းမမှာတော့ အပီသရမ်းကြတာပေါ့...

( ယောက်ျား..ယောက်ျား..လစ်တက် ဘတ်တက်တယ်..ကိုင်ချင်တော့ အနားကိုလာ မစဉ်းစားနဲ့ တော့ကွာတဲ့  ..အိမ့်ချစ်ကတော့ စင်ပေါ်မှာ အော်နေတာလေ )

စမ်းချောင်းလည်းရောက်ရော မယ်မင်းကြီးမက ပန်းတောင်းပါလေရော..ကိုကို ပန်းရချင်တယ်တဲ့ ဗျ..

( ပိတောက်ပန်း.....ပိတောက်ပန်း ) တော်သေးတာပေါ့ ..ဒေါ်အေးသာကြော့ :P

လှည်းတန်းမှာတော့ ပွဲကြမ်းတာ လက်ကုန်ပဲ..

(ကိုယ်တွေပွဲမဟုတ်ပါဘူး....စိုင်းစိုင်းတို့ ပွဲပါ)

နတ်မောက်(လမ်း)လည်းရောက်ရော ကိုကို မရှက်မကြောက်ကြေးနော်တဲ့ ..

( သီချင်းတွေ လိုက်ဆိုဖို့ ပြောတာပါဆို )

တိရ စ္ဆာန်ရုံရှေ့ မှာတော့ တိရ စ္ဆာန်ပုံလိုပါပဲ..

(မြောက်က ကတာနော.. တခြားတွေးနဲ့ )

ကန်တော်ကြီးမှာတော့ ဟိုဘက်ကားကစုံတွဲကို ပြန်အော်ပြီးတောင်ပြောလိုက်သေးတယ်..

( လဲမလားဟေ့ လို့  :)

ကန်ဘောင်လည်းရောက်ရော အကြံမအောင်လို့  တအားကြီးစိတ်ညစ်ပေါ့..

(တကယ်တော့ သင်္ကြန်တွင်းမှာ ရိပ်သာဝင်ချင်တာလေ...ဂယ်ကြောတာ..)

ရွှေတိဂုံကိုတော့ တစ်နေကုန်ပါပဲ..

( မဖူးဖြစ်တာ )

ဆူးလေမှာတော့ အမူးပြေသွားလို့  ဆုတွေပဲတောင်းနေမိပါတော့တယ်ဗျာ...ဝါးးလိမ္မာသွားပြီပေါ့နော..

( နောက်နှစ်သင်္ကြန်မှာတော့ ရေကျော်ကမေသော် မဟုတ်ပဲ J DONUTS က မေမျိုးမြတ်လေးနဲ့  အကြောင်းပါလို့  ချောင်းသာကို ဒိုးရပါလို့ ၏ ဘုရား.... ^_^



နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ...

ဆရာကြီး :(shwekatsee)
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: shwekatsee on April 24, 2012, 04:28:16 PM
ကျွန်မနာမည် ဂွက်ထော်ပါ။ အခုခေတ်မှာ English နာမည်တွေပေးလာတာကြောင့် Jasmine ဂွက်ထော် ဖြစ်ခဲ့ရပါတယ်။ English ပိုပီသသွားအောင်ဆိုပြီး အဖေရဲ့နာမည်ကို Middle name အဖြစ်ယူခဲ့တာကနေ Jasmine Winston ဂွက်ထော် ဖြစ်လာရပါတယ်။ Winston ဆိုလို့ ဟိုဘက်ကမ်းက Eliza Winston တို့နဲ့ ဘာမှမတော်ဘူးနော်။ အဖေ့နာမည်က ၀င်းစိန်။ သူ့သူငယ်ချင်းတွေက ၀င်းစတိန်၊ ၀င်းစတိန် ဆိုပြီး စ ကြတာကနေ Winston ဆိုပြီးဖြစ်လာရတာ။ ဒါပေမယ့်ကျွန်မဒီနာမည်ကို သိပ်မကြိုက်ပါဘူး။ ဒီလိုနဲ့ပဲ ကိုယ့်ကိုယ်ကို နာမည်အသစ်တစ်ခုပေးခဲ့ပါတယ်။ တစ်ချို့တွေများ Snow White တဲ့။ နှင်းဆီတဲ့။ မကြိုက်ပါဘူး။ ရှိပြီးသားနာမည်တွေပါ။ ရှားရှားပါးပါးလည်းဖြစ်ရမည်။ လှလည်းလှရမယ်ဆိုပြီး စဉ်းစားလိုက်တာ “ခင်ပန်းချီစောမို့“တဲ့။ လှတယ်မဟုတ်လား? နာမည်ကြီး model Cindy Crawford နဲ့လည်းခပ်ဆင်ဆင်တူသွားပြီ။

ကျွန်မတို့က ဒလမှာနေတယ်။ အမျိုးတွေအကြောင်းပြောရရင် စိုက်တွေကပါ။ ဆပ်ပြာကို သူပုန်လို့ခေါ်တဲ့အရပ်လေ။ ဖေဖေရဲ့အဖေ၊ ကျွန်မအဖိုးကတော့ မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့သူရဲကောင်းဆိုပဲ။ မှတ်မိတာကတော့ ဖိုးဖိုးက အိမ်မြောင်တို့၊ ပိုးဟပ်တို့က အစ ကြောက်တတ်တဲ့သူပါ။ ဟုတ်ကဲ့။ အဖွားကိုလည်းကြောက်ရပါတယ်။ ဒါနဲ့ လူလစ်တုန်းဖိုးဖိုးကို ကပ်မေးရတယ်။ ဘယ်လိုလုပ်လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သလဲဆိုတာ။ ဆပ်ပြာကို သူပုန်လို့ခေါ်ခဲ့မိလို့တဲ့။ အင်္ဂလိပ်တွေ ရခိုင်ကိုဝင်လာတုန်းက အဖိုးတို့ရွာကိုရောက်လာတယ်လေ။ ဒါနဲ့ မင်းတို့ရွာမှာ သူပုန်ရှိလားလို့မေးတာကို အဖိုးကလျှာရှည်ပြီး ရှိတယ်၊ ရှိတယ်။ အိမ်မှာအများကြီးပဲဆိုပြီး အိမ်က ဆပ်ပြာတွေထုတ်ပြခဲ့တယ်လေ။ ဒါနဲ့ အင်္ဂလိပ်ဗိုလ်ကြီးက သူ့ကိုနောက်ရမလားဆိုပြီး နားပန်ကျင်း အချုပ်ချထားလိုက်ရာကနေ တော်လှန်ရေးသမားတွေနဲ့ပေါင်းမိသွားတယ်။ သူတို့ဆီကအချက်အလက်တွေရယူပြီး ဂျပန်တွေကို သတင်းပေးခဲ့ရာကနေ ရွာကို ဂျပန်တပ်တွေဝင်လာတာနဲ့ပဲ ဖိုးဖိုးတို့တွေဟာ automatic သူရဲကောင်းဖြစ်သွားရပါတယ်။

မပြီးသေးပါဘူး။ ဂျပန်ခေတ်မှာလည်း ထပ်ဆင့်သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ဂျပန်စစ်ဗိုလ်တစ်ယောက်အိမ်နားရောက်လာပြီး ဘန်ဂျို၊ ဘန်ဂျို လို့အော်နေတာကို ဖိုးဖိုးက ဘင်ဂျိုတီးချင်တယ်ထင်ပြီး လာ၊ လာ ဆိုပြီး အိမ်ဦးခန်းမှာထားခဲ့ပါတယ်။ ဘန်ဂျိုဆိုတာ အိမ်သာလို့ပြောတာကိုမသိတဲ့ ဖိုးဖိုးက ရွာထဲကကာလသားခေါင်းဆီမှာ ဘင်ဂျိုသွားဌားနေတုန်း ဂျပန်က အိမ်ဦးခန်းမှာ အားရပါးရ သ မ ထားပါတယ်။ ဒါကို ဖိုးဖိုးကစိတ်ဆိုးပြီးတော့ ခြေထောက်နဲ့ဆောင့်ကန်ရာကနေ ဂျပန်ခမျာ လှေကားက ဒလိန့်ခေါက်ကွေးကျပြီး ဇက်ကျိုးသေရာကနေ ဂျပန်ကိုသတ်လိုက်တယ်ဆိုပြီး ဒုတိယအကြိမ် သူရဲကောင်းထပ်ဖြစ်ရပါတယ်။ ဒါနဲ့ပဲရွာမှာမနေတော့ပဲ ရန်ကုန်ကိုပြေးရာကနေ ဒလမှာနေဖြစ်သွားပါတယ်။

ဖိုးဖိုးဇာတ်လမ်းကမပြီးသေးပါဘူး။ ဂျပန်တွေကိုပြန်တိုက်ဖို့ဆိုပြီး စစ်သားစုဆောင်းတာကနေ ဖိုးဖိုးစစ်ထဲဝင်ခဲ့ပါတယ်။ အမှန်တော့ အလုပ်မရှိလို့ ရ ရာဝင်လုပ်တာပါ။ စိုက်တွေကသူရဲကောင်းဆိုပြီး သူ့ကို ရှေ့တန်းဝိုင်းပို့ကြပါတယ်။ သိပ်ကြောက်တဲ့ဖိုးဖိုးဟာ ကားမောင်းပါရစေဆိုပြီး စစ်ကားတွေမောင်းတဲ့တာဝန်ယူခဲ့ပါတယ်။ တစ်နေ့တော့ သူတို့တပ်ကျဉ်းမြောင်းတဲ့ တောင်ကြားလမ်းတစ်ခုကိုအဖြတ်မှာ ပြောက်ကြားစနစ်နာမည်ကြီးလှတဲ့ဂျပန်တွေက ၀ိုင်းပစ်ကြပါတယ်။ ဖိုးဖိုးဟာ ကြောက်လွန်းလို့ကားကိုရပ်၊ ကားပေါ်ကဆင်းပြီး ကားအောက်မှာ ပုန်းဖို့ကြိုးစားပါတယ်။ ကားအောက်ကိုဝင်လိုက်တော့မှ ကားဟာမြင့်တဲ့အတွက် ရန်သူနဲ့မျက်နှာချင်းဆိုင်သလိုဖြစ်သွားပါတယ်။ ဒါနဲ့ပိုကြောက်ပြီး ကားကိုရအောင် စက်ပြန်နှိုးပြီး မောင်းပြေးခဲ့ပါတယ်။ တိုက်ပွဲတွေအေးသွားတဲ့တစ်နေ့မှာတော့ ရဲရင့်သူတွေကိုဂုဏ်ပြုတဲ့ပွဲလုပ်တာမှာ ဖိုးဖိုးနာမည်ပါခဲ့ပါတယ်။ ဆုယူခါနီးအချိန်မှာ သူတို့တပ်ရဲ့ တပ်ရင်းမှူးကပြောခဲ့တာကတော့ ဒီရဲဘော်ဟာ အင်မတန်သတ္တိကောင်းကြောင်း၊ တိုက်ပွဲဖြစ်နေချိန်မှာ ကားစက်ပျက်တာကို ကားအောက်ဝင်ပြင်ပြီး တိုက်ပွဲကနေ ဘေးလွတ်ရာကိုအမြန်မောင်းသွားနိုင်ကြောင်း။ စသည်ဖြင့်ပြောသွားပါတယ်။ တတိယအကြိမ်မြောက်သူရဲကောင်းဖြစ်သွားပါတယ်။

စီးပွားရေးလုပ်ငန်းအကြောင်းပြောရရင် ကျွန်မနဲ့ ဟိုဘယ်ကမ်းက Eliza တို့ဟာစီးပွားပြိုင်ဘက်လို့ပြောလို့ရပါတယ်။ သူကလည်းလေကြောင်းဆိုင်ရာတွေလုပ်နေတယ်။ ကျွန်မကလည်း လေကြောင်းဆိုင်ရာစီးပွားရေးပဲလုပ်နေတာပါ။ ဒီလုပ်ငန်းဟာ ကျွန်မအဖေဆီက လက်ဆင့်ကမ်းအမွေရယူထားတာဖြစ်ပါတယ်။ Eliza Eliza နဲ့ခဏခဏပြောနေတာကြောင့် သိလို့လားလို့ မေးခဲ့ရင် သိတာပေါ့။ ကျွန်မတို့ရွာဘုန်းကြီးကျောင်းကိုလာဖူးတယ်။ ဖိုးဖိုးကပြောတာက ကျွန်မနဲ့ ညီအစ်မ ၅၀မ်းကွဲတော်တယ်လို့ပြောပါတယ်။ သိပ်တော့လည်းအထင်မကြီးပါဘူး။ ဘာလို့လဲဆိုတော့ စီးပွားပြိုင်ဘက်ဖြစ်နေတာကတစ်ကြောင်း၊ ကျွန်မရဲ့ style တွေကိုခိုးခိုးပြီး သူကပဲစလုပ်သလိုလိုလုပ်နေတာ တွေကြောင့်ပါ။

အတင်းလို့တော့မထင်နဲ့။ သူနဲ့ကျွန်မနဲ့ကွာချက်တွေပြောပြပါမယ်။ ကျွန်မရဲ့စီးပွားအကွက်အကွင်းမြင်တတ်တာက သူ့ထက်သာပါတယ်။ လေကြောင်းလုပ်ငန်းကရတဲ့ အမြတ်တွေကို ကုန်းကြောင်းသယ်ယူပို့ဆောင်ရေးလုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမလုပ်ခင်မှာ ဖေဖေနဲ့ အတိုက်အခံငြင်းခဲ့ရပါတယ်။ နောက်ဆုံးတော့ ၂ နှစ်စမ်းလုပ်မယ်ဆိုပြီးစမ်းသပ်လုပ်ကိုင်ရာကနေ သောက်သောက်လဲအောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာပါတယ်။ ဘာလုပ်ငန်းလဲဆိုတော့ ဆိုက်ကားထောင်ခဲ့ ပါတယ်။ စတုန်းကတော့ ဆိုက်ကား၆စီးနဲ့ပဲစခဲ့တာပါ။ အခုမှပြန်ပြောရရင် စခဲ့တုန်းကဆိုက်ကား၆စီးမှာ ၂စီးက without ပါ။ ဒီလိုလေးလဲမြင်တတ်မှ စီးပွားဖြစ်တာလေ။ မဟုတ်ဘူးလား? အခုတော့ဆိုက်ကား ၁၄ စီးနဲ့ တော်တော်ကိုအောင်မြင်နေပါပြီ။ ဆိုက်ကား ၁၄ စီးဆိုတော့ ဆိုက်ကားသမား ၁၄ ယောက်ကိုကျွန်မလို လှလှပပ မိန်းမတစ်ယောက်က ဘယ်လိုအုပ်ချုပ်မလဲ။ လွယ်ပါတယ်။ ၇တန်း ၃ ခါကျတဲ့ကျွန်မမောင် ကို နေ့တိုင်းအရက်ဖိုးမှန်မှန်ပေးမယ်လို့ပြောလိုက်တာ အဆင်ကိုပြေလို့။ အခုတော့ သူ့ကိုဒီလုပ်ငန်းလွှဲပေးလိုက်ပြီလေ။ ဒီတစ်ချက်ကွာတာ။ Eliza တို့များမောင်ကို ဆရာဝန်လုပ်ခိုင်းသတဲ့။ မတော်တဆများလူနာတွေဆီကရောဂါတွေကူးလာရင်ဘယ်လိုလုပ်မလဲ။ ပြီးတော့လဲသူ့မောင်ဘက်ကလည်း ကြည့်လေ။ ကိုယ့်အစ်မတစ်ယောက်လုံး အရှုပ်တွေလုပ်။ ohh sorry။ အလုပ်တွေရှုပ်နေတာတောင် ကူဖော်မရဘူး။

လုပ်ငန်းကဒါနဲ့တင်ရပ်မသွားပါဘူး။ ဆိုက်ကားသမား ၁၄ ယောက်မှာကိုယ်စီ မိန်းမတွေရှိကြတော့ အိမ်ဖော်လုပ်ငန်း၊ ထမင်းချက်လုပ်ငန်း စတာတွေကိုတိုးချဲ့နိုင်တဲ့အပြင် သူတို့တွေရဲ့ကလေးတွေကို အိမ်ကဖွင့်တဲ့ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင် (ညကျတော့ beer ဆိုင်အဖြစ်ပြောင်းပါတယ်။) မှာခိုင်းလိုက်တယ်လေ။ ဒါတွေကို အိမ်မှာအားနေတဲ့အမေ့ကိုလုပ်ခိုင်းထားလိုက်တယ်။ အသက်မပြည့်သေးတဲ့ကလေးတွေကိုခိုင်းတယ်လို့လာမပြောနဲ့။ နားလည်တယ်။ သူတို့ကိုယ်တိုင်က လိုလိုလားလားလုပ်နေတာ။ ဒီလုပ်ငန်းတွေကိုတိုးချဲ့ချင်တာ။ မောင်ကငပျင်းဆိုတော့ ဒီလောက်နဲ့ပဲရပ်ထားရတယ်။ ဖြစ်နိုင်ရင် KTV တွေ၊ Massage တွေ၊ Beauty parlor တွေပါထပ်ဖွင့်ချင်တာ။ ဒါမှလည်းကျွန်မကိုလာညုနေတဲ့ဆရာဝန်လေးရဲ့ဆေးခန်းပါ မနီးမဝေးမှာလာဖွင့်နိုင်မှာပေါ့။ မဟုတ်ဘူးလား? Beer station, KTV, Massage နဲ့ဆရာဝန်ဆေးခန်းဘာဆိုင်လို့လဲ။ ဆိုင်ချင်ရင်အများကြီးဆိုင်ပါတယ်။ beer သောက်ရင်းရန်ဖြစ်နိုင်တယ်။ KTV ဆိုရင်းလည်းချောင်းကွဲနိုင်တယ်။ massage မှာအကြောလွဲနိုင်တယ်။ မလှမ်းမကမ်းက မြေကွက်ကိုပါဝယ်ပြီး hotel လုပ်လိုက်ချင်တာ။

အပြင်ပန်းကကြည့်ရင် လူတွေရာဂဏန်းလောက်ဝင်လိုက် ထွက်လိုက်နဲ့။ လူမိုက်ဂိုဏ်းချုပ်လိုလိုဖြစ်နေပါတယ်။ My Wife is a Gangster ဆိုတဲ့ရုပ်ရှင်ကားဟာ ကျွန်မဘ၀ရဲ့တစ်စိတ်တစ်ပိုင်းကို မှီငြမ်းပြီးရိုက်ထားတာပါ။ လူသိမခံချင်လို့ လျှို့ဝှက်ထားခဲ့ပါတယ်။ အချို့ကကျွန်မကို Mafia of Dala လို့သမုတ်ကြပါတယ်။ အမှန်က ဂျပန်နိုင်ငံ၊ ယာကူဇာဂိုဏ်းခွဲအနေနဲ့ ဖာလူဒါဂိုဏ်း ဆိုပြီးလျှို့ဝှက်လုပ်ထားတာကြာပါပြီ။ အခြေအနေမကောင်းလို့ ထုတ်မသုံးသေးတာပါ။ ကျွန်မပြောနေကြစကားလိုပေါ့။ ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေတာ။ ခေတ်လည်းကောင်းရော သွက်သွက်ကိုခါနေတာပဲ။

ဘယ်လောက်ပဲစီးပွားရေးလုပ်ငန်းတွေကြီးလာ၊ များလာပါစေ။ မူရင်းဖြစ်တဲ့ လေကြောင်းလုပ်ငန်းကိုဆက်လုပ်ပါတယ်။ မနက်ဆိုရင် မန်ကျည်းပင်အောက်မှာထိုင်၊ ရေနွေးကြမ်းနဲ့ ထန်းလျက်ခဲကိုက်ပြီး စာရင်းတွေစစ်၊ အလုပ်လုပ်ရတဲ့ဘ၀အရသာဟာ ဘာနဲ့မှမလဲနိုင်ပါဘူး။ တစ်ခါတစ်လေ အလုပ်များလွန်းလို့ ရေနွေးကြမ်းတွေအေးကုန်ပါတယ်။ ထန်းလျက်ခဲ ခွေးဆွဲသွားပါတယ်။ ဒါကိုသိတဲ့ Eliza က ကျွန်မကိုပုံတူယူပြီး ကော်ဖီသောက်ရင်းအလုပ်လုပ်တယ်ဆိုပဲ။ အလုပ်တွေများရင်းကော်ဖီတွေပါအေးသွားတာပါ လာတူနေတော့ ကူးချထားမှန်းအရမ်းသိသာပါတယ်။ အဲဒါတွေပေါ့ကျွန်မမကြိုက်တာ။ ဒါပေမယ့်နားလည်ခွင့်လွှတ်ပေးပါတယ်။ သူကအကြီးလေ။ ပြီးတော့ ဆွေနီးမျိုးစပ်လည်းတော်တာကိုး။

ဒီလိုနဲ့မနက်စောစောထ၊ လူအထင်ကြီးအောင်ခြံထဲက မန်ကျည်းပင်အောက်မှာထိုင်ပြီး အလုပ်လုပ်ပြလိုက်ရတာ အမော။ ပြီးမှတစ်နေ့ခင်းလုံးပြန်အိပ်တာ ဘယ်သူမှ မသိ၊ မမိသေးလို့ တော်သေးတယ်။ Eliza တို့များ အလုပ်လုပ်တာ ဓါတ်ချောစာတွေကိုပဲအားကိုးနေရတာ။ ကျွန်မဆိုရင် မပျင်းမရိ စာတွေကိုတစ်စောင်ချင်းစီပြန်ရေးတယ်။ သူ့ဓါတ်ချောစာတွေဆိုရာ ဒီစာကိုကူး၊ နာမည်ပြောင်း၊ ပြန်ပို့။ ဒီလိုလုပ်နေတာမသိရင်ခက်မယ်။ ပြီးတော့သူ့အကြောင်းသိတယ်မဟုတ်လား။ နေရာတကာပါတတ်တော့ ရှိသမျှလူတွေက သူ့ကိုတိုင်တန်းတော့ ၀င်ဝင်ရှင်းရတော့ သူ့ခမျာ အမော။ ကျွန်မကတော့ ရှင်းတယ်။ ငါမဆိုင်ဘူး။ လာမရှုပ်နဲ့လို့တစ်ခွန်းတည်းပြောလိုက်တယ်။

Eliza ကသင်ပေးတယ်။ စီးပွားရေးဆိုတာ ရေရှည်ကြည့်တဲ့။ အမြီးကျက်အမြီးစား၊ ခေါင်းကျက် ခေါင်းစား မလုပ်နဲ့တဲ့။ ပိန်းလိုက်တာ။ အမြီးကျက်တုန်းမှ အမြီးမစားရင်၊ ခေါင်းကျက်တုန်းခေါင်းမစားရင် ဘာသွားစားရမှာလဲ။ ပရိသတ်ကြီးပဲစဉ်းစားအဖြေပေးကြပါ။ ဒါကြောင်းသူ့လုပ်ငန်းမအောင်မြင်တာ။

ဒါနဲ့စကားမစပ်။ သူ့ရုံးရောက်ဖူးကြလားမသိဘူး။ သူ့ခမျာ ၁၅ ပေလောက်တောင်မရှိတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ ၀န်ထမ်းလေး လေး၊ ငါးယောက်လောက်နဲ့လည်ပတ်နေရတာ။ ကျွန်မဆိုရင် ၀န်ထမ်းရာနဲ့ချီရှိတယ်။ ညောင်းရင်တောင်နှိပ်ပေးဖို့ အနှိပ်သည်တွေတောင်ခေါ်ထားနိုင်တယ်။ ဒါနဲ့များ ကျွန်မ လုပ်ငန်းက သူ့လောက်မကြီးကျယ်ဘူးလို့ထင်နေရှာတာ။

သူ့ဝန်ထမ်းတွေကို Tea Time လောက်အလကားကျွေးနိုင်တာများ ကြွားလို့ကိုမဆုံးဘူး။ ငါတို့များ ရွာအလှူကိုပြလိုက်ချင်တယ်။ နေ့လည်စာဝယ်စားဖို့ပိုက်ဆံမပါလာတာများ အလုပ်များလို့မစားနိုင်ဘူးဆိုပြီး ကြွားလုံးထုတ်ရပြန်တယ်။ ကျွန်မမှာရယ်လိုက်ရတာ။ အတွင်းသိတွေဆိုတော့ သူဘယ်လိုဖုံးဖုံး သိနေတယ်လေ။

Eliza ခများ ပြင်သစ်၊ အင်္ဂလိပ် စတဲ့အဖြူကောင်တွေနဲ့ပဲလုပ်နိုင်တယ်။ ကျွန်မမှာတော့ တရုတ်၊ ကုလား အဖြူ အမည်းစုံနေအောင်အလုပ်လုပ်တာ။ သူ့ထက်တောင်ပိုသေး။ ပြီးတော့သူ့ကိုယ်သူတင်စားတာက ကျွဲနှစ်ကောင်ကြားက မြေဇာပင် ဘာ၊ ညာနဲ့။ ကျွန်မကတော့ Hamburger ကြားက Cheese ပြားလို ဘ၀ပါ။ (သူ့ထက်တော့ သာသွားပြီ။ အဟိ)

သူ့စကားမှတ်စုတွေကလည်းကြောင်တောင်တောင်နိုင်ပါတယ်။ ကြည့်ပါဦး။

 မြန်မာတွေ ဦးနောက်တော်တော်ကောင်းသား….. (ဟုတ်ပါ့။ မဟုတ်တဲ့ ကလိမ်ကကျစ်နေရာတော်တော်များများမှာပေါ့)

 

လူကလူပါဘဲ... (လူကလူမဟုတ်လို့ဘာတုန်း)

တချို့ ဥရောပသားတွေ အင်္ဂလန်ကို Schengen Area ထဲမှာပါတယ်လို့ ထင်နေတာ…. အံ့ရော။

(အင်္ဂလန်ပါဆိုမှ ဘယ့်နှယ့်လုပ် ရှမ်းကန်ထဲမှာရှိမှာလဲ)

တခါတလေ နပိုလီယံ ဘာကြောင့် စစ်ရှုံးသလဲဆိုတဲ့ ကျောင်းတုန်းက သင်ထားခဲ့တာလေးတွေ သဘောပေါက်လာသလိုလို…  (နပိုလီယံ စစ်မနိုင်လို့ ရှုံးတာ)

ဘုရားတရားနဲ့ပတ်သက်လာရင် ကျွန်မကတော့ အရှေ့ဆုံးကပဲ။ ပြီးမှငိုက်နေတာ။ ဟုတ်ပေါင်။ တက်တက်ကြွကြွဝင်ပါတယ်။ Eliza တို့များ ၃၈ ဖြာမင်္ဂလာတောင်မှ လွယ်တာပဲရတယ်တဲ့။ ကျွန်မလည်းသိပ်မကွာပါဘူး။ ဒါပေမယ့်သူ့ထက်တော့သာတယ်။ ပဌာန်းတွေ ဘာတွေမှာ နည်းနည်းလောက်ထောက်ပေးလိုက်ရင် အစအဆုံးဆိုနိုင်တယ်။ ဥပမာ .. အရှေ့က ဟေတု လို့ထောက်ပေးလိုက်ရင် ကျွန်မက ကျန်တာဖြစ်တဲ့ ပစ္စယော။ အရမန လို့ထောက်ပေးရင် ကျွန်မက ပစ္စယော ဆိုပြီး အစအဆုံးအဆင်ပြေပြေရွတ်သွားနိုင်တယ်။

Eliza တို့က ပြောချင်တာတွေပြောသွားပြီး နောက်ဆုံးတော့ ၀န်ခံရှာပါတယ်။ လူပဲလေ Perfect မဖြစ်ဘူးတဲ့။ ဒါနဲ့စာဖတ်ပရိသတ်ကြီးအတွက် ကျွန်မလိုစီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်ဖို့အတွက် စကားလက်ဆောင်ပါးလိုက်ပါတယ်။ Eliza ထက်သာတာက ကျွန်မက အင်္ဂလိပ်လိုရေးပေးမှာပါ။

လူကြီးသူမတွေဆုံးမထားတာတွေနဲ့ Mercury one way, Iron one way [ပြဒါးတလမ်း သံတလမ်း] မလုပ်ကြနဲ့။ အလုပ်ဆိုတာ Hand Free Jasmine [လက်လွတ်စပယ်] မလုပ်သင့်ဘူး။ မသိတဲ့၊ မတတ်တဲ့ကိစ္စတွေမှာ Don’t Make the Teacher [ဆရာ မလုပ်နဲ့ ]။

ဒါပါပဲ။ အောက်မှာတော့ ကျွန်မအနေနဲ့ နောင်လာနောက်သားတွေ လေ့လာနိုင်အောင် အင်္ဂလိပ်စာသင်ခန်းစာလေးပါထည့်ပေးလိုက်ပါတယ်။ လေ့လာကြပါ။

အော်.. ဒါနဲ့။ ကျွန်မလုပ်နေတဲ့ လေကြောင်းလုပ်ငန်းဆိုတာ မသိကြသေးဘူးနော်။ ဟုတ်ကဲ့ပါ။ ယပ်တောင်လုပ်ငန်းဖြစ်ပါတယ်။

 

 

ရေချိုးချင်တယ် I Want to Break the Water

ဒီနေ့  နေပွင့်တယ် Today, the Sun is Open

ကျေးဇူးပြုပြီး မီးဖွင့်ပါ Please Open the Fire

မီးပိတ်လိုက်တော့ Close the Fire

ဗိုက်မဆာ ဘူးလား Stomach Not Hungry?

ရေဝင်ပြေး Water Enter Run

မနေ့ က နှာခေါင်းပိတ်တယ် Yesterday, My Nose closed

ကိုယ်ပူနေတယ် Body is Hot

ဖုန်း အားသွင်းလိုက် Insert the Force to the Phone

သီချင်း နားထောင် Song Ear Erect

ဖိနပ် စီးတော့ Ride Your Shoe

ဈေးကြီး မိလာတယ် Catch the Big Market

အိမ်ရှင် လာလိမ့်မယ် House Will Come Alive

လေတက် သွားပြီ Air Climbed Already

ဈေးတွေ တက်ကုန်ပြီ Markets are Climbing

ခေါင်းကိုက်သေးလား Still Bite the Head ?

မဲပေးကြ Give Black

ဝက်သား စားသလား Eat the Pig’s Son?

မြစ်တို့ ၏ မာယာ Trick of the Rivers

မတတ်နိုင်ဘူး ဒါဟာ ကံပဲ I Can’t Install. This is Lake

စိတ်ပူ လို့ လား Mind is Hot ?

ချစ် နေသေးလား Love Sun Small ?

မိုးရွာ တဲ့ နေ့  Rain Village Day

ဖြည်းဖြည်းလုပ် Slow Slow Make

ဓာတ်လှေကား Electric Ladder

နှလုံးသား လျှို့ ဝှက်ခန်း Heart Secret Room

မိန်းမ မယူနဲ့  Don’t Take Woman

ရေခဲ သေတ္တာ Ice Box
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: zine zine on May 03, 2012, 12:47:29 PM
တင်ထားပြီးသားပါ။
http://achittatkatho.net/index.php?topic=1433.50
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: kyeemike on May 03, 2012, 01:38:16 PM
တင်ထားပြီးသားပါ။
http://achittatkatho.net/index.php?topic=1433.50
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: zine zine on May 05, 2012, 01:33:04 PM
mail ထဲမှာတွေ့လို့ ရှယ်လိုက်ပါတယ်
ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို
ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’
အမေ။ ။ ဒီ ‘‘i don't know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။
ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’
အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို
မသိရတာလဲ။
ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။
အမေ။ ။ ဒါတောင် ၀န်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$^#&..
(တချီဆော်လိုက်တယ်...)
အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင်
သိတယ်မဟုတ်လား။ ပြောပြစမ်း။
ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’
အမေ။ ။ သိရင်မြန်မြန်ပြောလေ။
ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။
အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။
ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။
အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။
&*$%^@$#!%$@^%#*$^^^##$%
(တချီထပ်ဆော်ပလော်တီးလိုက်တယ်...)
အမေ။ ။နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊
ကြည့်ပါဦး
အခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန်
လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခုထပ်မေးမယ်။ ငါ့ကို ကောင်းကောင်း
ရှင်းပြ။
မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။ ငါ့ကို ဒါဘာသာပြန်ပြစမ်း။ ‘‘i know,
but i don't
want to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။
ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃၀ ရိုက်တယ။်
နံရံကို ခေါင်းနဲ့ အချက် ၄၀ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့ အချက်
၅၀ လောက် အပြန်အလှန်ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆၀ ကန်တယ်။
သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။
အဲဒီလဲကျရော
သူက ထပ်မေးပြန်တယ်။ ‘‘သားရယ်၊ i'm very annoyant, don't trouble me ဆိုတာ
ဘာအဓိပ္ပါယ်လဲကွယ်။’’
ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’
အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’ (အဲဒါနဲ့
ထပ်အဆော်ခံလိုက်ရတယ်။)
အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
အမေ။ ။ ‘‘i hear nothing, repeat.’’
ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’
(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။)
အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’
ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။)
အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’
အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့မေးနေတော့မှာလဲ။’’
(ထပ်အဆော်ခံရ.)
အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’
ကျွန်တော်။ ။‘‘တခြားလူကို မေးတာပိုကောင်းမယ်။’’
အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။
အရိုက်ခံချင်နေပြန်ပြီ။’’
ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’
အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’
(ထပ်ဆော်ခံရ...)
အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော
ဘာအဓိပ္ပါယ်လဲ။’’
ကျွန်တော်။ ။ ‘‘ခေါင်းလေးဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’
အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့..’’ (တဆက်ထဲ
လက်ပါတော့မယ့်ဟန်ပြင်...)
ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’
(အမြန်ဖြေလိုက်ရတယ်။)
အမေ။ ။‘‘အင်း၊ ဒါမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ခဏနေကျရင်
အမေစားစရာကောင်းကောင်းလေး
လုပ်ပေးမယ်။ မနက်ဖြန်ကျမှ ထပ်မေးတော့မယ်။’
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: soewainaung on August 11, 2012, 05:21:31 PM
ကျောက်တုန်းကြီး

ကျုပ်တို့ရွာအ၀င်လမ်းမှာ ကျောက်တုန်းကြီးတခု ခံနေတာတပတ်လောက်ရှိပြီ။ဒီကျောက်တုံးကြီးကို ဘယ်သူ မှ မဖယ်။ ရှောင်ကွင်းသွားကြတယ်။ ဟိုလူ ဖယ်နိုးနိုး၊ ဒီလူ ဖယ်နိုးနိုး စောင့်နေကြပုံရတယ်။ ကျုပ်တို့ရွာက ဒီလို ...။

ကျုပ်က ဒီကျောက်တုံးကို ဘယ်လိုဖယ်ရင်ကောင်းမလဲဆိုပြီး စဉ်းစားနေတယ်။ အဖြေရရင်တောင်မှ အခုရွှေ့ လို့မအား။ ဘာလုပ်နေလဲ မေးကြလိမ့်မယ်။ ဟဲဟဲ။ အရက်သောက်နေလို့ဗျို့။ ကတိမတည်တဲ့ရည်စားကြောင့် အသည်းကွဲနေတာဗျို့။ ဓာတ်ရှင်တွေထဲက မင်းသားးတွေလိုပေါ့။

ရွာထဲက အသံတွေကို နားထောင်ကြည့်။
ဒေါ်စွာကျယ်တို့ အုပ်စုအသံ။
“ပြောကိုမပြောချင်ဘူး။ ဒီကျောက်တုံးကို မဖယ်ကြဘူး။ အဲဒါ ရွာလူကြီး မကောင်းလို့ပေါ့။ သူ့အိတ်ထဲ ထည့်ဖို့ ပဲ လုပ်နေမှာပေါ့။ နှစ်တွေ ဒီလောက်ကြာနေပြီ ရွာလူကြီးလုပ်နေတာ။ ဘာတခုမှ မတိုးတက်ဘူး။ ငါတို့လည်း ဒီကျောက်တုံးကို မဖယ်နိုင်ဘူး။ ၀မ်းရေးအတွက် ဖင်ယားလို့တောင် မကုတ်အား။ လူကြီးလုပ်တဲ့သူ တာဝန်ပဲ။ ရွာလူကြီးက မကောင်း။ မကောင်း။ အင်းခက်တယ်နော်”

နောက် ကိုလူလည်တို့အဖွဲ့။
“ကျောက်တုံးဗန်းပြ လုပ်စားကြရအောင်။ ဟေး ... ဟေး”
“လမ်းသွားလမ်းလာ စေတနာရှင်များခင်ဗျား။ ဒီကျောက်တုံးကြီးကို ဖယ်နိုင်ဖို့ အလှူငွေလေးများ စွန့်ကြဲသွား ကြပါ။ မြို့ပေါ်က စက်ကြီးငှားရမှာမို့ တနားကြပါခင်ဗျား။ သာဓု ... သာဓု။ ညောင်စေ့လောက်လှူ ညောင်ပင် ကြီးလောက်ရကြပါစေ”

ရွာလူကြီး ဦးပေါတာကလည်း တမျိုး။
“ဟေ့ ဒီကျောက်တုံးကို ငါ ဖယ်မယ်ဟေ့။ ဘယ်သူမှ ပူစရာမလိုဘူး။ ငါ ဖယ်နိုင်တယ်။ လူလည်တို့ လုပ်စား တာ လွန်တယ်နော်။ ငါက တရားဝင် လူကြီးကွ။ ငါ ဖယ်မယ်။ ငါ ဖယ်မယ်”

အော်တဲ့ လူတွေပဲ များပြီး ကျောက်တုံးကြီးက နေရာမရွေ့။
ဒီလိုနဲ့ ရက်ပေါင်း (၂၀) ကျော်ကြာလာရော ကျနော်လည်း အသည်းကွဲရောဂါကနေ နာလန်ထလာတယ်။
မူးမူးနဲ့ ကြားထားတာတွေ ပြန်စဉ်းစားနေမိတယ်။
မဖြစ်ဘူး။ မဖြစ်ဘူး။ ရွာအ၀င်လမ်းမှာ ကျောက်တုံးကြီးခံနေတာ ရွာသိက္ခာကျတယ်ကွာ။ ငါ သွားဖယ်မယ်။
အရက်အားလေးနဲ့ မာန်တင်းပြီး ကျောက်တုံးကြီးဆီ ကျနော်လှမ်းသွားတယ်။

“ဟေ့”
“ဗျာ”
ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ဒေါ်စွာကျယ်တို့အုပ်စု။
“ဟဲ့ ငမူး ... အဲဒါ နင့်အရာလား။ ဒါ ရွာလူကြီးလုပ်ရမယ့်ကိစ္စ။ နင်နဲ့မဆိုင်ပါဘူး။ လူလည်တို့လည်း အလှူခံ နေတယ်လေ။ သူတို့လုပ်မှာပေါ့။ ကိုယ့်ထမင်းကိုယ်စား။ ကိုယ့်စီးပွားကိုယ်ရှာပေါ့။ နင် ဘာရမှာမို့လို့လဲ”
“ရရ မရရ။ အားလုံးကောင်းဖို့ ကျောက်တုံးရွှေ့ချင်တာပါ”
“သွား သွား သူတော်ကောင်းကြီးရေ”

ကျောက်တုံးကြီးကို ပါလာတဲ့ ကိရိယာတန်ဆာပလာတွေနဲ့ ရွှေ့မယ်လုပ်နေတုန်း ...
“ဟိုး ရပ် ဆရာ။ ဟိုး ရပ်”
သြော် ... ကိုလူလည်တို့ပါလား။
“ဘာဖြစ်လို့လဲခင်ဗျာ”
“ဒီကိစ္စ မင်းနဲ့ လုံးလုံးမဆိုင်။ မင်းကို ရွာလူကြီး ခိုင်းတာလား။ ရွာလူကြီး သူလျှိုထင်တယ်။ မင်းဘယ်လောက် ရလာလဲ”
“မဟုတ်ပါဘူး ဆရာတို့ရယ်။ လေးစားပါတယ်။ ကျနော် ဒီကျောက်တုံးကို ရွှေ့ပေးချင်တာသက်သက်ပါ”
“မရဘူးကွ။ ရက်ပေါင်း (၂၀) လုံးလုံး ငါတို့ အာညောင်းခံ၊ အလှူခံပြီး ဒီကျောက်တုံးကို ရွှေ့ဖို့ လုပ်နေတာကွ။ အခုမှ မင်းကလာပြီး နာမည်ကောင်းယူမလို့ပေါ့လေ”
“မဟုတ် …”
“တော် တိတ် ထွက်သွားစမ်း။ ငါတို့ ကော်မတီဖွဲ့ပြီးပြီ။ သွားစမ်း”
“ကျောက်တုံးကြီး ရွေ့သွားဖို့က အဓိကလို့ ထင်တယ်။ အားလုံးဝိုင်းလုပ်ကြတာပေါ့”
“ပြောနေ ကြာတယ်။ လေကျယ်တဲ့ကောင်ကို ဆုံးမလိုက်စမ်း”
ကျနော် ကြယ်တွေ လတွေ မြင်သွားတယ်။

နိုးလာတော့ မူးနောက်နောက်နဲ့ …
ရွာလူကြီး ဦးပေါတာကို တွေ့လိုက်ရတယ်။
“ဒီရွာကို အုပ်ချုပ်နေတာ ငါကွ။ ကျောက်တုံးရွှေ့တာ မင်းအရေးလား။ ငါ့အရေးကွ။ လူလည်တို့နဲ့လည်း မ ဆိုင်ဘူး။ ဒီကောင်တွေကလည်း လုပ်စားတာ လွန်လွန်းတယ်။ ဒါတောင် ငါ့မကောင်းကြောင်းတွေ လျှောက် ပြောသေးတယ်။ ဒီကောင်တွေကို ရွာက နှင်ထုတ်လိုက်ပြီ။ မင်းကိုလည်း ရန်ဖြစ်မှုနဲ့ ဖမ်းတယ်ကွာ”
“ဗျာ … …”
ဒေါ်စွာကျယ်တို့က ထိတာ နည်းသေးဆိုတဲ့ မျက်နှာပေးတွေနဲ့ ကျနော့်ကို ကြည့်နေကြတယ်။
“ကျနော် …”
“တိတ် … ငါက တရားဝင်လူကြီးကွ။ ဘယ်လောက် ရင်းထားရတယ်မှတ်လဲ။
မင်းတရားဝင် ငါနဲ့ယှဉ်ပြီး လူကြီးဖြစ်မှ ဒါတွေလုပ်”

ဒီလိုနဲ့ ကျောက်တုံးကြီး အခုထိ နေရာက မရွေ့သေး ...။


credit to ဒေါက်တာလွဏ်းဆွေ
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: soewainaung on August 17, 2012, 10:40:21 AM
ကျောက်တုန်းကြီး အပိုင်း(၂)

ကျောက်တုံးကြီးက ရွာအ၀င်လမ်းမှာ ပိတ်ဆို့နေတုန်း ...။

*******

ကျောက်တုံးရွှေ့ စည်းမျဉ်းဥပဒေကြီးကို ရွာလူကြီး ဦးဆောင်ပြီး ဆွဲပေးခဲ့တယ်။

“ငါက အိုပြီဆိုတော့ မင်းတို့ပဲ ရွှေ့ကြတော့ကွာ”

သူ့သားကို ရွာလူကြီးအသစ် မဖြစ်ဖြစ်အောင် ရွေးပြီး သူက အနားယူသွားတယ်။ တက်လာတဲ့ ရွာလူကြီးအသစ်က All inclusive ဆိုပြီး ရွာသူရွာသားအားလုံး ပူးပေါင်းပြီး ရွာလမ်းမှာ ပိတ်ဆို့နေတဲ့ ကျောက်တုံးကြီးကို တွန်းဖို့ ကြံစည်ပါတယ်။ အစည်းအဝေးတွေ လုပ်ကြတာပေါ့။ ကျောက်တုံးတွန်းအဖွဲ့ကို သူ့အဖေ ရွာလူကြီးသစ္စာခံ အများစုနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ကျနော့်ကိုလည်း ချုပ်ထားရာကနေ လွှတ်ပေးပါတယ်။ ကျောက်တုံးတွန်းအဖွဲ့ထဲ ပါခိုင်းပါတယ်။ တကယ်တွန်းခဲ့လို့ အဖမ်းခံလိုက်ရတဲ့ ကျနော်လည်း ပါဝင်ခွင့်ရတဲ့အတွက် ပျော်နေပါတယ်။ ရွာလူကြီး နှင်ထုတ်ထားတဲ့ ကိုလူလည်တွေလည်း တွန်းကြမယ်ဆိုတယ်။ တွန်းကြစို့လို့ စလိုက်တဲ့အချိန်မှာ ပြဿနာတက်တော့တာပဲဗျို့။

ရွာလူကြီးလူတွေက ကျောက်တုံးကြီး မတွန်းခင် ဂါထာရွတ်ရမယ် ဆိုပဲ။ မရွတ်တဲ့လူ အဖွဲ့ဝင်အဖြစ်က ထုတ်ရမယ်တဲ့။ အဲဒီဂါထာရွတ်လိုက်ရင် တွန်းစရာမလိုဘဲ ကျောက်တုံးကြီး ရွေ့သွားမှာတဲ့။ (ရွာလုံးကျွတ် ထောက်ခံထားတဲ့ စည်းမျဉ်းကြီးမှာ ပါတဲ့အတိုင်း လူတိုင်း ရွတ်ရမယ်ဆိုတယ်။)

ကျနော်ကတော့ မရွတ်နိုင်ဘူးလို့ ငြင်းပါတယ်။ ဂါထာအားကိုးတာထက် ကိုယ့်အားကိုယ်ကိုးတာက ပိုကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂါထာတွေ ရွတ်နေတာထက်စာရင် လက်တွေ့တွန်းလိုက်ရမှာ။

“လာ ... သွားကြစို့” ဆိုတော့ ခေါင်းခါကြတယ်။

မင်းလည်း ငါတို့လို ရွတ်မှ သွားမယ်လို့ ဆင်ခြေပေးကြတယ်။ ထူးဆန်းတာကဗျာ ဒီလူတွေ ရွတ်ပဲရွတ်နေတာ။ ကျောက်တုံးကြီးဆီ မသွားကြ။ ရွှေ့ချင်စိတ်လည်း မရှိကြ။ ကျနော့်ကိုပဲ ရစ်ချင်နေရော။

ငမူး ကဖျက်ကယက် လုပ်လို့ ကျောက်တုံးကြီး ပိတ်နေသေးတာပေါ့ ဆိုပြီး အပြစ်ပဲတင်နေကြရော။ ဒေါ်စွာကျယ်တို့ကလည်း ...

“တကတည်းတော်။ ပြောကို မပြောချင်ဘူး။ ငမူးကလည်း ရွတ်လိုက်ပြီးရော။ သူရွတ်ချင်သလို မရွတ်ရတော့ ရစ်နေတာ နေမှာပေါ့။ တကယ်တည်းတော်” လို့ အတင်းတုပ်နေကြရော။

တကယ်တမ်း သူတို့ ပိတ်နေတဲ့ဟာကို ဖယ်ချင်စိတ်မရှိတာပါ။ ရွတ်ရွတ် မရွတ်ရွတ် ကျောက်တုံးကြီး ရွေ့သွားဖို့က အရေးမကြီးဘူးလားဗျာ။

“ခင်ဗျားဟာလေ သောက်ကြီးသောက်ကျယ် လူအများရွတ်တဲ့အတိုင်း ရွတ်လိုက်တော့ ကမ္ဘာကြီးပျက်သွားမှာလား။ လူကြီးချပေးထားတဲ့ စည်းမျဉ်းပဲ။ အရင်ရွတ်ပြီးမှ တွန်းပေါ့”

ကျနော့်ကို အပြစ်တင်နေကြရော။ ဒီလိုနဲ့ သူတို့တွေ မတွန်းကြတော့။ ဒါပဲ ရွတ်နေတော့တယ်။ ဂါထာကိုပဲ အားကိုးနေကြရော။

“သီးကြူ စည်းမျဉ်း ငါစောင့်ရှောက်
သီးကြူ စည်းမျဉ်း ငါကာကွယ်
ကျောက်တုံး မတွန်းခဲ့တဲ့ သီးကြူကြီးကို အရေးမယူရ
အားလုံးစောင့်ရှောက်ကြ”

ဂါထာက ဒီလို။ ရွတ်လို့ ကောင်းတယ်နော်။ ကျနော်တော့ မရွတ်ချင်ပေါင်။ ဒီလိုနဲ့ ကျောက်တုံးကြီးက မရွေ့တော့။ ကျနော်လည်း အရက်ဆိုင်သွားပြီး အရက်ပဲ ထိုင်သောက်နေတော့တယ်။ သူတို့က အများစုဆိုပြီး ဗိုလ်ကျချင်နေတယ် ထင်တယ်။

အနည်းစုရဲ့ဆန္ဒကို အများစုက မလေးစားဘူးဆိုတော့ ကျောက်တုံးကြီးရွေ့စရာ အကြောင်းမရှိတော့။ ရွှေ့ချင်တဲ့ စိတ်ပေါက်လာမှ ကျောက်တုံးကြီး အမှန်တကယ် ရွေ့သွားမှာပါ။ ဂါထာရွတ်နေရုံနဲ့ ကျောက်တုံးကြီး ရွေ့သွားမှာမဟုတ်။

*******

ကျောက်တုံးကြီးက ရွာအ၀င်လမ်းမှာ ပိတ်နေတုန်း ...။     ။ ;D

credit to ဒေါက်တာလွဏ်းဆွေ

Title: Re: နှစ်သက်မိသော သရော်စာများ
Post by: နိုးတူး on January 22, 2013, 02:01:28 PM
ကာရာအိုကေသွား တောလား...

သူငယ်ချင်းများ စုမိပြီး မင်္ဂလာအချိန်ကျရောက်တာနဲ့ ကာရာအိုကေဆိုင်ကို ချီတက်ခဲ့ကြတယ်..။
 
'' ဆရာ အခန်းကျယ်ယူမလား- အခန်းကျဉ်းယူမလား '' .. စားပွဲထိုးလေးက ကျွန်တော်တို့အဖွဲ့မြင်တာနဲ့ တန်းမေးတယ်။
 
ငါတို့က ခုနှစ်ယောက်ဆိုတော့ အခန်းကျယ်ပေါ့.. လို့ ပြောတော့.. '' ဆရာ- ဒီဖက်ကြွ '' တဲ့..။ အဲသလိုနဲ့ နီယွန်မီး မှိန်တိန်တိန် အခန်းတစ်ခုထဲ ကျွန်တော်တို့ နေရာယူမိကြရော ဆိုပါတော့..။
 
-ဆရာ ကောင်မလေး ခေါ်အုံးမှာလား - တဲ့..။ မေးပုံက..။ ဟ- ခေါ်မှာပေါ့ကွ လို့ ပြောတော့.. ဘိုင်နိမ်း ရှိသလား ဆရာတဲ့..။
 
ဘိုင်နိမ်းတော့မရှိဘူးဟေ့.. ငါတို့ဝင်လာတုံးက.. လှေကားခြေရင်းနား.. ဗိုက်လှန်ပြီး ကုတ်နေတဲ့ကောင်မ ခေါ်ခဲ့.. ဆိုတော့ '' ဗျာ '' တဲ့..။ ဗျာမနေနဲ့ အတည်ပြောတာ.. ဆိုမှ.. သကောင့်သားက ဟုတ်ကဲ့ဆိုပြီး လှည့်ထွက်သွားတယ်။
 
ဒါပေမယ့် သူ့ခမျာ့ တံခါးပေါက်နားတောင် မရောက်လိုက်ရဘူး..။ '' ဟေ့ ကောင်လေး နေအုံး '' လို့ တစ်ယောက်က လှမ်းခေါ်တာနဲ့ ပြန်လှည့်လာရတယ်...။
 
'' မင်းနော်.. ဈေးပေါင်ကျိုးတွေ နှိုက်မလာခဲ့နဲ့.. ပေါပေါပဲပဲတွေ ခေါ်မလာခဲ့နဲ့.. အငုံးလေးတွေ-အလန်းလေးတွေ မ.. လာခဲ့၊ ငါတို့ရုပ်လည်း သေချာကြည့်အုံး''
 
သူငယ်ချင်းတစ်ယောက်က ထွေထွေနဲ့ စွတ်တင်တော့.. စားပွဲထိုးလေးလည်း အူကြောင်ကြောင်နဲ့ သူခိုင်းသလို သူ့ရုပ်ကြီးကို ယောင်ရမ်းပြီး သေချာကြည့်ရှာတယ်..။
 
'' ဟေ့ကောင်လေး .. အဲဒီကောင်ရုပ် ကြည့်မနေနဲ့.. လူဖြစ်ဖို့ သုံးဆင့်လောက် လိုသေးတယ်.. ပန်းချီငိုရုပ်.. မင်းခေါ်စရာရှိတာသာ သွားခေါ်လာခဲ့..သွားသွား.. အောက်လက်နာတယ် ''
 
တစ်ယောက်က ၀င်နှောက်တော့.. '' ဟုတ်ကဲ့ '' ဆိုပြီး စားပွဲထိုးလေး လှည့်ထွက်သွားပြန်တယ်..။ သို့သော် ထုံးစံအတိုင်း.. ခြေလှမ်းသုံးလေးလှမ်းလောက် လှမ်းရသေးတယ်..။
 
'' ကောင်လေး.. လာအုံး '' တဲ့..။ တစ်ယောက်က ထဖောက်.. ပြန်တယ်..။ ကောင်လေးလည်း မအီမလည်နဲ့ အနားပြန်ရောက်လာတယ်..။
 
'' အေး.. ကျန်တဲ့ကောင်တွေအတွက်တော့ မသိဘူး.. ငါ့အတွက် ခေါ်လာမယ့်ကလေးမက '' ဆီးသိပ်မရွှင်တဲ့မိန်းမ ဖြစ်ရမယ်.. ဖုံးခဏခဏလာတဲ့မိန်းမ မဖြစ်ရဘူး ''  ဖြစ်နိုင်ရင် ဆီးချုပ်ဝမ်းချုပ်ဖြစ်နေတဲ့မိန်းမနဲ့ နားမကြားတဲ့မိန်းမပိုကြိုက်တယ်.. ကြားလား ''
 
ဒီတစ်ခါတော့.. စားပွဲထိုးကောင်လေး ပြုံးစိစိဖြစ်သွားတယ်..။ ကာရာအိုကေက ကောင်မလေးအများစုက.. ဧည့်သည် အကျများ- များသလို.. ဟိုဖက်ခန်း၊ ဒီဖက်ခန်း မျှထိုင်လေ့ရှိတယ်.. ဒီဖက်ခန်းထဲ လေးငါးဆယ်မိနစ်နေ၊ ခဏနေ.. သေးပေါက်သွားတာလိုလို-ဖုံးလာတာလိုလိုနဲ့.. ဟိုဖက်ခန်းကူးလေ့ရှိတာ.. ခံရပါများလို့.. ဆီးသိပ်မရွှင်တဲ့ မိန်းမ- နားမကြားတဲ့မိန်းမ ရွဲ့ခေါ်ခိုင်းတာ သူသဘောပေါက်တယ်..။
 
အဲသလိုနဲ့ ခဏနေတော့.. အခန်းထဲမှာ.. အာဒံခုနှစ်ယောက်နဲ့ ဧ၀ ခုနှစ်ယောက် ဘုရားသခင်က လူစုံတက်စုံ ဖန်ဆင်းတော်မူလိုက်တယ်..။
 
ဒန်တန်တန်.. ( စက်ကတီးလုံးအသံ ထွက်လာတာနော် ) ဒန်တန်တန်..
 
'' အဟမ်းအဟမ်း.. အဟမ်းအဟမ်း.. အဟမ်းအဟမ်း ''  သီချင်းမဆိုဘဲ- မိုက်ကိုင်ပြီး တစ်ယောက်က လည်ချောင်းရှင်းနေတာ မပြီးနိုင်မစီးနိုင်ဆိုတော့.. '' ဦးဇဋိလတောင် မင်းလောက် လည်ချောင်းမရှင်းဘူး.. '' လို့ တစ်ယောက်က ထကစ်တယ်..။
 
ကြားထဲက တစ်ယောက်က '' ဘယ်က ဦးဇဋိလ '' လည်းလို့ မနေနိုင်မထိုင်နိုင် ၀င်မေးတယ်..။ ကြာနီကန်ဟေ့.. ကြာနီကန်ဆရာတော် ဦးဇဋိလ ကိုပြောတာ.. ခွီးတဲ့မှ.. ဆိုစရာရှိတာ ဆိုတာမဟုတ်ဘူး.. အခန်းခက.. တစ်နာရီ တစ်သောင်း.. မင်းတို့မဆို ငါဆိုမယ် ဆိုပြီး တစ်ယောက်က မိုက်ထလုတယ်..။
 
'' ခစ်ခစ်..ခစ်ခစ်.. ဦးတို့သူငယ်ချင်းတွေက အရမ်းရီရတယ်နော်.. ပျော်စရာကြီး.. ခစ်ခစ်ခစ်ခစ် ''
 
ကျွန်တော့်ဘေးက ဧ၀က ကိုယ်လုံးလေးကို သိမ့်ကနဲသိမ့်ကနဲ လှုပ်လှုပ်ပြီး ခိုးခိုးခစ်ခစ်နဲ့ ရယ်နေရှာတယ်..။ အဲဒီတော့မှ.. သူကလေးရောက်နေတာ.. သတိပြုမိတော့တယ်..။
 
အဲသလိုနဲ့...
 
တာဝန်အရ သူ့ပုခုံးကို ဆွဲဖက်တော့.. တာဝန်အရ ကျွန်တော့်ရင်ခွင်ကျယ်ကြီးထဲ သူအိဆင်းလာရင်း.. မမြင်မကန်းနဲ့ ရွှန်းရွှန်းစားစား သူမော့ကြည့်တယ်..။ ရီဝေဖျော့တော့တဲ့ အကြည့်တစ်ချက်နဲ့ (မူးနေမှတော့ ရီဝေေ၀ပေါ့ ) ကျွန်တော်သူ့ကို ပြန်ငုံ့ကြည့်မိတယ်..။
 
မရှက်ပေမယ့်.. သူမ- မျက်လွှာချသွားတာ.. ၀ိုးတ၀ါးတွေ့လိုက်ရတယ်..။ ပြီးမှ.. လက်ထဲက တစ်ရှုးစကို လိမ်ကျစ်ညှစ်ရင်း.. တိုးတိုးလေး-တကယ့်ကိုတိုးတိုးလေး.. ကျွန်တော့်ကိုမေးတယ်..။
 
'' ဘာသီချင်းထည့်လိုက်ရမလဲ ဦး '' တဲ့..။
 
သူမအမေးကိုမဖြေဘဲ.. သမီးနာမည်ဘယ်ခေါ်သလဲ လို့ ကျွန်တော်မေးမိတယ်..။
 
'' လမင်း.. သမီးနာမည်က လမင်း .. ဦးနာမည်ကရော '' တဲ့..။ သူကလည်း ပြန်မေးတယ်..။
 
'' ဦးနာမည်က.. လမင်းကိုကို '' လို့ ကျွန်တော်ပြောတော့.. '' အယ်.. လာနောက်နေတယ် ခစ်ခစ်ခစ် '' တဲ့..။
 
'' ထွီ.. ဒီမှာဟေ့ လမင်းကိုကိုတဲ့.. နှစ်ကျပ်ကွက်နင်းနေတယ်ဟေ့.. ဟားဟားဟားဟား '' ကပ်လျက်သူငယ်ချင်းက ဘယ်ကနေဘယ်လိုကြားသွားတယ်မသိ..။ ကျန်တဲ့ဘော်ဒါတွေ သိအောင် ထဖွတယ်။
 
အားလုံး ရယ်လိုက်ကြတာ.. သောသောကိုညံလို့..။
 
''တော်သေးတာပေါ့.. မင်းကောင်မလေး နာမည်က - လမင်း- ဖြစ်နေလို့..။ ငါ့ ကောင်မလေးတော့ နာမည်မေးပြီး ထိုင်တောင် ရှိခိုးရပြီ မှတ်တာ.. '' အရှင်သခင် '' တဲ့ဗျား..။ အမယ်မင်း.. မိအရှင်သခင်.. နာမည်ရင်းမသိစေချင်ရင် လည်း.. တခြားနာမည်ရှာမှည့်ပါအေ.. ညည်းတို့မို့ ပေါက်တီးပေါက်ရှာ မှည့်တတ်ပလေ..''
 
သူ့အဖြစ်က ပိုဆိုးနေတော့တယ်..။
 
၎င်းနောက်.. ကျွန်တော်တို့လည်း စွပ်ကယ်စွပ်ကယ် ဖက်လိုက်ကြ- သောက်လိုက်ကြ- ဆိုလိုက်ကြ.. ကလေးမလေးတွေလည်း စွပ်ကယ်စွပ်ကယ် ကျင်ငယ်စွန့်လိုက်ကြ- ဖုံးလာလိုက်ကြ နဲ့.. အချိန်အတော်လင့်သွားပြီး သကာလ.. ပြန်ကြစို့ လို့ တစ်ယောက်က.. စကားခေါ်တယ်..။
 
'' ပြန်မှဖြစ်မယ်ဟေ့.. နို့မို့ဆို.. မနက်ဖန်..လက်သုတ်ပုဝါခါးကြားထိုးပြီး ဒီမှာ စားပွဲထိုးလုပ်နေရအုံးမယ်.. ဟေ့ဟေ့ ဘီလ်ယူခဲ့ '' လို့ တစ်ယောက်ကလည်း စားပွဲထိုးကို ဘီလ်တောင်းတော့တယ်..။
 
''မင်းတို့ကလဲ.. နေကြပါအုံးကွာ.. သူငယ်ချင်းတွေ ဒီလိုဆုံရခဲတာကြီး '' တဲ့..။ တစ်ယောက်ကတော့.. ပြန်ချင်သေးဟန်မတူဘူး..။ လောဘဇော မသတ်နိုင်တဲ့လေသံနဲ့.. အားလုံးကို တားဖို့ ကြိုးစားတယ်..။
 
သို့သော်.. ခြောက်မဲ-တစ်မဲ နဲ့.. ပြန်မယ့်ဖက်က အနိုင်ရပြီး..  ဘီလ်ရှင်းလိုက်တော့တယ်..။
 
'' သမီး.  ကျင်ငယ်စွန့်ချင် သွားစွန့်လေ '' တဲ့..။ ပြန်ခါနီးလို့ မုန့်ဖိုးမျှော်ပြီး.. ကပ်နေတဲ့ ကလေးမကို.. အာရကေ မပေးချင်လို့.. သေးအတင်းပေါက်ခိုင်းနေတဲ့ကောင်ကလည်း ရှိသေးတယ်..။ သူတို့ခမျာ့များလည်း.. ဒီအချိန်က အရမ်းအရေးကြီးနေတဲ့အချိန်ဆိုတော့..စောစောကလောက် ဆီးသိပ်မရွှင်ရှာတော့ဘူး..။ ဖုံးလဲ မလာတော့ဘူး..။
 
ဆီးအောင့်ပြီး စောင့်နေကြရရှာတယ်..။
 
စားပွဲထိုးများကလည်း.. ဘီလ်ရှင်းတဲ့အချိန်ဆိုရင်.. ခန်းလုံးပြည့်.. ဥဒဟို ၀င်ထွက်သွားလာနေတော့တယ်..။ ဘီလ်ယူလာတာက နှစ်ယောက်.. အမ်းငွေပြန်လာပေးတာက တခြားနှစ်ယောက်.. ပြန်ခါနီးတံခါးဖွင့်ပေးတာက နောက်နှစ်ယောက်..ကားပါကင်မှာစောင့်နေတာက နှစ်ယောက် နဲ့.. အမယ်မင်း.. တစ်ယောက်တစ်ထောင် ပေးရအုံးတော့ တွက်သာကြည့်ပေတော့..။
 
အဲသလိုနဲ့.. သူငယ်ချင်းတသိုက် ကားနားရောက်လာကြတယ်..။
 
'' မင်းတို့ကွာ.. ငါ့ကောင်မလေးနဲ့ကအဆင်ပြေတော့မှာ.. ခွီးတဲ့မှ တစ်ဆက်ရှင် (တစ်နာရီ) လောက် ဆက်နေလို့ ဘာဖြစ်သွားမှာမို့.. ခွီးပဲ ''
 
မပြန်ချင်တဲ့တစ်ယောက်က..  သူ့ကိုယ်သူ စော်သိပ်ကြည်တဲ့အထာနဲ့ .. မချင့်မရဲ နဲ့ ကားနားရောက်တဲ့အထိ ကျန်တဲ့ကောင်တွေကို ရန်ရှာနေတော့တယ်..။
 
'' ဟော ဟိုမှာကြည့်.. သူလိုက်လာပြီ '' တဲ့..။ တကယ်လည်း.. သူ့နဲ့ထိုင်ခဲ့တဲ့ ကလေးမက.. ကားနားအထိ လိုက်လာနေတာ အားလုံးမြင်လိုက်ရတယ်..။
 
ကဲ.. ဂလိုဆိုတော့လည်း.. သူပြောတာ ဟုတ်ထင်ပ.. ပေါ့..။ ထုံးစံက.. ဘယ်ကလေးမမှ.. မောင်မင်းကြီးသားတို့ အပြန် ကားနားအထိ.. လိုက်လာလေ့မှ မရှိတာ..။ အချိန်တိုအတွင်းမှာ အတော်ခရီးရောက်ခဲ့လို့.. သံယောဇဉ်အမျှင်တန်းပြီး ကားနားလိုက်လာဟန်ရှိတယ်..။
 
''သူငယ်ချင်း ငါတို့ရှောင်ပေးရမလား..မင်းတို့ခြင်း..လွတ်လွတ်လပ်လပ်ပြောကြလေ '' လို့.. ကျန်သူငယ်ချင်းများက အလိုက်သိဖို့ ကြိုးစားတာကို မောင်မင်းကြီးသားက '' နေပါစေ- ငါပြောတာမလွန်ဘူးဆိုတာ.. မင်းတို့ကြားစေချင်တယ်.. ဘယ်မှ မသွားကြနဲ့ '' တဲ့..။
 
အဲသလိုဆိုတော့လည်း.. ကျွန်တော်တို့လည်း ရှောင်မပေးတော့ပါဘူး..။
 
ကလေးမလေးက.. အနားရောက်တာနဲ့..
 
'' အမယ်လေး.. ဦးရယ် ပြန်သွားပြီလားလို့.. တော်သေးတာပေါ့.. မပြန်သေးလို့ '' တဲ့..။ အပြုံးဝင့်ဝင့်နဲ့
ပြောတော့.. သကောင့်သားက.. မင်းတို့ကြည့်ကြ ဆိုတဲ့ အထာနဲ့  ကျွန်တော်တို့ကို လှည့်ကြည့်တယ်..။
 
ဒါပေမယ့်.. အဲဒီထောင်လွှားမှုက ကြာကြာမခံလိုက်ဘူး..။ ကလေးမလေးက ဆက်ပြောတယ်..။
 
'' ဦးရယ်.. ဦးပေးသွားတဲ့ ငါးထောင်တန်က အစုတ်ကြီး.. အဲဒါလေး လဲပေးလို့ ရမလား '' တဲ့..။
 
.......................................................... .......................................................
 
(ပျော်စေပျက်စေ.. ဖေ့ဘွတ်ကသူငယ်ချင်းများ.. ဘ၀အမော နည်းနည်းမှ ပြေပြေ ဆိုတဲ့ စိတ်နဲ့.. ဒီစာကို ရေးလိုက်ရပါကြောင်း )

Credit to -> http://www.facebook.com/notes/ko-navana/%E1%80%80%E1%80%AC%E1%80%9B%E1%80%AC%E1%80%A1%E1%80%AF%E1%80%AD%E1%80%B1%E1%80%80%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8-%E1%80%B1%E1%80%90%E1%80%AC%E1%80%9C%E1%80%AC%E1%80%B8/10200361746427903

Title: Re: နှစ်သက်မိသော သရော်စာများ
Post by: kolugyi on July 04, 2013, 01:54:40 PM
သို့ 
ချစ်လှစွာသော မေမေရှင့်

သမီးရိုသေလေးစားစွာဖြင့်  စာရေးလိုက်ပါတယ်။မေမေ နေကောင်းရဲ့ လား။
သမီးကတော့အခုနေကောင်းနေပါပြီ။ မေမေကတော့ စိုးရိမ်မှာပဲ ဘယ်တုန်းက နေမကောင်းဖြစ်တာလဲဆိုပြီးပေါ့။

လွန်ခဲ့တဲ့  သုံးလ လောက်တုန်းက သမီးခေါင်းတွေ အရမ်းမူးတယ် မေမေ။ ဒါလည်း စိုးရိမ်စရာမရှိပါဘူး။ ဆေးမှားသောက်မိလို့ ပါ။
ဆေးမှာသောက်မိတာကလည်း စိုးရိမ်စရာမရှိပါဘူးမေမေ။ ပါတီမှာတွေ့ တဲ့ ကောင်လေး တစ်ယောက်က အချိုရည်ထဲ ဆေးထည့် တိုက်လို က်လို့ ပါ။

ဒါလည်း စိုးရိမ်စရာမရှိပါဘူး မေမေ။ ကိုယ် အိပ်ပျော်နေတဲ့ အချိန် ဘာတွေဖြစ်တယ် ဘာတွေလုပ်တယ်ဆိုတာ ကိုယ်မှ မသိတာ။
စိတ်မပူပါနဲ့ မေမေ ဆုံးရှုံးနစ်နာမှုလည်း ဘာမှမရှိပါဘူး။ မနက်မိုးလင်းတော့ ကုတင်အောက်မှာ သမီးရဲ့  လုံချည်တွေ အကျီ င်္အဝတ်အစားတွေ ပြည့်ပြည့်စုံစုံ မပျောက်မရှ ပြန်တွေ့ တယ်လေ။
ဘာစိတ်ပူစရာရှိလဲမေမေ။

ပြီး တော့ အဲဒီကောင်လေးက သဘောကောင်းတယ်မေမေ။ သမီးကို ခဏခဏ အပြင်ခေါ်ပြီး အချိုရည် တွေ တိုက်တယ်။ပြီးတော့ ဟိုတယ်လည်း ခဏခဏခေါ်ခေါ်သွားတယ် မေမေ။
ဝမ်းမနည်းပါနဲ့ မေမေ။ သမီးလေ ဟိုတယ်ခ တွေ စားသောက်စရိတ်တွေ မကုန်တဲ့ အပြင် သူက သမီးကို ပြန်ရင် ပိုက်ဆံတွေပါ ထည့်ထည့်ပေးလိုက်တယ်မေမေ။ပြီးတော့ သမီးကို
လက်ထပ်ယူမယ်လို့ လည်း ပြောတယ်မေမေ။နောက် ဆယ်နှစ်လောက် ကြာမှ တဲ့  မေမေ။

သမီးကတော့ ဖြစ်နိုင်ရင် အမြန်ဆုံးလက်ထပ် ယူချင်တယ်မေမေ။ ဘာဖြစ်လို့ လဲ ဆိုတော့ သမီး ရဲ့  ဗိုက်က တဖြေးဖြေး နဲ့  ပူထွက်လာပြီလေ။
ဒါလည်း မစိုးရိမ်ပါနဲ့ ။ ကလေး မွေးပြီးရင် သူ့ ဟာသူ ပြန်ပိန်သွားမယ့် ဟာပဲ မဟုတ်ဘူးလား။

ဘာမှ ဝမ်းမနည်းပါနဲ့ အုံး မေမေ။ သူ မယူချင်တော့လည်း ဘာဖြစ်လဲ။ အလှုလုပ်တယ်လို့ ပဲ သဘောထားလိုက်မှာပေါ့မေမေ။
သမီးကတော့ ဒီကလေးကို အမြန်ဆုံး မွေးချင်ပြီမေမေ။
မေမေနဲ့ သမီးတို့  အလှူအတန်းတွေ မလုပ်ရတာ ကြာပြီမို့လား။ အဲဒါကြောင့် ကလေး မွေးပြီးရင် မိဘမဲ့ ကျောင်းကို သွားပြီး ကလေး သွားလှူမယ်နော် မေမေ။ ကုသိုလ်ရတာပေါ့ မဟုတ်ဘူးလား။

ပြီးတော့ တစ်သားမွေးရင် တစ်သွေးလှတယ်လို့ လူတွေကပြောကြတယ်မေမေ။ ဆယ်ယောက်လောက်မွေးပြီးရင် သမီးတော်တော် လှသွားမှာပဲနော်မေမေ။
အခုတော့ သမီး နည်းနည်း ရုပ်ဆိုးနေတယ်မေမေ။ ဘာဖြစ်လို့ လဲဆိုတော့ သမီးကိုယ်ပေါ်မှာ အနာလေးတွေ ပေါက်နေလို့ ပါမေမေ။ ဆရာဝန် ကို သွားပြတော့ ကူးစက်ရောဂါ လို့ တော့ ပြောတယ်မေမေ။
ဒါလည်း စိုးရိမ်စရာမရှိ ပါဘူး မေမေ။ ကူးစက်ရောဂါ ဆိုမှတော့ ကိုယ့် ဆီမှာ ဘယ်လိုလုပ် ကြာကြာနေနိုင်မှာလဲ။ သူများ ဆီကို ကူးသွားမှာပဲလေ မဟုတ်ဘူးလား ။

မေမေ မပူပါနဲ့ နော်။ ဒီကလေး မွေးပြီးရင်မိဘမဲ့ ကျောင်းကို လှူဖို့  မေမေဆီကို ကြုံရာလူနဲ့ ထည့်ပေးလိုက်မယ်နော်။

မေမေရဲ့ အချစ်ဆုံးသမီး

(reference-ဂုဏ်တင်ဝံ့ကြွားမြန့် မာအမျိုးသမီးများ နှစ်ပါးခွင် ပြက်လုံး)
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: သားကြီး on August 05, 2013, 09:23:21 PM
ရန်ကုန် - နေပြည်တော် ဘောလုံးပွဲ သတင်း(သရော်စာ၊ ရေးသားသူ- ကမ္ဘာကျော်သူရဿဝါ)
--------------------------------------------------------------------------

သည်းခံတော် မူပါခင်ဗျာ၊ အခုအချိန်ကစပြီး ရန်ကုန်ယူနိုက်တက် အသင်းနဲ့ နေပြည်တော် ယူနိုက်တက် အသင်းတို့ရဲ့ ချစ်ကြည်ရေး ခြေသရမ်းပွဲကြီး သတင်းများကို စတင်ညာပါတော့မယ်၊ အဲလေ.. သည်းထပ်မံ ခံတော်မူပါခင်ဗျာ.. စတင် ကြေညာပါတော့မယ် ခင်ဗျာ။ သတင်း.. မစုံမလင်မှာ၊ ဆောရီး.. သည်းနောက်တစ်ဖန် ခံတော်မူပါ ခင်ဗျာ..

အခုအချိန်က စတင်ပြီးတော့မှ ရန်ကုန် ယူနိုက်တက် အသင်းနဲ့ နေပြည်တော် ယူနိုက်တက် အသင်းတို့ရဲ့ ချစ်ကြည်ရေး ခြေသရမ်း ပွဲကြီးကို စတင် တော့မှာ ဖြစ်ပါတယ် ခင်ဗျ။ အထူးတန်း ပွဲကြည့်စင် ညောင်ပင် ခွကြားမှာတင်မက ရိုးရိုးတန်း ပွဲကြည့်စင် လမ်းဘေး မှာပါ လာရောက် ကြည့်ရှုသူတွေ များလှပါတယ် ခင်ဗျ။ ဒီပွဲဟာ အလွန် ထူးခြားတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ် ခင်ဗျ။ ဒီပွဲကို ရန်ကုန်အသင်းက သုဝဏ္ဏ ကွင်းထဲမှာ ကျင်းပ စေချင်သလို နေပြည်တော် အသင်းကလည်း ဝဏ္ဏသိဒ္ဓိ ကွင်းမှာ ကျင်းပစေချင်တဲ့အတွက် သူ့ကွင်း ကိုယ့်ကွင်း ငြင်းခုံကြရာကနေ ဘောလုံး မကန်ခင် လူချင်း ကန်ကုန်ကြမှာ စိုးတာက တစ်ကြောင်း၊ နောက်ပြီး ရန်ကုန်ကွင်းထဲ ကန်မယ်ဆိုရင် ထီးတွေ၊ ဖိနပ်တွေ အလကားနေရင်း ကွင်းထဲရောက်ကုန်မှာ ဖြစ်ပြီး နေပြည်တော် ကွင်းထဲ ကန်မယ်ဆိုရင်လည်း ထိုင်ခုံတွေ ကျိုးကုန်မှာ ဖြစ်တယ်ဆိုတာကို ဒိုင်လူကြီးဖြစ်သူ ဦးအငယ်ကောင်က ကြိုတင်သိရှိပြီး ဖြစ်တာက တစ်ကြောင်းတို့ကြောင့်.. ရန်ကုန်-နေပြည်တော် မိုးယို လေယို အဝေးပြေး လမ်းမကြီးပေါ်မှာ ကျင်းပဖို့ ဆုံးဖြတ် ခဲ့ပါတယ် ခင်ဗျ။

ကျွန်တော် ကြေညာနေတဲ့ အချိန်မှာပဲ နှစ်သင်းစလုံး ထိုင်နေရာကနေ ဖုတ်ဖက်ခါပြီး လမ်းမပေါ် တက်လာ ကြပါတယ် ခင်ဗျ။ အဲ.. နှစ်သင်းစလုံး ကလည်း အဖြူရောင်တွေချည်းပဲ ၀တ်ဆင် ထားကြ ပါတယ်ခင်ဗျ။ အကျီ င်္ ပြန်လဲခိုင်းတာလည်း ဘယ်သူမှ ပြန်မလဲချင် ကြပါဘူး ခင်ဗျ။ အဲဒီမှာ ဒိုင်လူကြီး ဦးအငယ်ကောင်က အိတ်ထဲက အကြွေစေ့ရှာတယ်.. မတွေ့ဘူးခင်ဗျ၊ ဘယ်လိုမှ ရှာမတွေ့တဲ့အဆုံးမှာ တစ်သောင်းတန် နှစ်ရွက်ကို ထုတ်တယ်ခင်ဗျ။ ပြီးတော့ နှစ်ဘက်အသင်း ခေါင်းဆောင်တွေကို အနိုင်အရှုံး ဘူကြီး ပွတ်ခိုင်းတယ် ခင်ဗျ။ ခုဆို ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အရ ရန်ကုန်အသင်းက အကျီ င်္ချွတ်ကန်မှာ ဖြစ်ပြီး နေပြည်တော် အသင်းကတော့ ဘောင်းဘီချွတ်ကန်မှာ ဖြစ်ပါတယ် ခင်ဗျ။

အဲ.. စပါပြီခင်ဗျ။ ရန်ကုန်ယူနိုက်တက် အသင်းတိုက်စစ်မှူး ဆွဲတယ်ခင်ဗျ။ ထပ်ဆွဲတယ် ခင်ဗျ။ ဘောလုံးကို မဆွဲဘဲ နေပြည်တော် အသင်းနောက်ခံလူရဲ့ ဆံပင်ကို သွားဆွဲတာပါ ခင်ဗျ။ ဒိုင်လူကြီး ဦးအငယ်ကောင်က အ၀ါကဒ်ထက် ပိုထိရောက်တဲ့ ဝက်သားခုတ်ဓားမကြီးပြပြီး သတိပေးထား ပါတယ်ခင်ဗျ။ နေပြည်တော်အသင်း ကုန်တင်တယ် ခင်ဗျ၊ အဲလေ.. ကန်တင်တယ် ခင်ဗျ။ အဲဒီ ဘောလုံးကို ရန်ကုန် အသင်း နောက်ခံလူ လည်ပင်းနဲ့ ဖမ်းထိန်းတယ် ခင်ဗျ။ အသေသတ် ပါတယ် ခင်ဗျာ၊ အဲ.. သေသပ် ပါတယ် ခင်ဗျာ။ ဒါပေမဲ့ ဘောလုံးမှန်ပြီး လည်ဇလုပ်ကြီး အထဲချိုင့်ဝင်သွားတဲ့ အတွက် ရန်ကုန်နောက်ခံလူ သတိလစ်သွားပါတယ် ခင်ဗျာ။ ဒိုင်လူကြီး ဦးအငယ်ကောင် ဘောင်းဘီအိတ်ထဲက ဝီစီထုတ်ပေမယ့် ဝီစီပါမလာဘဲ နှဲကြီး ထွက်လာပါတယ် ခင်ဗျာ။ ဒါနဲ့ ထွက်လာတာပဲ မှုတ်တော့မယ်ဆိုပြီး အချက်ပေး နှဲကြီးမှုတ်ပြီး “Fair Play” လို့ အော်တယ် ခင်ဗျ။

အဲဒီမှာတင်ပဲ ရန်ကုန်အသင်းဂိုးသမား အသင့်ပါလာတဲ့ ဖဲထုပ်ကိုချပြီး ကုလားဖန် ထိုးပါတယ် ခင်ဗျ။ သူ့အနားကိုလည်း တခြားကစားသမားတွေ ဝိုင်းလာပါတယ်ခင်ဗျာ။ ဒါကို ဒိုင်လူကြီးက ဖဲပလေး ဆိုတာ ဖဲကစား ခိုင်းတာ မဟုတ်ဘဲ (Fair Play) လို့ ပြောတာ ဆိုပြီး ရန်ကုန်ဂိုးသမားကို အုတ်နီခဲပြပြီး သတိပေးထား ပါတယ် ခင်ဗျ။ အခုဆို နေပြည်တော်အသင်းက ပြန်ရသွားပြီး ကန်တယ် ခင်ဗျ။ နောက်တစ်ချက် ကန်တယ်။ ထပ်ကန်ပါတယ် ခင်ဗျား။ ဒါပေမဲ့ ဘောလုံးကို ကန်တာ မဟုတ်ဘဲ ရန်ကုန်ယူနိုက်တက် အသင်းသားကို ဆောင့်ကန် တာကြောင့် ဒိုင်လူကြီးက ထောင့်ကန်ဘောထက် ပြင်းထန်တဲ့ “ဆောင့်ကန်ဘော” ပေးထား ပါတယ် ခင်ဗျ။ အဲဒီ ဘောလုံးကို ရန်ကုန်အသင်း ကန်တယ်.. ဘေးစည်းကို ကျော်သွားပါတယ်ခင်ဗျ။ နေပြည်တော် အသင်းက လက်ပစ်ဗုံးရတယ်.. ဘယ်နားကို ပစ်ရကောင်းမလဲ ကြည့်နေတယ်.. စနက်တံဖြုတ်တယ်၊ အဲ.. သီးခဏခဏ ခံတော်မူပါ ခင်ဗျာ.. စစ်ပွဲသတင်းနဲ့ ရောသွားလို့ပါ၊ နေပြည်တော် အသင်းက လက်ပစ်ဘော ရတယ်၊ မြှောက်ပေးလိုက်တယ်.. အလယ်တန်းလူ ရသွားတယ်.. ဘောလုံးကို ဆွဲပြေးလာတယ်၊ အဲဒါကို ရန်ကုန်အသင်း နောက်ခံလူတစ်ယောက် ခြေစုံပစ်ပြီး ဝင်ကန်တဲ့အတွက် ဒိုင်လူကြီး ဦးအငယ်ကောင်က “ပြစ်ကန်ဘော” ပေးလိုက်ပါတယ် ခင်ဗျာ။

နေပြည်တော်အသင်း အဲဒီဘောလုံးကို ကန်တင်တယ်၊ ရန်ကုန်က ပြန်ရသွားပြီး ဆွဲပြေးရာမှာတော့ နေပြည်တော် အလယ်တန်းလူက ဆွဲပြေးလာတဲ့သူကို နဖူးနဲ့ပြေးလိုက်လိုက်ပါတယ်။ ရန်ကုန်အသင်း ဘောလုံးသမား ဖူးယောင်ပြီး ပါးကြီးဖောင်းသွားတဲ့အတွက် ဒိုင်လူကြီးက “ဖောင်းဘော” ပေးထားပါတယ် ခင်ဗျာ။ ပွဲက အတော်ကို ကြမ်းနေတဲ့အတွက် ဒိုင်လူကြီး ဦးအငယ်ကောင်က သူ့ခါးမှာစည်းထားတဲ့ ကာရာတေး ခါးပတ်နက်ကို နှစ်သင်းစလုံးဆီ လှန်ပြပြီး “တဂီးဂီး” ဒေါသထွက်တဲ့ အသံနဲ့အော်ဟစ် သတိပေး ထားပါတယ် ခင်ဗျ။ ရန်ကုန်အသင်းက ဖောင်းဘောကို ကန်တင်လိုက်တယ်.. နေပြည်တော် ဂိုးဧရိယာထဲကျတယ်.. ရန်ကုန် ယူနိုက်တက် ရှေ့တန်းလူ ရထားပြီ.. အပိုင်ကန်တော့မယ်.. အဲဒီအချိန်မှာပဲ ရန်ကုန်ရှေ့တန်းလူကို နေပြည်တော် နောက်တန်းလူက အတင်းဝင်ပြီး ဘောလုံးကိုမလုဘဲ လူကို ပယ်ပယ်နယ်နယ်တီးတဲ့အတွက် ဒိုင်လူကြီး ဦးအငယ်ကောင်က “ပယ်ပယ်နယ်နယ်တီး” ပြစ်ဒဏ်ဘော ပေးလိုက်ပါပြီခင်ဗျာ။

ပယ်နယ်တီ ရသွားတဲ့အတွက် ရန်ကုန် အသင်းသားတွေ ပျော်ပြီးတော့ ကဗျာလွတ် ယိမ်းကနေကြတဲ့ အချိန်မှာပဲ နေပြည်တော် အသင်းက သူတို့ကို ရန်စတာဆိုပြီး အားကျမခံ ဒစ္စကိုဒန့်စ်တွေ ပြန်ဆွဲပါတယ်ခင်ဗျ။ ရန်ကုန်ကလည်း အကျောမပေးဘူးခင်ဗျာ.. သူတို့ထက်သာအောင် ဆက်စီဒန့်စ် ပြန်ကပြတယ်ခင်ဗျ။ အဲဒါကို မခံနိုင်တဲ့ နေပြည်တော် ဘောလုံးသမား တစ်ယောက်က ရန်ကုန် အသင်းသား တစ်ယောက်ဆီ အတင်းပြေးပြီး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ လက်သီးနဲ့ ပြေးထိုးတယ်ခင်ဗျ။ ရန်ကုန်အသင်းကလည်း မဆိုစလောက်ကလေး “ဖြောင်း” ခနဲနေအောင် ယုယုယယ ပါးပြန်ချတယ်ခင်ဗျ။ နောက်ဆုံးမှာတော့ နှစ်ယောက်စလုံး တွေ့ရာ မှီရာ အပြန်အလှန် ချစ်ကြည်ရေးယူပြီး ဖက်ကိုက်နေကြပါပြီခင်ဗျာ။ အဲဒါကို မြင်ပြီး ရန်မဖြစ်စေချင်တဲ့ ကွင်းထဲက ပရိသတ်တစ်ယောက် ဟာလည်း ဖျန်ဖြေဖို့အတွက် ဝါးရင်းတုတ်ကြီးကိုင်ပြီး ကွင်းထဲကို ပြေးချလာပါတယ်ခင်ဗျ။ အခြေအနေကတော့ တော်တော်ကို ရှုပ်ထွေးကုန်ပါပြီခင်ဗျာ။ ဒိုင်လူကြီး ဦးအငယ်ကောင်ခမျာလည်း ကြားထဲဝင်ပြီး ဆွဲရင်း တားရင်းနဲ့ မျက်နှာတစ်ခုလုံး စုတ်ပြဲဖူးယောင်နေပါပြီခင်ဗျာ။

အဲဒီအချိန်မှာပဲ .. “အမျိုးသား စည်းလုံးညီညွတ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး” ဆိုတဲ့ အသံကြီးနဲ့ စာတန်းကြီး ရုတ်တရက် ထွက်ပေါ်လာပြီး ဘောလုံးပွဲကို ဆက်မပြတော့တဲ့အတွက် ကျွန်တော်တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသနေတဲ့ ရန်ကုန်-နေပြည်တော် ချစ်ကြည်ရေး ခြေသရမ်း ဘောလုံးနပမ်းပွဲကြီးကို ဒီမှာတင်ပဲ ရပ်နားလိုက်ရပါတယ်ခင်ဗျာ.. ဘောလုံးချစ် ပရိသတ်ကြီးလည်း လောင်းကျိုးလိုရာဆန္ဒ .. အဲလေ၊ သီးတစ်ခေါက်တော့ ခံတော်မူပါဦးခင်ဗျာ.. ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။

(SEA Game အကြို မြန်မာ့လက်ရွေးစင်အသင်း ပြင်ဆင်နေမှု သတင်းများကိုတော့ နောက်တစ်ပုဒ်ကျမှ ဆက်လက် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ)

( ရေးသားသူ- ကမ္ဘာကျော်သူရဿဝါ) ThuRa ThaWah
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: Kabyar Joe on October 24, 2013, 01:31:43 AM
အီးတီ နှင့် တွေ့ဆုံခြင်း (၄)


ကျွန်ုပ် မောင်သစ်သည် အီးတီ အမည်ရှိသော ဂြိုဟ်သားနှင့် တွေ့ဆုံမေးမြန်းခြင်း အမှုကို
ဆက်လက်၍ ပြုလုပ်လေ၏။


* * *

မောင်သစ်။ ။ ကိုအီးတီတို့ ဂြိုဟ်မှာ ဝန်ထမ်းတွေ ရှိသလား၊ ရှိရင် လစာကော ဘယ်လို ပေးသလဲ။

အီးတီ ။ ။ ရှိတာပေါ့၊ ဘယ်ဂြိုဟ်မှာမဆို ဝန်ထမ်း ဆိုတာတော့ ရှိတာပေါ့။ ဒါပေမယ့် မိသားစု စားဖို့သောက်ဖို့ မပေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကုန်ဈေးနှုန်းက ငြိမ်တာမဟုတ်ဘူး။ လစာကို
သတ်မှတ်ထားရင် ကုန်ဈေးနှုန်းက မြင့်လာရော။ လစာက မလောက်မင ဖြစ်ရော။ ကုန်ဈေးနှုန်းက
ကျသွားရင်လဲ လစာကို လျှော့ချလို့ မရဘူး မဟုတ်လား။ အဲဒီတော့ ဝန်ထမ်းကို ရုံးသွားရုံးပြန် စရိတ်လောက်ပဲ ပေးတယ်။

မောင်သစ်။ ။ ဟင် ဒါဖြင့် ဘာနဲ့ ထမင်းစားကြသလဲ။

အီးတီ ။ ။ ပြည်သူက ထောက်ပံ့တာပေါ့။

မောင်သစ်။ ။ ဘယ်လို ပုံစံနဲ့ ထောက်ပံ့သလဲ။

အီးတီ ။ ။ ဝန်ထမ်းက ဆောင်ရွက်ပေးရတဲ့ ပြည်သူက သူ့ဘာသာသူ နားလည်မှုနဲ့ ထောက်
ပံ့ သွားတာပဲ။ တရားသူကြီး ဆိုရင် သူ့ရုံး ရောက်လာတဲ့ အမှုသည်က ထောက်ပံ့ သွားတာပေါ့။ ယာဉ်ထိန်းရဲ ဆိုရင် ကားမောင်းတဲ့ သူက  ထောက်ပံ့ သွားတာပေါ့။ ဆရာမ ဆိုရင်  ကျောင်းသားတွေက
ထောက်ပံ့တာပေါ့။ လူစောင့်ပေးပြီး ထောက်ပံ့တယ်။ ကျူရှင်ယူပြီး ထောက်ပံ့တယ်။ ပုံစံအမျိုးမျိုးနဲ့ ထောက်ပံ့တယ်။ ဝန်ထမ်း ဖြစ်ပြီဟေ့ ဆိုရင် အဲဒီဝန်ထမ်း အလုပ်နဲ့ ပတ်သက်လာတဲ့ ပြည်သူတွေက ထောက်ပံ့ရတယ်။ ဆရာဝန်ဆိုရင် သူခွဲစိတ်ရမယ့် လူနာက ထောက်ပံ့ရတယ်။

မောင်သစ်။ ။ ဟင် အဲဒီလို ဆိုရင် လာဘ်စားတဲ့ သဘော ဖြစ်မနေဘူးလား။

အီးတီ ။ ။ ခင်ဗျားတို့ အဲဒါ ခက်တာပေါ့။ ဘယ် လာဘ်စားတယ် ဟုတ်မလဲ။ ဒါက ယာဉ်
ကျေးမှုဓလေ့ဗျ။ ကျွန်တော့် ဂြိုဟ်ရဲ့ အနည်ထိုင်နေတဲ့ ပြည်သူတိုင်း နားလည် လက်ခံကျင့်သုံးနေတဲ့ ရိုးရာဓလေ့ဗျ။

မောင်သစ်။ ။ သတ်သတ်မှတ်မှတ် ဘယ်လောက် ထောက်ပံ့ရမယ်လို့ကော ရှိသလား။

အီးတီ ။ ။ ဘယ် သတ်သတ်မှတ်မှတ် ရှိမလဲ။ ဝန်ထမ်းက လိုသလောက် ပြောချင်ပြောမယ်။
သက်ဆိုင်ရာ ပြည်သူက စေတနာ ရှိသလောက် လုပ်ငန်းသဘောအလိုက် ပေးချင်ပေးမယ်။ တရားသူကြီး ဆိုရင် တိုင်တဲ့ အမှုသည်က အမှုရဲ့ တန်ဘိုးအပေါ် မူတည်ပြီး ထောက်ပံ့တာပေါ့။

မောင်သစ်။ ။ ဒီလိုဆိုတော့ ဝန်ထမ်းချင်း ညီမျှမှုတော့ မရှိဘူးပေါ့နော်။

အီးတီ ။ ။ ဒါပေါ့။ ကားစီးနိုင်တဲ့ ဝန်ထမ်း ရှိသလို မစီးနိုင်တဲ့ ဝန်ထမ်းလဲ ရှိတာပေါ့။ ကံဆိုး
ကံကောင်းပေါ့။


မောင်သစ်။ ။ ကျွန်တော်တို့ဆီမှာတော့ လစာလုံလောက်အောင် ပေးတယ်။ သက်ဆိုင်ရာ ပြည်သူတွေဆီက မယူရဘူး။ ယူရင် လာဘ်ယူတယ်လို့ သတ်မှတ်တယ်။ အပြစ်ပေးတယ်။ ကျွန်တော်တို့
ဝန်ထမ်းတွေကလဲ လစာနဲ့ လုံလောက်နေတော့ လာဘ်ယူဖို့ စိတ်မကူးဘူး။

အီးတီ ။ ။ ဒါတော့ ကျွန်တော် တကယ်ယုံတယ်။  ကျွန်တော့် မျက်မြင်ပဲလေ။ တစ်ချို့ ဝန်ထမ်းတွေ လခက ၁၅ဝဝ လောက် ရပေမယ့် ဆူပါဆလွန်းတွေ ဘာတွေ စီးပြီး ရုံးတက်တာ တွေ့ရတယ်။ မေးကြည့်တော့ တစ်ချို့က အမွေရလို့၊ တစ်ချို့က သူဌေးသမီးနဲ့ အိမ်ထောင်ကျလို့ ဆိုတာမျိုးတွေ တွေ့ရတတ်တယ်။ အခုတလော အမွေရတဲ့ ဝန်ထမ်းတွေ တော်တော်များတယ်။

မောင်သစ်။ ။ ကဲ ထားပါတော့လေ။ ကိုအီးတီ ဒီမှာနေရတာ ပျော်ရဲ့လား။

အီးတီ ။ ။ ပျော်တာပေါ့ဗျ။ ဒီဂြိုဟ်မှာပျော်လို့ ကျွန်တော့်ကို ပြန်ခေါ်တာတောင် လိုက်မသွားဘူး။ ကြည့်ပါလား။ ဒီမှာက စားသာတယ်။

မောင်သစ်။ ။ ဒီမှာ ဘာလို့ ပျော်တာလဲ။ ဘယ်လို စားသာတာလဲ။

အီးတီ ။ ။ ဒီမှာက လိမ်စားလို့ ရတဲ့ ကောင်းကွက်တွေ အများကြီးရှိတယ်ဗျ။

မောင်သစ်။ ။ ဟာ ......။



မောင်သစ်
သရဖူမဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၁၉၉၆။
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: loverlay007 on April 09, 2014, 07:01:32 AM
သင်္ကြန်စာ - အကြည်တော်
           သင်္ကြန်ချိန်ခါ ရောက်လာပါပြီ။

အားလုံး မျှော်လင့်စောင့်စား နေကြသည့် အတိုင်း မြန်မာတို့၏ အကြီးကျယ် ဆုံး ပျော်ပွဲရွှင်ပွဲကြီး စတင်ပါပြီ။ အားခဲထားသည့် သားပျို၊ သမီးပျိုလေးတွေ ကလည်း အတိုအပြတ်တွေဝတ်၊ ခါးကြားမှာ ပုလင်းပြား ထိုးပြီး ရေတောတိုး ဖို့ အဆင်သင့်လည်း ဖြစ်နေကြပါပြီ။

ရိုးရာ မဟုတ်သည့် မြူးမြူးကြွကြွ သီချင်းတွေ ဖွင့်သည့် ဒီဂျေလည်း သူ့ အစွမ်း ကို အကုန် ပြသနိုင်ဖို့ ရှိသမျှ ဘုလုံးလေးတွေ လှည့်ပြီး လူတွေ၏ ဆန္ဒ ကို ဖြည့် ဆည်းပေးနေပါပြီ။

လုံခြုံရေး တာဝန်ယူ သူများက လည်း ပြဿနာဖြစ် လျှင် ရှောင်နေ ဖို့ နေ ရာ ရွေး ထားပြီးပါပြီ။ အခွင့်အာဏာ ရ လူကြီး သားသမီး များကလည်း သူ တို့မဏ္ဍပ် လူစည်ကား ဖို့၊ မင်းသား မင်းသမီး များဖိတ်ကြား ထားပြီးပါပြီ။ သင်္ကြန် တစ် တွင်း၊ မဏ္ဍပ်နှစ်ခုသုံးခု အပြေးအလွှား သွားပြီးရ သမျှ ရေခုတ်ဖို့ အဆိုတော် ညီငယ် ညီမငယ် များ လည်းပြင်ဆင်ထားပြီးပါပြီ။

မဏ္ဍပ်အလယ် သောင်းကျန်းဖို့ လွယ်အောင် ဘီယာ ယမကာများ စင် အလယ် မှာ တင်တင့်တယ်စွာ ချထား ပြီးပါပြီ။ မူးလာသူများ အမြန်ဖယ် ရှားဖို့ လူမိုက်တွေ လည်း ငှားပြီးပါ ပြီ။ တစ်ကိုယ်ရည်သွေး ယှဉ်နိုင်ရေးအ တွက်စီးလာသည့် ကားတုတ် ဓားများ လည်း အသင့်ဆောင်လို့ ထားပါပြီ။

ကလပ်ကိုတက် ခပ်ပျက်ပျက် များလည်း ဖော်ဖို့ချွတ်ဖို့ အတွက် ဇီးရိုးကွာ တား အဝတ်အထည်များ လည်း မှာကြား ထားကြပြီးပါပြီ။

ငါ့ကြောင့် ပြဿနာတက်ရ ရှာဟု တမင်ရန် စမီးမွှေးပြမည့် ညီမ ငယ်များ ညီငယ် များလည်း အန္တရာယ် လက်ယပ် ခေါ်ကြပြီ။ ရန်ပွဲဖြစ်က ဝိုင်း သမပြီး တော် ရာ ချောင် ကုပ် ဝင် ကာ ရှုပ်မည့်လူ့သရမ်းများ လက်ဝါး ပြင်များ ပြင်ပြီးပြီ။

လူက ရှုပ်ရှုပ်၊ တရုတ်ရုတ်မှ အားထုတ် ကြိုးပမ်း ဝင်သရမ်းဖို့ လူရမ်း ကားများ လည်း ရောက်ပါပြီ။ ကြုံတုန်း ကြုံခိုက်ကြုံရာ နှိုက်၍ အတွေ့ အရသာခံကြ ရှာမည့် နှာဘူးများ လည်း ရှိပါပြီ။

ဟိုတိုးသည်တိုး လူအမျိုးကြား၊ ရ ရာဆွဲမွှေနှိုက် ယူလေမည့် ခါးပိုက် နှိုက် တစ်သိုက် ထိုလူမိုက်လည်း လူအများ စုရုံးထားပါပြီ။

လူသရမ်းကြား ရမ်းကားမှု ဒဏ် မခံလေအောင် မိကောင်းအဖ လူ သာမညများ မိမိသားအား သာမဏေ အဖြစ် သွင်းသွတ်ဖို့ရာ သင်္ကန်းများ လည်း ဆောင် ထားပြီ။

ရောင်ဝါ တလက်လက်၊ ဆင်ကြီး၊ မြင်းကြီး၊ ကားကြီး၊ ဆိုက်ကားကြီး အထက်ရောင်ဝါ ညွတ်ပြောင် မောင်ရင်လောင်း တို့ ရှင်လောင်းတွေ လည်း လှည့်ကြပြီ။ အာဂန္တု များ ပေါကြွယ်များဖို့ ကျောင်းသင်္ခမ်း မှာ နေ စရာ ၊ နေရာတွေလည်း ချဲ့ကြပြီ။ ကျောင်းသွား သိမ်တက် ကုသိုလ် လက်ဖြင့် ဆွမ်းကွမ်း မပြတ်ဆက်ကပ် ပါမည်၊ ကတိ တည် ထားသူ အများ လည်း မိဘအလစ် ကြင်သူလစ်၌၊ ကား ပေါ်ခုန်တက်၊ သင်္ကြန်ရက်လည်း မပြတ် လည်ကောင်းလည်လိမ့်မည်။

တောနယ်၊ မြို့နယ်၊ နယ်တကာ များလည်း ဆိုင်ကယ်များနှင့် သောင်း ကျန်း မည်။ ဈေးနှုန်းနည်းပါး တရုတ်ဘီးများ သင်္ကြန် တစ်တွင်း မင်းမူမည်။ မဖြစ်တော့ပျော်ပါး ၊ဖြစ်တော့ထား သွား မည့်၊ ဝစ်သောက်ဘီးများ ဦးဆောင်မည်။

မူးယစ်သောက်စား ဆိုင်ကယ် များနှင့် အန္တရာယ် များလည်း တွေ့ကြ မည်။ တူညီဝတ်စုံ၊ ကိုယ်ပိုင် အလံပုံနှင့် မြို့ နယ်အတွင်း တုတ်ဓား လက်နက် စွဲကိုင် လျက် ပေါ်တင် လှုပ်ရှားဆိုင် ကယ်ဂိုဏ်းစတား များလည်း နေရာ အနှံ့ပေါ်လိမ့်မည်။

ဆံပင်ချွန်ထောင်၊ ဘောင်းဘီ ပြောင်နှင့် နားမှာဆွဲထား သံခဲများနှင့် မျက်လုံးကိုမည်း၊ အီမိုငနဲများ လမ်း ဘေး ဥဒဟို ရှိလိမ့်မည်။

ဝတ်ကောင်းစားလှ၊ ကြောင် ကျားကျားနှင့် လည်တိုင် အထက် ပန်းကုံးစွပ်၍၊ လက်ပြရေကစား အာဏာ သားလည်း သပြေခက်နှင့် ရေပက်ခံ ထွက်လိမ့်မည်။

သင်္ကြန်မဏ္ဍပ် ငါမဖွင့်လျှင် မပွင့်၊ ငါဖွင့်မှပွင့်မည် ဝန်ကြီးများ လည်း ဖွင့်လိမ့် မည်။ မိုက်ခွက်ကြီး က တစ်ဆင့်လည်း "အတာရေနှင့် အေးချမ်း ပါစေကြောင်း" ဆုမွန် ကောင်း တောင်းပါလိမ့်မည်။ သူ့ရှေ့ မှာ ဒလန် များကလည်း ပျော် ချင် ယောင်ဆောင်၍ ကကြပါလိမ့် မည်။ သည့်နောက် မူးရူး ခွင့်ပြုကြောင်း အသိအမှတ်ပြု လိုက်ပြီ ဖြစ်ပါသည်။

ဆေးခန်း၊ ရုံးခန်း၊ ရဲစခန်း၊ တရားစခန်း၊ လူစည်ကား၍ နေလိမ့် မည်။ များသော လူသား၊ ဆိုင်ကယ် သမား၊ဆေးခန်း၊ ဆေးရုံရောက်လိမ့် မည်။ ရပ်ကွက် ရမ်းကား လူ့သရမ်း များ ရုံးခန်းဆီသို့ ရောက်လိမ့်မည်။ ကိုယ်ထိ လက်ပါ လူများမှာ ရဲစခန်း ဆီသို့ ရောက်လိမ့်မည်။ နွေတွင်း အေးချမ်း နိဗ္ဗာန် လမ်းများ၊ တရား စခန်းဆီ သို့ ရောက်လိမ့်မည်။ အပျော် လွန်သွား လူအများ လည်း နာရေး ဆီ သို့ရောက်လိမ့်မည်။ အဲဒါကြောင့် အတာသင်္ကြန် အတွင်း အန္တရာယ် ကင်းစွာ ပျော်ရွှင်နိုင် ဖို့ ဘေး ဘီဝဲယာ ကြည့်ကာ သာဖြင့် သတိရှိရှိနေနိုင် ကြပါကုန်။

credit to - အကြည်တော်
                 Popular Journal
(click to show/hide)
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: မင်းခေါင် on January 03, 2015, 02:35:51 PM
ရန်ကုန်မိန်းမ................ရန်ဖြစ်ပြီးလျှင် စိတ်ကုန်သွားစေနိုင်သော မိန်းမ
ရန်ကင်းမိန်းမ...............ရန်ဖြစ်လျှင် ကင်းကိုက်သလို အော်တတ်သော မိန်းမ
တာမွေ မိန်းမ...............တာရှည်ပေါင်းသင်းမိလျှင် မြွေပွေးခါးပိုက်ပိုက်ထားရသည်နှင့် တူသော မိန်းမ
သမိုင်း မိန်းမ...............သူ့ ကိုပဲ တသသ လုပ်နေပြီး ကြွမိုင်းကို နင်းထားရသလို အနီးကပ်ရှိနေမှ ကြိုက်သော မိန်းမ
                            ( သူ့ ကို ပစ်ထားလျှင် ပေါက်ကွဲတတ်သည် ။ )
အင်းစိန် မိန်းမ.............အင်း ဟုပြောလျှင် ကိုယ့်ကို စိန်ခေါ်နေသည့် signal ဟု သိထား သဘောပေါက်ရမည့် မိန်းမ
မြစ်ကြီးနား မိန်းမ..........ခြေခြေမြစ်မြစ် ကြီးကြီးမားမား စကားလုံးများကို နားမလည်သည့် မိန်းမ
ဗန်းမော်မိန်းမ.............လင်ကို ဗန်းပြပြီး မော်ကြွားတတ်သည့်မိန်းမ
ရွှေဘိုမိန်းမ...............ရွှေဝတ်ပြီး ဘိုလို မှုတ်တတ်သည့်မိန်းမ
စင်္ကာပူမိန်းမ.............တက်တက်စင်အောင် သုံးဖြုံး ပျော်ပါးပြီး ပြောင်ကာမှ ပူပင်သောက ရောက်တတ်သည့် မိန်းမ
ဝေဘာဂီမိန်းမ...........မျက်ရည်တဝေေ၀ဖြစ်နေပြီး ဘာမှ မလုပ်နိုင်မကိုင်နိုင်ပဲ ဂီလာန ဖြစ်နေသည့် မိန်းမ
လသာ မိန်းမ............လ ကုန်ရက်များတွင်မှ သာယာနာပျော်ဖွယ်စကားကို ပြောဆိုတတ်သည့် မိန်းမ
ရွှေဂုံတိုင် မိန်းမ.........ရွှေ ရှိလျှင် ဂုဏ်ရှိသည်ဟု ထင်မြင်တတ်ပြီး မဏ္ဍပ်တိုင် တက်တတ်သည့် မိန်းမ
ဗိုင်တထောင် မိန်းမ....စစ်ဗိုလ်မြင်လျှင် ငမ်းငမ်းတက် ကြိုက်တတ်သည့် မိန်းမ
ပုသိမ် မိန်းမ...........အရပ်ပုသည်ကို သိမ်ငယ်စရာဟု ထင်မြင်တတ်သည့် မိန်းမ
ဘီအိုစီ မိန်းမ..........ဘီယာသောက်သက် old service ဖြစ်နေပြီး အမြုတ်တစီစီ ထွက်အောင် စကားများတတ်သည့် မိန်းမ..


ဟိဟိ..ဖဘမှာတွေ့ လို ကူးပြီး တင်ပေးတာနော်..နှုတ်ချင်ရင် ဖဘမှာတင်တဲ့သူကို နှုတ်.. ;D ;D ;D
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: tunaye2011 on March 07, 2015, 01:39:29 PM
                                        ခုတ်ချင်ဦးဟဲ့..ဘွတ်စမန်

ကျနော်ဘာသာပြန်ခဲ့ဖူးတဲ့ ဟာသလေးထဲက 'ဘိုစမန်ခုတ်' ဆိုတဲ့ စကားတစ်ခွန်း၊ ကျနော်တို့ သူငယ်ချင်းတွေကြားထဲမှာ ဘန်းစကားတစ်ခုအနေနဲ့ (တခါတရံ) သုံးဖြစ်ကြတယ်။ အာဖရိကလူရိုင်းဟာသလေး တစ်ခုထဲကပါ။ လိုရင်းပြောရရင်...
အဲဒီ 'ဘိုစမန်' ဆိုတာ၊ အာဖရိကလူရိုင်းတွေက လက်ရဖမ်းမိတဲ့ ရန်သူကို "ယောက်ျားခြင်း ဗလက္ကာရကျင့်" တာကို ခေါ်တာ။ တကယ်ပဲ လူုရိုင်းစကားလား၊
ဟာသရေးတဲ့လူကပဲ ထွင်ပြီး ပြောလိုက်တဲ့ စကားလား၊ ဆိုတာတော့ ကျနော်လည်း မသိပါဘူး။

မနေ့က...မန္တလေးမှာနေတဲ့ သူငယ်ချင်းဇော်ကြီးနဲ့ ဖုန်းပြောဖြစ်တော့ သူက ပြောတယ်... ...

"ဟေ့ရောင်... မင်းရဲ့ ဘိုစမန်ဆိုတဲ့ စကားကြီးကြောင့် ငါမနေ့က ဂျောက်ကျခဲ့ရတယ်ကွ"
"ဟင်... ဘယ်လို ဖြစ်တာတုန်း"
"မနေ့က ငါ မော်ကြီင်္းအိမ်ကို သွားလည်တယ်"
"အင်း... သွားလည်တော့ ဘာဖြစ်လဲ"
"အဲဒီမှာ...".... ဆိုပြီး သူက ဆက်ပြောတယ်... .... ....

မော်ကြီးအိမ်ကို ငါ ရောက်တော့ သူက ဧည့်ခန်းမှာ ဂျာနယ်ဖတ်နေတယ်။ သူ့မိန်းမက ဧည့်ခန်းထောင့်မှာ အပ်ချုပ်စက်တစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်။
သူသမီး ခုနှစ်တန်းကျောင်းသူလေးက တီဗီဂိမ်းဆော့နေတယ်။ အဲဒီမှာ...သူငယ်ချင်းနှစ်ယောက် ရောက်တတ်ရာရာ ပြောကြရင်းနဲ့ ခုတလော
နာမည်ကြီးနေတဲ့ လိင်တူခြင်းမင်္ဂလာဆောင်တဲ့ အကြောင်း ပြောဆိုဝေဖန်မိကြတယ်။ မော်ကြီးက ပြောတယ်... ...

"ဘယ်လိုစိတ်နဲ့များ ဒီလိုလုပ်ကြတာပါလိမ့်"... တဲ့

ငါကလည်း ဘာရယ်မဟုတ်ဘူး လွတ်ကနဲပြောလိုက်မိတယ်... ...

"အလကား ဘိုစမန်ခုတ်တဲ့ ကောင်တွေ"... လို့

အဲဒီမှာ ပြသနာက စ,တော့တာ....

ဂိမ်းဆော့နေတဲ့ မော်ကြီးသမီး ခုနှစ်တန်းကျောင်းသူက ငါပြောတဲ့ စကားကို နားစွန်နားဖြားကြားသွားပြီး မေးပါလေရော... ...

"ဟင်... ဦးဇော်ကြီး၊ ဘိုစမန်ခုတ်တယ်ဆိုတာ ဘာပြောတာလဲဟင်"

ဟိုက်.......သူတို့ မသိစေချင်လို့မှ ကိုယ့်အခြင်းခြင်း ဘန်းစကားနဲ့ ပြောတာကို ဘာသာပြန်ခိုင်းနေပြီ။ဘယ့်နှာ ပြောရပ့ါ... ...
မော်ကြီးက သူ့သမီးကို လှမ်းငေါက်တယ်... ...

"ဟဲ့... ကလေးမ၊ ကိုယ့်ဟာကိုနေစမ်း"
"ဟင့်... ဖေကြီးကလည်း သမီးက သိချင်လို့ဟာကို"

ကိုယ်က မနေသာတော့ နားအေးပီးရော ဝင်ပြောလိုက်တယ်... ...

"ဘိုစမန်ခုတ်တယ်ဆိုတာ တီဗီဂိမ်း တမျိုး ဆော့တာကို ပြောတာပါ သမီးရယ်"

အဲဒီမှာ ပိုဆိုးပါလေရော....ကလေးမက ဝမ်းသာအားရပြောတယ်.... ....

"ဟယ်... ဟုတ်လား၊ သမီးက တီဗီဂိမ်း DOTA တော့ ခုတ်တတ်တယ်၊ ဘိုစမန်တော့ တခါမှ မခုတ်ဖူးဘူး၊ သမီး ခုတ်ချင်တယ်၊ သမီးကို သင်ပေး သင်ပေး"

ဂိန်... ...ခက်ပြီ... ဘာမှန်းညာမှန်း မသိဘဲ ဘိုစမန်ခုတ်ကို အတင်းခုတ်ချင်နေတော့တာ

"အဲ... အဲဂိမ်းက ဆော့လို့မကောင်းဘူး သမီးရဲ့၊ မသင်ပါနဲ့"
"ဟင့်အင်း ဟင့်အင်း.... သမီးမှာရှိတဲ့ ဂိမ်းတွေက ဆော့ရတာရိုးနေပြီ၊ ဘိုစမန်ပဲ ခုတ်မယ်၊ ဘိုစမန်ပဲ ခုတ်မယ်"

နာပြီ... ဘယ်လိုရှင်းရပ့ါ.....။ သူ့အဖေက ဝင်ဟောက်တယ်......

"ကောင်မလေး... တော်စမ်း၊ အရိုက်ခံချင်လို့"

စက်ချုပ်နေတဲ့ သူ့မိန်းမက ဝင်ပြောတယ်... ...

"ကလေးက ခုတ်ချင်တာကို၊ ရှင်တို့ကလည်း သင်ပေးလိုက်တာ မဟုတ်ဘူး"
"အာ... မတာမ၊ ဘုမသိဘမသိနဲ့"
"နေပေစေ့ သမီးရေ... ညည်းအဖေ သင်မပေးရင် ညနေကျ လမ်းထိပ်ကဂိမ်းဆိုင် မေမေလိုက်ပို့မယ်၊ အဲဒီက ဆိုင်ရှင်မောင်လေးကို သင်ပေးခိုင်းမယ်"

မော်ကြီးလည်း စိတ်တိုသွားပြီး အော်ရော... ...

"အေး... သင် သင်၊ မင်းပါ ရော သင်ခဲ့၊ ဒါမှ အားမရသေးရင် မင်း အဖေကြီးပါ ခေါ်သွား၊ တဆွေလုံးတမျိုးလုံး လမ်းထိပ်သွားပြီး ဘိုစမန်ခုတ်ကြဟေ့... ခုတ်ကြ"
"ခုတ်မယ် ခုတ်မယ်၊ ဘာဖြစ်လဲ ဟွင်း"
...
အဲဒါပါပဲ သန်၎ကို ရာ...
ငါလည်း သူတို့ရန်ပွဲကြား မျက်နှာပူတာနဲ့ ထပြေးခဲ့ရတယ်....
အဲဒါ... မင်း ဟာသတွေကြောင့်ကွ
အေပေး... ဒီတခါ ခွင့်ပြန်လာမှ မင်းကိုပါ ဘိုစမန်ခုတ်လွှတ်လိုက်မယ်

ငင်.... ဖျား.... ဖျား.....

သန့် ၎ကို
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: ßθß on January 27, 2016, 02:30:32 PM
  မြန်မာနိုင်ငံမှာ ရိုက်သွားတဲ့ ဇာတ်ကား


Hollywood မှ Die Hard နှင့် Mission impossible ၂ခုပေါင်း၍ Mission Die Hard ရိုက်ရန်စီစဉ်လိုက်ကြသည်...
ထူးထူးခြားခြား နေရာကို မြန်မာကို ရွေးလိုက်ကြသည်။
Bruce Willis,Tom Cruise နှင့် Michelle Yoeh အပါအဝင် သရုပ်ဆောင်များစွာနှင့် အားဖြည့်ထားကြသည်။

(click to show/hide)

@ facebook
(U Khant Kywe Soe)
Admin-Mssk
Title: Re: နှစ်သက်မိသော သရော်စာများ
Post by: waiyanlin75 on December 05, 2017, 04:11:27 PM
မမြင်ဖူးရင်ဖတ်ထား ..........A to z ရည်းစားစာတဲ့....... မှတ်ကရော။

အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ
(A)ရာဝတီတိုင်းမှာ မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်းလေမုန် တိုင်းလို
ကြီးမားပါရဲ့ မေရယ်.....။မေ့ရဲ့ ပတ်ဝန်းကျင်မှာ ..
(B)လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ် ဘာလို့ မှုနေရမှာလဲ ..ဟင်း..ဟင်း ..၀ီစကီထဲ
(C) ပလပ်ရောစပ်ပြီးဆတ်ခနဲ မော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ အန္တရာဃ်တွေဟူသမျှကိုဟော
(D)ကောင်ဖြေရှင်းသုတ်သင်ပြပါမယ်မေ။ တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ
စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်၊ဘယ်လောက်တောင်မေ့အပေါ် စွဲ လမ်းသလဲဆိုတော့
မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့
(E) သံကလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါ သေးတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့
ကြင်နာသူက လမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး
(F) ကွဲကြေမွသွား မှာသေချာပါတယ်မေ၊ မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။ ကိုယ့်ကိုချစ်ခွင့်ပေးပါ၊ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ ရနံ့ကို ပိုင်ပိုင်နှိင်နှိင်ရှိုက်နမ်း မွှေးကြူခွင့်ပြုပါ။ သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့ ကိုယ်ဟာအင်မတန်မှ
(G) ကျတဲ့ သူရယ်လို့လည်းထင်မှတ် မသွားပါနဲ့အုံး။ မေရယ် ...

ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ ပက်သက်ပြီး
(H) ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊ ကိုယ်ဟာတစ်သည်းမှာတစ်သက်၊ တစ်သက်မှာတစ်သည်း၊မျက်နှာလည်း မများတက်သလို
(I) တွေတိုင်းလည်း ခြေဆေးတက်သူ မဟုတ်ဘူးဆိုတာယုံထားလိုက်စမ်းပါ၊ ကိုယ်အခု
(J) ရုဆလင်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ်မေ၊ ပြည်တွင်းစစ်မှာအချင်းချင်း တိုက်ကြခိုက်ကြနဲ့ အငြိုးအတေးကလည်း ကြီးပါ့၊ နဖူးကအမာရွတ်မြင်လေတိုင်း မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့
(K) ၀ဋ် ပုဏ္ဍားတောင် လက်မြှောက် အရှုံးပေးလောက်ပါရဲ့၊ မေနဲ့ကိုယ်တို့ကြားမှာတော့လက်ကလေးတွေ တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊ ကိုယ်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်၊ ကိုယ်ဟာမေ့ရဲ့
(L) စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊ ရယ်ပဲရယ်စရာ ကောင်းသေးတော့၊ ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ ချစ်တဲ့အကြောင်းဖွင့်
(M)ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊ ဒါတောင်မှ အထွန့်တက်လာကြသေးတယ်။ မေရယ် .......။
(N) ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ။
ကိုယ်ဟာ မေ့အပေါ်
(O) မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့ ချစ်သွားမယ်သူပါ၊ သည်လိုမျိုး မေ့အပေါ် ထားတဲ့သစ္စာ မ
(P) ပြင်ခဲ့ဘူးဆိုရင် အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့
(Q) ပင်တွေကို နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတက်သလို ကျီးကန်းလိုလည်း မ
(R) တက်ပါဘူး၊ ကိုယ်အချစ်က ငရဲမီး
(S) ဆစ် အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊ စကားတွေကို
(T) တီတာတာ မဖွဲ့နွဲ့ တက်ပါဘူး၊မေတ္တာတွေပေးခဲ့ပြီင်္း သူမို့ မေတ္တာကိုတော့ပြန်
(U)ချင်ပါတယ်မေ။ ကိုယ်အခု ချောင်းသာကမ်ခြေကို အလကားခေါ်မယ့်သူရှိလို့ရောက်နေတယ်မေ။သည်စာကို ပင်လယ်က
(V) ပင်တစ်ပင်အောက်မှာ ရေးနေတာ။ သည်အချိန်မှာပဲ ဘယ်ကကန်ထည့်လိုက်မှန်းမသိတ
ဲ့(W) ဘောလုံးတစ်လုံးက ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့် လိုက်တာ၊နာလိုက်တာ၊ အဆုတ်တွေ ဘာဖြစ်သွားလဲမသိဘူး၊ ရန်ကုန်ပြန်ရောက်တော့မှပဲ
(X) ရေး ဓါတ်မှန် ရိုက်ကြည့်ရတော့မှာပဲ။ စာလည်းရှည်သွားခဲ့ ပြီ ....... မေ။
သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။

အဲ ....... တစ်ခုတော့ ရှိတယ်။
ကိုယ်အပေါ် မေ့ ဆီက မေတ္တာ တုံ့ပြန်မလာဘူး ဆိုရင်တော့ ကိုယ်ဟာ အင်ဂျင်
(Y) နဲ့ ပိုးသတ်ဆေး သောက်ရင်း
(Z) ကျိုးလို့ နိဂုံး ချူပ်သွားပါလိမ့်မယ်မေ ´´

credit to မူရင်းရေးသူပါ။
ဝေယံ သိမ်းထားတဲ့ အထဲက တွေ့လို့ မျှဝေပေးတာပါ။ပြုံးမိကြတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။

ခင်တဲ့
waiyanlin